Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Thursday, March 27, 2014

Sony Xperia M ကို android version 4.3 jelly bean သို့ version မြှင့်နိုင်ပြီ




Aung Ko Htet (MM IT Knowledge)

Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။

အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera  ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။



Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features ,  user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း  အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။

Ref: Arena

Translate By Aung Ko Htet 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, January 24, 2014

အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra




အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra
အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။
မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။

Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။

Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=B8Wd831gUt4

Credit – Digital Life Journal


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, January 5, 2014

Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်


Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်
=========

Intel သည် လူသုံးကုန် အီလက်ထရောနစ် ထုတ်ကုန်ပြပွဲ (CES) တွင် Windows နှင့် Android အသုံးပြု ထားသော ကွန်ပျူတာသစ် တစ်မျိုးကို ပြသဖွယ်ရှိကြောင်း သိရသည်။

Intel သည် ၎င်းကွန်ပျူတာကို နည်းပညာပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် PC ထုတ်လုပ်သူများနှင့် စမ်းသပ် လုပ်ကိုင်နေသော အခြားထုတ်ကုန် အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက The Verge ထံပြောကြားခဲ့သည်။

Dual OS ဟုခေါ်သည့် Intel ၏ စိတ်ကူးအကြံအစည်သည် virtualization နည်းပညာကို အသုံးပြုပြီး Windows အတွင်း Android အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ၎င်းသည် စက်ကို reboot ပြုလုပ်စရာမလိုဘဲ Android app နှင့် Windows app များကို ယှဉ်လျက် အသုံးပြုနိုင်မည်ဖြစ်သည်။

Intel သည် ၎င်းတို့၏ x86 ပရိုဆက်ဆာ တပ်ဆင်ထားသော Android စမတ်ဖုန်းတစ်လုံး ပြုလုပ်နေသလို Bay Trail tablet chip ကိုလည်း OS တစ်ခုခုနှင့် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်နေကြောင်း သိရသည်။ Intel အနေဖြင့် Windows အတွင်း Android app များအဆင်ပြေစွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးနိုင်ခဲ့ပါက PC ထုတ်လုပ်သူများ အနေဖြင့် သုံးစွဲသူများကို Platform နှစ်ခုပါဝင်သော tablet တစ်လုံး တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ Intel အနေဖြင့်လည်း ထိုနည်းပညာ ထောက်ပံ့နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း Microsoft နှင့် Google သည် ၎င်းကိစ္စကို လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါ ကိစ္စနှင့် ပက်သက်လျှင် ၎င်းတို့တွင် ဆတ်ဆတ်ထိမခံမှုများ ရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားသွားခဲ့သည်။

Ref: TheVerge ( INTERNET JOURNAL)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, January 3, 2014

မိုဘိုင်းလ်ဖုန်းဆိုတာ လူတိုင်းအတွက်လိုအပ်ကြောင်း Telenor ၏ CEO ပြောကြား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းလ် ဖုန်းများကို လစဉ်ချထားပေးချက်ရှိသော်လည်း နောက်ပိုင်းကာလများတွင် မိုဘိုင်းဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ကြီးမြင့်၍ ၀ယ်ယူရသည့်အပြင် ယခု အခါတွင် မိုဘိုင်းလ်ဖုန်းဆိုင်အများစု အနေဖြင့် အတိအလင်းရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက် အတွင်းမှ ကြားသိရသည်။
“ စီးပွားရေးလုပ်တာကို နားလည်ပေမယ့် အခုဆိုရင် SimCard တစ်ခုကို အဆမတန်ပေးဝယ်နေရတော့ မြန်မာနိုင်ငံအတွင်းမှာပဲ ဘယ်လိုလုပ်ပြီး မိုဘိုင်းလ်သုံးစွဲသူရာခိုင်နှုန်း တိုးလာမှာလဲ။ တစ်ချို့ မိုဘိုင်းလ်ဆိုင်တွေ ဆိုရင် အရစ်ကျစနစ်နဲ့ SimCard ရောင်းတဲ့စနစ်တို့၊ SimCard ၀ယ်ရင်ဟန်းဆက်ပေးမယ်ဆိုတဲ့ စနစ်တို့နဲ့ တွဲဖက်ပြီး အထူးဈေးရောင်းပွဲအစီအစဉ်တွေကိုတောင် ပြုလုပ်လေ့ရှိပါတယ်” ဟု လသာမြို့နယ်နေ ကိုအောင်မြင့်မြတ် ကပြောကြားခဲ့သည်။
ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် ၂၀၀၁ ခုနှစ်မှ အစပြု၍ှSiemens ကုမ္ပဏီမှ စက်ပစ္စည်းများ အသုံးပြု၍အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း SimCard ဈေးနှုန်းများမှာ ငွေကျပ်(၄၈)သိန်း အထိ ဈေးနှုန်းအဆမတန်ရောင်းချခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိအခါတွင် ငွေကျပ်(၁၅၀၀) တန် SimCard ဟူ၍ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အလိုက် ရောင်းချပေးခဲ့သည်။ သို့သော် အဆိုပါ တန်ဖိုးနည်း SimCardများ၏ဈေးနှုန်းမှာ နံပါတ် (အလှ) ပေါ်မူတည်၍ ငွေကျပ်(၃)သိန်းဝန်းကျင်အထိ ဈေးနှုန်းကြီးမြင့်ခဲ့သည်။“ အစိုးရကတော့ အခြေခံလူတန်းစားတွေအတွက် စီစဉ်ပြီး တန်ဖိုးနည်းဖုန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေမယ့် အခုဆိုရင် SimCard များမရတဲ့သူတွေနဲ့ မဲမပေါက်တဲ့သူတွေကတော့ အပြင်မှာဝယ်နိုင်ရယ်ဝယ်၊ မ၀ယ်နိုင်ရင်မသုံးရဆိုတဲ့ ပုံစံဖြစ်နေလို့ စိတ်မကောင်းပါဘူး”” ဟုရွှေပြည်သာမြို့နယ်နေ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
လက်ရှိတန်ဖိုးနည်းငွေကျပ် (၁၅၀၀) တန်SimCardများ၏ ပြင်ပပေါက်ဈေးမှာ CDMA 800MHz SimCardကိုငွေကျပ် (၆၅,၀၀၀)မှ (၈၅,၀၀၀)အထိလည်းကောင်း GSM SimCard နှင့် WCDMA SimCard များကိုငွေကျပ် (၁၂၀,၀၀၀) ၀န်းကျင်မှ (၁၃၅,၀၀၀)အထိလည်းကောင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် လိုင်စင်စောင့်မျှော်လျက်ရှိသော နော်ဝေးနိုင်ငံအခြေစိုက် Telenor Group ၏ CEO Mr.Jon Fredrik Baksaas က ““ မိုဘိုင်းလ်ဖုန်းဆို တာ လူကုန်ထန်အသိုက်အ၀န်းနဲ့ လူချမ်းသာတွေအတွက်ပဲ မဖြစ် စေချင်ပါဘူး။ ဒါ့အပြင်မိုဘိုင်းလ်ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်သလို အမှန်တကယ်ဆိုရင် မိုဘိုင်းလ်ဖုန်းဆိုတာ လူတိုင်းအတွက်ဖြစ်သင့်ပါ တယ်”ဟုပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းဆက်သွယ် ရေးကဏ္ဍ အတွက် မိုဘိုင်းလ်သုံးစွဲသူပမာဏကို ၂၀၁၃-၂၀၁၄ ဘဏ္ဍ ရေးနှစ်တွင် ၂၂.၈% ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင် ၅၀% နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်တွင် ၇၅% မှ ၈၀% အထိရောက်ရှိ လာရန်မျှော်မှန်းထားရှိသည်။၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ ချထားပေးသော မိုဘိုင်းလ်ဖုန်းလိုင်းစာရင်းဇယားများ အရ နိုင်ငံလူဦးရေသန်း (၆၀) အတွက်မိုဘိုင်းလ်ဖုန်းအရေအတွက် (၆.၆၄) သန်းကိုငှားရမ်းသုံးစွဲခွင့် ပြုထားပြီဖြစ်သည်။


