Showing posts with label photoshop ဆိုင်ရာများ. Show all posts
Showing posts with label photoshop ဆိုင်ရာများ. Show all posts
Saturday, October 4, 2014
ဆံကေသာရောင်ဆန်းများ
အခုခေတ်မှာ ဆံပင်ဟာအနက်ရောင်ပါလို့ ပြောရင်ရာနှုန်းပြည့်မမှန်တော့ပါဘူး။ တချို့ကအနီ တချို့ကအနက် တချို့ကတော့ …….။ သင်လည်းသင့်ရဲ့ဆံပင်ကို အရောင် ပြောင်းကြည့်ဖို့များ စိတ်ကူးမိသလား၊ ဆံပင်ကိုဆေးမဆိုးခင် ဘယ်အရောင်ဟာ သင်နဲ့လိုက်ဖက်ညီမလဲလို့ အရင်သိဖို့လိုမယ်နော်။
ကဲလက်တွေ့စမ်းကြည့်ဖို့ အခုပဲကျွန်တော့်အချစ်ဆုံးရဲ့ ပုံလေးတစ်ပုံကိုဖွင့်လိုက်ပါတယ်။ (သူမသိစေနဲ့နော်)
အဲဒီပုံလေးကဆံပင် နေရာတွေကို Polygon lasso tool သုံးပြီး အခုလိုမျိုး selection တစ်ခုပြုလုပ်လိုက်ပါတယ်။
တစ်ခုသတိထားစေချင်တာက selection ကို ဆံပင်ရဲ့ အလင်းရောင်ရှိတဲ့နေရာတွေ (reflection) ကိုပဲ ရွေးထားပါတယ်။ ညာဘက်လည်ပင်း နားကဆံပင်တွေကိုမရွေးထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရောင်များတဲ့ဘက်သာလျှင် အရောင်ကူးပြောင်းရာမှာ အသိသာဆုံးမို့ပါ။ အဲဒီနောက်မှာတော့Image>Adjustments>Hue/Saturation ကိုရွေးပါ (Ctrl + U)။ Hue/Saturation Dialog box မှာတော့ Colorize ဆိုတဲ့ Check box ကိုရွေးပေးပါ၊ Hue တန်ဖိုးကို 55 မှာထားပြီး Saturation ကို 60 မှာထားလိုက်ပါတယ်။ (မိမိ အသုံးပြုသော Document နှင့် Color များပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်)။ OK ကိုနှိပ်ပါမယ်။
ပြီးရင် Deselect (Ctrl +D နှိပ်ပါ) ပြန်လုပ်လိုက်တဲ့အခါ အခုလိုပုံလေးကို မြင်တွေ့ရမှာပါ။
ကဲသင်လိုချင်တဲ့ အရောင်ကိုသာ Hue/Saturation ကစားပေးလိုက်ပါ၊ ဆံပင်အရောင် လှလှလေးတွေ ရလာမှာပါ။ အရောင်ဆိုးပြီးသား ဆံပင်ကနေ အနက်ရောင်ကို ပြန်သွားချင်ရင်တော့ အဲဒီဆံပင်ကို select လုပ်ပြီးတော့ Image>Adjustments>Desaturate ကိုရွေးပေးလိုက်ရုံပါပဲ။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Sunday, August 24, 2014
Artensoft Photo Collage Maker v1.2 With Key
ဒေါင်းလော့လုပ်ရန်
ပို့အသစ်တင်တိုင်း facebook ကနေဖတ်ချင်သူများ
ဒီမှာ Likes လုပ်လိုက်ပါ
ချစ်သူမောင်(နည်းပညာမျှဝေခြင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Friday, March 14, 2014
photoshop နဲ ပက်သက်တဲ့  patch file crack စုစည်းမှူ့ 
