Showing posts with label Facebook ပြဿနာများ. Show all posts
Showing posts with label Facebook ပြဿနာများ. Show all posts

Friday, February 28, 2014

မိမိ Email အကောင့်ထဲသို့ ပို့သည် Facebook မှ Notifications များကိုပိတ်ခြင်း



Facebook ကနေ ကျနော်တိုအသုံးပြုတဲ့ Email ထဲသို သူငယ်ချင်းတွေက Comment ပေးတာတိုဘာဆိုရင်အသိပေးတဲ့အနေနဲ့ Mail တွေပို့ပါတယ်။အဲ့လိုပိုတဲ့အခါမှာ ကျနော်တို Email Account ထဲမှာ Email တွေက ထောင်ကျော်လာပါတယ်။အရေးကြီးတဲ့ Email တွေကို ရှာဖိုခက်ခဲလာပါတယ်။Facebook ကနေ အဲ့လိုမျိုးမပိုအောင် လုပ်ဆောင်လိုရပါတယ်။အရင်ဆုံး
Facebook အကောင့်ထဲကAccount  Setting ထဲကိုသွားလိုက်ပါ။။


 နောက် ထပ်ဆက်သွားလိုက်ပါ အောက်ကပုံအတိုင်းပေါ့

Account Setting ထဲက Notifications ထဲက Email မှာ နောက်က Edit လေးကနေ
Only notifications about your account, security and privacy

ကိုရွေးပေးလိုက်ပါ။ဒီလိုဆို ကျနော်တို Email ထဲကို Facebook က လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းကြားစာတွေပဲပိုတော့မှာဖြစ်ပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, February 23, 2014

Facebook သုံးနေသူများ သတိထားရန်

Facebook သုံးနေသူများ သတိထားရန်


Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်

ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook သုံး ရင်း ပြဿနာတစ်ခု တက်ကြတယ်ဗျ။ အဲ့ ပြဿနာကလည်း အကြီးကြီးနော် .. ဂုဏ်သိက္ခာကို တော်တော် ထိခိုက်စေတယ်ဗျ။ အဲဒါ ဘာ ပြဿနာလည်းဆိုတော့..ဒီလိုဗျ..ကျွန်တော်သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း Facebook သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်း ဓာတ်ပုံတွေရိုက် .. ကိုယ့် ရဲ့ Friends တွေကို tag တွေထိုး …ပုံတွေကို share ကြတာပေါ့… အဲသူတို့ရဲ့ ph နံပတ်တွေကိုလည်း တစ်နေရာရာမှာ share လိုက်တာတို့ …တင်လိုက်တာတို့ ..လုပ်မိတယ်ထင်တယ်ဗျ…အဲမှာစတာပဲဗျာ…
ဘယ်သူကမှန်းမသိ page တစ်ခုထောင်ပြီး ကျွန်တော့်သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile ကနေပြီး download လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မကောင်းတာတွေ လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင်က သူ့ရဲ့ page ကို ပြည့်တန်ဆာ page လိုမျိုး လုပ်ထား…ပြီးတော့ ကျွန်တော့် friend မိန်းကလေးရဲ့ နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…သေရော…ကျွန်တော့် Friend ကို ဖုန်းတွေ ဆက်ပါလေရော…တစ်နေ့ကို ဖုန်း ၁၀ ခါပဲ ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင်က ဘယ်လိုနေမလဲ…လုပ်တဲ့သူကလည်း ဘယ်သူမှန်းမသိ…တိုင်လို့လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း အကောင်းပြောမယ့်သူတွေ ဆက်တဲ့ ဖုန်းမဟုတ်တော့ ခံရတဲ့သူက တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့ …ကျွန်တော့် firend ကို တစ်မျိုးထင်ကြတော့မယ်ဗျ…
ပြီးတော့ နောက်တစ်ခုသတိထားရမှာက Facebook မှာ account name ကို တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ နံမည်တစ်ခုကို ရှာလိုက်ဗျာ …အဲ့နံမည်နဲ့ account တွေအများကြီး ထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး download လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့ မကောင်းတဲ့ page တွေကို like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… ဘယ်မှလည်းတိုင်လို့မရ… ဘယ်သူမှန်းလဲမသိ…..
အဲလိုမျိုး ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင်လို့ ဒါလေးကို ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ်လို့…စကားပုံတောင်ရှိတယ်မလား…အဲတော့ ဒီလိုမျိုး မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင် သူ့ရဲ့ profile ကို သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…ပြီးရင် ကိုယ့်ရဲ့ privacy ကိုထိခိုက်နိုင်မယ့်…status တွေမတင်မိစေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ လိပ်စာတို့ပေါ့…. Chat box တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ ကောင်းပါတယ်ဗျာ….တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို report တင်လို့တော့ရတယ်ဗျ..အဲ့ account က ဒီလိုလုပ်နေပါတယ်လို့…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ Facebook က သူ့ကို လုပ်တဲ့ account ကို block လုပ်ပေးလိုက်လို့ သက်သာရာရသွားတယ်… ဒါပေမယ့် အဲ့လို့မျိုး Facebook က block ပေးတာက percent တော်တော်နည်းတယ်ဗျ… ကဲ Friend တို့ တစ်ခြား Friend တွေကိုလည်း သိရအောင် share ပေးပါနော်..သတိလည်းထားပေါ့ဗျာ..သတိထားတာမမှားပါဘူး….
အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ် ကင်းကင်းနဲ့ ပျော်မွေ့နိုင်ပါစေနော်…