အောင်ရဲကျော် (Myanmar Digital Life Journal )


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, December 19, 2013

Viber က Windows 8 App ပြုလုပ်ပေး



Viber က Windows 8 App ပြုလုပ်ပေး
==========================================
မကြာမီက Viber က နိုင်ငံတကာဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှု ကို စတင်ခဲ့ပြီး Skype နဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ အခုတစ်ခါ Viber က Windows 8 App ကို ပြုလုပ်ပေးလိုက်ပါတယ်။ Viber က အစ ပထမ မှာ မိုဘိုင်း ၀န်ဆောင်မှု ပဲပြုလုပ်ပေးတာဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လက က Desktop Version ကို ပြုလုပ်ပေးလိုက်ပါတယ်။
အခုပြုလုပ်ပေးလိုက်တဲ့ Windows 8 App ဟာ Start Screen မှာ Pin လုပ်ထားနိုင်ပြီး Live Tile အဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ Lock Screen Notification တွေလည်း ရရှိမှာပါ။ Windows 8 Search ကနေ Contacts တွေကို ရှာဖွေနိုင်ပါတယ်။Viber Version အားလုံးမှာ Activity တွေကို Sync လုပ်ပေးမှာဖြစ်ပါတယ်။ PC Language နဲ့ မတူတဲ့ တစ်ခြား Language ကို Viber မှာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
၂၀၁၃ ခုနှစ်ဟာ Messaging Apps တွေရဲ့တိုးတက်လာမှုလို့ပြောလို့ရလာပါတယ်။ Line , Kakao Talk တို့ဟာလည်း Desktop Clients တွေကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Desktop Client မရှိတဲ့ Messaging App တွေနဲ့ Desktop Client ပြုလုပ်ပေးထားတဲ့ Messaging App တို့ရဲ့ အဓိက ကွာခြားချက်ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Viber ဟာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး Stickers ရောင်းချခြင်း၊ နိုင်ငံတကာ ဖုန်းဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် ၀င်ငွေရရှိနေပါတယ်။


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, December 9, 2013

Lightning connector ကဲ့သို့ နှစ်ဖက်သုံးနိုင်မည့် မျိုးဆက်သစ် USB connector ကို ၂၀၁၄ တွင် အသုံးပြုနိုင်မည်


မကြာသေးမီက ကျင်းပခဲ့သော USB တီထွင်သူများ ဆွေးနွေးပွဲတွင် USB 3.1 သည် connector အသစ်ဖြင့် ထွက်ပေါ်လာဖွယ်ရှိပြီး ၎င်းကိုမည်သည့် ကိရိယာမျိုးတွင်မဆို ချိတ်ဆက်နိုင်ကာ အနာဂတ်နည်း ပညာများဖြစ်သော USB Power Delivery အပြင် အချက်အလက်များ မြန်နှုန်းမြင့် ပြောင်းရွှေ့နိုင်ခြင်းနှင့် video-over-USB တို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။

