Showing posts with label Firefox. Show all posts
Showing posts with label Firefox. Show all posts
Monday, December 9, 2013
Firefox မှာ Duplicate Tabs တွေ မဖွင့်မိအောင် တားပေးမယ့် Dublicate Tab Blocker
Firefox မှာ Duplicate Tabs တွေ မဖွင့်မိစေဖို့
==========================================
Browser တွေမှာ Tab တွေ အသုံးပြုလို့ရစေတဲ့အတွက် ၀က်ဆိုက်တွေအများကြီး ကို Browser 
တစ်ခုထဲက နေကြည့်လို့ရပါတယ်။ Tab တွေအများကြီးဖွင့်ပြီး အသုံးပြုခြင်းဟာ သင့်ကွန်ပြူတာကိုလေးလံစေတာကို သတိပြုပါ။ အထူးသဖြင့် RAM Memory နည်းတဲ့စက်တွေမှာဆို သိသာပါတယ်။ ၀က်ဆိုက်တစ်ခုထဲကို Tab နှစ်ခုမှာ ဖွင့်ကြည့်မိတဲ့ အဖြစ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို Duplicate Tab တွေကို မဖွင့်မိအောင် ကာကွယ်ပေးမယ့် Firefox Add-on တစ်ခုဖြစ်တဲ့ Duplicate Tab Blocker ကို အသုံးပြုရင် အဲဒီ ပြဿနာကိုကင်းဝေးစေမှာပါ။
Duplicate Tab Blocker ကို အင်စတောလုပ်ပြီးရင် Restart လုပ်စရာမလိုပါဘူး။ ဒါ့အပြင် အသုံးပြုသူက Configure လုပ်စရာမလိုပါဘူး။ ဖွင့်ထားပြီးသား ၀က်ဆိုက်တစ်ခုကိုထပ်ပြီးဖွင့်မိရင် နောက်ထပ် Tab တစ်ခုဖွင့်ပေးမှာမဟုတ်ဘဲ ဖွင့်ထားပြီးသား Tab ကို ပြပေးမှာပါ။
 Ref to Digital Life Journals
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, October 12, 2013
Facebook မှာ မိမိ သုံးတဲ့ password ကို ကြည့်မယ်
ကဲကဲ..Facebook မှာကိုယ်သုံးတဲ့ password ကို ပြန်မကြည့်ချင်ကြဘူးလား
Firefox မှာတော့ကြည့်လို့ရပါတယ် ခင်ဗျာ
Add on လေးတခု့ထည့်ပေးရမယ် မကြောက်ပါနဲ့ အဲ့ဒီ Add On က Firefox ကပေးတဲ့ Add on ပါ
Add on ကို ဒီနေရာ မှာ ယူလိုက်ပါ
ဆိုဒ်ထဲရောက်ရင် Add to Firefox ကိုနှိပ်လိုက်ပါ
ဒေါင်းပြီးရင် install လုပ်ပေးရပါမယ်
install လုပ်ပြီးရင်ကြည့်လိုက်ပါ password ရိုက်တဲ့အကွက်ရဲ့ဘေးမှာ
show ဆိုတာလေးပါ ပါတယ် ကြည့်ချင်ရင် show ကိုနှိပ်လိုက်ပါ
ပြန်ဖျောက်မယ်ဆို hide လို့ပေါ်ပါတယ်
အာဆို password လွဲ မှာမကြောက်ရတော့ဘူးပေါ့နော် ..ဟီးဟီးဟီး
ဒါလေးပါပဲခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Firefox ကို ပိုမိုကောင်းမွန်စေမယ့် About:Config Tweaks များ။
clip_image001
About:Config ကို အသုံးပြုဖို့ အတွက် Address Bar ကနေ about:config လို့ ရိုက်ပြီး Enter နှိပ်ပါ။ သတိပေးတဲ့ Message Box တစ်ခုကျလာရင် “I’ll be careful.I promise”  ကို နှိပ်ပါ။ပြုပြင်ချင်တဲ့ Entry ကို Search Box ကနေရှာပြီး Double Click နှိပ်ပြီး ပြောင်းလဲပေးရမှာပါ။
clip_image002
Extension တွေ အင်စတောလုပ်တဲ့အခါ မှာ အချိန်စောင့် ခိုင်းတာကို Disable လုပ်ပါ။
clip_image003
Extension တစ်ခုကို အင်စတောလုပ်တဲ့အခါမှာ Firefox  က သင့်ကို ငါးစက္ကန့် စောင့်ခိုင်းပါတယ်။အဲလို မစောင့်ချင်ရင် about:config page မှာ အောက်က စာသားကိုရှာပါ။
security.dialog_enable_delay
သူ့ ရဲ့ Value ကို 0  ပြောင်းလဲပေးပါ။
Awesomebar Dropdown က  Number of Suggestions ကို တိုးမြှင့် ပါ။