photoshop နဲ ပက်သက်တဲ့  patch file တွေ crack ဖိုင်လေးတွေကို တစ်နေရာတည်းမှာ စုစည်း ထားရှိမှု့ ပါ။ အရေးကြုံမှ အပူတစ်ပြင်းလိုက်မရှာရအောင် တစ်နေရာတည်းမှာ စုစည်းထားပေးပါတယ်။ဖိုင်ဆိုဒ် ( 18  MB ) လေးနဲ့  patch & crack file ပေါင်း ၂၇ ခုတိတိ ပါဝင်ပါတယ်။
ကဲ ဒေါင်းလုပ်ယူမယ်ဆိုရင် အောက်မှာဒေါင်းနိုင်ပါပြီ။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Monday, February 10, 2014
Magic Photo Editor 5.4 + Serial
ဒါလေး ကိုတော့ Facebook က ကျနော် ရဲ့ ညီလေး တယောက်ကတောင်းထားလို့
ပြန်ရှာတင်ပေးလိုက်တာပါ။သူရှာခိုင်းတာကတော့ Key သက်သက်ပါပဲ။ Key ရှာရင် နည်းနည်း ခက်လို့
သူ့ဆော့ဝဲ နဲ့ သူ့ ကီး အဆင်ပြေမယ့်ဟာလေးကိုပဲရှာပေးလိုက်ပါတယ် ညီ
ဓါတ်ပုံတွေကို ပြု့ပြင်ဖို့အတွက်ပါ။အသုံးဝင်မယ်ဆိုရင်အောက်မှာ ဝင်ဒေါင်းသွားလို့ရပါတယ်
Serial Key ကလည်း ဒီမှာ အလုပ်လုပ်ပါတယ် အောက်မှာ screen shot ကျနော် 
ယူထားပေးပါတယ်ခင်ဗျာ
DOWNLOAD
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, January 4, 2014
ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးနဲ့ လုပ်ချင်တယ် ဆိုရင် Photo DVD Slideshow Professional 8.53 လေးနဲ့ လုပ်ကြည့်ပါ
Photo DVD Slideshow Professional 8.53 Multilingual | 29.7 Mb
ကျနော် လက်တွေ့ လုပ်ထားတာလေး ကို ပြန်လည် မျှဝေခြင်ပါတယ် ခင်ဗျာ
ဘာလည်း ဆိုတော့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးနဲ့ဆလိုက်ရှိုး လုပ်နည်းလေးပါ
အခု့ခေတ်မှာတော့ လူတိုင်းနီးပါးလောက် လုပ်တက်နေကြပါပြီ။ ကျနော် ဆိုဒ်ကလည်း
ဆော့ဝဲတွေကိုပဲ မျှဝေ နေမိတယ် လုပ်နည်းကို ပြတာလည်း နည်းနေတယ် ဒါကြောင့် ဒါလေးနဲ့
ပထမဆုံး လုပ်ပြမယ်နော် ရိုးရိုး Slideshow တခု့ ဖြစ်အောင်ပဲ.ပုံလေးတွေနဲ့ပြမယ်နော်
ကျနော် လုပ်တာထက် ကောင်းတာလိုချင်တယ် ဆိုရင်တော့ အထဲမှာ လိုက်မွှေလိုက်ပါ
ဆော့ဝဲ ကိုတော့ အောက်မှာ ယူလိုက်ပါ ခင်ဗျာ ဖိုင်ဆိုဒ် ကလည်းသေးသေးလေးပါ
DOWNLOAD FROM
အထဲမှာ serial key နဲ့ user name ပါ ပါတယ်
ကျနော့် စက်မှာတော့ full version ဖြစ်ပြီးသွားပါပြီ ခင်ဗျာ
အရင်ဆုံး ဒေါင်းထားတဲ့ ဖိုင်ထဲ က dps install.exe ဆိုတာလေးကို run ပြီးတော့
အဆုံးထိ install လုပ်လိုက်ပါ။
ပြီးသွားပြီဆိုရင် Desktop မှာ Short cut လေးတခု့ တိုးသွားပါလိမ့်မယ်။