အဆိုပါ USB ကိုဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Micro-Bconnector နှင့်အရွယ်အစား တူညီမည်ဖြစ်ကာ USB 3.1, USB 3.0, USB 2 များဖြင့်လည်း အသုံးပြုနိုင်ကြောင်း USB-IF မှဖော်ပြသွားခဲ့သည်။ Micro-B connector သည် 6.85x1.80 မီလီမီတာခန့်ရှိပြီး Apple TV များတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

သုံးစွဲသူများသည် တစ်ဖက်တည်းသာ တပ်ဆင်အသုံးပြု၍ရသော USB connector များကို စိတ်ပျက်လျက်ရှိသောကြောင့် နှစ်ဖက်စလုံး တပ်ဆင်အသုံးပြုနိုင်သည့် USB Type-C ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Apple ၏ နှစ်ဖက်အသုံးပြုနိုင်သည့် Lightning connector ကို iPhone 5 တွင် စတင်အသုံးပြုခဲ့ပြီး သုံးစွဲရလွယ်ကူသောကြောင့် ချီးကျူးမှုများရရှိခဲ့သည်။

USB တီထွင်သူ Intel အင်ဂျင်နီယာ Ajay Bhatt က ၎င်း၏ရည်ရွယ်ချက်မှာ နှစ်ဖက်အသုံးပြုနိုင်သော USB connector တီထွင်သွားရန်ဖြစ်ကြောင်း The Economist သို့ပြောကြားခဲ့သည်။

USB Type-C connector သည် USB 3.1 Power Delivery feature ကိုထောက်ပံ့ပေးနိုင်ပြီး ချိတ်ဆက်ထားသော device များကို 5 amps နှင့် 100 watts ပေးနိုင်ပြီး port ဖြင့်အမျိုးမျိုးသော item များကို တိုးချဲ့၍စွမ်းအင် ပေးနိုင်သည်။ USB 3.0 ကမူ 1.5 amps နှင့် 10 watts သာထောက်ပံ့ပေးနိုင်သည်။

USB Power Devlivery သည် စွမ်းအင်ကို ချိန်ညှိပေးပြီး အီလက်ထရောနစ် ပစ္စည်းငယ်များကို ကန့်သတ်ထားခြင်း မရှိပေ။ USB 3.1 သည် 10Gbps အထိအချက်အလက် လွှဲပြောင်းပေးနိုင်ပြီး USB PD စနစ်သည် Apple နှင့် Intel တို့၏ Thunderbolt စနစ်ကိုယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ Thunderbolt 2 သည် အချက်အလက် 20 Gbps အထိလွှဲပြောင်းပြီး Thunderbolt cable သည် ချိတ်ဆက်ထားသော device များသို့ 10 watts သာထောက်ပံ့ ပေးနိုင်သော်လည်း အရွယ်အစားမှာ USB Type-C plug ထက်နှစ်ဆကြီးမားသည်။

အဆိုပါ မျိုးဆက်သစ် USB connector ကို ၂၀၁၄ နှစ်လယ်ပိုင်းတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်


ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌
စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Drupal ဆိုသည်မှာ PHP ပေါ်တွင် ခြေပြုတည်ဆောက်ထားသော Content
Management System/ Content Management Framework ဖြစ်ပါသည်။ Drupal သည်
ရူပ်ထွေးသော Requirement များကို ကိုင်တွယ်နိင်ခြင်း အသုံးပြုသူများစွာ၊
Level ပေါင်းများစွာကို ကိုင်တွယ်နိင်ခြင်း၊
လုံခြုံစိတ်ချမူရှိခြင်းများကြောင့် အထူးပင်ကျော်ကြားသော
စနစ်တစ်ခုဖြစ်ပါသည်။ Drupal အား အထူးသဖြင့် အစိုးရဆိုင်ရာများ ၊
Cooperation အကြီးစားများနှင့် Web application
များအဖြစ်အသုံးပြုကြပါသည်။ Drupal သည်ပြည်ပတွင်သာမက ပြည်တွင်းတွင်ပါ
အစိုးရ၀က်ဘ်ဆိုက်များ၊ Portal များတွင် အားလုံးနီးပါးတွင် အသုံးပြုနေသော
စနစ်လည်းဖြစ်ပါသည်။ နိင်ငံတကာတွင်လည်း အမေရိကန်သမ္မတ
အိမ်ဖြူတော်ဝက်ဘ်ဆိုက် ၊ Sony Music ၊Singapore Management University
အစရှိသည်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးရုံပင်မက နာမည်ကြီး java.net
ဝက်ဘ်ဆိုက်သည်လည်း Drupal ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။
နိင်ငံတကာတွင်လည်း Drupal Developer များသည်ဝင်ငွေကောင်းသော
စာရင်းဝင်သူများ ဖြစ်ပါသည်။ ပြည်ပတွင်သာမက ပြည်တွင်းတွင်လည်း
အမှန်တကယ်တတ်ကျွမ်းသော Drupal Developer များသည်
လစာကောင်းသောသူများဖြစ်ကြပါသည်။ အထူးသဖြင့်
တိုင်းပြည်သည်ပြောင်းလဲနေသောကာလဖြစ်သဖြင့် Drupal ဖြင့်ရေးသားသော
ဝက်ဘ်ဆိုက်များ/စနစ်များသည်များစွာ လိုအပ်လျှက်ရှိပါသည်။
သင်တန်းအားမြန်မာပြည်၏ အထင်ကရ Drupal Developer တစ်ဦးဖြစ်သော
ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။ ကိုဝိန်းသည်
အမေရိကန်နိင်ငံ၊ နယ်သာလန်နိုင်ငံနင့် စင်္ကာပူနိုင်ငံတို့မှ Drupal Project
မြောက်များစွာကို ရေးသားခဲ့ သူလည်းဖြစ်ပါသည်။

