Showing posts with label mobile news များ. Show all posts
Showing posts with label mobile news များ. Show all posts

Wednesday, October 23, 2013

Samsung Galaxy S4 အလုံးရေ သန်း ၄၀ ရောင်းချခဲ့ပြီးဖြစ်



Samsung Galaxy S4 ကို စတင်ရောင်းချခဲ့တာ ၆ လပြည့်ပြီးချိန် စာရင်းထုတ် ကြေညာချက် အရ အလုံးရေ သန်း ၄၀ ရောင်း ချခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။


အလုံးရေ သန်း ၅၀ ပြည့်ဖို့အတွက် ဦးတည်နေပါတယ်။ ဒါကြောင့်မို့ တစ်နစ်တာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်စေ ရန်လည်း Samsung တို့ မျှော်လင့်လျက် ရှိပါတယ်။ ထုတ်လုပ်မှု တိုးမြင့် လျက် ရှိပြီး ကမ္ဘာတစ်လွှားမှ ဝယ်လိုအားလည်း များပြားနေပါတယ်။ ယခင် က Record လုပ်ထားတဲ့ ၇ လအတွင်း Samsung Galaxy S3 အလုံးရေ သန်း ၄၀ ရောင်းချနိုင်တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Samsung Galaxy S4 ရောင်းအားနဲ့အတူ အခြား မော်ဒယ်မြင့်ဖုန်း နဲ့ မော်ဒယ်နိမ့်ဖုန်း အမျိုးအစား အားလုံး ရောင်းအား မြင့်တက်လျက်ရှိပြီး ကုမ္မဏီရဲ့  Operating Profit ရော Total Revenue လည်း မြင့်တက်နေ ပါတယ်။ ဒါကြောင့်မို့ ၂၀၁၃ ခုနှစ်မှာလည်း ရောင်း အား အကောင်းဆုံး စမတ်ဖုန်း ထဲမှာ Samsung ကုမ္မဏီကပဲ စံချိန်တင်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

Aung Ko Htet


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။

Popular Myanmar News Journal


Credit>>> Thit Htoo Lwin

Aung Ko Htet
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, October 15, 2013

Google စမတ်နာရီ အဆင်သင့်ဖြစ်ကြောင်း ပြောဆိုနေကြ


Google စမတ်နာရီဟာ မိတ်ဆက်ပြသဖို့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း သတင်းမီဒီယာများက ဆိုပါတယ်။ Google က တရားဝင်ပြောဆိုခြင်း မဟုတ်သေးပါဘူး။ rumor ပြန့်နှံ့နေခြင်း ဖြစ်ပါတယ်။

Android 4.3 OS ကို အသုံးပြုပြီး Bluetooth 4.0 Connectivity ပါဝင်ကြောင်း ဆိုပါတယ်။ ဒီတော့ စမတ်နာရီနဲ့ အဓိက တွဲဖက် အသုံးပြုရမယ့် ပစ္စည်းကတော့ Android စမတ်ဖုန်း များ ဖြစ်ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ Google ရဲ လက်အောက်ကနေ ထုတ်လုပ်ထားတဲ့ Motorolla စမတ်ဖုန်းများနဲ့ တွဲဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Google Smartwatch ကနေ အင်တာနက် လည်း အသုံးပြုနိုင်ပါမယ်။ Google Search Engine ပါဝင်တာမျိုး ဖြစ်ပါတယ်။ လက်ရှိ Samsung က ထုတ်ထားတဲ့ Samsung Galaxy Gear နဲ့ အဓိက ကွာခြားချက်အနေနဲ့ ဘယ် Android Device နဲ့မဆို သင့်လျော်မယ့် စမတ်နာရီအဖြစ် ဖန်တီးခြင်း ဖြစ်ပါတယ်။ Samsung Galaxy Gear လည်း အသုံးပြုလို့ရပေမယ့် အချို Device များအတွက် ကန့်သတ်ချက်တွေ ရှိနေအုံး မှာပါ။ သူက Samsung မှာတောင်မှ Galaxy Note 3 နဲ့တွဲဖို့ အဓိက ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက်၊ အားကစားအတွက်များပါ Nike Fuel Band လို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Application များစွာနဲ့ ထွက်ရှိလာနိုင်ချေ ရှိတဲ့ စမတ်နာရီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham ( TSJ Team)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, October 14, 2013

HTC One Max ရဲ့  ရှက်စရာ ဆီးကရက် ဟုဆိုကြသော နောက်ကျော်က လက်ဗွေ လုံခြုံရေး




HTC One Max က launching event အတွက် secret တစ်ခုချန်ထား ပါတယ်။ အဲဒါကတော့ finger print sensor ပါ။ သူက ချန်ပေမယ့် Leak ဖြစ်နေတဲ့ Information ကတော့ ပြန့်နှံ့ နေပါပြီ။ ဝေဖန်ချက်များက Negative ဘက်ကို ဦးတည်နေပါတယ်။


အကြောင်းကတော့ Fingerprint scanner တပ်တယ်ဆိုတဲ့ အမည်ကို iPhone 5S က ခံယူပြီးသွားပြီမို့ပါ။ သို့ပေမယ့် HTC က တူမတူအောင် တစ် မျိုးပြောင်းလိုက် ပါတယ်။ နောက်ကျောက ကင်မရာအောက်မှာ လက်ဗွေ နိပ်စရာ အကွက်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ Sense 5.5 နဲ့ပဲ အလုပ်လုပ်မလား၊ သီးခြား system တစ်ခုအနေနဲ့ အလုပ်လုပ်မှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ Officially Announce လုပ်သွားတဲ့အထိမှာ finger print အကြောင်းကို HTC တို့ ထည့်မပြောခဲ့ ပါဘူး။