Short cut လေးကို ကလစ် ၂ ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် အပေါ်နားလေးက
Help ဆိုတာ လေးကို နှိပ်လိုက်ပါ။အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်။ Register ဆိုတာကို 
ဆက်သွားပါ
Registration Name နေရာမှာ Text ဖိုင်ထဲမှာ ပါတဲ့  Name နေရာက နာမည်ကို ထည့်လိုက်ပါ
Registration Key နေရာမှာလည်း အထဲမှာ ပါတဲ့ Serial ဆိုတဲ့ 
၃၅ လုံးပါတဲ့ စာလုံးတွေကိုထည့်လိုက်ပါပြီးရင် Activate လုပ်လိုက်ရုံပါပဲ ခင်ဗျာ
အပေါ်ကစာတန်းလေး ပေါ်သွာားရင် Full version ဖြစ်သွားပါပြီခင်ဗျာ။ အဲ့ဒါက  Fullversion
ဖြစ်အောင်လုပ်နည်း ကို အတိုချုံး ပြထားတာပါ ခင်ဗျာ
အရင်ဆုံး မိမိအသုံးပြု့မယ့် Photo DVD Slideshow Professional လေးကို
ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။အောက်က ပုံအတိုင် ပေါ်လာမယ်
ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါး နဲ့ လုပ်ရတာလွယ်ကူပါတယ်။ပထမဆုံး မိမိ လုပ်မယ့်
ဓါတ်ပုံ Album ကို Themes လေးနဲ့ လုပ်ချင်တယ် ဆိုရင်အောက်မှာ ပြထားတဲ့ Album Themes
ဆိုတဲ့ နေရာကနေသွားလိုက်ပါ အဲ့ဒီမှာညာဘက်ဘေးမှာCurrent theme ဆိုတာလေးရှိပါတယ်
မိမိ စိတ်ကြိုက် Themes တွေကို ရွေးချယ် အသုံးပြု့နိုင်ပါတယ်
ရွေးချယ်လိုက်ပြီ ဆိုရင် ဓါတ်ပုံတွေဟာ Themes ထဲမှာ ပဲ လှလှပပ လေးပေါ်လာမှာပါ
ဒီအောက်မှာတော့  ၁ ၊၂ ၊၃ ၊ ၄ ဆိုပြီးတော့ နံပါတ်တပ်ပေးထားပါတယ်
၁။ မိမိ အသုံးပြု့မယ့် ဓါတ်ပုံတွေကို Organize Photoဆိုတာကိုနှိပ်ပြီး ရွေးချယ်လိုက်ပါ ။
၂။ သူကတော့ Album Photo ဆိုတာ ကို နှိပ်ပြီးတော့ မိမိ ရွေးထားတဲ့ ပုံတွေကို slide show 
လုပ်ဖို့အတွက် ထပ်ရွေးချယ်ပေးရပါမယ်။
၃ ။ အခု့န ရွေးချယ် ထားတဲ့ ပုံတွေကို + Add ဆိုတာကို နှိပ်ပြီးတော့ နောက်ဆုံးရွေးပေးရပါမယ်
၎ ။  Output Format ဆိုတာကတော့ ဆလိုက်လုပ်ပြီးတဲ့ အခါ ဒီ video ကို မိမိ က ဘယ်နေရာမှာ
ကြည့်ချင်တာလဲ..? Android မှာလား IOS ဖုန်းတွေမှာလား 
 DVD, VCD Media Player တွေမှာလား မိမိ အသုံးပြု့မယ့် DEVICE အပေါ်မှာ 
မူတည်ပြီးတော့ ရွေးပေးရပါမယ်။
အောက်မှာ ပြထားသလို မိမိကြိုက်ရာ Format နဲ့ အသုံးပြု့နိုင်ပါတယ်
ဓါတ်ပုံတွေကို ရွေးပြီးရင် နောက်ခံ အသုံးပြု့ဖို့အတွက် သီချင်းရွေးပေးရပါမယ်
သီချင်းရွေးဖို့အတွက် Transition & music ကိုရွေးပေးပါ။
