Tuesday, August 25, 2015

မိမိ နေအိမ်မှာ မလုပ်ကောင်းတဲ့ အရာများ




မြန်မာလူမျိုးများ အနေနဲ ရှေးအယူအဆ ဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ကြရတာများပါတယ်။ မိမိတို့ ငယ်စဉ်က ဘိုးဘွားများရဲ ဆုံးမမှုအောက်မှာ ကြီးပြင်ခဲ့သူများ အနေနဲ အခု မျှဝေမဲ့ ထုံတမ်းအစဉ်အလာ အယူအဆများနဲ့ စိမ်းမယ်လို့ မထင်ပါဘူး။ မိမိနေအိမ်မှာ မင်္ဂလာရှိအောင် ထိုလုပ်ဆောင်ချက်တွေကို ရှောင့်သင့်တယ်လို မိဘ ဘိုးဘွားများက ပြောကြားလေ့ရှိပါတယ်။


ထို့ အတူ ထို ဆောင်ရန် အချက်များလည်း လေ့လာကြည့်ရင် တစ်ချို့ ကတော့ ယနေ့ ခေတ်နဲ ကိုက်ညီမှု မရှိသလို တစ်ချို့ ကတော့ ယနေ့ တိုင် လက်ခံကျင့်သုံးကြတာကို တွေ့ ရပါတယ်။

ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်း။
ဖိနပ်ပေါ်သို့ထီးအချွန်မထောက်ကောင်း။
ဖျာကိုလိပ်ပြီး အမြှင့်၌ မတင်ကောင်း။
နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း။
မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း။
ဓာတ်ခဲအဟောင်းများကို အိမ်တွင်မထားကောင်း။
အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း။
ကွဲအက်နေသော မှန်များ အိမ်တွင်မထားကောင်း။ စသဖြင့် ရှေးလူကြီးစကားများ ကို မှတ်မှတ်သားသား မှတ်ယူကာနေထိုင်လေ့ရှိကြတာပဲဖြစ်ပါတယ်။

ယခု အချက်များ ကို မြန်မာ အိမ်ခြံမြေ အကျိုးဆောင် အွန်လိုင်း ဝန်ဆောင်မှု ဖြစ်တဲ့ iMyanmar ရဲ စာမျက်နှာမှ ကောက်နုတ် တင်ပြထားတာ ဖြစ်ပါတယ်။ 


1 comments:

  1. အဖိုးတန်တဲ့ ဗဟုသုတ တွေ ထုတ်ဖော် ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ

    ReplyDelete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