(သင်တန်းတက်ရောက်လိုသူများသည် ၀င်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပါသည်)

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

မိုဘိုင်းဖုန်းငွေဖြည့်ကတ် အတုများ ပေါ်ပေါက်နေသည်ဟုဆို






မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ၏ အဓိကခဲခြစ်နေရာကို ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ်အတုများကို မြင်တွေ့ခဲ့ရကြောင်း မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်တစ်ခုဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်ချမ်းဖြိုးက ပြောသည်။

ငွေဖြည့်ကတ်အတုများသည် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများထံမှ လာရောက်ခဲ့ခြင်းမဟုတ်ဘဲ အ သုံးပြုသူများထံမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က ဂျီအက်စ်အမ် ၁ သောင်းကတ် လာဝယ်တယ်။ ပြီးတော့ မဟုတ်ဘူး ၅ ထောင်တန်နှစ်ကတ်ပေးပါဆိုပြီး လာပြန်လဲသွားတယ်။ လာ လဲသွားတဲ့ကတ်က အတုကြီး” ဟု ၎င်းကပြောသည်။

ပြန်လည်လဲလှယ်ခဲ့သည့် ငွေ ဖြည့်ကတ်ကို မိမိ၏မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းအသုံးပြုသော်လည်း အသုံးပြုနိုင်ခဲ့ခြင်းမရှိသည့်အတွက် ငွေဖြည့်ရာ၌ပါဝင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။ “အဲဒီကတ်က အသုံးပြုပြီးသားကတ်ဖြစ်နေတယ်။ သူတို့က ခဲခြစ်နေရာမှာ အသစ်ပြန်ပြီး ခဲနဲ့ အုပ်ထားတာ။ သေချာစစ်ကြည့်တော့ ခဲခြစ်ပေါ်မှာ MPT ဆိုတဲ့ စာတမ်းလေးတွေ မပါဘူး” ဟု ၎င်းကဆိုသည်။

“ကျွန်မတို့အနေနဲ့ကတော့ ငွေဖြည့်ကတ်အတုဆိုတာ တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒါမျိုးကို ပြန်ပြီးလာလဲတာလည်း မရှိသေးဘူး။ ကုမ္ပဏီအနေနဲ့ကတော့ ခဲခြစ်မရတဲ့ ပြဿနာမျိုးဆိုရင် စိစစ်ပြီးလဲပေး တယ်။ ဒါကလည်း နည်းပါတယ်” ဟု ငွေဖြည့်ကတ်များကို ကိုယ်တိုင်ရိုက်နှိပ်ဖြန့်ချိလျှက်ရှိသည့် Global Telephone ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ငွေဖြည့်ကတ်များကို ရိုက်နှိပ်ထုတ်ဝေနေသည့် ကုမ္ပဏီများအနေဖြင့် အတုအစစ်ပြဿနာအတွက် အသုံးပြုသူ များထံ အသိပေးလုပ်ဆောင်ချက်များ မရှိခဲ့ကြောင်း ငွေဖြည့်ကတ်ဖြန့်ချိရေး လုပ်ကိုင်နေသူများက ဆိုသည်။ “အဓိက ကတော့ ခဲလိုင်းပေါ်မှာ စာမပါတာအဓိကပဲ။ ကျွန်တော်တို့က မသင်္ကာလို့ လာလဲထားတဲ့ကတ်တွေကို စစ်လိုက်တာ အဲဒီလိုမျိုး စီဒီအမ်အေကတ်အတုတစ်ခုကို ထပ်တွေ့ရတယ်။ အခုဆိုရင် မြို့သစ်ဘက်က ကျွန်တော့် သူငယ်ချင်းတွေလည်း အဲဒီလိုကတ် အတုတွေကို ကြုံနေရပြီလိုပြောကြ တယ်” ဟု ကိုအောင်ချမ်းဖြိုးက ဆိုသည်။

ငွေဖြည့်ကတ်များသည် အတု အစစ်ပြဿနာများသာမက ငွေအပြည့်မဝင်ခြင်းနှင့် အခြားသော ပြဿနာများလည်းရှိကြောင်း နေ့စဉ်မိုဘိုင်းဖုန်းငွေဖြည့်ကတ် ရောင်းချနေသူတို့ ကဆိုသည်။ “အခုနောက်ပိုင်း ငွေဖြည့်ကတ်ရောင်းရတာက အမြတ်နည်းနေပါတယ်ဆိုမှ ပြဿနာတွေကလည်း အများကြီးရှိတယ်။ အဲဒါကြောင့် ငွေဖြည့်ကတ်ပြဿနာများကို ဆိုင်မှတာဝန်မယူပါဆိုပြီး စာရေးချိတ်ထားလိုက်တယ်” ဟု ကမာရွတ်မြို့နယ်မှ ငွေဖြည့်ကတ်လက်လီ ရောင်းချသူတစ်ဦးက ပြောသည်။