clip_image004
Firefox ရဲ့ Awesomebar မှာ တစ်ခုခုရိုက်လိုက်ရင် Suggestions (၁၂) ခုကိုပဲဖော်ပြပေးပါတယ်။ဒီထက်ပိုပြီးဖော်ပြစေချင်ရင်အောက်က Entry ကိုရှာပါ။
browser.urlbar.maxRichResults
Search Results တွေကို New Tab မှာ ဖွင့်ပါ။
clip_image005
Firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Search Box ကနေ တစ်ခုခုကိုရှာလိုက်ရင် လက်ရှိဖွင့်ထားတဲ့ Tab မှာ Search Results တွေကို ပြပေးမှာပါ။အဲဒီအတွက် လက်ရှိဖွင့်ထားတဲ့ Tab ကိုဆုံးရှုံးမှာပါ။ Search Box ကနေရှာလိုက်ရင် Tab အသစ်တစ်ခုဖွင့်ပြီး Search Results တွေကို ပြပေးဖို့ ပြုလုပ်နိုင်ပါတယ်။ဒီိလိုလုပ်ဖို့ 
browser.search.openintab
ကိုရှာပြီး Double Click နှိပ်ပါ။ သူ့ ရဲ့ Setting ကို True ပြောင်းပေးပါ။
Extensions တွေအတွက် Compatibility Checking လုပ်တာကို Disable လုပ်ပါ။
clip_image006
Firefox က Extension တွေအတွက် Compatibility Checking ပြုလုပ်ပါတယ်။Compatibility Checking မပြုလုပ်စေချင်ရင် Disable လုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် about:config page ကိုသွားပါ။လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New>Boolean  ကိုနှိပ်ပါ။ပြီးရင်အောက်ကစာသားကိုဖြည့်ပေးပါ။
extensions.checkCompatibility
သူ့ ရဲ့  Value ကို False သတ်မှတ်ပေးပါ။
Tabs တွေကို Preview ကြည့်ပါ။
clip_image007
Windows Programs တွေကို Alt+Tab နှိပ်ပြီးပြောင်းလဲ ကြည့်လို့ ရသလို Firefox မှာလည်း Tabs တွေကို  Ctrl + Tab နှိပ်ပြီးပြောင်းနိုင်ပါတယ်။ဒါပေမယ့် Tabs တွေကိုပဲပြောင်းပေးမှာဖြစ်ပြီး Preview ကြည့်လို့ ရမှာမဟုတ်ပါဘူး။ Preview ကြည့်ချင်ရင်တော့
browser.ctrlTab.previews
ရဲ့ Value ကို True ပြောင်းပေးပါ။
New Tab Page မှာ Rows,Columns တွေကို ထပ်ဖြည့်ပါ။
clip_image008
Default အားဖြင့် Firefox New Tab Page မှာ Websites ကိုးခုကိုပဲဖော်ပြပေးပါတယ်။Websites တွေပိုပြီးပြပေးစေချင်ရင်
browser.newtabpage.rows
browser.newtabpage.columns
အဲဒီနှစ်ခုရဲ့ Numbers တွေကို ပြောင်းလဲသတ်မှတ်ပေးပါ။
အပေါ်မှာဖော်ပြပေးထားတဲ့ Tweaks တွေက ကောင်းနိုးရာရာ အနည်းငယ်ကိုသာဖော်ပြပေးထားတာပါ။ About:config Entries တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် Mozilla ၀က်ဆိုက်မှာလေ့လာနိုင်ပါတယ်။
Myanmar ICT မှာကျွန်တော် ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, October 2, 2013
Chrome,Firefox မှာ Tab တွေ ကို Hide/Restore လုပ်မယ်။
clip_image002
Browser တွေကနေ ၀က်ဆိုက်တွေ ကြည့်ရင်း Tab တွေများပြားလာတဲ့ အခြေအနေမျိုးကိုကြုံဖူးမှာပါ။ Tab တွေအများကြီးဖွင့်ထားတာဟာ System Memory ကို စားသုံးတဲ့အတွက် စက်လေးလံလာတတ်ပါတယ်။နောက်ပြီး Tab တွေများပြားတဲ့အတွက် Browsing လုပ်ရတာလည်း သိပ်ပြီးအဆင်မပြေတော့ပါဘူး။နောက်တစ်ချက်က သင့်ရဲ့  Privacy ကိုကာကွယ်ချင်ရင် Tabs တွေကို အမြန် Hide လုပ်နိုင်ဖို့ လိုပါတယ်။အဲဒီလို လုပ်ဖို့ အတွက် Chrome , Firefox မှာ Tab Management Extension တွေရှိပါတယ်။
