Showing posts with label android နှင့် ဆိုင်သောနည်းလမ်းများ. Show all posts
Showing posts with label android နှင့် ဆိုင်သောနည်းလမ်းများ. Show all posts
Saturday, June 28, 2014
မိမိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး  ဖြေ ရှင်း လို့  ရပါ တယ်။
virus ရှိတဲ့  လက္ခာဏာ များ
======================
  2.  frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
  3. switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
  4. Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
  5. no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
  6. failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။
အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။
သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================
  1. virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု  ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
  2. မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
  3. တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။
အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )
www.saithu102.blogspot.com
Slow Functioning: Your entire handset will become very slow. If you open the menu, it will load after 2-5 seconds. Also all the softwares and apps will take double the time to open. In short, your handset will suck! - See more at: http://www.allflashfiles.com/remove-virus-mobile-phone/#sthash.kTn8RWIB.dpuf
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
android ဖုန်း မှာ setting ပိုင်း ကလိ ချင် သူ များ အတွက်
Android App တစ်ခုချင်းစီအတွက် Settings များကို ပြုပြင်ပြောင်းလဲချင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် Video Player ကို Landscape Mode နဲ့ဖွင့်ဖို့၊ Music Player ကိုဖွင့်ရင် သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ ဖွင့်ဖို့၊ App တစ်ခုကို ဖွင့်ရင် Mobile Data အစား WiFi ကို အသုံးပြုဖို့ စတာတွေဖြစ်ပါတယ်။
App တစ်ခုဖွင့်တိုင်း အဲဒီအလုပ်တွေကို ကိုယ်တိုင်ပြုလုပ်လို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ App တစ်ခုကိုဖွင့်တိုင်း မိမိနှစ်သက်တဲ့ Settings တွေနဲ့ အလုပ်လုပ်ဖို့ ပြုလုပ်ပေးနိုင်တဲ့ App က App Config Free ဖြစ်ပါတယ်။ App Config Free က အောက်က Settings တွေကို ပြောင်းလဲပေးနိုင်ပါတယ်။
1. Screen Brightness
2. Screen Orientation
3. Screen Timeout
4. Volume
5. Mobile Data
6. WiFi
7. Bluetooth
အင်တာနက်အသုံးပြုခွင့် မပေးချင်တဲ့ App ကို Mobile Data ရော WiFi ပါ အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။ App တစ်ခုရဲ့ Screen Brightness ကိုမြှင့်ချင်၊ နှိမ့်ချင် လို့လည်း ရပါတယ်။ Bluetooth Keyboard or Speaker တွေနဲ့တွဲဖက် အလုပ်လုပ်တဲ့ App ကိုဖွင့်ရင် Bluetooth ကို ဖွင့်ပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Dialer App ရဲ့ အသံ အနိမ့်အမြင့်ကို ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုကို သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ဖွင့်ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။
App Config Free က သင်နှစ်သက်ရာ Settings တွေ သတ်မှတ်ထားတဲ့ App ကိုဖွင့်တိုင်း အလိုအလျှောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်လိုက်တာနဲ့ နဂို Settings ကို ပြန်ပြောင်းပေးမှာ ဖြစ်ပါတယ်။
App Config Free မှာ သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ App အားလုံး ကို ပြသပေးထားပါတယ်။ App တစ်ခုရဲ့ Settings ကို ပြောင်းဖို့ အတွက် အဲဒီ App ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings တွေကို နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ App Config Free မှာ Settings တွေ ပြုပြင်ထားတဲ့ App တွေကို Bold အနေနဲ့ ဖော်ပြပေးထားမှာပါ။
App Config Free ကို အခမဲ့အသုံးပြုရင် ကြော်ညာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေးဗားရှင်းမှာ ကြော်ညာတွေ ထည့်သွင်းထားခြင်း မရှိသလို ပြုပြင်နိုင်တဲ့ Settings တွေလည်း ပိုမိုများပြားပါတယ်။ 
Download App Config Free
(C) MMITC
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Sunday, June 1, 2014
android အတွက် smart zawgyi pro လာပါပြီ
Developer
ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။
၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error
ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။
မနေ့ညက အဲဒါသုံးရင်း အဲဒီ
Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users
တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version)
အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro
(Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart
Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run
ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့
အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။
-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။
-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို
ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။
ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း
Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro
ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။
Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။
Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။
Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။
http://www.solidfiles.com/d/635449c200/smartzawgyipro_(Thet_Naing_Soe).apk
(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)
အားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
re:Thet Naing Soe
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, April 30, 2014
ဆမ်ဆောင်း 4.2.2 နဲ့ အထက်တွေအတွက် မြန်မာစာမှန်မဲ့  samaung portable batch
ကိုဖြိုးညီညီရေးတဲ့ Tool လေးပါ.. သူရေးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်.