“၁၅၀၀ ကျပ်တန်ဖုန်းလိုင်းထဲကို ၅ ထောင်ကျပ်တန်ငွေဖြည့်ကတ် ထည့်လိုက်တာ ၃၅၀၀ ပဲဝင်တယ်။ အဲဒါကိုယ်တိုင်ကြုံခဲ့ရတာ။ ကိုယ်ကလည်း ဆိုင်ထဲမှာတင် ကိုယ်တိုင်ထည့်လိုက်တာ။ သူတို့ကိုလည်း ဘာမှပြောမရဘူး။ ဒါနဲ့ ဒီတိုင်းပဲ နေလိုက်ရတယ်” ဟု မိုဘိုင်းဖုန်းငွေ ဖြည့်သွင်းစဉ် ဖြည့်သွင်းငွေအပြည့်အဝ မရရှိခဲ့သည့် မသန္တာကဆိုသည်။


မြင့်ကျော်လှိုင်


ကိုလတ်(ကျွဲဆင်း)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များ၌ အင်တာနက်စနစ်ပါ တွဲဖက်ပါဝင်





ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။ ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့ ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။



တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက် Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။ ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ၎င်းကဆက်လက်ပြော သည်။



တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံးဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။



တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။





မြင့်ကျော်လှိုင်



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်


 Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်
================================================
Samsung က Galaxy Note 3 ,Galaxy Note 2, Galaxy S3, Galaxy S4 ဖုန်းများကို Android 4.4 KitKat ကို ၂၀၁၄ ဇန်န၀ါရီလတွင် Update ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးပါပြီ။ Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမှာဖြစ်တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ သတင်းအရ Galaxy S4 mini, Galaxy S3 mini, Galaxy S Advance, Galaxy Core, Galaxy Fame, Galaxy Ace 2, Galaxy Fresh တို့ကို KitKat Update ပေးမယ်လို့သိရပါတယ်။ KitKat ကို အသုံးပြုဖို့ လိုအပ်တဲ့ RAM ပမာဏမှာ 512MB ဖြစ်ပါတယ်။ Samsung က အဆိုပါ တန်ဖိုးနည်းဖုန်းများကို Update ပေးဖို့ တရားဝင်ပြောကြားခြင်းမရှိသေးဘဲ စဉ်းစားနေဆဲဖြစ်ပါတယ်။

 Ref to Digital Life Journal

ကိုလတ်(ကျွဲဆင်း)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Google က Android OS သုံး Nexus TV ကိုထုတ်မည်



Google က Android OS သုံး Nexus TV ကိုထုတ်မည်
==========================================
Google က Android OS သုံး Nexus TV ကို တီထွင်နေကြောင်း Google ရဲ့ ၀န်ထမ်းတစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Netflix, Hulu , YouTube စတဲ့ အွန်လိုင်း မီဒီယာ တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Video Game ကစားလို့ရပါမယ်။ Google က Nexus TV ကို ၂၀၁၄ ခုနှစ် မတ်လမတိုင်မီမှာ ရောင်းချမယ်လို့သိရပါတယ်။ Nexus TV ဟာ Apple TV , Roku တို့ကိုယှဉ်ပြိုင်မှာဖြစ်သလို၊ Ouya, Microsoft, Sony , Nintendo တို့ရဲ့ ဂိမ်းစက်တွေကိုလည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒါဟာ Nexus TV နဲ့ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ သတင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီ က Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ Google က Apple TV , Roku တို့ကို ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ Google မှ Andy Rubin က Android OS, Hangouts တို့ပါရှိမယ့် နမူနာ TV ပုံစံ ကို International Consumer Electronics Show 2013 မှာ သရုပ်ပြမိတ်ဆက်ခဲ့ဖူးပါတယ်။ TV မှာ Motion Sensor ပါရှိပါမယ်။ YouTube , Google Play Store, Netflix , Pandora တို့မှ မီဒီယာ တွေကို ကြည့်ရှုနိုင်ပါမယ်။
အခြား သတင်းတွေအရ Google က TV အစီအစဉ် တွေကို အင်တာနက် က ထုတ်လွှင့်ပေးနိုင်မယ့် Internet TV ၀န်ဆောင်မှု ကို ပြုလုပ်ဖို့အတွက် Media Company တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

REF TO DIGITAL lIFE JOURNAL


ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, November 6, 2013

101 XS 2 Android tablet ကိုကြေငြာလိုက်တဲ့ Archos



Archos brand တစ်မျိုးဖြစ်တဲ့ Android Tablet အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Screen size က 10.1 လက်မ ရှိပြီး၊ screen resolution ကတော့ 1280 x 800 IPS display ဖြစ်ပါ တယ်။ ထူးခြားချက်ကတော့ keyboard ကို tablet  ကိုယ်ထည်ရဲ့ သတ္တုဘားတွေကို သံလိုက် ဓါတ် အသုံးပြုပြီး coverboard အနေနဲ့ထားရှိတာကတော့ Archos Tablet ရဲ့အားသာချက်ဖြစ်ပါတယ်။

Processor ကိုတော့ Quad- Core Cortex A9 CPU clocked မှာ 1.6 GHz speed အသုံးပြုထားပြီး Mali 400 GPU ရှိပါတယ်။ Memory အနေနဲ့ကတော့ RAM 2 GB နဲ့ 16 GB internal storage ပါရှိပြီး micro SD card လည်းထပ်စိုက်နိုင်ပါတယ်။ Tablet ရဲ့ အတွင်းဘက် camera ကတော့ 2 megapixel ပါရှိပါတယ်။ Tablet တစ်ခု လုံးကို အသုံးပြုထားတဲ့ OS ကတော့ Jelly Bean version 4.2 ပဲဖြစ်ပါတယ်။

