Showing posts with label IT News. Show all posts
Showing posts with label IT News. Show all posts

Wednesday, October 22, 2014

မလေးရှားနိုင်ငံ Kuala Lumpur (KL) တွင် တာဝန်ထမ်းဆောင်ရန် IT Professional (Permanent Position) များ ခေါ်ယူနေပါသည်။


Aung Ko Htet (www.mmitknowledge.com)

စိတ်ပါဝင်စားသူများ October 31, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
-------------------------------------------------------------------------------------

Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။

1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage

2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects

3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter

4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development

5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php

6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage

7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage

8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage

9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis

10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix

- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။

- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။

- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။

- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။


ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@monservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။


To download Blank CV form and Sample CV from.
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z?dl=0

2. CV to be completed download link: https://www.dropbox.com/s/804ts966wk40z91/CV%20to%20be%20completed.7z?dl=0

ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, September 1, 2014

စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....




Photo: စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....

ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။

သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …

Operating စနစ်

Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။

Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။

အတွင်း အစိတ်အပိုင်းရွေးချယ်မူ

တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။

အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ

စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။

မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး

ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။

ကင်မရာ

တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။

ဘတ်ဂျက်ကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။

ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

အောင်ဟိန်း 
 ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။


 ဆက်လက်ဖတ်ရှုရန်   
http://populart3n.blogspot.com/2014/08/blog-post_97.html



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, August 20, 2014

Android OS Updates မရဘူလား? Google က ဒီနည်းလမ်းများနဲ့ သင့်ရဲ့ Android Device ကို Update လုပ်ပေးနေပါတယ်။


Android OS Updates များဟာ အရင်လိုတော့ အရေးမကြီးတော့ပါဘူး။ Android Device အများစုဟာ Operating System Update ထွက်ရှိတာနဲ့ မရရှိကြပါဘူး။ ဒါပေမယ့် Google က Android Operating System ကို နောက်ကွယ်မှာ Update ပြုလုပ်ပေးနေပါတယ်။
Device ထုတ်လုပ်သူနဲ့ Carrier များကနေ မဟုတ်ဘဲ Google က Operating System နဲ့ သူ့ရဲ့ Apps များကို သီးခြား Update ပြုလုပ်ပေးနေပါတယ်။ ဒါဟာ Android Fragmentation ပြဿနာကို ဖြေရှင်းနေတဲ့ Google ရဲ့ အစီအစဉ်ပါ။ အဲဒီအတွက် Android Device အဟောင်းတွေဟာလည်း Update များကို ပုံမှန်ရရှိနေကြပါတယ်။
Android 4.2, 4.3, 4.4 ဟာ Minor Updates များဖြစ်ပါတယ်။
--------------------------------------------------------
Android Updates များဟာ တစ်ချိန်ကတော့ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် Android 4.0 Ice Cream Sandwich ထွက်ရှိလာတဲ့ အချိန်မှာ User Interface တစ်ခုလုံးကို ပြောင်းလဲပေးလိုက်သလို စွမ်းဆောင်ရည်လည်း ကောင်းမွန်လာပါတယ်။ APIs အသစ်ကိုတောင် ထုတ်လုပ်ပေးလိုက်တာပါ။ အချို့ Apps များဟာ Android 4.0 မှာသာ အသုံးပြုလို့ရပါတယ်။ Google Chrome ဟာ Android 4.0 နဲ့ သူ့အထက်မှာသာ အလုပ်လုပ်ပါတယ်။ အဲဒီအတွက် Android 2.3 Gingerbread ကနေ Android 4.0 မတိုင်မီ အထိ ဗားရှင်းများဟာ 4.0 ကို Upgrade မလုပ်ထားရင် ဒီနေ့အထိ Chrome ကို အသုံးပြုလို့မရသေးတာပါ။ Android 4.0 နဲ့ အတူတူပဲ Android 4.1 မှာလည်း ပိုမိုကောင်းမွန်တဲ့ User Interface ကို အသုံးပြုထားပြီး ပိုမိုလျှင်မြန်လာတဲ့အတွက် အရေးကြီးပါတယ်။
Android 4.0 , Android 4.1 နောက်ပိုင်းထွက် Android Version များကတော့ အရေးသိပ်မကြီးတဲ့ Minor Updates များပါ။ Android 4.4 မှာ Memory အသုံးပြုမှုကို သိသာစွာ လျှော့ချပေးထားတဲ့အတွက် အရေးအကြီးဆုံး Update ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အရင်ထွက်ရှိတဲ့ ဗားရှင်းများကို သုံးနေသူများအတွက်လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပါတယ်။
Google Play Services Updates

                                                               
http://freeandeasy100.blogspot.com/2014/08/android-os-updates-google-android.html




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Blue screens of death ပြဿနာများ ဖြစ်ပွားခြင်းကြောင့် Windows 8.1 update များကို uninstall လုပ်ရန် Microsoft အကြံပြု


