Friday, October 31, 2014
ဘလော့ခရီးသည် နှင့် အခြားဆိုဒ်စုံ APK လေးပါ.. ( For Android Ph User )
မင်္ဂလာပါ  ကျွန်တော် ဘလော့ခရီးသည် ရဲ့ APK လေးကို အသစ်တဖန်ပြန်လည် လ်ုပထားပါတယ်..
သည်တခါတော့ အတတ်နိုင်ဆုံး စုံစုံလင်လင် ဖြစ်စေ၇န်  ပြင်ဆင်ထားပါတယ်....
 ပါဝင်သော ဆိုဒ်များကတော့
(၁) စာအုပ်စာပေဆိုဒ်များ
(၂) နည်းပညာဆိုဒ်များ
(၃) သတင်းမီဒီယာဆိုဒ်များ
(၄) သီချင်းဆိုဒ်များ
(၅) အားကစားဆိုဒ်များ
စသည်တို့ကို  ရသလောက် ထည့်သွင်းဖေါ်ပြပေးထားပါတယ်... မိမိတို့ ဖုန်းကနေ အမြဲ တင်နေသမျှ တွေကို  နောက်မကျရလေအောင်  စောင့်ဖတ်ကြမယ်ဆိုပါက အောက်မှာ ဒေါင်းလိုက်ပါနော်..
ဘလော့ခရီးသည် APK ဒေါင်းရန်
(OR)
 (OR)
(OR)
အစစ အဆင်ပြေပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်
Wednesday, October 29, 2014
Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်း
windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================
သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 
UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။
(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 
of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 
တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 
gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။
 အဆင့်  ( ၁ )
------------------------------
အရင်ဆုံး မိမိ ကွန်ပျူ  တာ ကို restart ပြန်ချ ပါမယ်။ 
အဆင့်  ( ၂ )
---------------------------------
windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။
အဆင့်  ( ၃ )
--------------------------------
cmd  / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။
(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။
(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။
(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )
clean ကိုရိုက်ပါ enter ခေါက်ပါ။
convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။
exit ကိုရိုက်ပြီး ထွက်လိုက်ပါ။
လက်တွေ့ စမ်းသပ် လုပ်ပြ ထား တဲ့  video ကြည့် ချင် သူ များ အနေ နှင် ဒီမှာ လေ့ လာ ပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။
စိုင်းသူ (နည်းပညာ ပြန်လည် မျှဝေခြင်း )
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, October 25, 2014
Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် လုပ်နည်း
Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် မလုပ်တတ်သေးတဲ့ 
သူငယ်ချင်များအတွက် full version ဖြစ်အောင် လုပ်နည်း ( video file ) လေး ကို ပါ တစ်ပါ တည်းဖော် ပြပေးထား ပါ တယ်။ အသုံးပြု လို သူ များ အနေ နှင့် အောက်မှာ download ယူပြီး full version ဖြစ်အောင် လုပ်နည်း video လေး ကို ကြည့် ပေးပါ။
full version မလုပ်တတ်သေးရင် ဒီ video လေး ကို သွား ပြီး လေ့ လာ ပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။
စိုင်းသူ 
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Thursday, October 23, 2014
Ubuntu 14.04 LTS မှ Ubuntu 14.10 ကိုဘယ်လို upgrade လုပ်မလဲ ?
