Showing posts with label IOS များ. Show all posts
Showing posts with label IOS များ. Show all posts

Wednesday, August 20, 2014

Home Screen တွင် App များ ပျောက်ဆုံးခြင်း

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။
http://freeandeasy100.blogspot.com/2014/08/home-screen-app.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, August 19, 2014

iTune app store ရဲ့ နံပါတ်(၁) နေရာမှာရှိနေတဲ့ Tom Hanks ရဲ့ Typewriter App



Tom Hank က လူကြိုက်အများဆုံး Ipad app ကို သူ့ရဲ့အောင်မြင်မှုစာရင်းမှာ မှတ်တမ်းဝင်အောင် ဖန်တီးနိုင်ခဲ့ပါပြီ။ အော်စကာဆုရ ရုပ်ရှင်မင်းသားရဲ့ Hanx Writer app ဟာ iPad အတွက်ပြုလုပ်ထားတဲ့ iTune app store မှာ နံပါတ်(၁) နေရာ ရရှိသွားပါတယ်။
သြဂုတ်လ(၁၄) ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့ Hanx Writer ရဲ့ အသွင်သဏ္ဍာန်နဲ့ လက်ဖြင့်တို့ထိ မျက်နှာပြင်ဟာ ရှေးဟောင်းလက်နှိပ်ပုံစက်တွေနဲ့ တစ်ပုံစံတည်းဖြစ်ပြီး စာကြောင်းတစ်ကြောင်း ရိုက်ပြီးတိုင်း ခေါင်းလောင်းသံလေးနဲ့ အဆုံးသတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်နှိပ်စက်တွေနဲ့ မတူတာက ဒီဗားရှင်းမှာ အလွယ်တကူပြန်ဖျက်လို့ ရတဲ့ ( delete key) တစ်ခုဝင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ စိတ်ကြိုက် အရောင်၊ စာသားနဲ့ ပုံစံ အမျိုးမျိုးနဲ့ ဝယ်ယူလို့ ရနိုင်တယ်ဆိုပေမယ့် ဒီ app ကိုတော့ အခမဲ့အဖြစ်လည်း ရယူနိုင်ပါတယ်။
App ရဲ့ ပထမဆုံး မျက်နှာပြင် welcome screen မှာHanks က “လက်နှိပ်စက်တစ်လုံးကို ထိတွေ့ကိုင်တွယ်ရတာနဲ့ နှိပ်လိုက်ရင်ထွက်လာတဲ့ အသံကို ကြားရတာဟာ ဘာနဲ့မှမတူအောင် စိတ်ကျေနပ်မှုရစေတာကြောင့် စာလုံးတွေကို မလိုအပ်တာထက် ပိုရိုက်နိုပ်မိတာ၊ မှားယွင်းတဲ့ စကားလုံး၊ စကားစုတွေနဲ့ စာလုံးသတ်ပုံအမှားတွေ ဂရုမစိုက်မိပဲ စာရိုက်မိတာ  အခုချိန်ထိပါပဲ" လို့ ဆိုပြီး သူလက်နှိပ်စက်တွေကို စုဆောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး ဘယ်လိုဖြစ်လာခဲ့တဲ့အကြောင်း ရှင်းပြသွားပါတယ်။
Source: TIME

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, August 18, 2014

Facebook messenger for android



Facebook messenger for android နောက်ဆုံးဗားရှင်းပါ 




http://freeandeasy100.blogspot.com/2014/08/facebook-messenger-for-android.html


 


Post By Zuu

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, August 17, 2014

edjing DJ Mix Premium Edition for iPhone and iPad



 ပွတ်......ပွတ်ကြ..မယ်ဟေ့.......အဟိ....DJ ဝါသနာရှင်  ဘော်ဘော် တို.အတွက်ပြန်ရှယ်ပေးလိုက်ပါတယ်....edjing DJ Mix Premium Edition ကို   iPhone နှင့် iPad တို.တွင် ပွတ်လို.ရပါတယ် ခင်ည။edjing DJ Mix Premium Edition  for iPhone and iPad ကို $5.99 ဖြင်.ရောင်းထားသော်လည်း အောက်ကလင်.တွင် Free ၇ယူပါ...



iPhone Screenshot 1


http://freeandeasy100.blogspot.com/2014/08/edjing-dj-mix-premium-edition-for.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားမယ်


အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားချင်သော iOS User တွေအတွက် ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ည......ငိငိငိငိငိ ....ဘော်ဘော်တို. ဘာတွေသိမ်းမယ်ဆို.တာကို အနော် သိနေသလို.ပဲး......iMedia Pro -ကို $4.99 နဲ.ရောင်းထားသဗျ။
ကဲးကဲး လိုချင်ရင်တော.အောက်ကလင်.တွင် Free ဒေါင်းပါ ခင်ည.....



iPhone Screenshot 2
iPhone Screenshot 1

                                                            
http://freeandeasy100.blogspot.com/2014/08/videophoto.html


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, August 14, 2014

8 Free Screen Recording Tools for Mac OS X


Mac မှာ Screen ကို Recording လုပ်ချင်သူများအတွက် Free ရတဲ့ ၈ ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Image , Movie Clip များအနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။
(၁) Screen Recorder Robot Lite
Robot Lite
(၂) Capture Me
Capture Me
(၃) Screen Flick
Screenflick
(၄) Copernicus
Copernicus
(၅)  Any Screen Record Pro
Any Screen Recording

                                                             Read More
                                                                        
http://freeandeasy100.blogspot.com/2014/08/8-free-screen-recording-tools-for-mac.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, August 13, 2014

Apple ID ကို လုံခြုံရေးတိုးမြှင့်နည်း



Apple ရဲ့ product တွေကို အသုံးပြုနေသူများအတွက် မရှိလို့ မဖြစ်တာ/မရတာ က Apple ID ပါ။
Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...

ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...

အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..

ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..

Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။

Apple ID ကို Two-Step Verification ခံထားနည်း

၁) ပထမဦးစွာ My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။



၂) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။

                                                   Read More
http://freeandeasy100.blogspot.com/2014/08/apple-id.html



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Privacy ကို ကာကွယ်ပေးမယ့် Lockdown Pro iOS7



iPhone, iPad, iPadTouch တို့ မှာ Default အနေနဲ့  ပါဝင်တဲ့ Message, Mail, Remainders, Notes အစရှိတဲ့ App တွေက အလွန် အသုံးဝင်လှပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ရဲ့  iDevice တွေကို မပေးလို့  မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ခဏတစ်ဖြုတ် ပေးသုံးလိုက်ရတာမျိုး ကြုံဖူးကြမှာပါ။

အဲဒီလို ပေးသုံးလိုက်ပြီ ဆိုထဲက မိမိရဲ့  "PassCode" ကို ဖွင့်ပေးလိုက်ရပြီပေါ့၊ တစ်ချိန်ထဲမှာ ကိုယ့်ရဲ့  SMS, Mail, Notes စသည်တို့ မှာ Privacy အကြောင်းအရာလေးများ ပေးပို့  ရေးမှတ်ထားခဲ့လို့  ဖွင့်ဖတ်မိသွားရင် ဆိုတဲ့ ပူပင်မှုမျိုး ဖြစ်ကောင်းဖြစ်ဖူးကြပါလိမ့်မယ်....

လူတိုင်းမှာ Privacy ဆိုတာ ရှိသင့်ပါတယ် မြန်မာ့ဓလေ့အရ လင်မယားချင်း Privacy မရှိလို့  ပြဿနာ အကြီးအကျယ် တက်ရတာတွေ မနည်းပါဘူး...

အခုလို ပြောရင်းနဲ့  မဆိုင်တာတွေ ရောက်သွားမှာလည်း စိုးရိမ်ရပါတယ် ဒါပေမယ့် နည်းနည်းလေးတော့ ပြောပါရစေ...
Privacy ဆိုတာ Secret နဲ့  မတူပါဘူး၊ မိမိနှင့်သာ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကို Privacy လို့  ဆိုလိုချင်တာပါ၊ ဥပမာ ကျွန်တော့်ရဲ့  "မိုးသိကြား" Admin Password, အလုပ်မှာ သုံးတဲ့ User Name, Password တို့ ကို ကျွန်တော့် မိဘ၊ အိမ်သူ တို့ အား ပြောပြ အသိပေးထားဖို့  မလိုပါဘူး ဒါဟာ ကျွန်တော်ရဲ့  Privacy ပါ။
ဒီလိုပါပဲ လုပ်ငန်းနဲ့  ပက်သက်တဲ့ အခြား အခြားသော ကိုယ်ရေးကိုယ်တာလေးတွေကို မိမိ iDevice မှာ မှတ်ထားလို့  ခတ္တငှါးမိလိုက်ရင် ဖင်တစ်ကြွ ကြွ နဲ့  ပြန်ပေးတော့လေ ဆိုတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။

