Wednesday, July 9, 2014
ဘလော့မှာတင်သော ပုံများကို လည်ပါတ်နေအောင် လုပ်ဆောင်နည်း ( ၂ ) နည်း
Alternate Text 
မင်္ဂလာပါ ကျွန်တော် ဘလော့ပညာတွေ မရေးဖြစ်ခဲ့တာ အတော် ကြာခဲ့ပါပြီ... ဒါကလည်း တင်ထားတာတွေကတော်တော် လေးမျာေးနတော့ အသစ်ဆန်းတွေ ဘာတင်ရမှန်းကို မသိတော့လို့ပါ..ဟီးးးးးးးးး
 သည်နေ့တော့  မသိသေးသူ ဘလော့ကာ ညီငယ်တွေအတွက် အဆန်းလေးတခုတင်ပေးခြင်တာ နဲ့ အရင် အဟောင်းတွေက ပြန်လည် ထုတ်နှုတ် လိုက်ပါတယ်.. သူကတော့ မိမိတို့ ဘလော့မှာ တင်တဲ့ ပုံတွေကို စက်ဝိုင်းသဏ္ဍန် လည်ပါတ် အောင် လုပ်နည်းလေးပါ.. သူကတော့ ကုဒ်လေးကို ထည့်ပေးလိုက်ယုံပါဘဲ.. မောက်နဲ့ ထိလိုက်တာနဲ့ ဘလော့ပေါ်က ပုံတွေကို လည်ပါတ် စေတာပါ..
လန်းခြင်တဲ့ သူတွေအတွက် ကလိလိုက်ပေါ့..နော်.. ဆြာကြီးတွေကတော့ ကျော်ခွသွားစေလိုပါတယ်။
လုပ်နည်းရော ကုဒ်တွေပါ ရှင်းပြပေးထားပါတယ်...
နည်းလမ်းရဲ့  နမူနာကို ကြည့်လိုပါက   သည်မှာ    ကလစ် ကြည့်လိုက်ပါ အမြည်းလေးပေါ့..ေိေိေိ
နံပါတ် ( ၁ ) နည်းလမ်း
================
ကဲစမယ်နော်  ပထမဆုံး မိမိတို့ ဘလော့ကာ sing in ၀င်လိုက်ပါ.. နောက် Template ကိုသွားလိုက်ပါ... 
HTML ထဲကို ၀င်ကြရမှာ ဖြစ်ပါတယ်... အိုကေ ဒါတော့ လူတိုင်းသိနေတော့ ပုံတွေ မရှင်းတော့ပါဘူးနော်.
ဝင်လိုက်တာ နဲ့ ကုဒ်တွေထဲကို မောက်တချက်ချကလစ် နောက်  Ctrl + F တွဲကလစ်လိုက်ပါ ညာအပေါ်ထောင့်မှာ search box လေးကျနေတာတွေ့မယ်.....နော် အဲထဲမှာ
]]></b:skin>  ကုဒ်ကိုထည့် လိုက်ပါ ရှာရမှာဖြစ်ပါတယ်
တွေ့ပြီဆိုတာနဲ့ သူ့အပေါ်ကကပ်ပြီး အောက်က ပေးထားတဲ့ ကုဒ်တွေ ထည့်ပေးလိုက်ပါ
 ►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ..
►5- Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
မှတ်ချက်....။       ။    သည်ကုဒ်သည် မိမိဘလော့ တင်ထားသမျှ ပုံအားလုံးနဲ့ သက်ဆိုင်ပါတယ်..
သူထည့်လိုက်တာနဲ့ ပုံအားလုံး ကို မောက်ထိတာနဲ့ လည်နေပါမည်။
img {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
img:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}
ထည့်ပြီးတာနဲ့  Save Template လုပ်ပေးလိုက်ပါ...
 သည်နေရာမှာ ကျွန်တော် ပြောခြင်ပါတယ်  သည်ကုဒ်ကို ခု template ရဲ့ html မှာ တန်းရှာလို့ မတွေ့နိုင်ပါဘူး  ဘာကြောင့်လည်းဆိုတော့  ကုဒ်တွေက အရင်လို ဖြန့်ချထားတာ မဟုတ်ဘဲ ခေါက်ထားတဲ့အတွက်ပါ... ဘေးက နံပါတ်နဲ့ စာတိုင်လေးတွေမှာ သေခြာကြည့်ပါ   မျှားအနက်လေးတွေတွေ့မယ်  အဲတာတွေ ကလစ် ကြည့်ပါ  သူဖွက် ခေါက်ထားတဲ့ ကုဒ်ဒင်းတွေ ထွက်ကျလာမှာဖြစ်ပါတယ်...
အပေါ်က ရှာခိုင်းတဲ့ ကုဒ်ရှာနည်း
   b:skin    လေးကိုဘဲ ထည့်ရှာလိုက်ပါအောက်မှာ ပုံတွေနဲ့ပြထားတယ်
အိုကေ တွေ့တဲ့အတိုင်း မျှားအနက်လေးကို ကလစ်ဖြေလိုက်ပါ  အိုကေ အောက်နားဖြေးဖြေးချင်း ဆွဲချလိုက်ပါ  ဒါမှမဟုတ် enter ခေါက်ပေးပါ ]]></b:skin>  ဆိုတာ တွေ့လာမယ်  အိုကေ ဒါဆို ကုဒ်တွေ ထည့်ဖို့ ရှာခိုင်းတဲ့ နေရာ ရပြီပေါ့နော်... သူ့အပေါ်ကကပ်ပြီး ပေးထားတဲ့ ကုဒ်တွေကို ထည့်လိုက်ပါ.....