---
ဆမ်ဆောင်း 4.2.2 နဲ့ အထက်တွေအတွက်
မြန်မာစာ သွင်းဖို.ပါ CSC မကိုက်လို.ေ တွေရှေ.နောက်လွဲတာက အစ ပြင်လို.ရပါတယ်
အစ ကတော. GUI နဲ့ တင်ပေးမလို.ပါ ခုတော. လေ.လာချင်သူတွေအတွက် အဆင်ပြေအောင် batch နဲ့ပဲ ရေးထားတာလေး တင်လိုက် တယ်
ဖေါင့်ထည်.ရုံနဲ့ logo လည်နေတာ စက်မတက်တော.ဘူးဆိုတဲံ့ပြသနာ မတက်စေဖို.
၁၀၀% အာမခံပါတယ်..။
Ref : မောင်ပေါက်
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, March 15, 2014
sony phone သမားတွေ အတွက် bootloader unlock အလွယ်တစ်ကူ လုပ်မယ်
Sony phone  သမားတွေ root ဖောက်တဲ့ နေရာမှာ  bootloader unlock  အလွယ်တစ်ကူ လုပ်လို့ ရပါပြီ။
ဒီဆော့ ဝဲ လေး ကို  မိမိတို့  pc မှာ install လုပ်ပြီး  unlock  လုပ်ချင်တဲ့   မိမိတို့ ရဲ့    ဖုန်း နှင့်  ချိတ်ဆက်ပြီး  unlock  လုပ်လို့  အလွယ်တစ်ကူ ရပါပြီ။  sony သမားတိုင်းနှင့်  ဆိုင်လက်ဆွဲ ပေါ့ ဗျာ သူ့ ကို အသုံး ပြုမယ် ဆိုရင် တော့  အင်တာနက်  ကွန်နက်ရှင် တော့  လိုအပ်ပါတယ်။      အသုံးပြုမယ် ဆို ရင်  အောက်မှာ ဒေါင်းလုပ် ယူ လိုက်ပါ။
ဒေါင်း ရန်  , zippyshare , solidfiles
ref ; smart ghost
အသစ်တင်တိုင်း facebook ကနေ ဆော့ဝဲတွေကို ရယူမယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Saturday, February 22, 2014
android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။
android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။
မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု လို့ ရနိုင်ပါပြီ။
.အလွယ်ကူဆုံးဖြစ်အောင် ရှင်းလင်းပြသပေးထားပါတယ်ခင်ဗျာ....
ဒီပိုစ်လေးမှာ virtual box  ဆော့ ဝဲတစ်ခု ကိုအသုံးပြုပြီး မိမိတို့  pc မှာ android os ကို တင်ပြီး စမ်းသပ်နိုင်သလို.....မိမိတို့ ဖုန်းအတွက် root လုပ်ခြင်းများ ကိုလည်း ကွန်ပျူတာမလို ပဲ အဆင်ပြေအောင်
တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖော်ပြပေးထားပါတယ်။
နည်းပညာ လေ့ လာလိုက်စားတဲ့  မိတ်ဆွေများအတွက် click တစ်ချက်တည်းနဲ့ အဆင်ပြေစေရမယ်ဆိုတာ 100 % နှုန်း လုံးဝ (လုံးဝ ) သေချာပေါက် ဖြစ်အောင်
ရှင်းလင်းပေးထားပါတယ်.......video file လေးကိုကြည့် ပြီး လုပ်သွားလို့ ရအောင် ဘလော့ အောက်ခြေမှာ တင်ထားပေးပါတယ်ခင်ဗျာ........