ကျွန်တော် အခု တင်ပြပေးမယ့် App လေးက Cydia App လေးဖြစ်လို့  Jailbreak လုပ်ထားတဲ့ iDevice များမှာသာ အသုံးပြုလို့  ရပါလိမ့်မယ်။
"Lockdown Pro iOS7" ရဲ့ လုပ်ဆောင်ပုံက အခြား Cydia App တစ်ခုဖြစ်တဲ့ "iProtect"ထက် အများကြီး သာလွန်ကောင်းမွန်ပြီး iPhone, iPad တွေနဲ့ crash မဖြစ်ပဲ အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်..

မိမိတစ်ကိုယ်တော် သုံးချင်တဲ့ App တွေကို 'Lock' လုပ်နိုင်သလို အခြားသူ မမြင်အောင် 'Hide' လဲ လုပ်ထားနိုင်ပါတယ်..

Lockdown Pro iOS7

၁) Install/Reboot လုပ်ပြီးသွားတဲ့အခါ "Lockdown Pro" ကို Settings ထဲမှာ ပြင်နိုင်ပါပြီ။ "Setup Lockdown Pro" ကိုနှိပ်ပါ။



၂) Password setup လုပ်ပါ။ (Password တွင် alphabet ထည့်လိုပါက Numeric Password ကို Off ပါ) -> Save လုပ်ပါ။
                                                                             Read More  
http://freeandeasy100.blogspot.com/2014/08/privacy-lockdown-pro-ios7.html


                                                            
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, May 23, 2014

Slide X Pro For IOS



 iDevices ကို အသုံးပြုပြီး မိမိတို.နှစ်သက်သော Mp3 နှင်. ဓာတ်ပုံကို Video File လေးပြုလုပ်ချင်သူတွေအတွက်ပြန်၇ှယ်ပေးလိုက်ပါတယ်....Slide X Pro ● Awesome Slideshow Creator ကို $2.99 ဖြင်.ရောင်းထားသော်လည်း....အောက်ကလင်.တွင် Free ရယူပါ။


iPhone Screenshot 1





iPhone Screenshot 2


Credit >>  Ko Min
                                                       Post By Zuu






                                                       



http://freeandeasy100.blogspot.com/2014/05/slide-x-pro-for-ios.html

Apex 2 ကိုသုံးပြု လှပတဲ့ Icon Group ဖွဲ့ကြမယ်





ဒီနေ့ထွက်လာတဲ့ Apex 2 လို့အမည်ပေးထားတဲ့ Cydia Tweak လေးက မိုက်တယ် ဗျို့။original Icon တစ်ခုထည်းမှာ နောက်ထပ် icon 4 ခု ထပ်ပြီးပေါင်းထည့်လို့ရတယ် ခင်ဗျ။အခုဘားရှင်းကို iOS 7 + တွင်သာ အသုံးပြု့လို့ရပါလိမ်မည်။Apex 2 ကို $ 2.99 ဖြင့်ရောင်းထားသော်လည်း ကျွန်တော် Repo တွင် Free ရယူပါ။

http://freeandeasy100.blogspot.com/2014/05/apex-2-icon-group.html



Post By ZUU

Tuesday, May 13, 2014

မိမိ တို့ iDevices ကို လုံခြုံရေးအတွက်








မိမိ တို့ iDevices ကို လုံခြုံရေးအတွက် အသုံးပြု့သင့်သော Cydia Tweak ကောင်းလေးပါ ခင်ဗျ။ မိမိ တို့၏ အရေးကြီးသော အချက်အလက်တွေကို "မည်သူက သိချင်နေလည်း"ဆိုတာကိုအလွယ်တကူးရှာဖွေနိုင်ပါလိမ်မည်။ ဒီ tweak လေးကိုသွင်းထားပြီး လျှင် မိမိ တို့၏ iDevices ကို အခြားသူတစ်ယောက်က lock Code အား မှားပြီးရိုက်မိပါက သူ၏ပုံအားဓာတ်ပုံရိုက်ယူထားပါလိမ်မည်။ ဒီ Cydia Tweak လေးကို $1.99 ဖင့်ရောင်းထားသော်လည် ကျွန်တော် Repo တွင် free ရယူးပါ။