နံပါတ်  ( ၂ ) နည်းလမ်း 
=============
နောက် တနည်းကတော့.... ဘလော့ရဲ့ ပုံအားလုံးနဲ့ မသက်ဆိုင်ဘဲ တင်ခြင်တဲ့ လည်စေခြင်တဲ့ ပုံကိုမှ လည်အောင် တင်နည်းလေးပါ။။
ကုဒ်ရှာနည်းနဲ့ ထည့်နည်းကတော့ အပေါ်ကတိုင်းပါဘဲ...နော်   
Ctrl  + F ကိုတွဲနှိပ်ပြီး  ]]></b:skin>  ကိုရှာပါရှာတွေ့ရင် ]]></b:skin> ရဲ့အပေါ် မှာ အောက်က အနီရောင် ကုတ် တွေကို ကော်ပီယူပြီထည့်လိုက်ပါ
.rotate {
-webkit-transition: all 1s ease-in-out;
-moz-transition: all 1s ease-in-out;
-o-transition: all 1s ease-in-out;
transition: all 1s ease-in-out;
}
.rotate:hover {
-webkit-transform:rotate(1080deg);
-moz-transform: rotate(1080deg);
-o-transform:  rotate(1080deg);
-ms-transform: rotate(1080deg);
transform: rotate(1080deg);
}
ထည့်ပြီးရင် Save လိုက်ပါ။။
မှတ်ချက်.... လည်စေလိုတဲ့ ပုံကို တင်တဲ့အခါ ကုဒ်နဲ့ တင်မှ ဖြစ်မှာပါနော်....အောက်မှာ ဖတ်လိုက်ပါ
မိမိ လည်စေလိုသော ပုံကို ပို့စ်တင်တဲ့အခါ မှာ ကုဒ်နဲ့ ပြင်ဆင် ပြီးတင်ရပါမယ်...နည်းလမ်းကတော့
တင်လိုသောပုံ ရဲ့လင့်ကို အရင် ယူလိုက်ပါ...ကြိုက် သလို upload တင်ယူလည်းရသလို ပို့စ်ထဲကနေ ပုံတင်ပြီး html ကလစ်လိုက်ခြင်းဖြင့်လည်း ပုံရဲ့ လင့်ကို သုံးနိုင်ပါတယ်.. အိုကေ  တင်ကြမယ်..
ပို့စ်မှာ မတင်မှီ  အပေါ်က html  ဆိုတာနဲ့ compose ဆိုတာ ရှိပါတယ်   html ဆိုတာကလ်စလိုက်ပါ ကျလာတဲ့ ကုဒ်အချို့ ကိုဖျက်လို့ရပါတယ်... အိုကေ ပြီးတာနဲ့  အောက်က ကုဒ်ကိုထည့်ပေးလိုက်ပါနော်...
<img class="rotate" src="Put Your Image Link Here" alt="Alternate Text" title="Title Text" />
ထည့်ပေးလိုက်ပြီးတာနဲ့ Put Your Image Link Here ဆိုတဲ့နေရာမှာ မိမိတို့ လည်စေလိုသော ပုံရဲ့ လင့်ကို အစားထိုးပေးလိုက်ပါ..အိုကေ... ဒါဆို ပြီးပါပြီ..... compose ဆိုတာပြန်ကလစ်ပြီး ကျန်တာတွေ ဆက်ရေးဆက်တင်နိုင်ပါတယ်   publish လုပ်ပြီး ဘလော့ပေါ် ကြည့်လိုက်ပါ မောက်ထိတာနဲ့ လည်နေပါမည်။  သူကတော့ စိတ်ကြိုက် တင်ခြင်တဲ့ ပုံကို ရွေးလုပ်တာဆိုတော့ အလုပ်ပိုလာတာပေါ့....
နံပါတ် ( ၁ ) နည်းကတော့ ရှင်းတယ် ဗျာ... html မှာ ထည့်လိုက်တာနဲ့ တင်သမျှ အကုန် မွှတ်နေအောင် လည်ပြစ်တာဘဲ.....ဟီးးးးးးးးးးးးးးးးးး
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Monday, July 7, 2014
Galaxy Grand Quattro GT 18552 V-4.3 ကို ကွန်ပျူတာမလိုဘဲ ROOT ဖေါက်ကြမယ်
မင်္ဂလာပါ သည်နေ့တော့ ကျွန်တော်  လက်တွေ့ စမ်းသတ် အောင်မြင်ထားတဲ့ Root Tool လေးကိုမိတ်ဆက် လိုက်ပါရစေ...  သည် ROOT TOOL ကတော့ ကျွန်တော် စမ်းသတ်လိုက်တာက
S amsaung Galaxy  Grand Quattro .. Version 4.3 လေးကို စမ်းလိုက်တာပါ.. အရမ်းလွယ်ကူပြီး အဆင်ပြေတာကို တွေ့ရလို့ မိတ်ဆွေများ လိုအပ်ပါက အဆင်ပြေအောင် ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်.....နော်
အောက်မှာ လိုအပ်တဲ့ Root Tool နဲ့ နည်းလမ်း တွေကို သေခြာ ရှင်းပြလိုက်ပါတယ်... စမ်းလိုက်ပါနော်
အရင်ဆုံး လိုအပ်တဲ့ apk တွေ အောက်မှာ ဒေါင်းယူလိုက်ပါ
ကဲ အောက်မှာ ကျွန်တော် လုပ်ထားတာလေးကို ပုံလေးနဲ့ ရှင်းပြထားပါတယ်..နော်.လွယ်ကူပါတယ်..
ပထမဆုံး မိမိ ဒေါင်းထားတဲ့ apk တွေကို ဖုန်းမှာ အင်စတော လုပ်ပေးလိုက်ပါ....နောက် Root Apk လေးကို ဖွင့်ပေးလိုက်ပါနော်...
အပေါ်ကပုံလေးအတိုင်း Root ဆိုတာကလစ်ပေးလိုက်ပါ ပေါ်လာတဲ့ ဘောက်လေးကို ညာဘက် တရုတ်စာ တန်းကိုကလစ်ပေးလိုက်ပါ Root မှာ အစိမ်းလေးနဲ့ အမှန်ခြစ်ပေးပါလိမ့်မယ်.. ဒါဆို
မိမိဖုန်းရဲ့ Root ခြင်းကို အောင်မြင်ပါတယ်..နော်.. နောက်ထပ် သေခြာအောင်
Root Chacker လေးနဲ့ ဖွင့်ပြီးစစ်ဆေးကြည့်လိုက်ပါ... 