Aung Ko Htet (MM IT Knowledge)
Ubuntu OS ဟာ တစ်နှစ်မှာ နှစ်ကြိမ် OS version အသစ်သစ် ထွက်လေ့ရှိပါတယ်။ OS version အသစ်တွေထွက်ရှိတဲ့ လတွေကတော့ ပုံမှန် 4 လပိုင်းနဲ့ 10 လပိုင်းတွေမှာ ထွက်လေ့ရှိ ပါတယ်။ OS version အသစ်ထွက်ရှိတဲ့ လတွေကို အစွဲပြု ပြီး version တွေကို သတ်မှတ်လေ့ရှိပါတယ်။ 2013 ခုနှစ် 4 လပိုင်း မှာ ထွက်ရှိလာတဲ့ Ubuntu OS version ကို  Ubuntu 13.04 လို့ သတ်မှတ်သလို 10 လပိုင်းမှာ ထွက်ရှိလာတဲ့ OS ကို 13.10 ဆိုပြီး သတ်မှတ်ပါတယ်။ အခုလည်း 2014 ခုနှစ် 4 လပိုင်းမှာ ထွက်ရှိလာတဲ့ Ubuntu OS ရဲ့ version ကို Ubuntu 14.04 လို့သတ်မှတ်ပြီး 10 လပိုင်းမှာ ထွက်ရှိလာတဲ့ version ကိုလည်း Ubuntu 14.10 လို့သတ်မှတ်ပါတယ်။ ဒီလောက်ဆိုရင် Ubuntu OS version တွေရဲ့ အကြောင်းကို အကြမ်းမျဉ်း နားလည်ပြီလို ထင်ပါတယ်။
အခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာက အသစ်ထွက်လာတဲ့ Ubuntu OS 14.10 ကိုသုံးချင်ရင် ဘယ်လို Upgrade လုပ်ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။
Ubuntu ကို အခုမှ အသုံးပြုမဲ့ သူအတွက်တော့ အသစ်ထွက်ရှိလာတဲ့ Ubuntu 14.10 ကို အသုံး တိုက်ရိုက် Install လုပ်လိုက်ရင် ရပေမဲ့ လက်ရှိ Ubuntu ကို အသုံးပြုနေတဲ့ သူတွေအတွက်တော့ ပြန်ပြီး install လုပ်ရတယ်ဆိုရင်တော့ မလို အပ်တဲ့ အချိန်ဖြုန်းမှုလို့ ထင်ပါတယ်။
ဒီအတွက်ကြောင့် လက်ရှိ Ubuntu version အဟောင်းကို အသုံးပြုနေတဲ့ သူတွေအတွက်ကတော့ Upgrade လုပ်နိုင်မဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။
ဒါပေမဲ့ Ubuntu အသုံးပြုသူများအနေဖြင့် သတိထားရမှာက 13.04 ကနေ 14.10 ကို တိုက်ရိုက် Upgrade လုပ်လို့မရဘူးဆိုတာပါပဲ။ Ubuntu user တို့အနေနဲ့ နောက်ဆုံးထွက် version ကို upgrade လုပ်ချင်တယ်ဆိုရင်တော့ တစ်ဆင့်ချင်းတစ်ဆင့် (step by step ) သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဥပမာ။  ။ 13.04 to 13.10,13.10 to 14.04, 14.04 to 14.10 ဆိုပြီး အဆင့်ဆင့် Upgrade လုပ်သွားတာက အဆင်ပြေပါလိမ့်မယ်။
ကျွန်တော်က လက်ရှိ Ubuntu 14.04 LTS ကို အသုံးပြုနေတယ်ဆိုတော့ 14.10 ကို အလွယ်တကူ တိုက်ရိုက် Upgrade လုပ်လို့ ရပါပြီ။ ဒါဆိုရင်တော့ စတင် Upgrade လုပ်ပါမယ်။ Upgrade မလုပ်ခင် အရင်ဆုံး သတိထားရမှာက ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေကို external HDD နဲ့ဖြစ်ဖြစ် CD/DVD နဲ့ဖြစ်ဖြစ် backup လုပ်ထားဖို့ ဖြစ်ပါတယ်။
စပြီး upgrade လုပ်ဖို့အတွက် Crl+Alt+T ကို တွဲနှိပ်ပြီး Terminal ကို ဖွင့်လိုက်ပါ။ Terminal ထဲမှာ အောက်က ပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။
sudo apt-get update && sudo apt-get dist-upgrade
ဒီ command ကို ရိုက်ပြီး enter နှိပ်လိုက်ရင် သူ့ဟာသူ နောက်ဆုံးထွက်ထားတဲ့ Latest Packages ကို Download လုပ်ပြီး install လုပ်သွားမှာဖြစ်ပါတယ်။
Installing ပြီးသွားတဲ့အခါမှာတော့ စက်ကို restart ချလိုက်ပါ။ ပြီးတဲ့အခါ Terminal ကို ပြန်ခေါ်ပြီး အောက်မှာပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။
sudo update-manager -d
ဒါဆိုရင်တော့ software updater window လေးပေါ်လာပြီး အောက်ကပုံအတိုင်း "However,Ubuntu 14.10 is now available (you have 14.04) ဆိုတဲ့ message ကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။
ဒီအချိန်မှာတော့ သင့်ကို upgrade လုပ်မှာ သေချာလားဆိုတဲ့ Message ကို ထပ်ပြီး မေးလာပါလိမ့်မယ်။ Upgrade button ကို ပဲ ထပ်နှိပ်ပေးလိုက်ပါ။
ပြီးရင် Distribution Upgrade ဆိုတဲ့ Software Updater လေး ထပ်ကျလာပြီး preparing လုပ်နေတာကို အောက်က ပုံအတိုင်း  တွေ့မြင်နေရပါလိမ့်မယ်။