Sources ---  Cydia>Manage>Sources>Edit>Add>http://cydia.myrepospace.com/komin27/ 

Tweak Name ---Phonekeeperpro 







Cydia မှာ Repo (Sources) အသစ် Add လုပ်နည်း မသိပါက ဒီမှာဝင်ဖတ်ပေးပါ။ 


ကျွန်တော် Repo လေးအား အသုံးပြု အားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်....ခင်ဗျ.....အားလုံးကို ဒီထက်မက ကူညီနိုင်အောင်.လေ.လာသင်ယူနေလျှက်ပါ..........ကျွန်တော် Facebook Page လေး ပြုလုပ်ထားပါတယ်.....ခင်ဗျ....Repo မှာနောက်ဆုံးတင်သော Tweaks / Updtae ပေးထားသော Tweaks တွေကို ကျွန်တော် ရဲ. မိတ်ဆွေတွေ အလွယ်တကူ သိစေရန် ရည်၇ွယ်ပါတယ်......ထိုကြောင်https://www.facebook.com/komin27 " Facebook Page " ကို Like & share လုပ်ပေးချင်းဖြင်. ကူညီပေးပါ ခင်ဗျ။


Thursday, January 2, 2014

iPhone, iPad Reset Settings များအကြောင်း



ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

         
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

                           ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင်


                                            အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

                                            မိုးသိကြား





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, December 31, 2013

ios 7 အတွက်မြန်မာစာဖောင့် နှင့်  ကီးဘုတ် မှန်ကန်စွာထည့် သွင်းနည်း


iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...






iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက် တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ

  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်

မှတ်ချက်

  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)
iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။




လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။

iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
 

Credit : မိုးသိကြား

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, December 30, 2013

MM keyboard for ios 7 ထွက်ရှိလာ

 ယနေ့ MM Keyboard For iOS 7 + ဆိုပြီးထွက်လာပါတယ်...။

Cydia ထဲမှာ http://cydia.macforus.com/ ကို အပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ် ။

စာရိုက်တဲ့အခါတွင် ပြဿနာတစ်ခုတွေ့ပါတယ် ( -ူ ) ရိုက်တဲ့အခါမှာ ရှေ့ကိုရောက်နေပါတယ် ။

အသစ်ထွက်လာတဲ့ A7 တွေဖြစ်တဲ့ Pad Air / iPad Mini with Retina Display / iPhone 5S မော်ဒယ်တွေမှာ ထည့်မရသေးဘူးလို့ပြောပါတယ် ။

(( တစ်ခုသတိပေးချင်တာကတော့ ။ ။ ဖုန်းရဲ့ စက်တင်ထဲမှာ TTKeyboard ရဲ့ Burmese ဆိုတဲ့ ရှော့ကပ်လေးကို သွားပြီးမပျက်ဖြစ်ပါနဲ့ ဖျက်မိရင်ပြန်ထည့်ဖို့စာမပါပါဘူး ။ ပြန်အင်စတောလုပ်ရပါမယ် ။))

Burmese ဆိုတာလေးကို ဖျက်ဖျက် မဖျက်ဖျက် MM Keyboard မှာ လိုက်ပေါ်ပေးနေပါတယ် ။
ပြောရရင် စာမျက်နှာ 3 မျက်နှာဖြစ်နေတဲ့သဘောပါ ။

Burmese ရှော့ကပ်လေးကို ဖျက်ထားမိခဲ့ရင်....

တကယ်လို့ မိမိက MM Keyboard ကိုအဆင်မပြေလို့မသုံးပဲ English နဲ့ Burmese နဲ့ပဲ စာရိုက်သုံးချင်ပါက ပြန်ချိတ်ဖို့ရန် တိုင်ပွတ်ကုန်ပါရော ။

ဖျက်ထားမိပါက Cydia ထဲမှာ ပြန်အင်စတောလုပ်ရပါမယ် ပြန်ပေါ်လာပါမယ် ။

မိမိက English နဲ့ MM Keyboard ကိုပဲ သုံးချင်ပါက...
Cydia ထဲမှာ TTKeyboard ကို Uninstall လုပ်ထားရပါမယ် ။

Djjoe Man
  ______________________________

Pad Air / iPad Mini with Retina Display / iPhone 5S တွေအတွက်

Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ် ။

မည်သည့် iOS 7 Jailbroken Device တွင်မဆို ထည့်သွင်းအသုံးပြုလို့ရပါတယ် ။

ဒီလင့်မှာ သွားရောက်လေ့လာ၍ ဒေါင်းယူပါ..။
(သို့မဟုတ်) 

 iOS 7 Jailbreak ရပြီးတဲ့နောက်မှာ iOS Device တွေအတွက် ( including iPhone 5s, A7 chips ) Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ်ခင်ဗျာ.... 

