အခုခေတ်မှာ ဆံပင်ဟာအနက်ရောင်ပါလို့ ပြောရင်ရာနှုန်းပြည့်မမှန်တော့ပါဘူး။ တချို့ကအနီ တချို့ကအနက် တချို့ကတော့ …….။ သင်လည်းသင့်ရဲ့ဆံပင်ကို အရောင် ပြောင်းကြည့်ဖို့များ စိတ်ကူးမိသလား၊ ဆံပင်ကိုဆေးမဆိုးခင် ဘယ်အရောင်ဟာ သင်နဲ့လိုက်ဖက်ညီမလဲလို့ အရင်သိဖို့လိုမယ်နော်။
ကဲလက်တွေ့စမ်းကြည့်ဖို့ အခုပဲကျွန်တော့်အချစ်ဆုံးရဲ့ ပုံလေးတစ်ပုံကိုဖွင့်လိုက်ပါတယ်။ (သူမသိစေနဲ့နော်)

အဲဒီပုံလေးကဆံပင် နေရာတွေကို Polygon lasso tool သုံးပြီး အခုလိုမျိုး selection တစ်ခုပြုလုပ်လိုက်ပါတယ်။

တစ်ခုသတိထားစေချင်တာက selection ကို ဆံပင်ရဲ့ အလင်းရောင်ရှိတဲ့နေရာတွေ (reflection) ကိုပဲ ရွေးထားပါတယ်။ ညာဘက်လည်ပင်း နားကဆံပင်တွေကိုမရွေးထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရောင်များတဲ့ဘက်သာလျှင် အရောင်ကူးပြောင်းရာမှာ အသိသာဆုံးမို့ပါ။ အဲဒီနောက်မှာတော့Image>Adjustments>Hue/Saturation ကိုရွေးပါ (Ctrl + U)။ Hue/Saturation Dialog box မှာတော့ Colorize ဆိုတဲ့ Check box ကိုရွေးပေးပါ၊ Hue တန်ဖိုးကို 55 မှာထားပြီး Saturation ကို 60 မှာထားလိုက်ပါတယ်။ (မိမိ အသုံးပြုသော Document နှင့် Color များပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်)။ OK ကိုနှိပ်ပါမယ်။

ပြီးရင် Deselect (Ctrl +D နှိပ်ပါ) ပြန်လုပ်လိုက်တဲ့အခါ အခုလိုပုံလေးကို မြင်တွေ့ရမှာပါ။

ကဲသင်လိုချင်တဲ့ အရောင်ကိုသာ Hue/Saturation ကစားပေးလိုက်ပါ၊ ဆံပင်အရောင် လှလှလေးတွေ ရလာမှာပါ။ အရောင်ဆိုးပြီးသား ဆံပင်ကနေ အနက်ရောင်ကို ပြန်သွားချင်ရင်တော့ အဲဒီဆံပင်ကို select လုပ်ပြီးတော့ Image>Adjustments>Desaturate ကိုရွေးပေးလိုက်ရုံပါပဲ။

0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