စက္ကန့်အနည်းငယ် ကြာတဲ့အခါမှာတော့ upgrade စလုပ်တော့မလားဆိုတဲ့ Do you want to start the upgrade? ဆိုတဲ့ message ထပ်ပြပါလိမ့်မယ်။ ညာဘက်အောက်ခြေမှာပါရှိတဲ့ Start Upgrade ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်ပါ။
သူ့ဟာသူ အလိုလို Upgrade လုပ်ပေးသွားပါလိမ့်မယ်။
ပြီးတဲ့အခါမှာတော့ System ကို restart လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် ကိုယ့်ရဲ့ OS version ကို System setting ထဲက Detail ထဲမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ Ubuntu OS ဟာ 14.10 update version ဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေ..
Aung Ko Htet (www.mmitknowledge.com)
Email : aungkohtet.htet82@gmail.com
Facebook : www.facebook.com/bloggeraungkohtet
Facebook Fan Page : www.facebook.com/mmitknowledge
Website : www.mmitknowledge.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Ubuntu 14.10 ထွက်လာပါပြီ။
Ubuntu 14.10 ထွက်လာပါပြီ။
Download လုပ်လိုသူများ အောက်က Link ကနေ သွားရောက် Download လုပ်နိုင်ပါတယ်။
Download Here
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
2050 အထိ လိုင်စင် သက်တမ်း ရ တဲ့  Avast Antivirus
2050 အထိ လိုင်စင် သက်တမ်း ရ တဲ့  Avast Antivirus Free & Avast Internet Security 2015  လေး ကို အသုံး ပြု လို သူများ အတွက် လိုင်စင်သက်တမ်း ရ အောင် ပြု လုပ် နည်း ပါ video file ပါ တစ်ပါ တည်း တင်ပေးထား ပါတယ်။အသုံးပြု လို သူများ အနေ နဲ့ အောက် မှာ ဒေါင်း ယူလိုက်ပါ။
password မေးခဲ့ ရင် .  ZeNiX  လို့ ထည့် ပေးပါ။
 ZeNiX
ဒေါင်းရန် / Google Drive  ,
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, October 22, 2014
မိမိကွန်ပျူတာမှာ Autoplay Program ကို ပိတ်နည်း
Aung Ko Htet (www.mmitknowledge.com)
ခေါင်းစဉ်ကို ကြည့်ပြီး ရှုပ်သွားမှာဆိုလို့ နည်းနည်း ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ ကွန်ပျူတာတွေမှာ USB Stick ပဲဖြစ်ဖြစ်၊ CD,DVD ပဲဖြစ်ဖြစ် ထည့်လိုက်တဲ့အခါ သီချင်း၊ ဗီဒီယိုနဲ့ အချို့ Program တွေဟာ Auto Play အနေနဲ့ အလိုလို Run နေကြတာကို ကြုံကြရပါလိမ့်မယ်။ အဲ့ဒီ အဖြစ်တွေကို
တားဆီးနိုင်ဖို့အတွက် နည်းလမ်းလေးကျွန်တော် ရေးပေးလိုက်ပါတယ်။
ပထမဦးဆုံးအနေနဲ့ကတော့ Window နဲ့ R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ gpedit.msc ဆိုတဲ့ commend ကို ရိုက်လိုက်ပါ။ပြီးရင် Enter နှိပ်လိုက်ပါ။
ဒါဆိုရင် Local Group Policy Editor ဆိုတဲ့ Window တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ
Step 1 : Computer Configuration ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။
Step 2 : Administrative Templates ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။
Step 3 : Window Components ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။
Step 4 : AutoPlay Policies ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ညာဘက်အခြမ်းက setting ကို မြင်တွေ့ရပါလိမ့်မယ်။
Setp 5 : အဲ့ဒီ setting ထဲတွင် Turn off Autoplay ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ထို့နောက်မှာတော့ Turn Off Autoplay ဆိုတဲ့ Popup Window လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ Enabled option ကို select မှတ်ပြီး Turn Off Auto Play on: ဆိုတဲ့
Drop Down option မှာတော့ ကိုယ့်စိတ်ကြိုက် Drives တွေကို ရွေးချယ် နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ All Drives ကိုပဲ ရွေးထားလိုက်ပါ။ ပြီးရင်တော့Apply ကိုနှိပ်ပြီး OK ဆိုတဲ့ Button ကိုပါ နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ USB Stick ပဲဖြစ်ဖြစ်၊ CD/ DVD ပဲဖြစ်ဖြစ် ကွန်ပျူတာထဲ ထည့်လိုက်တဲ့အခါ Auto Play ဖြစ်တော့မှာ မဟုတ်ပါဘူး။