မည်သည့် iOS 7 jailbroken device တွင်မဆို အသုံးပြုလို့ရပါတယ်ခင်ဗျ...
အခုကီးဘုတ်ကိုပြုလုပ်ရေးသားတဲ့သူကတော့ Dr. Myo Thet Han ပဲဖြစ်ပါတယ်..

iFile ကိုသုံးပြီးပဲဖြစ်ဖြစ်, iTools, iFunBox ကနေပဲဖြစ်ဖြစ် /System/Library/Frameworks/UIKit.framework အောက်မှာ .plist လေးကိုထည့်ပေးပြီး Respring လုပ်ပေးလိုက်ရုံပါပဲ ..

D, F, G, H, J, V စတဲ့ Key တွေကို Long Press ပြီးရိုက်ရတာပါ, ဘယ် Keyboard ကိုမှထပ် add စရာမလိုပါဘူး
Download Link : http://cl.ly/3j3y1m0K2J14
Mirror Link : http://d.pr/f/WAes

 Credit to Download Link : Sezin Lynn
 ________________________________

Cydia မှာ Repo အပ်နည်းကို မသိသူများအတွက်

Cydia ထဲဝင်လိုက်ပါ >> အောက်နားက Manage ကိုဝင်ပါ >> Sources ဝင် >> 

အပေါ်နားက Edit နှိပ် >> လင့်အပ်ရန် 

ဘောက်တစ်ခုကြလာမယ် http://cydia.macforus.com/ လို့ရိုက်ပြီးအပ်လိုက်ပါ >> အပ်ပြီးရင် 

Sources ထဲမှာ အဲဒီဆိုက်လေးရောက်နေပါပြီ ဝင်လိုက်ပါ >> အဲဒီဆိုက်ထဲက MM Keyboard 

For iOS 7 + ကို အင်စတောလုပ်လိုက်ပါ ။

ပြီးရင် General >> Keyboard >> International Keyboards >> Add New Keyboard 


ထဲဝင် >> Czech ကိုရွေးလိုက်ပါ ဒါဆိုဖုန်းမှာ မြန်မာလိုလက်ကွက်ရသွားပါပြီ ။

Credit to: Djjoe Man

& ko wingabarkyaw (နည်းပညာမှတ်တမ်း )


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, December 23, 2013

iOS 7 jailbreak & AppSync 7.0.+ ထွက်ရှိလို့လာပါပြီ

iOS 7 များ jailbreak ရပြီးသည့်နောက်မှာ ။ အပြင်က iPA ဖိုင်များကို iTools နဲ့ဖြစ်ဖြစ် သွင်းတဲ့အခါမှာ သွင်းခွင့်ရဖို့ရန် မိမိ iDrive ထဲမှာ AppSync ဆော့ဝဲရှိထားဖို့ လိုအပ်ပါတယ် ။
AppSync ရှိထားမှသာလျှင် အပြင်က မိမိထည့်လိုသော App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။
iOS 7 အတွက် AppSync For 7.0.+ ကို လိုချင်သူများအတွက် Free တင်ပေးထားတဲ့ Repo လေးကို တင်ပေးလိုက်ပါတယ် ။ ထည့်တတ်မယ်လို့ထင်ပါတယ် ။
ကျနော့်ပုံမှာ အပြင်က iPA ဖြစ်တဲ့ Cut The Rope 2 ဖူးဗားရှင်း Crack ကို iTools နှင့်ထည့်ပြထားပါတယ် ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