သည်နေရာမှာ တခုသတိပေးခြင်ပါတယ်  Root Chacker ကို စစ်သည်ဖြစ်စေ Smart Zawgyi ကို ဖေါင့်ချိန်းသည်ဖြစ်စေ  ဖွင့် ပြီး အလုပ်မလုပ်ဖြစ်တတ်ပါတယ်  အဲတာ ဘာကြောင့်လည်းဆိုတော့ Root Tool ကနေ သူတို့ကို အသိမှတ်မပြုရသေးတဲ့ အတွက် ကြောင့် ဖြစ်ရတာပါ... ဒါဆို ကျွန်တော်တို့ ပြန်ဆုပ်ပြီး ဖုန်းမှာ Root Tool လေးကို ပြန်ဖွင့်ပေးလိုက်ပါ အဲထဲမှာ Root Chacker တို့ MMSD တို့တွေ့မယ်  အဲတာလေးတွေကို ကလစ် အမှန်ခြစ် ချိန်းပေးလိုက်ပါ.. ဒါမှ Root Tool ကနေသိပြီဆိုမှ... Root Chacker တို့ MMSD   တို့ကို ပြန် ပြီးလုပ်ပေးလိုက်ပါနော်.. အိုကေပါတယ်...
Root Chacker ကိုတော့ သ်ညလိုလေး တွေ့ပါမယ်..
ROOT ACCESS  ဆိုတာမှ YES ပြနေပါပြီ... မိမိဖုန်း အောင်မြင်ကြောင်းပေါ့..
MMSD ကတော့ သည်လိုပါနော် သူ့ကို ဖွင့်လိုက်ပါ  Root ရှိမရှိစစ်ဆေး လိုက်ပါ.. ခဏစောင့်လိုက်ပါ..
နောက် Huawei နှင့်အခြားဖုန်းများ ဆိုတာကလစ်ပြီး ချိန်းပေးလိုက်ပါ ခဏစောင့်ပါနော်...
reboot ကျဖို့ ပြောလာပါမယ်... မိမိဖုန်း reboot ကျ ပြန်တက်လာတာနဲ့ Root လုပ်ခြင်း မြန်မာစာ ထည့်သွင်းခြင်းမှ ပြီးဆုံးပါပြီ.....
အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်..သည် ROOT  TOOL လေးကို အခြားသော ဖုန်ူးများ ကိုလည်း စမ်းသတ် ကြည့်လိုက်ကြပါ.... ကျွန်တော် ကတော့ သည်ဖုန်းကို စမ်းသတ်လိုက်တာ အိုကေတာနဲ့  ခုလိုပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်...
 ခုဆို ဖုန်းမှာ ROOT နိုင်တဲ့  TOOL APK တွေ များကြီးပေါ်နေပါတယ်.. ဒါပေမယ့်  ဘယ်ကောင်က ဘယ်ဖုန်းနဲ့ ကိုက်ညီတယ်  သေခြာတယ် ဆိုတာတော့ ဘယ်သူမှ သိပ် မရေးကြဘူးထင်ပါတယ်..
ဒါကြောင့် တွေ့ရာတိုင်း ဒေါင်း ဖုန်းမှာ ထည့် စမ်းသတ်  ဟူးးးးးးးးးးးးမအောင်မြင်....ဒါနဲ့
တော်တော် တိုင်ပါတ်စေပါတယ်...  ကျွန်တော် ကတော့ ရလာတဲ့ အသိပညာ စမ်းသတ်အောင်မြင်မှုလေးတွေကို  လက်တွေ့ လုပ်ထားသလို ပုံလေးတွေပြ သေခြာ ရှင်းလင်းစေလိုပါတယ်.. ဒါမှ ကိုယ့်လို လူပြိန်းတွေအတွက်  ကွက်စိ ဖြစ်မယ်လေ... ဟုတ်ဘူးလား...ေိေိ
ကျွန်တော် ဖုန်းပညာမှာ တော် တော် တုန်းပါတယ်.. တုန်းဆို မသိသလောက်ကိုပါဘဲ...
ဒါကြောင့် လက်တည့်စမ်း တန်းတိုးတာလေးတွေကို အစဉ်မပြတ် တင်ဆက်နေပါ့မယ်....နော်...
အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်..
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Sunday, July 6, 2014
Oppo R 829 .. Version 4.2.2 ကို အလွယ်ဆုံး Root ပြီးမြန်မာ ဖေါင့်ထည့်ကြမယ်
အားလုံး မင်္ဂလာပါနော်..သည်နေ့တော့ ကျွန်တော် လက်တွေ့စမ်းသတ်ထားတဲ့ နည်းလမ်းလေး နဲ့ သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ.... သည်နည်းလးမ်လေးကတော့  ခုမိုဘိုင်းလောကမှာ ၀င်ရောက်လာတဲ့ OPPO ဖုန်းအကြောင်းဆိုပါတော့  ကျွန်တော် သည်နေ့ OPPO R829-Version 4.2.2 ကို root ဖေါက်ပြီးမြန်မာစာ ထည့်ကြည့်တာ အတော်လေး လွယ်ကူပြီး အဆင်ပြေနေတာ တွေ့ရလို့ ၀မ်းသာအားရ နဲ့ ခုလို ပို့စ်တခု ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်..  တကယ့်ကို လွယ်လွယ်လေးပါ... နည်းကတော့ ကျွန်တော် ဟိုနေ့ကတင်လိုက်တဲ့ ကျွန်တော့်ရဲ့ S4 Version 4.3 ကို Root တဲ့နည်းနဲ့ တူတူဖြစ်နေလို့ပါဘဲ..ကဲ ဒါဆို ဘာခက်မလဲနော်... တချို့ ကတော့ တခြားသော Root Tool တွေနဲ့ အဆင်ပြေကြသလို နည်းလမ်းမတူညီကြပါဘူး  ကျွန်တော် ကတော့ စမ်းသတ်ခြင်သူဆိုတော့ ကောက်ကလိတာ ရလိုက်တာ အမြတ်ဆိုပါတော့ အားလုံးအတွက်လည်း နည်းလမ်းတခု တိုးစေတာပေါ့နော်...