ဒီ Archos 101 XS 2 ကို December လကုန်လောက်ကျရင် UK မှာ ပေါင် 249.99£ နဲ့ရောင်းချပေးသွာ မှာဖြစ်ပါတယ်။

Ref : Arena

Aung Ko Htet  



အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, November 5, 2013

ZTE ရဲ့ Grand S Flex ဖုန်းကို ဥရောပဈေးကွက်အတွက် မိတ်ဆက်ပြသခဲ့


တရုတ်နိုင်ငံ အခြေစိုက် ZTE ကုမ္ပဏီက သူတို့ရဲ့ smart phone ဖြစ်တဲ့ Grand S Flex ကိုဥရောပဈေး ကွက်မှာ စတင်ဖြန့်ချိဖို့အတွက် မိတ်ဆက်ပြသပေးလိုက်ပါတယ်။ ZTE Grand S Flex ဖုန်း ဟာ ပါးလွှာပြီး စတိုင် ကျလှပတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ အတိုင်းအတာအရ 145 x  70  x  8.9 mm နဲ့ အလေး ချိန်အရဆိုရင်တော့ 130 g ရှိတာပါတယ်။ Screen display က 5 inches ရှိပြီး resolution ပိုင်းကတော့ 720 x 1280 pixel ရှိပြီး Dual-core processor 1.2 GHz ရှိပါတယ်။ RAM 1 GB ပါရှိပြီး memory ကတော့ built in 16 GB ပါရှိပါတယ်။

Camera အနေနဲ့ကတော့ အရှေ့ကင်မရာပဲပါရှိပြီး 8 megapixel နဲ့ LED flash မီးပါရှိပါတယ်။ Connection အနေ ထား အရဆိုရင် 4G LTE ကို support လုပ်ပေးထားတာဖြစ်တာကြောင့်ဖုန်းလိုင်းကို ကြည် လင်စွာအသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ Android Version ကိုတော့ 4.1 Jelly Bean အသုံးပြုထားပါတယ်။ ဒါ့အပြင် battery ကိုလည်း 2300 mAh အသုံးပြုထားတာကြောင့်
battery အားကို ကြာကြာ အသုံးပြုနိုင်ပါတယ်။

ZTE Grand S Flex ကို Spain, Czech Republic နဲ့ Slovakia တွေမှာ ရောင်းချပေးသွားမှာဖြစ်ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာ Germany , Finland နဲ့ Poland နိုင်ငံတွေ ကိုရောင်းချပေးသွားမယ် လို့သိရပါတယ်။

Ref : Arena


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, October 30, 2013

မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်အပ်ပြီး .. မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ



ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် ကျင်းပသည့်Internet Governance ဖိုရမ်၌ အထက်ပါအဖွဲ့သို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။

ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဖြစ် သည်ဟု သိရသည်။ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်းရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည်ဟုလည်းသိရသည်။”

သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။
 
Ref : Popular News

Aung Ko Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Quad Core Processor အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ Nokia Lumia 1520 window phone


Operation System ကတော့ windows phone 8 နောက်ဆုံးversion ကို အသုံးပြုထားပါတယ်။

Network ပိုင်းကတော့ GSM (EDGE)  850, 900, 1800, 1900 MHz နဲ့ WCDMA   850, 900, 1900, 2100 MHz တွေကို အသုံးပြုထားပါတယ်။

Phone ရဲ့ connection Speed ကတော့ LTE 150 / 50 mbps ထိ supprot လုပ်ပေးထားတာ ကိုတွေ့ရ ပါတယ်။

Memory ပိုင်းမှာတော့ 2 GB RAM နဲ့ 32 GB internal memory ကိုအသုံပြုထားပြီး skydrive cloud storage 7 GB နဲ့micro SD card ကို 64 GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။

Display မှာဆိုရင် 6 လက်မ အရွယ် Full HD 1080 pixel ရှိတဲ့ LCD ကိုအသုံးပြုထားပြီး Gorilla Glass 2 မှန်သားကို အသုံးပြုထားတဲ့ အတွက် touch ပိုင်းကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။

Porcessor မှာလည်း 2.2 GHz Quad Core Qualcomm snapdragon 800 ကိုအသုံးပြုထားပါတယ်။

Camera ကတော့ မူရင်း အရှေ့ camera က 20 Megapixel ကို အသုံးပြုထားပြီး ကိုယ်ရိုက်ချင်တဲ့ စုံမှတ် ( focus ) ကို autoချိန်ညှိပေးထားတဲ့ အပြင်  LED flash ကို dual သုံးထားတဲ့အတွက် ကြည်လင်ပြတ် သားတဲ့ရုပ် ထွက်အတွက် ရုပ်ထွက်ကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရရှိမှာဖြစ်ပါတယ်။

Secondary Camera အနေနဲ့ကလည်း  HD 1.2 megapixel ကို အသုံးပြုပြီး phone ရဲ့ ဘယ် ဘက်ထောင့် မှာ ထားရှိပေးထားပါ။

Phone ရဲ့ အရွယ်အစား ကတော့ 162.8 × 85.4 × 8.7 mm ရှိပြီးတော့၊ အလေးချိန်အရဆိုရင်တော့ 209 g အလေးချိန်ရှိပါတယ်။

အခြားဆက်သွယ် မှုအပိုင်းတွေအနေနဲ့ကတော့ wireless connection ပိုင်းတွေဖြစ်တဲ့ NFC, A-GPS + GLONASS, WLAN (2.4/5Ghz) a/b/g/n/ac ဆက်သွယ်မှုတွေအပြင် micro USB ကိုလည်းအသုံးပြုထား တာကိုတွေ့ရပါတယ်။ Sensor ပိုင်းမှာလည်း megnetometer, Gyroscope, Ambient Light Sensor တွေ နဲ့ဖွဲ့စည်း ထာားတာကိုတွေ့ရပါတယ်။