အိုင်တီရဲကို

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, September 17, 2013

facebook က virus လင့် တွေ အကြောင်းသိပြီးသွားပြီလား.........?

facebook မှာvirus လင့် တွေတော်တော်များများကိုသင် သတိထားမိလား......?အရမ်း ကိုကောင်းတဲ့ မေးခွန်းလေးပါ။နားလည်တတ်ကျွမ်းတဲ့ အသိပညာရှင်အတတ်ပညာရှင်တွေကတော့ ကောင်းကောင်း
သိပါတယ်။ကျွန်တော်တို့ လို နားမလည်တဲ့ သာမန် user တွေအနေနဲ့ ကတော့ မခွဲခြားတတ်ပါဘူးခင်ဗျာ။
ဖေ့ ဘောက်မှာမိမိမိတ်ဆွေတစ်ယောက်က မိမိ ကို ဒေါင်းလုပ်လင့် တွေ ချပေးတဲ့ အခါ အဲဒီလင့် မှာ
virus ရှိမရှိစတာတွေကိုဘယ်လိုမှမသိနိုင်ပါဘူး။အခုတစ်လော Group တော်တော်များများမှာလည်း virus လင့် တွေတော်တော်လေးခြေရှူပ်ခဲ့ လို့  admin တွေလည်းဖယ်ရှားရှင်းလင်းရတဲ့ ဒုက္ခတွေရှိပါတယ်။ဒီနေရာမှာ အခုကျွန်တော်ပြောပြမှာကတော့ 
  virus သတိပေးချက်ပါခင်ဗျာ။ အောက်မှာပေးထားတဲ့ link ကိုနိပ်ပြီးဒေါင်းလုပ်၇ယူကာမိမိတို့ ရဲ့  browser တွေမှာ add-ons လုပ်ထားပေးခြင်းအားဖြင့်  virus လင့် တွေကိုဝင်ရောက်တော့ မယ်ဆိုရင်အလွယ်တစ်ကူသိမြင်နိုင်ပါတယ်ခင်ဗျာ။တကယ်လို့  မိတ်ဆွေတို့ ဝင်ရောက်မဲ့ links ဟာ virus ရှိနေမယ်ဆိုရင်အနီရောင်နဲ့ ပြသထားမှာဖြစ်ပြီး(တစ်ခြားအရောင်ကွဲတွေဖြစ်တဲ့ အစိမ်း။အပြာ တို့ မှာvirus ကင်းစင်ကြောင်းပြသပေးမှာဖြစ်ပါတယ်ခင်ဗျာ။(မှတ်ချက်-အဝါရောင်ဖြင့် ပြသပေးပါက 50 % နှုန်းလောက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ)ဒါ့အပြင်တစ်ခြား google ကလင့် တွေကိုလည်း virus ပါဝင်မှု့ ရှိမရှိဆိုတာစစ်ဆေးကြည့် ရှု့ နိုင်လို့ အားလုံးပဲအသုံးပြုစေချင်လို့ ဒီပိုစ့် လေးကိုပြန်လည်ရေးသားလိုက်တာ
ပါခင်ဗျာ။