အသေးစိတ်ကို အောက်မှာ ရှင်းပြထားပါတယ်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 နဲ့ oppo r829  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
မိမိတို့ဖုန်းမှာ မြန်မာစာ သည်လောက်နဲ့ မမှန်ကန်သေးပါက  အောက်က apk ကို ဒေါင်းလိုက်ပါ မှန်တယ်ဆိုရင်တော့ မလိုအပ်ပါဘူး
သည်ကောင်လေး အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါ ဒေါင်းလို့ရတဲ့   APK လေးကို ဖုန်းမှာ အင်စတောလုပ် ဖွင့်လိုက်ပါနော်..
 အပေါ်မှာေ တွ့ရသလို GOT IT ဆိုတာကိုကလစ်ပေးလိုက်ပါနောက်
 အပေါ်ပုံတိုင်း I AGREE ဆိုတာကလစ်ပေးလိုက်ပါ နောက်
အပေါ်မှာ ပြထားသလို ကလစ်ပြီးဆက်သွားလိုက်ပါနော်
ဒါဆို အဆင်ပြေမှာပါနော်...
လိုအပ်ရင် ဆောင်ထားဖို့ လက်ဆောင်လေးတွေ
ဟူးးးးးမောထာ တော်ပြီေိေိ လိုခြင်တဲ့ apk  တွေကို cb0x ကနေ တောင်းဆိုခဲ့နိုင်ပါတယ်
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Friday, July 4, 2014
Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)
မင်္ဂလာပါနော်.... ကျွန်တော် သည်နေ့ ရေးဖြစ်တာလေးကတော့  ကျွန်တော် ကိုယ်တိုင် ကလိပြီး စမ်းသတ် အောင်မြင်ထားတဲ့  PermRoot လေးအကြောင်းပါဘဲ...သည်ကောင်လေးကတော့ ကျွန်တော် ခု ကျွန်တော့်ရဲ့  Samsaung Galaxy S4 Version- 4.3 လေးကို ထပြီးကလိမိရာကနေ  တကယ် Root ပေါက်သွားတဲ့အတွက် ပျော်မိတယ်... ကိုယ်ပျော်သလို အများပျော်စေဖို့ကို  ဆော့ဝဲလ်တင်မကဘဲ
လုပ်ဆောင်ချက်နည်းလမ်းလေးကိုပါ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြလိုက်ပါတယ်နော်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Thursday, July 3, 2014
Mac OSX User Guide for Myanmar by Apple4MM
ကျွန်တော်တို့ Apple4MM အဖွဲ့သားတွေ စုပေါင်းပြီး ရေးသားခဲ့ကြတဲ့ Mac OSX User Guide for Myanmar by Apple4MM စာအုပ်ကို ယနေ့ထုတ်ဝေပေးပါမယ်။
Mac OSX ကို စတင်အသုံးပြုတဲ့ End User တွေအနေနဲ့ Mac အခြေခံ အကြောင်းနဲ့ အသုံးပြုပုံတွေကို သိပ်ရင်းနှီးကျွမ်းဝင်မှူ မရှိတဲ့ အတွက်ကြောင့် Apple4MM အဖွဲ့သားတွေ စုပေါင်းတိုင်ပင်ပြီး မြန်မာလို ဒီစာအုပ်ကို ရေးသားခဲ့ရခြင်းဖြစ်ပါတယ်။
Facebook Group ထဲမှာလည်း Mac OSX User Guide ကို မြန်မာလိုအတွက် တော်တော်များများ တောင်းဆိုကြတဲ့ အတွက်ကြောင့် ရေးသားပေးလိုက် ရခြင်းပဲဖြစ်ပါတယ်။
ဤစာအုပ်ကို ဖတ်ရှူပြီးရင်တော့ End User အနေနဲ့ Mac OSX ကိုကောင်းကောင်းမွန်မွန် အသုံးပြုတတ် သွားမှာဖြစ်ပါတယ်။
စာအုပ်ပါ Title များကတော့...
