Showing posts with label Knowledge (ios). Show all posts
Showing posts with label Knowledge (ios). Show all posts

Wednesday, August 20, 2014

Home Screen တွင် App များ ပျောက်ဆုံးခြင်း

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။
http://freeandeasy100.blogspot.com/2014/08/home-screen-app.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sapphire screen နှင့် iPhone model...?



Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

https://www.blogger.com/blogger.g?blogID=241559530825941719#editor/target=post;postID=2958282980460581783;onPublishedMenu=allposts;onClosedMenu=allposts;postNum=0;src=postname


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, August 14, 2014

I device တွေအတွက် ChargingHelperPlus Tweak


IOS users တွေအတွက်အသုံးဝင်
မယ့် Tweak လေးအသိပေးပါရစေ
Charging helper plus လို့ခေါ်ပါ
တယ်။ iDevice ကို Charging သွင်းထားချိန်မှာမည်သူမျှသတိထားကြမှာမဟုတ်ပါဘူး။ သတိမ
ထားမိလည်းဒီကောင်လေးက Ring Alert ပေးပါလိမ့်မယ်။ Repeat
Alert လည်းပေးပါလိမ့်မယ်။ Pop
Up Alert လည်းပြပေးမှာဖြစ်လို့
အသံလည်းကြားမြင်လည်းမြင်ရ
ဆိုတော့သတိပြုမိမှာပါ။ install
လုပ်ပြ်ီးပါက Setting > charging
Helper setting ထဲမှာ alert On
ျေေေ ပေးရမှာဖြစ်ပါတယ်။ Home
Screen မှာလည်း Icon အနေနဲ့
လည်းမိမိ Battery ခံနိုင်ရည်ကို
လည်းကြည့်နိုင်ပါတယ်ခင်ဗျာ။

Source > BigBoss
Credit >> HanWaiLinn
 
Myanmar Mobile App Store's photo.


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

iPhoneနဲ့ iPadများမှာ နေရာလွတ်များရရှိစေမယ့် နည်းများ




iPhoneနဲ့ iPadကို အသုံးပြုတာ ကြာလာတာနဲ့ အမျှ နေရာလွတ်များ နည်းပါးလာမှာပါ။ Appsနဲ့ ဖိုင်တွေက သင့်ရဲ့ iDeviceမှာ တစ်ဖြည်းဖြည်းနေရာယူလာကြပါတယ်။ ဘယ် Appတွေက နေရာဘယ်လောက်ယူလဲ၊ ဘယ်ဖိုင်တွေက နေရာဘယ်လောက်ယူထားလဲဆိုတာ လေ့လာပြီး ဖယ်ရှားသင့်ပါတယ်။သင့်ရဲ့ Deviceမှာ နေရာယူထားတဲ့ ဒေတာတွေဟာ Appတွေနဲ့ သက်ဆိုင်နေပါတယ်။ ဥပမာအားဖြင့် ဒေါင်းလုပ်လုပ်ထားတဲ့ Kindle eBooksတွေဟာ Kindle Appနဲ့ သက်ဆိုင်နေပါတယ်။ သီချင်းဖိုင်တွေဟာ Music App၊ ဗီဒီယိုဖိုင်တွေဟာ Video App၊ ဓါတ်ပုံတွေဟာ Photos Appနဲ့ သက်ဆိုင်နေတာပါ။App တစ်ခုချင်းစီရဲ့ နေရာယူမှုကို လေ့လာပါ။သင့်ဖုန်းရဲ့ Usage Screenမှာ နေရာကျန်ရှိမှု ပမာဏနဲ့ အသုံးပြုထားတဲ့ပမာဏကို ပြသထားသလို Appတစ်ခုချင်းစီရဲ့ အသုံးပြုထားတဲ့ ပမာဏကို တွေ့နိုင်ပါတယ်။ Settings Appကို ဖွင့်ပြီး General ကဏ္ဍဍအောက်က Usageကို သွားပြီး လေ့လာပါ။App တစ်ခုချင်းစီရဲ့ နေရာယူထားတဲ့ ပမာဏမှာ Application Files, Cached Documents & Dataနဲ့ Media Filesတွေ ပါဝင်ပါတယ်။ Appကို နှိပ်ပြီး ဘယ်အပိုင်းက ဘယ်လောက်နေရာယူထားသလဲဆိုတာ ကြည့်နိုင်ပါတယ်။ 1
Appsများကို ဖျက်ပါ။

Appsများကို ဖျက်ခြင်းဖြင့် နေရာလွတ်များရရှိနိုင်ပါတယ်။ ဂိမ်းတွေက နေရာအများဆုံးယူလေ့ရှိတဲ့အတွက် သူတို့ကို ထိပ်ဆုံးမှာ ပြသပေးထားပါတယ်။ Appကို တစ်ချက်နှိပ်ပြီး Delete Appကို နှိပ်ခြင်းဖြင့် ဖျက်ပစ်နိုင်ပါတယ်။

ဖျက်လိုက်တဲ့ Appကို နောက်ပိုင်းမှာ ပြန်လည် အင်စတော လုပ်နိုင်ပါတယ်။ App Storeကို သွားပြီးAppကို ရှာ၊ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ Appဟာ iCloud Syncing ဒါမှမဟုတ် သူ့ကိုယ်ပိုင် Cloudမှာ ဒေတာနဲ့ Settingsများကို သိမ်းထားတယ်ဆိုရင် နောက်ပိုင်းမှာ Appကို ပြန်လည် အင်စတော လုပ်ရင် ဒေတာတွေကို Cloudမှ ပြန်လည်ရယူနိုင်ပါတယ်။
 