အဆင့်  ( ၁ )
==================
အရင်ဆုံးလိုအပ် မဲ့  virtual box ကို ဒီနေရာမှာ ဒေါင်း ယူလိုက်ပါခင်ဗျာ......ပြီးရင် insall လုပ်ပေးထားပါ.
အဆင့် ( ၂ ) 
=================
လိုအပ်မဲ့  android os ကို ဒီမှာ ဒေါင်းယူလိုက်ပါ......ပြီးရင်  android os ကို double click နဲ့  run ပေးလိုက်ပါ.......ပြီးရင် import ကိုနိုပ်ပေးလိုက်တာနဲ့ android os ကစတင် ပြီးသင့် ကွန်ပျူတာမှာ အလုပ်လုပ်နေတာကိုမြင်တွေ့ ရပါမယ်...
start ဆိုတဲ့ အစိမ်းရောင်လေးကိုနိုပ်ပါ။
android logo လေးပေါ်လာပါလိမ့် မယ် ခဏစောင့် ပေးပါ
 ဒီနေရာမှာ language ကိုအောက်ကပုံအတိုင်းရွေးပေးပြီး start ကိုနိုပ်ပါ။
gmail account ရှိလားမေးလာတဲ့ ပုံပါ no ကိုနိုပ်ပြီး သွားလိုက်ပါ။
next button ဖြစ်တဲ့  အပြာရောင်လေးနဲ့ ထောက်ထားတဲ့ မြှားကို ကလစ်ပါ။
not now ကိုရွေးပေးပါ။
 ဒီနေရာမှာ မိမိနှစ်သက်တဲ့ နာမည်ကိုပေးပေးပါ။
set up complete ဖြစ်ပြီဆိုတဲ့ အတွက် finshed ကိုနိုပ်ပါ။
flashplayer ကို install လုပ်ဖို့ အတွက် ok ကိုနိုပ်ပေးပါ။
 google play store ထဲကိုဝင်ဖို့ အတွက် မိမိမှာ အသုံးပြုနေတဲ့  email နှင့်  password ကိုထည့် ပေး
လိုက်ပါ။
not now ကိုနိုပ်ပေးပါ။
playstore မှာ super su ကို install လုပ်ပြီး မိမိရဲ့  android tablet ကို root acess ယူပါ
super su ကိုဖွင့် ပြီး အပြာရောင်နဲ့ ဖြစ်နေတဲ့  TWRP/CWM ကိုနိုပ်ပါ။
ALLOW ကိုနိုပ်ပါ။
ZAWGYI FONT CHANGER ကို INSTALL လုပ်ပါ။ ပြီးရင်  FONT CHANGE ပေးပါ။
ဇော်ဂျီ ကို install လုပ်ပေးပါ။
restart ချပေးလိုက်ပါ။ပြီးရင် start ကနေတစ်ခါ ပြန်ပြီးပါဝါဖွင့် ပေးရမှာဖြစ်ပါတယ်။
ဒါကတော့  မိမိတို့  tablet မှာမြန်မာစာ အမြင်မှန် တာကိုတွေ့ ရမဲ့ အနေအထားပါ။
viber ကို playstore မှ install လုပ်ပါ
viber ကိုဖွင့် ပြီး မိမိဖုန်းနံပါတ်ကိုထည့်  ပေးလိုက်ပါ။
မိမိဖုန်း ထဲသို့  viber မှရောက်လာသော code နံပါတ်ကို ရိုက်ထည့် ပေးပါ။
မိမိဖုန်းမှာ viber အသုံးပြုလို့ ရပြီဆိုလျင် ကွန်ပျူတာမှာလည်းအသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာအတွက် လိုအပ်သော viber ကို ဒီနေရာမှာဒေါင်းပါ။ install လုပ်ပါ။
မိမိမှာ ဖုန်းနံပါတ်ရှိပါသလားလို့ မေးလာတဲ့ အခါ yes ကိုနိုပ်ပြီး အပေါ်က ဖုန်းမှာ ထည့် သွင်းထားသောဖုန်းနံပါတ်ကို တစ်ခါထပ်ထည့် ပေးလိုက်ပါ။
မိမိတို့ ဖုန်းထဲ သို . code နောက်တစ်ကြိမ်ထပ် ပို့ ထားပါလိမ့် မယ်.....ဖြည့် ပေးလိုက်ပါ။
တကယ်လို့ မပို့ ထားရင်လည်း အရင်ဆုံး မိမိတို့ အသုံးပြုခဲ့ သောကုဒ်နံပါတ်ကို ပြန်ထည့် ပေးလျင်လည်း
အဆင်ပြေပါတယ်။
ဒါကတော့  မိမိတို့ ကွန်ပျူတာပေါ်မှာ တင်ထားတဲ့ ဖုန်းတစ်လုံးရဲ့  app တွေကိုပြသထားတာပါ။
အဆင်ပြေအောင် video file လေးပါ တင်ထားပေးပါတယ်။
အားလုံးပဲအဆင်ပြေသွားပါပြီခင်ဗျာ.........
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
www.saithu102.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Tuesday, February 18, 2014
Android Application ကို မြန်မာမှုပြုရအောင်
English ဘာသာနဲ့ရေးထားတဲ့ Application ကို ဗမာစာပြောင်းချင်သူများအတွက် ဗမာစာပြောင်းလဲနည်းကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့…..
APK Multi-Tool (Official APK MULTI-TOOL နဲ့ Frameworks ကို download ပြုလုပ်ရပါမယ်)
Notepad++ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)
Java (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ)
လိုအပ်တာတွေကို Download ပြုလုပ်ပြီးပြီဆိုရင်တော့ APK MULTI-TOOL နဲ့ Frameworks ဖိုင်နှစ်ဖိုင်ပေါ်မှာ right click နှိပ်ပြီး  Extract here ပေါ်မှာ Click ပါ ။ APK-Multi-Tool Folder နဲ့ framework files အများကြီးကိုတွေ့ရပါလိမ့်မယ်။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Monday, February 17, 2014
