Showing posts with label Download ချနည်းများ. Show all posts
Showing posts with label Download ချနည်းများ. Show all posts

Friday, August 15, 2014

Torrent ကို ဘယ်လိုအသုံးချမလဲ


Torrent ကို ဘယ်လိုအသုံးချမလဲ  
အများစုက torrent ကိုမသုံးတတ်ကြပါဘူး..။download ဆွဲဖို့ဆိုရင် IDM ရှိရင် လုံလောက်ပြီ ထင်တတ်ကြတယ်..။ ဒါပေမဲ့ တခါတရံမှာ Windows OS တွေ photoshop တွေ Latest ဖြစ်တဲ့ software
တွေ HD movie တွေကို download လုပ်ချင်တဲ့ အခါမျိုးမှာ torrent က အခြား downloader တွေထက် ပိုပြီးအားသာချက်တွေ ပိုများပါတယ်..။
ဒါဆိုရင် torrent ကို ဘယ်လိုသုံးမလဲ???
အရင်ဆုံး uTorrnet last version လေးကို  ဒီမှာ ယူပြီး ပုံမှန်အခြား software တွေကို install လုပ်သလိုပဲ စက်ထဲကို ထည့်လိုက်ပါ..။ပြီးရင်....
google မှာ torrent search လို့ ရိုက်ပြီး torrent search engine ကိုသွားလိုက်ပါ..။



                                                         Read More
http://freeandeasy100.blogspot.com/2014/08/torrent.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, February 27, 2014

Miloshare နဲ့ Dev-Host ဆိုဒ် ၂ ခု့ မှ ဒေါင်းယူနည်း Video



ကျနော်ရဲ့ ဆိုဒ်ကို လာရောက်လည်ပါတ်ပြီး ဆော့ဝဲတွေ လာဒေါင်းကြတဲ့ သူငယ်ချင်းတွေက ပြောတယ် 

မဒေါင်းတက်ဘူး ဘယ်လိုဒေါင်းရတာလဲ

ဒေါင်းနည်းလေးပြောပြပါလို့ပြောလို့ VDO လေး ရိုက်ပြီး ပြောပြလိုက်ပါတယ်

ကျနော် အမြဲတမ်း upload တင်နေကျ ဆိုဒ်တွေဖြစ်တဲ့ Miloshare နဲ့ Dev-Host ဆိုဒ် ၂ 

ခု့ကို ပြပေးထားပါတယ်ခင်ဗျာ နောက်ထပ် မဒေါင်းတက်တဲ့

ဆိုဒ်တွေရှိရင်လည်း လာရောက် မေးမြန်းလို့ရပါတယ် အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ့်ခင်ဗျာ






ကိုလတ်(ကျွဲဆင်း)

ဘလော့ >> http://www.aungzaylatt.net/ 




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, November 18, 2013

YouTube က သီချင်းတွေ ကို စိတ်ကြိုက်ဒေါင်းယူနိုင်မယ့် Bigasoft Video Downloader





မဂ်လာပါ... သည်နေ့ရေးဖြစ်တဲ့ နည်းပညာလေးကတော့... YouTube က သီချင်းတွေ ဗွီဒီယိုတွေကို
ဆော့ဝဲလ်လေးသုံးပြီး  ဒေါင်းခြင်ကြသူများအတွက်  မျှဝေတင်ပေးလိုက်ပါတယ်..သည်နည်းလမ်လေးကို
ကိုလွင်မင်းဗိုလ် ရေးတင်ထားခဲ့ဖူးပါတယ်  ကျွန်တော် သုံးကြည့်တာလည်းအတော်လေးအဆင်ပြေတယ်...
ဒါနဲ့ ပြန်လည် မျှဝေတဲ့သဘောနဲ့ ခုလို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်..နော်
ဒီ Video Downloader လေးကတော့ YouTube က သီချင်းတွေနဲ့ Video တွေကို အလွယ်တကူ ဒေါင်းယူပေးနိုင်ပြီး.. မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်ကိုပါ တခါတည်း ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ Pro ဗါးရှင်းလေးမှာတော့ သီချင်း၊ Video တွေကို ဖေါ်မတ်မျိုးစုံပြောင်းပေးနိုင်ပြီး.. Mobile Devices, Android Devices တွေနဲ့ Apple Devices တွေအတွက်ပါ အဆင်ပြေစေတဲ့ Pro ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးတွေပါ ထည့်ပေးထားပြီး အောက်မှာလည်း အသုံးပြုတတ်အောင်ပါ တခါတည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  20 MB ရှိပါတယ်..။ 
အရင်တုန်ုးက တင်ပေးခဲ့ဖူးတဲ့ Clip Converter ဆော့ဝဲလ်လေးနဲ့လည်း YouTube က သီချင်းတွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီကောင်လေးကတော့ ဆော့ဝဲလ်နောက်တမျိုးပါ..။
 အောက်မှာ နှစ်သက်ရာ လင့်ဖြင့် ဒေါင်းယူပါ

ဒေါင်းပြီးတာနဲ့  မိမိတို့ ရလာတဲ့ ဆော့ဝဲလ်ကို Run ပေးလိုက်ပါ...
အပေါ်က ပုံလေးအတိုင်း Full Versoin ဖြစ်ဖို့အတွက် လိုအပ်တဲ့ ကီးတွေ ထည့်ပေးလိုက်ပါနော်
ဒါဆို ဖူးဗားရှင်းသုံးနိုင်ပါပြီ ဒေါင်းယူနည်းကို အောက်မှာဆက်လက်လေ့လာလိုက်ပါ
Past URL ဆိုတဲ့နေရာမှာ မိမိတို့ ဒေါင်းခြင်သော YouTube မှ လင့်ကိုကော်ပီယူလာပြီး ထည့်ပေးလိုက်ပါ
အနီဝိုင်းပြထားသောနေရာများတွင် အမှန်ခြစ်ပေးလိုက်ပါ... ပုံမှာ ပြထားသလို
မိမိတို့ စိတ်ကြိုက် လိုအပ်သလို ဖေါ်မက်တွေကို ပြောင်းလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်...
စိတ်ကြိုက် ကလိကြည့်လိုက်ပါနော်...ဒါဆိုရင် လက်တွေ့ကျကျ သိလာမှာဖြစ်ပါတယ်..
ကဲ သည်လောက်ဆို သဘောပေါက်လောက်ပါပြီနော်... အဆင်ပြေစွာဖြင့် လိုအပ်သမျှကို ဒေါင်းယူ သိမ်းဆည်းနိုင်ကြပါစေ....

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Saturday, August 24, 2013

ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း




ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************

Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။
ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။

ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။

flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။
ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 

ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 

ပျော်ရွှင်ပါစေဗျာ။

Credit to Mr.AD

http://file2hd.com/


အိုင်တီခေတ်