Battery ကိုလည်း 3400 mAh (intergrated) ထည့်သွင်းပေးထားပြီး wireless charging နဲ့အားသွင်းနိုင်တာကိုတွေ့ရပါတယ်။

Audio အနေနဲ့ကတော့ Recording ပိုင်းမှာတော့ microphones လေးလုံးနဲ့ဖွဲ့စည်းထားတဲ့ အတွက်ကြောင့် အသံဖမ်းယူမှု အကောင်းဆုံးဖြစ်စေမှာပါ။ Microphone လေးလုံးကို အသုံးပြုထားပေမဲ့ လည်း တစ်ဖက်လူနဲ့ဖုန်းပြောရင် အပြင်သံတွေ ကိုနားထောင်မိပြီးတစ်ဖက်လူ စိတ်အနှောင့် အယှက်ဖြစ်စေမှုကိုလျှော့ချပေးထားပါတယ်။ Dolby (R) Headphone , Graphic Equlizer , Audio leveling နဲ့ FM radio တွေပါပါဝင်တဲ့အတွက် အသံပိုင်းကို ပြောစရာမရှိအောင်စီစဉ်ပေးထား တာဖြစ်ပါတယ်။

Nokia Lumia 1520 ဟာဆိုရင် system ပိုင်းနဲ့ touch screen ပိုင်းကို အကောင်းဆုံးပုံစံနဲ့ဖွဲ့စည်းထားတဲ့ အတွက် အသုံးပြုသူတွေအနေနဲ့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Youtube ကနေလေ့လာချင်သူတွေအတွက် အောက်က link ကနေ လေ့လာနိုင်ပါတယ်။

 http://youtu.be/nLhT56YjOto

Ref : Nokia N8

အားလုံးအဆင်ပြေကြပါစေ....

Aung Ko Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

ပြည် တွင်းမှ ကမ္ဘာနိုင်ငံပေါင်း ၂၂ဝကို SMS ပေးပို့နိုင်မည်




 ပြည် တွင်းမှ ကမ္ဘာနိုင်ငံပေါင်း ၂၂ဝကို  SMS  ပေးပို့နိုင်မည်

ရန်ကုန် ၊ အောက်တိုဘာ ၂၉

 ပြည် တွင်းမှ ကမ္ဘာနိုင်ငံပေါင်း ၂၂ဝကို  SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမက ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက်ထားခြင်းဖြစ်ပြီး ပြည်တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို မူ နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။''ဒီဝက်ဘ်ဆိုက်ကနေ ဖုန်း ခေါ်လို့ရမယ်။ SMS ပို့လို့ရမယ်။ ပုံစံကတော့ Skype လိုမျိုးပါ။ ပြည်ပခေါ်ဆိုခကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားတာ မျိုးပဲရှိသေးတယ်။ ဥပမာ- စင် ကာပူနိုင်ငံဆိုရင် တစ်မိနစ်ရှစ်ကျပ် လောက်ပေါ့။ လိုင်းကောင်း ဖို့အ တွက်ကိုတော့ အဓိကပြင်ဆင် ထားတယ်''ဟု  Myan Pay  မှ တာ ဝန်ရှိသူ ဦးရန်နောင်စိုးက ပြော သည်။အဆိုပါ စနစ်အား အသုံး ပြုနိုင်ရန်အတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းထားရန် လိုအပ် ပြီး Myan Pay  မှ ငွေဖြည့်ကတ် များကိုဝယ်ယူရမည်ဖြစ်ကာ ကျပ် ၁၀၀၀၊ ကျပ်၂ဝဝဝနှင့် ကျပ်၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ဖူးပွင့်သော်

(yangon media)
ကိုလတ်(ကျွဲဆင်း)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, October 11, 2013

ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း




ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း

မြန်မာတနိုင်ငံထဲမှာပဲဖြစ်နေတာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက် ကေဘယ်ကုန်းတွင်းပိုင်းဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော ဆက်ကြောင်းအချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။
အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်းအနည်းငယ် နှေးကွေးသွားနိုင်မည်
ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော်ဆက်ကြောင်းများမှ
ပြောင်းလဲချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်ရေးအတွက် ပြုပြင်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Android 4.4 KitKat ရဲ့  Features အသစ်များ လျှို့  ၀ှက်ထွက်ပေါ်လာ