 အောက်က ပုံ အတိုင်း Add ကို ဆက်နှိပ်ပါ
မိမိ အသုံးပြု့မယ့်သီချင်းရပြီ ဆိုရင် Open ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။ ဒီနေရာမှာ အသုံးပြု့မယ့်
သီချင်းနဲ့ မိမိရွေး ထားတဲ့ ဓါတ်ပုံတွေ အချိန် ကိုက်ညီမှု့ ရှိမရှိ ကိုလည်း တခါတည်းစစ်ဆေးပေးရပါမယ်
သီချင်းက ရှည်နေပီး ပုံတွေ နည်းနေရင် ထပ်ဖြည့်ပါ။ သီချင်းက တိုပြီးတော့ ပုံတွေက များနေရင်လည်း
ပုံတွေကို တခါတည်း ဖျက်လို့ရပါတယ်
သီချင်းရဲ့ ကြာချိန် ဓါတ်ပုံတပုံ ကနေ တပုံ ကို ကူးပြောင်းမှု့ ကြာချိန်တွေကို အပေါ်က ပြထားတဲ့
အနီရောင်လေးထောင့် ကွက်ထဲမှာ တခါတည်း ဝင်ညှိလို့ ရပါတယ်။
အောက်မှာတော့ မိမိ လုပ်ထားတဲ့ သီချင်းတွေနဲ့ ဓါတ်ပုံတွေကို ကွန်ပြူတာထဲမှာပြန်သိမ်းတော့မယ် 
ပုံမှာ ပြထားတဲ့ အတိုင်း Burn to Disc ကို နှိပ်လိုက်ပါ။
မိမိရွေးချယ်ထားတဲ့ output format ရဲ့ ဘေးမှာ Creat Now ဆိုတာလေး ပါတယ်
နှိပ်လိုက်တာနဲ့ process စပါပြီခင်ဗျာ. 
အောက်က ပုံလေးကတော့ မိမိရဲ့ Photo SlideShow ပြီးဆုံးသွားတာကို ပြထားတာပါ
မိမိ လုပ်ထားတဲ့ Movies လေးကို သွားကြည့်ချင်ရင် အများအားဖြင့်တော့
My Document ထဲက Photo Slide Show Creator ထဲမှာသွားကြည့်လိုက်ပါ
ဒါပေမယ့် တယောက်နဲ့ တယောက် Output Folder တူချင်မှ တူမှာပါခင်ဗျာ။
အထဲမှာ လုပ်လို့ ရတာတွေအများကြီးပါ ပါတယ် ကျနော် ကလည်း အလုပ်တဖက်နဲ့ မို့ ဒီလောက်လေးပဲ
ပြောပြနိုင်ပါတယ် ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Friday, November 22, 2013
Photoinstrument 6.4
 Photoinstrument 6.4 (4.4MB)
ဒါလေးကတော့ ဆိုဒ်ထဲက လင့်သေနေတာကို ကို ကျော်ကျော် လာပြောသွားလို့
ပြန်တင်ပေးလိုက်တာပါ၊ Latest လို့ပြောလို့ရပါတယ် ဘာဖြစ်လို့လည်းဆိုတော့
သြဂုတ်လ က update ထွက်သွားတာပါ။ဓါတ်ပုံ တွေပြင်တဲ့နေရာမှာ
လွယ်လွယ်ကူကူ နဲ့ အကောင်းမွန်ဆုံး ပြန်ပြင်ဖို့ဆိုရင် ဒီကောင်လေး က
နာမည်ကြီးပါတယ်။အားလုံးလည်း ရင်းနှီးနေပြီးသားပါ။အောက်မှာဒေါင်းလိုက်ပါ
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, October 30, 2013
ပုံတွေကို ပြု့ပြင်ရာမှာ အသုံးဝင်တဲ့ PhotoScape 3.6.5 နောက်ဆုံး update နှင့် အသုံးပြု့နည်း
  27 ရက်နေ့ကထွက်သွားတဲ့ update လေးပါ ။
ကျနော် လိုပဲ Photoshop မသုံးတက်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းအဆင်ပြေပါတယ်
