Saturday, June 14, 2014

ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy Note 4 ကို IFA ပြပွဲတွင် Samsung မိတ်ဆက်ဖွယ်ရှိ


 
Samsung သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက ဖော်ပြခဲ့သည်။
Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED display ကို အသုံးပြုထားကြောင်း သိရသည်။
Galaxy Note 4 တွင် QHD (2560x1440) display, Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ ထို့အပြင် တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
Credit Internetjournal

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