Showing posts with label zawgyi font. Show all posts
Showing posts with label zawgyi font. Show all posts

Friday, October 11, 2013

windows 8 မှာ folder တွေ ကို မြန်မာ လို ရေးမရတဲ့ သူများအတွက်



 windows 8 မှာ folder တွေ ကို မြန်မာ လို ရေးမရတဲ့ သူများအတွက်
=======================================
( အဆင့် -၁ ) Control Panel > Fonts ထဲကို ဝင်လိုက်ပါ။

(အဆင့် -၂ ) Fonts ထဲမှာ Myanmar Text Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show ဆိုပြီး ဖေါ်လိုက်ပါ..။

(အဆင့် -၃ ) ပြီးရင် ဇော် ဂျီ ကို တစ်ခါ install ပြန်လုပ်ပြီး restart ချပေးလိုက်ရင်ရပါပြီ။ (မြန်မာစာတွေ folder မှာမြင်ရပါပြီ )








အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။


စိုင်းသူ

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, June 27, 2013

WINDOWS 8 မှာ ZAWGYI FONT သွင်းယူနည်း

windows 8 အသုံးပြုသူများအတွက်ဇော်ဂျီဖောင့် အသုံးပြုနည်းလေးပါ။ကျွန်တော့် ရှေ့ ကသူငယ်ချင်းများလည်းဖော်ပြပေးထားပြီဖြစ်ပါတယ်။ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပထမအနေနဲ့ မြန်မာဇော်ဂျီဖောင့် ကိုအသုံးပြုတော့ မယ်ဆိုရင်zawgyi font ကိုအရင်ဆုံးinstall လုပ်ရပါမယ်။ပြီးရင် zawgyi keyboard - ကိုစာရိုက်ဖို့ အတွက် ထပ်မံ install လုပ်ရပါမယ်။ဒီလောက်နဲ့ တင်အဆင်ပြေနေပါပြီတကယ်လို့ အခက်အခဲရှိနေသေးရင်IE zawgyi font ကိုထပ်မံထည့် သွင်းပြီး setup ဖိုင်ကို install လုပ်ပါ။ပြီးရင် control panel ထဲမှာအောက်မှာဖော်ပြပေးထားတဲ့ ပုံလေးအတိုင်းဆက်လက်လုပ်ပေးရုံပါပဲ။
ပထမဆုံးအနေနဲ့  control panel ကိုသွားလိုက်ပါပြီးရင် All Control Panel Item ကိုဖွင့် လိုက်ပါ အဲဒီမှာ language ဆိုတဲ့ ပုံလေးကိုဖွင့် လိုက်ပါ။
ပြီးရင်အောက်မှာဖော်ပြထားတဲ့  Advaced Settings ကို ထပ်ပြီးကလစ်လုပ်လိုက်ပါ
အိုကေဒီအဆင့် ထိရောက်လာပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံမှ Override for default input method ဆိုတာကိုရှာပြီး...။ အဲဒီအောက်ကပုံထဲမှာအနီရောင်နဲ့ ကွင်းခတ်ပေးထားတဲ့ နေရာမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်လိုက်ပါ..ပြီးရင်ဇော်ဂျီဖောင့် ကိုအသုံးပြုလို့ ရပါပြီခင်ဗျာ။
တစ်လက်စတည်းပြေပါရစေ တကယ်လို့  mozila firefox မှာ မြန်မာစာမပေါ်သေးလို့ ပြသနာဖြစ်နေအုံးမယ်ဆိုရင် firefox ရဲ့ tool ကိုသွားပါ ပြီးရင် option ကိုကလစ်ပါ ပြီးရင် contant ကိုကလစ်ပေးပြီး အောက်ကပုံလေးအတိုင်းပြင်လိုက်ရင်အားလုံးအိုကေသွားမှာပါ။မသိသေးတဲ့ ကျွန်တော့ သူငယ်ချင်းတွေအတွက်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။




Download for-zawgyi one font

Download for zawgyi keyboard

Download for IE zawgyi gtalk font


အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ(နည်းပညာ ပြန်လည်မျှဝေ ခြင်း )