  • About Apple4MM
  • Author lists
  • Introduction
  • Getting Started with Mac
  • OSX Menu Bars & Items
  • Using File & Others
  • Activity Monitor
  • Preview
  • Using Trackpad
  • Using Magic Mouse
  • Using LaunchPad , Mission Control , Dashboard
  • Keyboards & Shortcuts
  • Dock
  • Macbook Pro Ports
  • Apple ID
  • System Preferences
  • Zawgyi Font & Keyboard Installation
  • iCloud
  • Safari
  • App Store
  • Myanmar App for Mac
  • Using iPhoto
  • Using Contact
  • Using iTunes
  • Photo & Graphic Software for Mac
  • Office Suite for Mac
  • Mac OSX USB Boot & Clean Install
  • Password on Mac
  • Using OSX Disk Utility
  • Additional Articles
  • Networking with PC
  • Others Mac OSX Topics
  • Ending 
စာအုပ်ကို နှစ်မျိုး ထုတ်ပေးထားပါတယ်။ iBooks နဲ့ PDF ဖိုင်နှစ်မျိုးပါ။ မိမိနှစ်သက်ရာကို Free Download ပြုလုပ်ပြီး ဖတ်ရှူနိုင်ပါတယ်။
Download Link
iBooks
Dropbox Link
https://www.dropbox.com/s/lf5x3pk1ehaelcg/Mac%20OS%20X%20User%20Guide%20for%20Myanmar.ibooks
Copy Link
https://www.copy.com/s/VltCUnydOVYi/Mac%20OS%20X%20User%20Guide%20for%20Myanmar.ibooks
Mediafire Link
http://www.mediafire.com/download/t3yyst56dbgg7wy/Mac_OS_X_User_Guide_for_Myanmar.ibooks
PDF
Dropbox Link
https://www.dropbox.com/s/v6mfrwhkmotglk2/Mac%20OS%20X%20User%20Guide%20for%20Myanmar.pdf
Copy Link
https://www.copy.com/s/GZbmcXVs24G7/Mac%20OS%20X%20User%20Guide%20for%20Myanmar.pdf
Mediafire Link
http://www.mediafire.com/view/t0h5gg3pfigm7zs/Mac_OS_X_User_Guide_for_Myanmar.pdf
ref;apple4mm.com/
ဘလော့ခရီးသည်{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Sunday, June 29, 2014
oppo r813 ကိုoppo r831 ကို root ဖောက် မယ် firmware ပြန်တင် မယ်
oppo r831 ကို root ဖောက် ပြီး တိုင် ပါတ် နေ တဲ့  ဘော်ဒါ တွေ အတွက်ပါ။ ကျ နော် တော့  font changer တွေ သုံး တာ များ လို့  firmware ပါ လှည့်  တင် လိုက် ရ တယ်။ဒီ ပိုစ့် လေး မှာ တော့  root ဖောက်တာ ရော မြန်မာစာ မှန်ကန် အောင် သွင်း ယူ ပုံရော firmware ပြန် တင် နည်းပါ တစ်ခါ တည်း ဖော် ပြ ပေး လိုက် ပါတယ်။အားလုံး ကို ကွန်ပျူ တာ မလို ပဲ လုပ် ဆောင် နိုင်ပါတယ်။
root ဖောက် ရန် ပြင် ဆင်ခြင်း
======================
အရင်ဆုံးလိုအပ် တဲ့  root apk ကို ဒီမှာ ဒေါင်းပါ။
ပြီးရင် ထုံးစံအတိုင်း setting ကနေ unknown source ကို အမှန်ခြစ်ပေးပြီးရင် install လုပ်ဆောင် ပါ။
root apk ကို install လုပ်ပြီးရင် update တောင်းလာပါ လိမ့် မယ်။ update ပေးလိုက်ပါ။ပြီးရင် အပေါ် က root ဆို တာလေး ကို နိုပ် လိုက်ပါ။ ဖုန်းမှာ restat မကျ ပဲ root acess ရသွားပါပြီ။
မြန်မာစာမှန်ကန် အောင် သွင်းယူ နည်း
==============================
အရင်ဆုံး mmaio font changer ကို ဒီမှာ install လုပ်ပါ။
zawgyi font ကို ဒီမှာ install လုပ်ပါ။
ကီးဘုတ် အတွက် ဒီမှာ ဒေါင်းပါ။
ပြီး ရင် အားလုံးကို install လုပ်ပါ။ zawgyi font ကိုဖွင့် ပြီး 4.2 /4.2 အတွက် သီးသန့် font
ကို ဒေါင်းယူပါ။ ပြီးရင်  mmaio font ကို ဖွင့် ပြီး font change ချ ပါ။
မြန်မာစာမမှန် ကန် သေးတဲ့ အတွက် fepz 2.1 ကို ဒီမှာ install လုပ်ပါ။ ဒါဆို ရင် မြန်မာစာ မှန်ကန် သွား
 ပါပြီ။
firmware ပြန် တင် နည်း ကို ဆက်လက် လေ့ လာ ချင် တယ်ဆို ရင် ဒီမှာ သွား လိုက်ပါ။
oppo r813 ကို firmware ပြန်တင် နည်း လေးပါ။
===============================
root ဖောက်ပြီး ကလိ လွန် သွား လို့  firmware ပြန်တင် ချင် တဲ့ မိတ် ဆွေ တွေ အတွက် ဆိုင်
သွား စရာ မလို ပဲ အလွယ် တစ်ကူ ပြု လုပ် နိုင် မဲ့  နည်းလမ်း လေးပါ။
တစ်ခြား oppo အမျိုး အစား တွေ လည်း ယခု လို ပဲ တင် နိုင်ပါတယ်။ firmware ပြန်
တင် တော့ မယ် ဆို ရင် sd card ကောင်းကောင်း လိုပါတယ် formart ချ ပြီး firmware ဖိုင် ကို
zip ဖြေ ပြီး blank ဖြစ် နေတဲ့  sd card ထဲ ကို ထည့် ပြီး video file လေးအတိုင်း လုပ်လုပ် ရင်
အဆင်ပြေ ပါ ပြီ။ မိမိ နဲ ကိုက် ညီတဲ့  firmware ကို အမျိုး အစား အလိုက် ဒီမှာ ဒေါင်း ပါ။
(1 ) recover mode ကို ဝင် ရန် အတွက် power + volume down +home button ကို
သုံးခု ပြိုင် ပြီးနိုပ် ပါ။ logo ပေါ်လာရင် volume up နဲ့  ဝင် လိုက် ပါ။
(2 ) wipe data and cache လုပ်ပါ။
(3 ) install from sd card မှာ ရွေး ပြီး မိမိ သိမ်းထား တဲ့  firmware ဖိုင်ကို ပြပေးလိုက်ပါ။
firmware လိုချင် ရင်အောက် က လင့် မှာ ဒေါင်းပါ။
http://www.oppomobile.vn/ho-tro/download.html
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, June 28, 2014
မိမိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး  ဖြေ ရှင်း လို့  ရပါ တယ်။
virus ရှိတဲ့  လက္ခာဏာ များ
======================
  2.  frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
  3. switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
  4. Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
  5. no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
  6. failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။
အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။
သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================