ဓါတ်ပုံဖြတ်ညှပ် ကပ်၊နာမည်ရေး စာရေး၊ Logo ဆွဲ ၊ မွေးနေ့ဖိတ်စာတွေ လောက်ကတော့
ကောင်းကောင်းလေးဆွဲ လို့ရတယ်။ အသုံးလိုမယ် ဆိုအောက်မှာဆွဲသွားလိုက်ပါ ခင်ဗျာ
ဒေါင်းပြီးတာနဲ့  အသုံးပြုလို့ရမှာ ဖြစ်ပါတယ်.. အသုံးပြုနည်းကိုလည်း  ကျွန်တော် တတ်နိုင်သလောက်
ရှင်းပြလိုက်ပါ့မယ်... လွယ်ကူတာမို့ ကလိရင်းးတတ်မှာ သေချာပါတယ်ဗျာ... အသင့်တင့်လောက်တော့
ပြောပြလိုက်ပါတယ်နော်...ကဲ စမယ်... ဆော့ဝဲလ်ကို ဖွင့်လိုက်ပါနော်.. အောက်ကပုံပေါ့
 သည်လိုကျလာမှာ ဖြစ်ပါတယ်... အပေါ်က ကင်မရာ ပုံလေးကိုကလစ်ပြီး စကြမယ်နော်..ကလစ်လိုက်ပါ
သည်လိုဖြစ်လာမယ်... သည်မှာ ရှင်းစရာတွေ များးနေမယ်... ပုံတွေ များနေမှာ မို့  တခုချင်းးသည်ပုံလေး
ကိုအဓိက  နမူနာထား ရှင်းပြလိုက်မယ်နော်....
(၁)  သည်လိုကျလာတာနဲ့  ဘယ်ဘက်က ကွန်ပျူတာ ဖိုင်တွေထဲက ပုံရှိတဲ့ နေရာကိုသွားလိုက်ပါ။
(၂)  အဲမှာ ရှိနေတဲ့ ပု့တွေကို သူ့အောက်ကနေ ပုံလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်... ရွေးချယ်လိုက်ပါ။
(၃)  ပုံရွေးပြီင်္း ရောက်နေတာနဲ့  စကြမယ်နော်... တခုချင်းးစလိုက်မယ်... လက်တွေ့ လုပ်ရင်းစမ်းသတ်ပါ။
(၄)  အရေးကြီးးတာကတော့ ပုံကို စာရေးတာ ပြုပြင် ပေါင်းစပ်တာတွေအတွက် Object ကိုကလစ်ရမယ်။
  (i) ပုံပေါ်စာရေးဖို့အတွက်   T  ဆိုတာလေးကိုကလစ်ရပါမယ်။
  (ii)  ပုံပေါ်ကို နောက်ထပ် ပုံတွေ ပေါင်းစပ်မယ် ထပ်ထည့်မယ်ဆို  T ရဲ့အပေါ်ထောင့်က photo ဆိုတာ
        လေးကိုကလစ်လိုက်ပါ ကျွန်ပျူတာဖိုင်ကျမယ်  လိုရာပုံ ထပ်ထည့်မယ်...ပေါင်းစပ်မယ်ပေါ့။
  (iii)  Home  ဆိုတာကတော့ ပုံပြီးးတာနဲ့ ဘောင်ခတ်လို့ရတဲ့ နေရာ တစ်ခု ဆိုပါတော့နော်..တခြားးတွေလည်းလုပ်လို့ရပါတယ်.. စမ်းကြည့်ပါ။
(iv) Crop  ဆိုတာက ပုံတွေကို လိုအပ်တဲ့ နေရာကနေ ဖြတ်တောက်ယူတဲ့ အပိုင်းလေးပါ။
(v )  Tools  ဆိုတာကလည်း လုပ်စရာတွေ များစွာ ရှိပါတယ်...
( vi)  အောက်က ကြယ်ပုံတွေ လေးထောင့်ကွက်တွေ  အ၀ိုင်းလေးတွေကတော့  မိမိလိုအပ်သလို အသုံးပြု
       နိုင်ပါတယ်... ဥပမာ ကျွန်တော် ပုံတွေပေါ် အနီကွက်လေးတွေ မျှားလေးတွေ ပြထာ အဲထဲကပါ။
ကဲဗျာ သည်လိုဆို လုပ်ရင်းးတတ်မှာသေခြာပါတယ်... လုပ်ဆောင်ချက်  မှားလို့ ပြန်ဖျက်မယ်ဆိုရင်
ညာဘက် အောက်ထောင့်မှာ  Undo ဆိုတာ ကလစ်တာနဲ့ သူ့ဘာသာ ပျက်ပါတယ်...