ဒါကတော့  screenshot လေးပါ
(ဒီပုံလေးကလင့် တွေမှာဆိုရင် virus ကင်းစင်ကြောင်းပြသပေးထားတာပါ)

=========================================



ဒေါင်းလုပ်ယူရန်>http://www.mywot.com/






ယခုလိုတင်ဆက်မှု့ လေးတွေကိုအသစ်တင်တိုင်းမိမိတို့ facebook

 


ကနေဖတ်ချင်တယ်ဆိုရင် ဒီမှာ like လုပ်ပေးခဲ့ ပါခင်ဗျာ။




Wednesday, August 21, 2013

Facebook တွင် Security မိတာနည်းအောင်



*အခုတလော Facebookတွေအများစု Securityမိတာတွေပိုပိုများလာတာ တွေ့ရပါတယ်။
သိသလောက်တော့တင်ပြချင်ပါတယ်
အမှားပါရင်လည်းခွင့်လွတ်ကြပါနော်
အနော်က Userအဆင့်ပဲရှိတာပါ

*အကြောင်းရင်းတွေထဲက
၁။အကောင့်စလျှောက်စဉ်မှာ အရင်က skipကျော်တာကို လက်ခံပေမဲ့ အခု သိပ်အကျော်မခံတော့ပါဘူး securityဖမ်းချင်လာပါတယ်။
ဒါ့ကြောင့် တတ်နိုင်သလောက်ဖြည့်ပေးပါ။
၂။အကောင့်ရပီဆိုတာနဲ့ သူပြောပြတဲ့အတိုင်း friend၁၀ဦးခန့်ကိုAddပါ သေချာလက်ခံပေးမဲ့၁ဦးကတော့ ရှိနေရပါမယ်။
၃။Post ၁ခုခုရေးတင်ပါ
၎။ဓာတ်ပုံတင်ပါ
၅။Profile pictureတစ်ခုခုတင်ပါ

*MailမှာသွားပြီးComfrimလုပ်တာတော့မပြောတော့ဘူးနော် သိမှာပါ

၆။Aboutထဲကိုသွားပါ မိမိTimelineမှာပေါ့
အဲဒီaboutထဲမှာ မိမိရဲ့မြို့ ပညာအရည်ခြင်း တက္ကသိုလ်
ဖုန်းနံပါတ်(အရေးကြီး) စတာတွေကို တတ်နိုင်သလောက်ဖြည့်ပါ saveပါ
*မိမိမြို့ ဖုန်းနံပါတ်တွေကို သူများမမြင်စေချင်ရင် ဘယ်ဘက်အောက်နားလေးမှာ ကမ္ဘာလုံးပုံလေးနဲ့Publicကို Only meလုပ်ပြီးတင်ပါ အိုစကေပါတယ်။ေိေိ
၇။အဲဒါတွေအားလုံးအိုကေပြီဆိုရင်
Locationတင်ရပါမယ်
Check inဆိုပြီး location logoလေးနဲ့ပါ Photoရဲ့ညာဘက်ခြမ်းမှာပါ
~မိမိဖုန်းsettingထဲကဖြစ်စေ
Notification barကဖြစ်စေ GPSကို ဖွင့်ထားပြီး Check inကိုနိုပ်လိုက်ပါ Loadingဖတ်ပါလိမ့်မယ်
ပီးသွားတဲ့အခါကျလို့ရှိရင် မိမိfriend listထဲက မိမိနဲ့ တစ်မြို့တည်းအတူနေfriendကို Tagတွဲပြီးတင်လိုက်ပါ။