Android 4.4 KitKat ရဲ့  Features အသစ်များ လျှို့  ၀ှက်ထွက်ပေါ်လာ
========================================
အောက်တိုဘာ (၁၄) ၊ (၁၅) ရက်မှာ Nexus 5 နဲ့  အတူ Android 4.4 KitKat ပါရှိလာမယ်လို့  သတင်းတွေ ထွက်ပေါ်လျှက်ရှိပါတယ်။ Android 4.4 KitKat ရဲ့  Features အသစ်များလည်း လျှို့ ဝှက်ထွက်ပေါ်လာပါတယ်။Italian Blog တစ်ခုဖြစ်တဲ့ TuttoAndroid ရဲ့  ဖော်ပြချက်အရ KitKat မှာ Visual Changes တွေရှိလာတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Google က Functions အသစ်တွေကို KitKat မှာထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။Google Now ကိုလည်း အသုံးပြုလို့ ရလာမှာဖြစ်ပါတယ်။
• Notification Bar က Transparent ဖြစ်လာပြီး App Icons တွေ ကိုတွေ့ မြင်ရပါမယ်။
• Navigation Bar, App Drawer ကလည်း Transparent ဖြစ်လာပါတယ်။
• Widgets တွေကို App Drawer မှာ မတွေ့ မြင်နိုင်တော့ဘဲ Long Press ဖိထားမှတွေ့ မြင်ရတော့မှာပါ။
• Messaging , Gallery Apps တွေ နေရာမှာ Google Photos, Hangouts စတာတွေနဲ့ အစားထိုးမှာဖြစ်ပါတယ်။
• Phone Icon အသစ်ပါရှိလာပါမယ်။
• Lock Screen မှာ Camera Icon ကိုတွေ့ မြင်အသုံးပြုနိုင်မှာပါ။
• Homescreens ငါးခုထက်ပိုအသုံးပြုလို့ ရလာမှာဖြစ်ပါတယ်။
• Wallpapaers အသစ်တွေ ပါရှိလာပါမယ်။
• Google Now ကိုအသုံးပြုဖို့  “OK, Google” ဆိုတဲ့ Voice Command ကိုအသုံးပြုလို့ ရလာပါမယ်။

ref to DIGITAL LIFE JOURNAL





Friday, September 27, 2013

မလေးရှားရောက် အိုဗာစတေးများ သိစေရန်



မလေးရှားရောက် အိုဗာစတေးများ သိစေရန် 

============================

ယနေ့  ၂၇ - ၉ - ၂၀၁၃ ရက်နေ့  ည မလေးရှားနိုင်ငံထုတ်


 တရုတ်သတင်းစာတွင် ဖော်ပြချက်အရ မလေးနိုင်ငံတွင်း အိုဗာစတေးများအား ၁၀ လပိုင်း ၁၅ ရက်နေ့ 

မှ စတင်၍ ယခင် 6P ပုံစံကဲ့ သို့  ပထမဆင့်  အနေဖြင့် လက်ဗွေနှိပ်ခွင့်ပြုမည်ဖြစ်ပြီး 


၁၀ လပိုင်း ၁၅ ရက်နေ့ မှ စတင်၍ 


အင်ဒိုနီးရှား နိုင်ငံသားများအား ဦးစားပေး အဆင့်သတ်မှတ်ပြီး ကျန်နိုင်ငံသားများအား ဆက်လက် 

လက်ဗွေနှိပ်ခြင်း ကို ၃ လအတွင်း ဆက်လက်ခွင့်ပြု လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း


 သတင်းကောင်းပါးအပ်ပါသည်








ကိုလတ်(ကျွဲဆင်း)

Thursday, September 26, 2013

WCDMA နှင့် CDMA 800 MHz ဖုန်းများ အင်တာနက် အသုံးပြုရာတွင် 1.5 Mbps မြန်နှုန်း အထိ ရရှိနိုင်



မိုဘိုင်းဖုန်း အင်တာနက်စနစ် အသုံးပြုရာတွင် WCDMA (3G) နှင့် CDMA 800 MHz (EVDO) ဖုန်းများအား 1.5 Mbps အမြန်နှုန်းအထိ ရရှိသုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင် သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

GSM (EDGE) စနစ်တွင် 256 Kbps မြန်နှုန်းဖြင့် သုံးစွဲနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် E1, Fiber, ADSN, Wireless Broad-band Satellite နှင့် Mobile အင်တာနက်စနစ်များကို ဝန်ဆောင်မှု ပေးလျက် ရှိ ကြောင်း ဦးအောင်မော်ကပြောသည်။ ထိုကဲ့သို့ အသုံးပြုရာတွင် မြန်နှုန်း အနေဖြင့် အသုံးပြုသည့် စနစ် အပေါ် မူတည်ပြီး 128 Kbps မှ 100 Mbps အထိ ရရှိမည် ဖြစ်ကြောင်း သိရသည်။ ADSN စနစ် အနေဖြင့် 512 Kbps မှ 2.5 Mbps အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

E1 အင်တာနက် ချိတ်ဆက်မှု အနေဖြင့် မြန်နှုန်း 2 Mbps အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Fiber ချိတ် ဆက်မှု အနေဖြင့် 1 Mbps မှ 100 Mbps အထိ ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း Satellite ဝန်ဆောင်မှု အသုံးပြုမည် ဆိုပါက အမြန်နှုန်း 128 Kbps မှ 1 Mbps အထိရရှိမည်ဖြစ်ကြောင်း ဦးအောင်မော်က ပြောကြား ခဲ့သည်။ လက်ရှိပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်စနစ် အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုရန်အတွက် သက်ဆိုင်ရာ အင်ဂျင်နီယာချုပ် မိုဘိုင်းဆက်သွယ်ရေး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးရုံးများတွင် လျှောက်ထားနိုင်ကြောင်း လက်ရှိတွင် GSM နှင့် WCDMA မိုဘိုင်း အင်တာနက် စနစ် အတွက် စာတိုပို့စနစ်မှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများ အတွက် အင်တာနက် စနစ် လျှောက်ထားရာတွင် ဝန်ဆောင်ခ တစ်သောင်းကျပ် ကျသင့်မည် ဖြစ်ပြီး အင်တာနက် အသုံးပြုခ အတွက် EDGE စနစ်ဆိုပါက တစ်မိနစ်လျှင် ၂ ကျပ်၊ EVDO စနစ်ဆိုပါက တစ်မိနစ်လျှင် ၄ ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း