Showing posts with label window phone များစုစည်းမှု့. Show all posts
Showing posts with label window phone များစုစည်းမှု့. Show all posts

Thursday, August 1, 2013

Opera version 10.10 လေးနဲ့  symbian ဖုန်းတွေမှာဖောင့် တွေပြောင်းသုံးကြမယ်

မင်္ဂလာပါ nokia symbian  phone တွေအတွက်ဖောင့် လေးတွေပြောင်းတဲ့ အခါကျရင်opera version 10.1 လေးကိုလည်းစမ်းသုံးကြည့် ကြမယ်ဗျ.။

 fonts တွေပြောင်းသုံးကြည့် ချင်တဲ့ သူတွေအတွက်တော့ ဒီကောင်လေးကအရမ်းကိုအသုံးဝင်လှပါတယ်။ဒီကောင်လေးထဲမှာ
fonts 31 မျိုးပါဝင်ပါတယ်ဖိုင်ဆိုဒ်ကတော့  (7-mb) ထဲပါ။အားလုံးပဲဗျာအောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။




ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu 102@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။



Friday, July 19, 2013

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း



Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း



အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး

 မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ 

စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard 

Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။ 

( Lock မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ လုပ်နိုင်ပေမဲ့ 

Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် Key တွေကို နှိပ်ပြီးေ

အာက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )

Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory Reset ချကာ ပြန်လည် 

အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။ 

Warning!! Lock ကျထားတဲ့ ဖုံးက Data တွေကတော့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Locked Lumia Phone ကို Factory Reset လုပ်ဖို့ လိုအပ်လာပြီဆိုရင် အလွယ်ကူဆုံး နည်းလမ်းကတော့ 

Step 1
ဖုံးကို Charger မှာ မတက်ထားပါနဲ့။ 

1. ဖုံးကို ပိတ်လိုက်ပါ။

2. ပိတ်သွားပြီဆိုရင် Volume down Key ကို နှိပ်ထားပြီး charger နဲ့ အားသွင်းလိုက်ပါ။ 

မှန်ကန်တယ်ဆိုရင် exclamation mark (!) အကြီးကြီး တစ်ခုတည်း screen မှာ ပေါ်လာပါလိမ့်မယ်။

(OS reset ကို ဆက်မလုပ်ချင်တော့ပဲ Normal MOde ကို ပြန်ထွက်ချင်တယ်ဆိုရင် Volume Down + 

Power Key ကို 10Seconds လောက် နှိပ်ထားပေးလိုက်ပါ။).

Step 2

(!) ပေါ်နေတဲ့ အချိန်မှာ ဖော်ပြပါ အစီအစဉ်အတိုင်း Keys များကို တစ်ခုဖြင်း နှိပ်သွားပါ။

1. Volume up

2. Volume down

3. Power

4. Volume down

မှန်ကန်တယ်ဆိုရင် ဖုံး Restart ဖြစ်သွားပါလိမ့်မယ်။

Step 3

Restart ပြီးသွားတာနဲ့ Reset လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ စက်သွားနှစ်ခုလည်နေတဲ့ 

ပုံမျိုးကို တွေ့ရပါလိမ့်မယ်။ အားလုံးပြီးဆုံးသွားပြီ ဆိုရင်တော့ Factory Setting နဲ့ Reset ဖြစ်ပြီးသား 

Lumia Phone အနေနဲ့ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ယခင်က ဖုံးကို Live Account နဲ့ ချိတ်ဆက်ပြီး Backup လုပ်ထားတာ ဖြစ်ခဲ့မယ်ဆိုရင်တော့ 

ယခင်က Data အချို့ကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။


TineHtetAung: TechSpace Tech Team


ကိုလတ်(ကျွဲဆင်း)