လွန်ခဲ့သည့် ရက်သတ္တပတ်က Windows 8.1 patch ကို download ပြုလုပ်ပြီး အသုံးပြုသူများသည် blue screens of death နှင့် restart ထပ်ခါတလဲလဲ ဖြစ်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် Windows Update မှ patch များကို uninstall ပြုလုပ်ရန် Microsoft မှ အကြံပြုခဲ့သည်။
အဆိုပါ ပြဿနာများသည် patch လေးခုနှင့် သက်ဆိုင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။ ၎င်း patch များသည် system ကို တည်ငြိမ်မှု မရှိစေဘဲ ကွန်ပျူတာရှိ မည်သည့် font များတွင်မဆို ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။
Microsoft ၏ အဆိုအရ %windir%\fonts\ မှလွဲ၍ အခြားမည်သည့် နေရာတွင်မဆို install လုပ်ထားသည့် font များကို ပြောင်းလဲနိုင်ခြင်း မရှိကြောင်း၊ ပြောင်းလဲရန် ကြိုးပမ်းသည့်အခါ “File in use” error message နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။
                       Read More
http://freeandeasy100.blogspot.com/2014/08/blue-screens-of-death-windows-81-update.html

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, August 13, 2014

Hacker's Kitty

ချစ်စရာ အလွန်ကောင်းတဲ့ ကြောင်လေးတစ်ကောင် သင့်ရဲ့ အိမ်ဝင်းနားလေးမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာများတွေ့ရင် ကြောင်လေးက ကြွက်လိုက်ချောင်းနေတာပဲလို့ လွယ်လွယ်ကူကူ မဆုံးဖြတ်လိုက်ပါနဲ့၊ ဒါဟာ အကောင်းတော့ မဟုတ်ပါဘူး..

ဒီကြောင်လေးဟာ Hacker တွေရဲ့ အဖွဲဝင် တစ်ကောင်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အိမ် အပါအဝင် အခြားအနီးနား ပါတ်ဝန်းကျင်မှာရှိတဲ့ အိမ်များက password မခံထားတဲ့ (သို့) အားနည်းချက်ရှိတဲ့ Wi-Fi signal ကို လိုက်လံ ရှာဖွေနေတာပါ။

လုံခြုံရေးဆိုင်ရာ လေ့လာသုတေသန ပြုလုပ်သူ "Gene Bransfield" က အိမ်နီးနားချင်းတွေရဲ့ အားနည်းချက်ရှိတဲ့ Wi-Fi signal ကို ထောက်လှမ်းနိုင်တဲ့ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်...

ချစ်စရာကောင်းတဲ့ သူ့ကြောင်လေး (Coco) ရဲ့ လည်ပင်းမှာ Wi-Fi card, GPS module, Battery, Spark Core chip တို့နဲ့ ပြုလုပ်ထားတဲ့ "WarKitten Collar" လို့ အမည်ပေးထားတဲ့ လည်ပါတ် ဒီဇိုင်းလှလှလေးကို ဝတ်ဆင်ပြီး ထောက်လှမ်းစေခဲ့ပါတယ်။
အဆိုပါ Device လေးက Wi-Fi signal ကို ရှာဖွေခြင်း၊ မှတ်သားခြင်းတို့အပြင် လုံခြုံရေးအားနည်းသော နည်းလမ်းအဟောင်း တစ်ခုဖြစ်တဲ့ WEP စနစ်ကို အသုံးပြုထားပါက အကာအကွယ်များကို အလွယ်တစ်ကူ ကျော်လွှားပြီး ဖွင့်နိုင်ပါတယ်။


"WarKitten Collar" ဟာ Hackers များ လုပ်လေ့လုပ်ထရှိတဲ့ အနီးနား ပါတ်ဝန်းကျင်တစ်လျှောက် ကားလျှောက်မောင်းပီး Wi-Fi signal ရှာတတ်တဲ့ "WarDriving" ရဲ့ အယူအဆအပေါ် အခြေခံထားတာဖြစ်ပါတယ်။

'Branfield' အနေနဲ့ အခုလို သုတေသန ပြုမှုကို သေသေချာချာကြီး မဟုတ်ပဲ အပြောင်အပျက် သဘောလောက်သာ စမ်းသပ်ခဲ့ပေမယ့် သူတွေ့ရှိခဲ့ရတာတွေကတော့ အံသြလောက်ပါတယ်လို့ အောက်ပါအတိုင်း ပြောဆိုပါတယ်..

"ကျွန်တော့်ကြောင်လေးကို အဲဒီ လည်ပါတ်လေးတပ်ပြီး အနီးပါတ်ဝန်းကျင်ကို လွှတ်ပေးလိုက်တယ်။ ကြောင်လေး ပြန်ရောက်လာတော့ ကျော်လွှားဖို့ လွယ်ကူတဲ့ WEP စနစ် သုံးနေတဲ့ hot spot တွေ 2014 ခုနှစ်ထဲမှာ အများကြီးရှိနေတာကို တွေ့လိုက်ရပါတယ်" တဲ့..

ကြောင်လေးတွေ ချစ်စရာကောင်းရင် မိုးမမြင်လေမမြင် ချစ်တတ်တဲ့ ကြောင်ချစ်သူများ လည်ပါတ်လှလှလေး ပတ်ထားတဲ့ ကြောင်လေးတွေ တွေ့ရင် သတိနဲ့ ချစ်ပါ...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

Credit >>> မိုးသိကြား 
 
Post By Zuu                                 Read More
http://freeandeasy100.blogspot.com/
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Saturday, June 14, 2014

ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy Note 4 ကို IFA ပြပွဲတွင် Samsung မိတ်ဆက်ဖွယ်ရှိ


 
Samsung သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက ဖော်ပြခဲ့သည်။
Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED display ကို အသုံးပြုထားကြောင်း သိရသည်။
Galaxy Note 4 တွင် QHD (2560x1440) display, Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ ထို့အပြင် တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
Credit Internetjournal

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