Chrome
Chrome မှာ OneTab ဆိုတဲ့ Extension က Tab တွေကို အမြန် Hide/Restore လုပ်ပေးနိုင်ပါတယ်။ OneTab ကိုအင်စတောလုပ်ပြီးရင် OneTab icon ကို URL Bar မှာတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ရင် ဖွင့်ထားတဲ့ Tabs တွေအားလုံးကို Tab တစ်ခုထဲမှာစုစည်းပေးထားမှာပါ။ သိမ်းပေးထားတဲ့ Tab တွေအားလုံးကိုပြန် Restore လုပ်နိုင်သလို တစ်ခုချင်းစီရွေးပြီးလည်း Restore လုပ်နိုင်ပါတယ်။မလိုအပ်တာတွေကိုလည်း  Delete လုပ်နိုင်ပါတယ်။OneTab က သိမ်းထားတဲ့ Tabs တွေကို ရက်စွဲအလိုက် Group တွေခွဲပြီးသိမ်းပေးနိုင်တဲ့အတွက်နောက်နေ့ တွေ မှာပြန်အသုံးပြုချင်ရင်လည်းအဆင်ပြေစေပါတယ်။
clip_image004
clip_image006
OneTab ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။Tabs တွေကို တစ်ခြားစက်တွေ မှာ အလွယ်တကူ Sync လုပ်ပေးနိုင်မယ့် Feature ကို Developer ကဖြည့်ဆည့်ပေးနိုင်ရင်ပိုအသုံးဝင်မယ်လို့ ထင်ပါတယ်။ တကယ်လို့  သင့် Browser ရဲ့ Memory အသုံးပြုမှုကိုပဲလျှော့ချချင်တယ် ဒါပေမယ့် Tabs တွေကိုတော့ မပိတ်ချင်ဘူးဆိုရင် The Great Suspender  ဆိုတဲ့ Chrome Extension ကိုသုံးနိုင်ပါတယ်။အချုပ်အားဖြင့် OneTab က Tab တွေကို အများကြီးဖွင့်ပြီးအသုံးပြုတဲ့သူတွေ အတွက် ကောင်းမွန်တဲ့ Tab Management Extension တစ်ခုဖြစ်ပါတယ်။
Firefox
clip_image008
သာမာန်အချိန်မှာ ၀က်ဆိုက်တွေ ကြည့်နေရင် T Button က အမည်းရောင်ဖြစ်နေမှာဖြစ်ပြီး Tabs တွေကို Hide လုပ်ထားရင် T Button က အပြာရောင်ပြပေးမှာပါ။
clip_image010
TabSlash က OneTab လို မျိုး Tab တွေကို ရွေးချယ်ပြီး Restore လုပ်လို့ မရပါဘူး။ မလိုအပ်တော့တဲ့ Tab တွေကိုလည်း  Delete လုပ်လို့ မရပါဘူး။Restore လုပ်ရင် Tabs အားလုံးကို ပြန်ဖွင့်ပေးမှာပါ။အချုပ်အားဖြင့် TabSlash က Tabs တွေကို အမြန် Hide လုပ်ဖို့  ကောင်းမွန်တဲ့ Tab Management Add-On တစ်ခုဖြစ်ပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Friday, September 6, 2013
Firefox ကို ပိုပြီးမြန်ဆန်စေအောင် Speed တိုးကြမယ်...
 Firefox Animated Gifs
မဂ်လာပါနော်သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ လူတိုင်းလိုလို အသုံးပြုနေကြတဲ့ မော်ဇီလာ
ဆိုတဲ့ Firefox ရဲ့ အကြောင်းလေးပါဘဲ... သူကတော့ Firefox ကို ပိုမိုမြန်ဆန်စေတဲ့ နည်းလမ်လေးတစ်ခုကို  ရှာဖွေတွေ့ရှိထားလို့...ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်... သိထားပြီး သူများလည်း တော်တော် များများ ရှိနေကြမယ်လို့ ထင်ပါတယ်.. မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်..... လုပ်နည်းလေးကလည်း ရိုးရှင်းတာ မို့ အပန်းမကြီးတဲ့အတွက် လုပ်ကြည့်လိုက်ပါနော်
ကဲစမယ်...ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Runbox ကိုခေါ်လိုက်ပါ... Win + R ကိုတွဲကလစ်ခြင်းဖြင့် ရနိုင်ပါတယ်..နော်  အိုကေ  ကျလာတာနဲ့ အဲထဲမှာ regedit  ဆိုပြီးရေးထည့်ပေးလိုက်ပါ နောက် ok..