  1. virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု  ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
  2. မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
  3. တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။
အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )
www.saithu102.blogspot.com
Slow Functioning: Your entire handset will become very slow. If you open the menu, it will load after 2-5 seconds. Also all the softwares and apps will take double the time to open. In short, your handset will suck! - See more at: http://www.allflashfiles.com/remove-virus-mobile-phone/#sthash.kTn8RWIB.dpuf
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
android ဖုန်း မှာ setting ပိုင်း ကလိ ချင် သူ များ အတွက်
Android App တစ်ခုချင်းစီအတွက် Settings များကို ပြုပြင်ပြောင်းလဲချင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် Video Player ကို Landscape Mode နဲ့ဖွင့်ဖို့၊ Music Player ကိုဖွင့်ရင် သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ ဖွင့်ဖို့၊ App တစ်ခုကို ဖွင့်ရင် Mobile Data အစား WiFi ကို အသုံးပြုဖို့ စတာတွေဖြစ်ပါတယ်။
App တစ်ခုဖွင့်တိုင်း အဲဒီအလုပ်တွေကို ကိုယ်တိုင်ပြုလုပ်လို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ App တစ်ခုကိုဖွင့်တိုင်း မိမိနှစ်သက်တဲ့ Settings တွေနဲ့ အလုပ်လုပ်ဖို့ ပြုလုပ်ပေးနိုင်တဲ့ App က App Config Free ဖြစ်ပါတယ်။ App Config Free က အောက်က Settings တွေကို ပြောင်းလဲပေးနိုင်ပါတယ်။
1. Screen Brightness
2. Screen Orientation
3. Screen Timeout
4. Volume
5. Mobile Data
6. WiFi
7. Bluetooth
အင်တာနက်အသုံးပြုခွင့် မပေးချင်တဲ့ App ကို Mobile Data ရော WiFi ပါ အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။ App တစ်ခုရဲ့ Screen Brightness ကိုမြှင့်ချင်၊ နှိမ့်ချင် လို့လည်း ရပါတယ်။ Bluetooth Keyboard or Speaker တွေနဲ့တွဲဖက် အလုပ်လုပ်တဲ့ App ကိုဖွင့်ရင် Bluetooth ကို ဖွင့်ပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Dialer App ရဲ့ အသံ အနိမ့်အမြင့်ကို ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုကို သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ဖွင့်ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။
App Config Free က သင်နှစ်သက်ရာ Settings တွေ သတ်မှတ်ထားတဲ့ App ကိုဖွင့်တိုင်း အလိုအလျှောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်လိုက်တာနဲ့ နဂို Settings ကို ပြန်ပြောင်းပေးမှာ ဖြစ်ပါတယ်။
App Config Free မှာ သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ App အားလုံး ကို ပြသပေးထားပါတယ်။ App တစ်ခုရဲ့ Settings ကို ပြောင်းဖို့ အတွက် အဲဒီ App ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings တွေကို နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ App Config Free မှာ Settings တွေ ပြုပြင်ထားတဲ့ App တွေကို Bold အနေနဲ့ ဖော်ပြပေးထားမှာပါ။
App Config Free ကို အခမဲ့အသုံးပြုရင် ကြော်ညာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေးဗားရှင်းမှာ ကြော်ညာတွေ ထည့်သွင်းထားခြင်း မရှိသလို ပြုပြင်နိုင်တဲ့ Settings တွေလည်း ပိုမိုများပြားပါတယ်။ 
Download App Config Free
(C) MMITC
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Tuesday, June 24, 2014
pangu နှင့်  ios 7.1 နှင့်  7.1.1 တွေ ကို jailbreak လုပ်မယ်
2014-06-23 13_23_38-
မင်္ဂလာပါ အားလုံးစောင့်စားနေကြတဲ့ iOS 7.1.1 Jailbreak Tools ကို တရုတ်ဟက်ကာတွေက ထုတ်ပေးလိုက်ပါပြီ။ တစ်ချို့ မလုပ်တတ်တဲ့သူတွေအတွက် Jailbreak လုပ်နည်းကို ကျွန်တော် အောက်မှာ ရှင်းပြပေးပါ့မယ် ။
Pangu Jailbreak Tool နဲ့ iOS 7.1.1 Jailbreak ပြု လုပ်နိုင်မယ့် iOS Device တွေကတော့
Phone 4
iphone 4S
iphone 5
iphone 5C
iphone 5S (64-bit)
iPad Air (64-bit) တို့ပဲဖြစ်ပါတယ်။
ကွန်ပျူတာမှာ Pangu ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ ကျွန်တော်ဝိုင်းပြထားတဲ့နေရာက အမှန်ခြစ်ကလေးကို ဖြုတ်လိုက်ပါ။
ပြီးသွားရင်တော့  i Device ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ အောက်က ပုံမှာဝိုင်းပြထားတဲ့နေရာကို နှိပ်ပါ
ပြီးသွားရင် Pangu မှာအောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်။
 အဲဒီအချိန်ကျရင် မိမိ iDevice ကိုဖွင့်ပါ။ Setting ကိုဝင်ပါ General ကိုဝင်ပါ Date & Time ကိုဝင်လိုက်ပါ
Set Automatically မှာ ON ထားတာကို ပိတ်လိုက်ပါ။ ပြီးရင် အပြာရောင် Dtae ကိုနှိပ်ပြီးတော့  2 Jun 2014   8:30 ကို ပြောင်းပေးလိုက်ပါ။ ပြီးတာနဲ့ သူ့အလိုအလျှောက် Jailbreak ဆက်လုပ်နေပါလိမ့်မယ်.။
Jailbreak လုပ်နေစဉ် ၅၀ ရာခိုင်နှုံးလောက်မှာ ရပ်နေပါလိမ့်မယ်.. ဒီနေရာကိုရောက်ကရင်တော့ ဖုန်းကိုဖွင့်လိုက်ပါ ဖုန်းထဲမှာ Pangu icon လေးကိုတွေ့ရပါလိမ့်မယ် နှိပ်ပေးလိုက်ပါ ဘာမေးမေး Continue ကိုနှိပ်လိုက်ပါ အောက်ပါပုံအတိုင်း Keep the device connected and not close the app လို့ပေါ်နေပါလိမ့်မယ် ဘာမှာမလုပ်ပါနဲ့ ခဏနေရင်  Reboot ကျသွားပါလိမ့်မယ်။
ခဏနေရင် ပြန်တက်လာပါလိမ့်မယ် ဖုန်းကို Unlock လုပ်ပေးလိုက်ပါ.။  ခဏနေရင် နောက်တစ်ကြိမ် Reboot ကျပြီးတော့ ပြန်တက်လာတဲ့ အချိန်ကျရင် စောင့်စားနေတဲ့ Cydia iCon လေးကို တွေ့ရပြီဖြစ်ပါတယ်။
Pangu ဒေါင်းရန် >>> Mediafire :: Zippyshare 
အားလုံးအဆင်ပြေကြပါစေဗျာ....