အားလုံးပဲ အဆင်ပြေကြပါစေ..
Aung Ko Htet (www.mmitknowledge.com)
Email : aungkohtet.htet82@gmail.com
Facebook : www.facebook.com/bloggeraungkohtet
Website : www.mmitknowledge.com
Facebook Fan Page : www.facebook.com/mmitknowledge
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
မလေးရှားနိုင်ငံ Kuala Lumpur (KL) တွင် တာဝန်ထမ်းဆောင်ရန် IT Professional (Permanent Position) များ ခေါ်ယူနေပါသည်။
Aung Ko Htet (www.mmitknowledge.com)
စိတ်ပါဝင်စားသူများ October 31, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
-------------------------------------------------------------------------------------
Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။
1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage
2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects
3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter
4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development
5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php
6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage
7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage
8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage
9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis
10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix
- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။
- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။
- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။
- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။
ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@monservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။
To download Blank CV form and Sample CV from.
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z?dl=0
2. CV to be completed download link: https://www.dropbox.com/s/804ts966wk40z91/CV%20to%20be%20completed.7z?dl=0
ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Sunday, October 19, 2014
screen capture ရိုက်ချင် သူများအတွက် BSR Screen Recoder
အောက်မှာ series keys ထည့် ဖို့ အတွက် screen shoot ပုံလေးတွေ ကိုပါဖော်ပြပေးထားပါတယ်။
ဒေါင်းလုပ်ယူရန် /  solidfiles , google drive
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
video တည်းဖြတ်ချင် သူများ အတွက် wondershare video editor 4.7.1.0
 ဆော့ ဝဲ ကောင်းကောင်းလေး တွေ သိမ်း ထား ချင် တဲ့  မိတ် ဆွေ တွေ အတွက် wondershare video editor နောက်ဆုံးထွက် update လေးကို ပြန်လည်မျှ ဝေ ချင်ပါတယ်။
ပေါ့ ပေါ့ ပါးပါး လေး နဲ့  အသုံး ပြု လို ရပါတယ်။ effect တွေလည်းတော်တော်လေး ကိုစုံလင် လာ သလို မိမိလိုချင်တဲ့  effect ကိုလည်းဒေါင်း လို့ ရပါသေးတယ်။ဖိုင်ဆိုဒ်ကတော့ (83 MB ) ရှိပါတယ်။
Full version အသုံးပြု လို့ ရ အောင် crack file လေးကို ထည့် သွင်းပေးထားပါတယ်။
crack မဖြည် တတ် သူများ အတွက် အောက်ကvideo လေး ကို အကူအညီ ရယူပြီး အဆင်ပြေပြေ အသုံးပြု လို့ ရပါတယ်။
ဒေါင်းရန် - solidfiles , google drive
crack ဖိုင်မဖြေ တတ် သေးသူများ ဒီမှာ လေ့ လာပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com