Read More
http://freeandeasy100.blogspot.com/2014/08/iphone-ipad.html
 
 
 
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

8 Free Screen Recording Tools for Mac OS X


Mac မှာ Screen ကို Recording လုပ်ချင်သူများအတွက် Free ရတဲ့ ၈ ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Image , Movie Clip များအနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။
(၁) Screen Recorder Robot Lite
Robot Lite
(၂) Capture Me
Capture Me
(၃) Screen Flick
Screenflick
(၄) Copernicus
Copernicus
(၅)  Any Screen Record Pro
Any Screen Recording

                                                             Read More
                                                                        
http://freeandeasy100.blogspot.com/2014/08/8-free-screen-recording-tools-for-mac.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, August 13, 2014

Hacker's Kitty

ချစ်စရာ အလွန်ကောင်းတဲ့ ကြောင်လေးတစ်ကောင် သင့်ရဲ့ အိမ်ဝင်းနားလေးမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာများတွေ့ရင် ကြောင်လေးက ကြွက်လိုက်ချောင်းနေတာပဲလို့ လွယ်လွယ်ကူကူ မဆုံးဖြတ်လိုက်ပါနဲ့၊ ဒါဟာ အကောင်းတော့ မဟုတ်ပါဘူး..

ဒီကြောင်လေးဟာ Hacker တွေရဲ့ အဖွဲဝင် တစ်ကောင်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အိမ် အပါအဝင် အခြားအနီးနား ပါတ်ဝန်းကျင်မှာရှိတဲ့ အိမ်များက password မခံထားတဲ့ (သို့) အားနည်းချက်ရှိတဲ့ Wi-Fi signal ကို လိုက်လံ ရှာဖွေနေတာပါ။

လုံခြုံရေးဆိုင်ရာ လေ့လာသုတေသန ပြုလုပ်သူ "Gene Bransfield" က အိမ်နီးနားချင်းတွေရဲ့ အားနည်းချက်ရှိတဲ့ Wi-Fi signal ကို ထောက်လှမ်းနိုင်တဲ့ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်...

ချစ်စရာကောင်းတဲ့ သူ့ကြောင်လေး (Coco) ရဲ့ လည်ပင်းမှာ Wi-Fi card, GPS module, Battery, Spark Core chip တို့နဲ့ ပြုလုပ်ထားတဲ့ "WarKitten Collar" လို့ အမည်ပေးထားတဲ့ လည်ပါတ် ဒီဇိုင်းလှလှလေးကို ဝတ်ဆင်ပြီး ထောက်လှမ်းစေခဲ့ပါတယ်။
အဆိုပါ Device လေးက Wi-Fi signal ကို ရှာဖွေခြင်း၊ မှတ်သားခြင်းတို့အပြင် လုံခြုံရေးအားနည်းသော နည်းလမ်းအဟောင်း တစ်ခုဖြစ်တဲ့ WEP စနစ်ကို အသုံးပြုထားပါက အကာအကွယ်များကို အလွယ်တစ်ကူ ကျော်လွှားပြီး ဖွင့်နိုင်ပါတယ်။


"WarKitten Collar" ဟာ Hackers များ လုပ်လေ့လုပ်ထရှိတဲ့ အနီးနား ပါတ်ဝန်းကျင်တစ်လျှောက် ကားလျှောက်မောင်းပီး Wi-Fi signal ရှာတတ်တဲ့ "WarDriving" ရဲ့ အယူအဆအပေါ် အခြေခံထားတာဖြစ်ပါတယ်။

'Branfield' အနေနဲ့ အခုလို သုတေသန ပြုမှုကို သေသေချာချာကြီး မဟုတ်ပဲ အပြောင်အပျက် သဘောလောက်သာ စမ်းသပ်ခဲ့ပေမယ့် သူတွေ့ရှိခဲ့ရတာတွေကတော့ အံသြလောက်ပါတယ်လို့ အောက်ပါအတိုင်း ပြောဆိုပါတယ်..

"ကျွန်တော့်ကြောင်လေးကို အဲဒီ လည်ပါတ်လေးတပ်ပြီး အနီးပါတ်ဝန်းကျင်ကို လွှတ်ပေးလိုက်တယ်။ ကြောင်လေး ပြန်ရောက်လာတော့ ကျော်လွှားဖို့ လွယ်ကူတဲ့ WEP စနစ် သုံးနေတဲ့ hot spot တွေ 2014 ခုနှစ်ထဲမှာ အများကြီးရှိနေတာကို တွေ့လိုက်ရပါတယ်" တဲ့..

ကြောင်လေးတွေ ချစ်စရာကောင်းရင် မိုးမမြင်လေမမြင် ချစ်တတ်တဲ့ ကြောင်ချစ်သူများ လည်ပါတ်လှလှလေး ပတ်ထားတဲ့ ကြောင်လေးတွေ တွေ့ရင် သတိနဲ့ ချစ်ပါ...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Credit >>> မိုးသိကြား 
 
Post By Zuu                                 Read More
http://freeandeasy100.blogspot.com/
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Apple ID ကို လုံခြုံရေးတိုးမြှင့်နည်း



Apple ရဲ့ product တွေကို အသုံးပြုနေသူများအတွက် မရှိလို့ မဖြစ်တာ/မရတာ က Apple ID ပါ။
Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...

ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...

အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..

ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..

Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။

Apple ID ကို Two-Step Verification ခံထားနည်း

၁) ပထမဦးစွာ My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။



၂) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။

                                                   Read More
http://freeandeasy100.blogspot.com/2014/08/apple-id.html



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