မိုးညိုသား
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Sunday, June 22, 2014
Zawgyi Keyboard for Mac OS X
zawgyi logo
Zawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။
ဇော်ဂျီ လက်ကွက် - Mac OS X Installation Manual
ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် ၁မျိုးဆိုပြီး ရှိပါတယ်။
သတိပြုရန် အချက်များ
၁။ ဗာဟီရ မများချင်တဲ့၊ သက်တောင့်သက်သာ သွင်းချင်တဲ့၊ လူများက .mpkg ကို သွင်းသင့်ပါတယ်။ သတိပြုရန်မှာ Mac OS X 10.4 နှင့် အထက်လူများသာ အဲ့ဒီ mpkg version ကို သုံးလို့ရပါမယ်။ တခြား OS X ဗားရှင်း သမားများကတော့ အောက်က အချက်ကို ဖတ်ပါ။
၂။ ကျွန်တော့် installation package ကို မယုံသော၊ security paranoid များ အပြင် ဘယ် Mac Users မဆို .DMG Version ကို သုံးနိုင်ပါတယ်။
၃။ ဘယ်ဗားရှင်း မဆို သွင်းတဲ့ အခါ၊ Admin Access လိုပါတယ်။ ပြီးရင် Log-out တခါလုပ်ပြီး Log-in ပြန်ဝင်ရပါမယ်။
၎။ ဖွင့်ထားသော Application များကို ကြိုတင် ပိတ်ထားလျှင် အကောင်းဆုံး ဖြစ်မှာပါ။
၅။ လက်ကွက်သည် ၀င်းဒိုးဗားရှင်းနှင့်တူတူပဲဖြစ်ပါတယ်။ ပါတ်ဆင့်များကို Ctrl + Alt အစား Alt ၁ခုထဲသုံးပါ။ Ctrl + Alt + Shift အစား Alt + Shift သာ သုံးပါ။
စဉ်းစားပြီးသွားရင် အောက်မှာ ပြထားတဲ့ iCon ၂ ခုထဲက ကြိုက်တဲ့ ဗားရှင်းကို အရင် ဒေါင်းလုပ်လုပ်ကြပါ။ Primary Source နှင့် အတူ Mirror ၂ခုစီလည်း တင်ထားပေးပါတယ်။
Package Version
DMG Version
Package (.mpkg) Users များ လုပ်ဆောင်ရန်
Package ကို သွင်းတဲ့လူတွေအနေနှင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဇစ်ဖိုင်ကို ဖြန့်ချလိုက်ပါ။ .mpkg နှင့် ဆုံးတဲ့ ဖိုင်လေး ၁ခု ထွက်လာပါလိမ့်မယ်။ Double click နှိပ်ပြီး ဖွင့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ Wizard လေး ၁ခုပေါ်လာပါမယ်။ အဆင့်ဆင့်ကို Next , OK နှင့် ရွေးလိုက်ယုံပါပဲ။ Admin access ကို Authenticate လုပ်ခိုင်းရင် သင့်ရဲ့ Password ထည့်ပြီး ဆက်သွားပါ။ နောက်ဆုံး Finish လုပ်ပြီးရင် Log Out လုပ်ဖို့ ပြောပါမယ်။ Log Out လုပ်၊ ပြန်ဝင်ပြီးရင် အောက်က Final Flow ကို ဆက်ဖတ်ပါ။
zgInstallpkgsmall1
zgInstallpkgsmall2
Disk Image (.dmg) Users များ လုပ်ဆောင်ရန်
.dmg ဖိုင်ကို အရင် ဒေါင်းလုပ်လုပ်ပြီးရင် double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ ၀င်းဒိုး ၁ခု တက်လာပါမယ်။ သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ မျှားပြထားတဲ့အတိုင်း Drag & Drop ဆွဲထည့်လိုက်ပါ။ Admin Access Password တောင်းရင် သင့် Password ထည့်ပေးလိုက်ပါ။ နောက်ပြီးရင် Log Out လုပ်ပါ။ ပြီးရင် Log In ပြန်ဝင်ပြီး အောက်က Final Flow ကို ဆက်ဖတ်ပါ။
dmgInstallSmall
Final Flow - Final Steps for All Users
အခုလို Log In ပြန်ဝင်လာပြီးသွားရင် ကီးဘုတ်လေးအောက်နှင့် ဖွန့်က စက်ထဲကို ၀င်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဝင်းဒိုးစ်မှာ သုံးသလို Language Bar လေးကနေပြောင်းပေးတာမျိုး၊ Short Keys လေး တွေ နှိပ်လိုက်တာနှင့် မြန်မာ ကနေ အင်္ဂလိပ် ပြောင်း သွားတာမျိုးတွေလုပ်ရပါဦးမယ်။ အောက်က အဆင့်တွေကို ဆက်သွားပေးပါ။
၁။ ပထမ International Preferences ( System Preferences အောက်က International ပါ။ ) ကို ဖွင့်ပါမယ်။ သွားရခက်တယ်ထင်တဲ့လူတွေက ဘာမှ ထွေထွေထူးထူးလုပ်မနေပဲ အောက်က Screenshot မှာ ပြထားသလို သင်တို့ OS X Screen ရဲ့ ညာဘက်အပေါ်ထောင့်က Spotlight ကို သာ သုံးလိုက်ပါ။ မှန်ဘီလူး ပုံလေးကို တစ်ချက်နှိပ်ပြီး၊ International လို့ ရိုက်ပြီး၊ ခဏစောင့်ပါ။ ပေါ်လာရင် ကလစ်နှိပ်လိုက်ပါ။