ကဲ ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ Registry Editor ဇယားကျလာပါပြီ.. အဲထဲမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွားလိုက်ပါနော်....သည်လိုလေးပေါ့နော်...
HKEY_LOCAL_MACHINE\   SYSTEM\   CurrentControlSet\  Services\   Dnscache\
နောက်ထပ် ဆက်ကရစ်ရန် ရှိပါသေးတယ်နော် မပြီးသေးပါ  ဇယားနံပါတ်  ( ၂ ) လာပါ့မယ်နော်...
ပုံမှာ ပြထားသလို နံပါတ် ( ၆ ) ထိကလစ်ပြီးတာနဲ့ ညာဘက်က အကွက်ထဲကို ကြည့်လိုက်ပါ... ဖိုင်လေး နှစ်ခု  သာရှိနေရမှဖြစ်ပါတယ်... ယခု ကျနော် ပြထားသော ဖိုင် လေးခု ဖြစ်နေခြင်းဟာ...ကျွန်တော် Firefox Speed ကို တိုးထားလို့ ဖြစ်ပါတယ်... မိမိတို့လည်း ထို့နည်းတူ ထိုင်လေး လေးခု ဖြစ်နေအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်...အမှန်က Speed တိုးပြီးတာနဲ့  မိမိတို့ အပေါ်ကပုံ နေရာပြန်သွားကြည့်တဲ့အခါ  စုစုပေါင်း ဖိုင်  ( ၆ ) ဖိုင်ဖြစ်နေရပါမယ်.. ကျနော်က ၂ ခု ဖျက်မိထားလို့  ၄ ခုဘဲကျန်နေတာ...ေိေိ... ကဲ.. အောက်မှာ...
မိမိတို့ ကွန်ပျူတာက Notepad  ကိုဖွင့်လိုက်ပါ  ဖွင့်ပြီးတာနဲ့  အောက်ကပေးထားတဲ့ ကုဒ်တွေ ယူထည့်ပါ
Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters]
"CacheHashTableBucketSize"=dword:00000001
"CacheHashTableSize"=dword:00000180
"MaxCacheEntryTtlLimit"=dword:0000fa00
"MaxSOACacheEntryTtlLimit"=dword:0000012d
အိုကေ ထည့်ပြီးတာနဲ့  ဆေ့ကြမယ်နော်  ဆေ့ တဲံအခါ အပေါ်ပုံပြထားသလို  file ကိုကလစ်ပါ.. save as ဆိုတာကိုကလစ်ပါ....အောက်မှာ ကြည့်လိုက်ပါ   ဆေ့တဲ့ အခါမှာ file name ဆိုတဲ့နေရာမှာ မဖြစ်မနေ
dnscache.reg   ဆိုတာနဲ့ ထည့်ဆေ့ပေးရမှာဖြစ်ပါတယ်...နေရာကိုတော့ မိမိတို့ Desktop ရေါးပေးပါ။
အိုကေပါ... ဒါဆို save ပေးလိုက်လို့ရပါပြီနော်... အဲလို ဆေ့လိုက်တာနဲ့ မိမိတို့ ဆေ့ထားတဲ့ ဖိုင်လေး Desktop ပေါ်ကြည့်လိုက်ပါနော်...
ကဲ မိမိတို့ မြင်နေရတဲ့ ဖိုင်လေးကို နှစ်ချက်ကလစ်ပြီး run  ပေးလိုက်ပါနော်  ပြီးတာနဲ့
Reg ဖိုင်လေးကို Run ပြီးတာနဲ့  HKEY_LOCAL_MACHINE\   SYSTEM\   CurrentControlSet\  Services\   Dnscache\   Parameters ဆိုတဲ့ နေရာရဲ့ ညာဘက် အကွက်ထဲမှာ ဖိုင် (၄)ဖိုင် တိုးတာပြီး အားလုံးပေါင်း (၆) ဖိုင် ဖြစ်သွားပါလိမ့်မယ်။
ဒါဆိုရင်တော့ Browser ကို Speed မြှင့်လို့ ပြီးသွားပါပြီ။ Registry ကို ပြင်တဲ့အတွက် ကွန်ပျူတာကို Restart လုပ်ပေးဖို့ လိုပါလိမ့်မယ်။
. ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