ဆေ့တော့မယ်ဆိုတာနဲ့ အဲအောက်က  Save ပေါ့ဗျာ... ဒါဆို ဇယားလေးကျလာမယ်..
 သည်လိုပေါ့ အဲခါမှာ အောက်က  Save As ဆိုတာကလစ်ပြီး မိမိတို့ လိုအပ်သောနေရာ ကျွန်ပျူတာ ဖိုင်ထဲမှာ ဆေ့ပြီးသိမ်းထားနိုင်ပါပြီင်္.....
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Thursday, September 19, 2013
ADOBE INDESIGN CS6 အသုံးပြုနည်း (မြန်မာလို)
U Sann Oo (MIS, Mandalay) မှ ရေးသားထားတဲ့
 Adobe InDesign CS6 အသုံးပြုနည်း စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
 မြန်မာလို တစ်ဆင့်ချင်းစီ ရှင်းပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
tools များအကြောင်းကို ပြည့်စုံစွာ ရေးသားပေးထားပြီး စာမျက်နှာပေါင်း ၅၀ နီးပါး ပါဝင်ပါတယ်။
Adobe InDesign CS6 က design ဆွဲခြင်းအတွက် ကောင်းမွန်ရုံတင်မကပဲ၊ 
ဒီစာအုပ်ထဲမှာ လှပသေသပ်တဲ့ PDF ဖိုင် အဖြစ် ထုတ်ယူခြင်းကိုပါ၊ သင်ပြပေးထားပါတယ်။
winkabarkyaw
Saturday, August 3, 2013
Portable Photoshop CS3 ( portable )
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
ဖိုတိုရှော့ ၀ါသနာရှင်များအတွက်  လိုအပ်ပါက အောက်မှာ ဒေါင်းယူနိုင်ပါတယ်..
လိုခြင်သောသူများ အောက်မှာ ဒေါင်းယူလိုက်ပါနော်
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
Portable Adobe Photoshop CS3
ဒါလေးကတော့ Photoshop ၀ါသနာတူ သယ်ရင်းများအတွက် Portable Photoshop CS3 လေးပါ
လိုအပ်ရင် အောက်မှာဒေါင်းနိုင်ပါတယ်၊
- See more at: http://khithitmaung.blogspot.com.au/2013/01/portable-adobe-photoshop-cs3.html#.UWGDI-9dzy0
နောက်ထပ်လိုအပ်ပါက   သည်နေရာမှာ  cs3...cs4  ယူနိုင်ပါသေးတယ်။
သည်နေရာမှာလည်း   cs5  ရယူနိုင်ပါတယ်....
သည်နေရာမှာတော့    cs4  ဖူးဗားရှင်းလေးပါ
အဆင်ပြေပါစေ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... 
ဘလော့ခရီးသည် 
www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.com 
တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်
Saturday, July 27, 2013
Proshow Gold ဖြင့် Slide Show ပြုလုပ်နည်း (စာအုပ်)
 မိတ်ဆွေတို့အတွက်  ပုံလေးတွေကို ကစားးရတာာဝါသနာပါတယ်ဆိုရင်  သည်နည်းလေးကလန်းးမယ်လို့ ထင်လို့ ပြန်လည် မျှဝေပေးလိုက်ခြင်းပါ  နောက်ခံသီချင်းလေးတွေနဲ့  ဘာဘာညာညာ  လှလှပပလေးတွေ  ကလိကြဖို့  နည်းလမ်းပြထားတဲ့ စာအုပ်ကောင်းးလေးတစ်အုပ်ပါ  
လိုအပ်သူများအောက်မှာ ဒေါင်းယူလေ့လာနိုင်ပါတယ်...
Proshow Gold ဖြင့်  Slide Show  ပြုလုပ်နည်း (စာအုပ်)
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com