
ကမ္ဘာ့ဖလားတွင် ဂိုးသွင်းပြီးနောက်
အောင်ပွဲခံသည့် ဗီဒီယိုများကဲ့သို့ ဗီဒီယို အပိုင်းငယ်များကို ယခုအခါ Facebook
Messenger မှတစ်ဆင့် ဝေမျှနိုင်ပြီဖြစ်ကြောင်း CultofMac မှ ဖော်ပြခဲ့သည်။
Facebook မှ အသစ် ဖြန့်ချိလိုက်သည့်
Mesenger app update တွင် အခြားမည်သည့် app များ မလိုအပ်ဘဲ ၁၅ စက္ကန့်စာ
ဗီဒီယိုများကို ရိုက်ကာ ဝေမျှနိုင်သည့် feature ကို ထည့်သွင်းပေးခဲ့သည်။ အဆိုပါ
update သည် iOS 8 အတွက် video messaging feature သစ်ကို Apple က မိတ်ဆက်ပေးခဲ့ပြီး
နှစ်ပတ်အကြာတွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။