iOS 7.0 ကနေ 7.0.4 ထိ jailbreak လုပ်ချင်သူများအတွက် မူရင်းဆိုက်ပါ

ဒီလင့်မှာဝင်ပြီးဒေါင်းလိုက်ပါ http://evasi0n.com/

လွယ်ပါတယ် ကြိုးချိတ်မယ် ဆော့ဝဲကိုဖွင့်မယ်  jailbreak ဆိုတဲ့စာလေးကို နှိပ်လိုက်ယုံပါပဲ % ပြေးနေပါလိမ့်မယ် ။ အလည်လောက်မှာ ဖုန်းကိုရီစတတ်ကြသွားပြီး ပြန်တတ်လာတဲ့အခါမှာ ဖုန်းကိုလော့ပွတ်ဆွဲပြီးဖွင့်ခိုင်းပါလိမ့်မယ် ။ ဒါပါပဲ ပြည့်ရင်ပြီးသွားပါပြီ :) 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

jailbreak ရပြီးသည့်နောက်မှာ မိမိ iDrive ထဲသို့ ဒေါင်းယူထားတဲ့ iPA ဖိုင်များဖြစ်တဲ့ App များကို သွင်းခွင့်ထည့်ခွင့်ရဖို့ရန်  
AppSync ရှိထားမှ App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။

iOS 7.0.+ အဆင့်တွေအတွက် ထို Repo ကို အပ်လိုက်ပြီး ဒေါင်းယူလိုက်ပါ ။ 

http://cydia.myrepospace.com/lod1/ 

ဆိုပြီး Cydia ထဲမှာ အပ်လိုက်ပြီး AppSync For 7.0.+ ကို ဒေါင်းယူလိုက်ပါ ရသွားပါပြီ :)

အပ်နည်းကို အလွယ်ရှင်းပြပါမယ် ။ ။ Cydia ထဲဝင်လိုက်ပါ  >>> 
Manage >>> Sources >>> Edit >>> Add >>> Repo ထည့်ဖို့ရန် ဘောက်လေးထွက်လာပါမယ် ။
ရေးပြထားတဲ့လင့်ကိုထည့်ပေးပြီး Add Source ဆိုတာလေးကို နှိပ်ပါ ပြည့်ရင် Repo ဝင်သွားပါပြီ ။
ထိုအပ်လိုက်ပြီးသော Repo လင့်ထဲကို ဝင်လိုက်ပါ  AppSync For 7.0.+ ဆိုတာကိုတွေ့ပါမယ် ဒေါင်းလိုက်ပါ ပြီးပါပြီ :)

အားလုံးပဲ ဖူးဗားရှင်း Crack App များကို iTools ဖြင့် သွင်းနိုင် အသုံးပြုနိုင်ပါပြီ :)

iTools ကို လိုချင်သေးတယ်ဆိုရင် မူရင်းလင့်မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ် သီချင်းတွေ ပုံတွေ ဆော့ဝဲတွေ ကြိုက်ရာကိုထည့်နိုင်တဲ့ ဆော့ဝဲပါ ။
http://www.itools.cn/multi_lang_pc_download.htm

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်ချက် ။ ။ iOS 7 အတွက် မြန်မာဖောင့် မြန်မာကီးဘုတ် အပ်ဒိတ်မလာသေးသည့်အတွက် မထည့်ကြပါနဲ့ဦး သိပ်အဆင်မပြေကြသေးပါဘူး ။
jailbreak ထွက်ရှိလာတာ 2 ရက်ပဲရှိသေးတဲ့အတွက် ဖောင့်ကီးဘုတ်ကို အပ်ဒိတ်ထွက်တာကို စောင့်ကြပါဦး ခဏပါပဲ :)

အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Post By : Djjoe Man (MMF)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, November 4, 2013

ios 7 တွေမှာ ဇော်၈ျီဖောင့်  ကို jailbreak မလိုပဲ ထည့် လို့ ရပြီ




iOS 7 မှာ ဇော်ဂျီဖောင့်ကို ဂျေးဘရိတ် ( jailbreak ) မလုပ်ဘဲ ထည့်လို့ရပါပြီ..

iOS 7 ကနေ  http://d.pr/f/M8Es+  ကို ဝင်လိုက်ပါ။









ပြီးရင် Install လုပ်ပါ ပြီးတာနဲ့  iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။

Mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန့်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။
 Ref : Ye Myat Thu
1. Go to this link from iOS7 device
https://www.dropbox.com/s/zugfuz6n6u6dpwj/ZawgyiOne.mobileconfig
2. Download
3. It just works!


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