Showing posts with label Wifi. Show all posts
Showing posts with label Wifi. Show all posts

Wednesday, August 13, 2014

Hacker's Kitty

ချစ်စရာ အလွန်ကောင်းတဲ့ ကြောင်လေးတစ်ကောင် သင့်ရဲ့ အိမ်ဝင်းနားလေးမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာများတွေ့ရင် ကြောင်လေးက ကြွက်လိုက်ချောင်းနေတာပဲလို့ လွယ်လွယ်ကူကူ မဆုံးဖြတ်လိုက်ပါနဲ့၊ ဒါဟာ အကောင်းတော့ မဟုတ်ပါဘူး..

ဒီကြောင်လေးဟာ Hacker တွေရဲ့ အဖွဲဝင် တစ်ကောင်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အိမ် အပါအဝင် အခြားအနီးနား ပါတ်ဝန်းကျင်မှာရှိတဲ့ အိမ်များက password မခံထားတဲ့ (သို့) အားနည်းချက်ရှိတဲ့ Wi-Fi signal ကို လိုက်လံ ရှာဖွေနေတာပါ။

လုံခြုံရေးဆိုင်ရာ လေ့လာသုတေသန ပြုလုပ်သူ "Gene Bransfield" က အိမ်နီးနားချင်းတွေရဲ့ အားနည်းချက်ရှိတဲ့ Wi-Fi signal ကို ထောက်လှမ်းနိုင်တဲ့ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်...

ချစ်စရာကောင်းတဲ့ သူ့ကြောင်လေး (Coco) ရဲ့ လည်ပင်းမှာ Wi-Fi card, GPS module, Battery, Spark Core chip တို့နဲ့ ပြုလုပ်ထားတဲ့ "WarKitten Collar" လို့ အမည်ပေးထားတဲ့ လည်ပါတ် ဒီဇိုင်းလှလှလေးကို ဝတ်ဆင်ပြီး ထောက်လှမ်းစေခဲ့ပါတယ်။
အဆိုပါ Device လေးက Wi-Fi signal ကို ရှာဖွေခြင်း၊ မှတ်သားခြင်းတို့အပြင် လုံခြုံရေးအားနည်းသော နည်းလမ်းအဟောင်း တစ်ခုဖြစ်တဲ့ WEP စနစ်ကို အသုံးပြုထားပါက အကာအကွယ်များကို အလွယ်တစ်ကူ ကျော်လွှားပြီး ဖွင့်နိုင်ပါတယ်။


"WarKitten Collar" ဟာ Hackers များ လုပ်လေ့လုပ်ထရှိတဲ့ အနီးနား ပါတ်ဝန်းကျင်တစ်လျှောက် ကားလျှောက်မောင်းပီး Wi-Fi signal ရှာတတ်တဲ့ "WarDriving" ရဲ့ အယူအဆအပေါ် အခြေခံထားတာဖြစ်ပါတယ်။

'Branfield' အနေနဲ့ အခုလို သုတေသန ပြုမှုကို သေသေချာချာကြီး မဟုတ်ပဲ အပြောင်အပျက် သဘောလောက်သာ စမ်းသပ်ခဲ့ပေမယ့် သူတွေ့ရှိခဲ့ရတာတွေကတော့ အံသြလောက်ပါတယ်လို့ အောက်ပါအတိုင်း ပြောဆိုပါတယ်..

"ကျွန်တော့်ကြောင်လေးကို အဲဒီ လည်ပါတ်လေးတပ်ပြီး အနီးပါတ်ဝန်းကျင်ကို လွှတ်ပေးလိုက်တယ်။ ကြောင်လေး ပြန်ရောက်လာတော့ ကျော်လွှားဖို့ လွယ်ကူတဲ့ WEP စနစ် သုံးနေတဲ့ hot spot တွေ 2014 ခုနှစ်ထဲမှာ အများကြီးရှိနေတာကို တွေ့လိုက်ရပါတယ်" တဲ့..

ကြောင်လေးတွေ ချစ်စရာကောင်းရင် မိုးမမြင်လေမမြင် ချစ်တတ်တဲ့ ကြောင်ချစ်သူများ လည်ပါတ်လှလှလေး ပတ်ထားတဲ့ ကြောင်လေးတွေ တွေ့ရင် သတိနဲ့ ချစ်ပါ...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Credit >>> မိုးသိကြား 
 
Post By Zuu                                 Read More
http://freeandeasy100.blogspot.com/
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, May 13, 2014

Wifi ခိုးသုံးတယ်ဆိုင်ရင် ဖြတ်တောက်ပေးမယ့်-WiFiKillDownloader 1.7 Apk


မိမိ Free Wifi ခိုးသုံးနေလို့ဆိုပြီး စိတ်ညစ်နေရတဲ့ ဘော်ဒါတစ်ယောက်တွေ့ဖူးတယ်ဗျ။ သူက အဲဒီ ခိုးသုံးနေတာကို ဖြတ်တောက်ပေးနိုင်တဲ့ နည်းလမ်းများမရှိဖူးလားကွာ ဆိုပဲ ကျနော်လည်းအဲဒီတုန်းက သိပ်မသိသေးတော့ ဘာမှပြန်မပြောလိုက်ပါဖူး။ကဲ အခုတော့ အဲဒီပြသနာမှ ကင်းဝေးအောင် ပေါ့ပေါ့ပါးပါးနဲပ  ဖြတ်တောက်ပေးနိုင်တဲ့ Wifi Kill Downloader ဆိုတဲ့ Application လေးကို ဆောင်ထားလိုက်ပါခင်ဗျား။ နောက်ပီး ဒီဆော့ဖ်ဝဲလေးက မိမိနဲ့ Wifi တစ်ခုထဲကိုအတူတူအသုံးပြုနေတဲ့သူတွေကို Wifi ချိတ်လို့မ ရအောင် ဖြတ်တောက်ပေးနိုင်ပါသေးတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
 


                                                       အပြည့်အစုံသို့ 