ANDROID ဖုန်းတွေမှာ MEMORY အလိုအလျောက်ပြည့်လာတာကို ဖြေရှင်းဖို့နည်းလမ်း တစ်ခု့
4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း 
ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် ။
 2.3 တွေတော့မမှတ်မိတော့ဘူးဗျ ခွင့်လွှတ်ပေးပါ 
အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ် 
တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder 
ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ 
 အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ် 
ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက
 ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6 
Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage 
ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက် 
ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့ 
ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia
 folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file 
အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့ 
အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး 
ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး 
gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot 
ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ 
ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့ 
ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး 
စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင် 
ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး 
ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့ 
thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ 
ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data 
အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ 
အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb 
ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော် 
သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး
ROOT EXPLORER  နောက်ဆုံးဘားရှင်းမရှိသေးရင်ဒီအောက်မှာဝင် ဒါင်းပါ
MILOSHARE [ 2.3 MB ]
CREDIT TO KO PANN
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Sunday, January 26, 2014
Galaxy Note3 SM-N900ကို Android 4.4.2Kitkat Official Firmwareတင်နည်း
8.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။
9. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)
10.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmwareဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။
11.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။
12.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logoမှာရပ်နေရင် ဖုန်းရဲ့ Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။
13.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Key သုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Reset တကြိမ်ချပြီးပြီဆိုရင်တော့ အောက်က ပုံအတိုင်းပြန်ပေါ်လာရင်Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို Restart ချလိုက်ပါ။
14.ဖုန်းက Power ပြန်တတ်လာရင်တော့ သင့်ရဲ့ Note 3 မှာ Officail  Android 4.4.2Kitkat ဖြင့် လန်းနိုင်ပါပြီ။ အားလုံးအဆင်ပြေပါစေ........
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