သိသလောက်လေးဆိုပေမဲ့ အဲဒီလိုလုပ်ပေးလိုက်လို့ Securityမမိတော့တဲ့ အကောင့်တွေတွေ့ရလိုပါ။

ကျေးဇူးတင်ပါသည်။


အိုင်တီခေတ်


Friday, August 16, 2013

သင့် Facebook အကောင့် အခိုးခံရတော့မယ်ဆိုရင်



သင့် Facebook အကောင့် အခိုးခံရတော့မယ်ဆိုရင်
===========================================
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေးလာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။


Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
.
အောင်ခမ်း (TSJ team)


အိုင်တီခေတ်

Monday, August 12, 2013

သင့် facebook account ထဲက userတွေကို backup လုပ်ချင်ပါသလား



သင့် facebook account ထဲက userတွေကို backup လုပ်ချင်ပါသလား
(လုပ်ချင်တဲ့သူတွေလုပ်ရအောင်တင်ပေးလိုက်ပါတာပါ သိ၇င်ကျော်သွားလိုက်ပါခင်ဗျာ)

သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား....

Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...
ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... 

၁, ၂ , ၃ ဆိုပီးတော့ နံပါတ်အစဉ်လိုက်နဲ့ ဖော်ပြပေးထားပါတယ် လိုက်လုပ်ကြည့်ပါ


အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ

 Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်
 အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... 

အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ


 ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...



သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်





 အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...


ကျနော်ရဲ့ Facebook ကတော့ နည်းသေးတယ် 339.57 Mb ပဲရှိပါသေးတယ်

ကဲအားလုံးပဲ လိုချင်တာလေးတွေကို backup လုပ်တက်ကြပါစေခင်ဗျာ

Ref: Computer Hub


အိုင်တီခေတ်

Tuesday, July 16, 2013

Facebook မှာ နာမည် နဲ့ Password ပြောင်းမယ်


Facebook မှာ မိမိနာမည် နဲ့ Password ပြောင်းချင်ပေမယ့်

မပြောင်းတက်သေးတဲ့ သူငယ်ချင်း ညီအကို မောင်နှမ များအတွက် သိတာလေး ကို

ပြန်လည်လက်ဆင့်ကမ်းလိုက်ပါတယ် ခင်ဗျာ အောက်မှာပုံလေးတွေ ကို

စာနဲ့ တခါတည်း တွဲရေးထားပေးလိုက်ပါတယ်

ပြောင်းချင်တယ် ဆိုရင် လိုက်ပြောင်းလိုက်ပါ သိပြီးသားလူအတွက်

အရမ်းလွယ်ကူပေမယ့် မသိသေးတဲ့ လူကျတော့ ဘယ်ကစရမှန်းမသိဘူးဖြစ်တက်ပါတယ်

မသိတာကိုလည်း မသိဘူးလို့ မေးတာကောင်းတယ် ရှင်းပြရတာ ပိုအဆင်ပြေတာပေါ့


အရင်ဆုံး မိမိ Facebook ကိုဖွင့် လိုက်ပြီးတော့ အောက်မှာပြထားတဲ့ ပုံတွေအတိုင်း

လိုက်လုပ်လိုက်မယ်ဆိုရင်ရပါတယ် နာမည်ပြောင်းချင်တာနဲပ Password ပြောင်းချင်တာကို

တခါတည်း ထည့်ရေးလိုက်ပါတယ် ခင်ဗျာ









နာမည်ပြောင်းတဲ့ အခါမှာ တခါတလေကျရင် တခါတည်းနဲ့ အဆင်မပြေတက်ပါဘူး

တခါလုပ်လို့မရရင် မရပါဘူးလို့ မလုပ်ပါနဲ့ သူက တခါတလေ 24 နာရီ 

ကြာမှ ပြောင်းပေးတက်ပါတယ်

ကိုလတ်(ကျွဲဆင်း)