One Max ရဲ့  specification အချို့ ကိုတော့ ဖော်ပြ ပြီးသွားပါပြီ။ RAM 2GB, Quad Core processor, အရွယ် ၅.၉ လက်မ မျက်နှာပြင်ကျယ် HD အရည်အသွေးမြင့် ဖုန်း ဖြစ်ပြီး ကင်မရာလည်း 4 MP Ultra ကို အသုံးပြု ထားပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့မှာ HTC One max ကို တရားဝင်ကြေညာသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

Aung Ko Htet



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

HTC One Max တရားဝင်ကြေညာ



HTC One Max စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပါပြီ။ One Family ထဲမှာ အကြီးဆုံး စမတ်ဖုန်း ဖြစ်တဲ့ HTC One Max ဟာ Phablet ဈေးကွက်ထဲကို ဝင်မှာပါ။


အရွယ်အားဖြင့် ၅.၉ လက်မ ရှိပြီး Super LCD 3 ကို အသုံးပြုထားပါတယ်။ 1920x1080 pixel resolution အရည်အသွေးရှိပြီး ppi က 373 အဆင့်ရှိတာကြောင့် ကြည်လင်ပြတ်သားမှု ကောင်းတဲ့ ဖုန်းတစ်လုံး စာရင်းထဲမှာ ပါဝင်ပါတယ်။ ထူးခြားချက်က စပီကာ ကိုအပေါ်မှာရော၊ အောက်မှာပါ တပ်ဆင်ထားခြင်း ဖြစ်ပြီး သူ့ကို BoomSound speaker လို့အမည်ပေး ပါတယ်။

၂၁၇ ဂရမ် အလေးချိန်ရှိပြီး Samsung Galaxy Note 3 ထပ် ၅၀ ဂရမ်ပိုလေးနေတာတော့ အမှန်ပါပဲ။ RAM က 2GB ရှိပါတယ်။ 1.7GHz quad –core Qualcomm Snapdragon 600 Chispet ကို အသုံးပြုထားပြီး 16GB နဲ့ 32 GB Internel memory ၂ မျိုး ထုတ်လုပ် ထားပါတယ်။ ကင်မရာ က 4 megapixel UltraPixel ဖြစ်ပြီး aperture f2.0 , Lens 28 mm ပါဝင် ပါတယ်။ ရှေ့ မှာက 2 megapixel ကင်မရာပါ။

ထူးခြားချက် နောက်တစ်ခု ရှိပါတယ်။ HTC One Max ဝယ်ယူသူအနေနဲပ Google Drive 50 GB space ရရှိမှာ ဖြစ်ပါတယ်။ Android 4.3 OS နဲ့ Sense 5.5 ပါဝင် ပါတယ်။ ဘက်ထရီက 3300 mAh မို့ talk time ၂၅ နာရီခံကြောင်း ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာ မကြေညာသေးပါဘူး။ အရွယ်အစားအားဖြင့် ၅.၉ လက်မ ဆိုတော့ Note 3 ထပ်ကြီးတာတော့ အမှန်ပါပဲ။ RAM မှာတော့ 1GB နည်းပါတယ်။ HTC One Max ကို မကြာမီ ဈေးကွက် ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

Aung Ko Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, July 2, 2013

mobile news


Samsung ချစ်သူများအတွက် ၀မ်းမြောက်ဖွယ်...

Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ
4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။
ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။
ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ
အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ်။ Battery Percentage ကအစ မြန်မာလို ဖော်ပြပေးနိုင်ပြီး မြန်မာစာနဲ့ပတ်သက်တာတွေအကုန်လုံ

တော်တော်လေးအဆင်ပြေသွားပါလိမ့်မယ်။ credit to - mobile guide journal

mobile news


Samsung Galaxy S4 နဲ့ HTC One ဘယ်ဟာပိုကောင်းသလဲ

iPhone နဲ့ Samsumg ချင်း ယှဉ်ပြနေတာ ဒီတစ်ခါတော့ လက်တလော လူကြိုက်အများဆုံး Android စမတ်ဖုန်း နှစ်လုံးကို ယှဉ်ပါတော့မယ်။ Samsung Galaxy S4 နဲ့ HTC One ဖြစ်ပါတယ်။

ဈေးကလည်း သိပ်မကွာပါဘူး။ သို့ပေမယ့် သို့ပေမယ့် HTC One က မြန်မာပြည်မှာ ဈေးပိုများနိုင်ပါတယ်။ ဗီဒိယိုကြည့်လိုက်ရင် ရှင်းသွားပါ လိမ့်မယ်။ Physical ပိုင်းအရ ကြည့်ရင် HTC One က သာပြီး Technical ပိုင်းကို ကြည့်ရင် Samsung S4 က specification များ သိသိသာသာ မြင့်ပါတယ်။

ဗီဒိယို - http://youtu.be/7tBZInwOOds

နောက်ဆုံး အနှစ်ချုပ်လိုက်တော့ ၂ လုံး သိပ်မကွာပါဘူး။ ကွာခြားချက်အနေနဲ့ အော်ဒီယို၊ Entertainment မှာ HTC One က ကောင်းပြီး အသုံးပြုမှု User Interface and Functionality မှာ Samsung Galaxy S4 က သာတယ်လို့ ဗီဒီယိုမှာ ညွန်းဆို ထားပါတယ်။ အဲဒါ Video Review က ပြောတာပါ။ စာဖတ်သူတို့ ထင်မြင်ချက် Review များလည်း လိုချင်ပါသေးတယ်။

Aung Kham (TSJ team)