Saturday, June 14, 2014

Facebook Messenger မှတစ်ဆင့်၁၅ စက္ကန့်စာ ဗီဒီယိုများ ဝေမျှနိုင်ပြီ






ကမ္ဘာ့ဖလားတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံသည့် ဗီဒီယိုများကဲ့သို့ ဗီဒီယို အပိုင်းငယ်များကို ယခုအခါ Facebook Messenger မှတစ်ဆင့် ဝေမျှနိုင်ပြီဖြစ်ကြောင်း CultofMac မှ ဖော်ပြခဲ့သည်။

Facebook မှ အသစ် ဖြန့်ချိလိုက်သည့် Mesenger app update တွင် အခြားမည်သည့် app များ မလိုအပ်ဘဲ ၁၅ စက္ကန့်စာ ဗီဒီယိုများကို ရိုက်ကာ ဝေမျှနိုင်သည့် feature ကို ထည့်သွင်းပေးခဲ့သည်။ အဆိုပါ update သည် iOS 8 အတွက် video messaging feature သစ်ကို Apple က မိတ်ဆက်ပေးခဲ့ပြီး နှစ်ပတ်အကြာတွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

http://www.freeandeasy100.blogspot.com/2014/06/facebook-messenger.html

Windows Phone ပေါ်တွင် မက်ဆေ့ခ်ျမှဓာတ်ပုံများကို သိမ်းဆည်းခြင်း







Windows Phone အသုံးပြုတဲ့သူတွေအနေနဲ့ Windows Phone ပေါ်ကနေ သူငယ်ချင်း အပေါင်းအသင်းများနဲ့ မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ကြတယ်။ ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေထဲမှာ အမှတ်တရ ဓာတ်ပုံလေးပါဝင်လို့  သိမ်းဆည်းထားချင်တယ်ဆိုရင် မက်ဆေ့ခ်ျထဲက ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အပြင်ရောက်နေတဲ့အချိန်မှာ အကြောင်းအရာတစ်ခုခုကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့အချိန်မှာ အဲဒီဓာတ်ပုံကို သင့်ရဲ့ မိုဘိုင်းဖုန်းထဲထည့်သွင်း သိမ်းဆည်းထားနိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
   

                                                    
http://www.freeandeasy100.blogspot.com/2014/06/windows-phone.html


Post By Zuu


The Best Movie Maker APP (VIVA APK)




မိမိဓာတ်ပုံများ ဒါမှမပာုတ် ကိုယ့်ချစ်သူ ၊ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေရဲ့
Photo လေးတွေကို MTV လေးတစ်ခု Android ပေါ်မှာ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့
VIVA Viedo Apk ကို MMAS က Android Mobile User တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေကို ရွေးချယ်ပြီး ကိုယ်လုပ်ချင်တဲ့ သီချင်း (MP 3) သီချင်း တစ်ပုဒ်ကို ရွေးပေးပြီးအလွယ်တကူ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။
Theme Effect တွေလဲ ပါသေးပါတယ်။ ရှိပြီးသား Theme တွေကိုမကြိုက်ရင် Download လုပ်လို့ရပါသေးတယ်။
http://freeandeasy100.blogspot.com/2014/06/the-best-movie-maker-app-viva-apk.html
တော်တော်မိုက်ပါတယ် … လိုအပ်ရင်တော့ Down လိုက်ပါအုံး ခင်ဗျာ။ 
viva-logo-3D

Network အကြောင်း သိကောင်းစရာ




တစ်ကိုယ်ရည်သုံးကွန်ပျူတာများတွင်Word Processing, Spreadsheets, Graphics နှင့် အခြားသော သတင်းအချက်အလက်များကို လိုသလိုဆောင် ရွက်နိုင်သော်လည်း Data များ လျှင်မြန်စွာ မျှဝေသုံးစွဲနိုင်မှု မရှိပေ။ ကွန်ယက် (Network) ချိတ်ဆက်ထားခြင်း မရှိပါက  Hard Copy အဖြစ် Print Out ထုတ်ပြီး သုံးစွဲခြင်း၊ တည်းဖြတ်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်။ အကောင်းဆုံးမှာ Floppy Disks များတွင် မိတ္တူကူး ယူပြီး ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက်နေခြင်းအား Stand-alone envioronment   (သို့မဟုတ်) Sneaker Network ဟုခေါ်သည်။
Download Here
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


Post By Zuu

ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy Note 4 ကို IFA ပြပွဲတွင် Samsung မိတ်ဆက်ဖွယ်ရှိ


 
Samsung သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက ဖော်ပြခဲ့သည်။
Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED display ကို အသုံးပြုထားကြောင်း သိရသည်။
Galaxy Note 4 တွင် QHD (2560x1440) display, Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ ထို့အပြင် တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
Credit Internetjournal

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