international1
international2
၂။ International Preferences တက်လာပါမယ်။ Languages ၊ Formats ၊ Input Menu ဆိုပြီး Tab သုံးမျိုးတွေ့ပါမယ်။ Input Menu ကို ကလစ်လိုက်ပါ။ ပြီးရင် ဒုတိယ Screenshot မှာ ပြထားတဲ့ အတိုင်း Input Menu List ကြီးတွေ့ပါလိမ့်မယ်။ ပုံထဲကအတိုင်း Zawgyi KB ကို ရှာပြီး အမှန်ခြစ်လေးခြစ်လိုက်ပါ။ Show Input Menu in Menu Bar ကိုလည်း အမှန်ခြစ်ခြစ်ပါ။ နောက် Allow a different input source for each document လည်း ရွေးထားလိုက်ပါ။
InputMenu1
InputMenu2
၃။ အဲ့ဒီအပေါ်က Screenshot မှာ Select Next Input Source in Menu ဆိုပြီး ကီးဘုတ် shortcuts နှင့် ပတ်သက်တဲ့ အပိုင်းကို ကျွန်တော် အနီရောင် ၀ိုင်းထားတာတွေ့ရပါမယ်။ အဲ့ဒါ ကီးဘုတ် ခလုတ်တွဲ ၁ခု နှိပ်တိုင်း Input Language ပြောင်းဖို့ပါ။ တချို့ ယူဆာတွေ က အဲ့ဒီနေရာမှာ Conflict ရှိတယ်လို့ ပြောကြပါတယ်။ Conflict ရှိနေရင် အ၀ါရောင် exclamation mark လေး ၁ခုတွေ့ ပါလိမ့်မယ်။ Select Previous Input Source ရဲ့ default key shortcut က Apple Key + Space ပါ။ Select Next Input Source ရဲ့ default shortcut က Apple Key + Alt Key + Space ပါ။ များသောအားဖြင့် Select Previous Input Source ဘေးမှာ Conflict icon လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒါဘာလို့လဲဆိုတော့ Spotlight ကိုခေါ်တဲ့ shortcut နှင့် သွားရှုပ်နေလို့ပါ။ အဲ့ဒီအချက်ကိုပြင်ဖို့ Keyboard Shortcuts ဆိုတဲ့ Button ကြီးကို နှိပ်လိုက်ပါ။
၎။ Keyboard & Mouse Preferences Pane ပေါ်လာပါလိမ့်မယ်။ Keyboard Shortcuts Tab ကို နှိပ်ပါ။ အောက်က Screenshot ကို တချက်ကြည့်ပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Input Menu ကို တွေ့အောင်ရှာပါ။ ကျွန်တော်ကတော့ Select Next Input Source ၁ခုထဲကို ရွေးထားပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ စမ်းသုံးကြည့်ပါ။ ကီး ချိန်းချင်ရင် အဲ့ဒီ ကီးပေါ်မှာ Double Click နှိပ်ပြီး ကြိုက်တဲ့ ကီးတွဲကို နှိပ်ထည့်ပါ။ နောက် ခုနက ပြဿနာတက်နေတဲ့ Spotlight ကိုလည်းတွေ့ပါလိမ့်မယ်။ သူ့ shortcut ကို သူ့ default ဖြစ်တဲ့ Apple Key + Space ပဲ ထားတာကောင်းပါတယ်။ ပြီးရင် Keyboard Pref ကို ထွက်လိုက်လို့ရပါပြီ။
KeyboardShortcuts
၅။ အားလုံးပြီးပါပြီ။ သင့်ရဲ့ Menu Bar မှာ အမေရိကန် အလံလေး ပေါ်လာပါလိမ့်မယ်။ သူ့ကိုနှိပ်လိုက်ရင် List လေးကျလာပြီး မြန်မာအလံကိုရွေးပြီး မြန်မာလိုစရိုက်လို့ရပါပြီ။ ကီးဘုတ် shortcut ကိုလည်း စမ်းကြည့်ပါဦး။
ChangeInputSource
Notes:
- Installation Environment Tested and Demoed was on Mac OS X 10.4 Tiger.
- Offline PDF version of this manual will be online tomorrow.
Future Fixes:
- Admin Access မလိုဘဲ သွင်းလို့ရအောင် ပြင်ရေးပေးပါ့မယ်။
- Zawgyi Font နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်ကျွန်တော်လည်း မသေချာပါဘူး။ အသစ်ထွက်မယ်ဆိုထားတဲ့ ဗားရှင်းထွက်တာနှင့် ပြန်တင်ပေးပါ့မယ်။
- Automation Workflow ၁ရပ်အနေနှင့် အဆင့်တွေအများကြီးသက်သာသွားအောင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။
Last words:
- ကျေးဇူးတင်ထိုက်သူ အားလုံးကို ထပ်မံ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သုံးတဲ့လူအားလုံး အိုကေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်မရွေး ကျွန်တော့် အီးမေးလ်ကို ပို့ပြီး ဆက်သွယ် ဆဲဆို၊ ကြိမ်းမောင်းနိုင်ပါတယ်။ ခုတော့ မနက် ငါးနာရီထိုးတော့မယ်။ အိပ်တော့မယ်ဗျိုး။ ....
လေးစားစွာဖြင့်
WaiPhyoK
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