Showing posts with label နည်းပညာ ဗဟု့သုတများ. Show all posts
Showing posts with label နည်းပညာ ဗဟု့သုတများ. Show all posts

Saturday, November 8, 2014

Email & Facebook အကောင့်အလွယ်တကူဖွင့်နည်း

မင်္ဂလာပါနော်...သည်နေ့ ကျွန်တော် ရေးသား ဖြစ်တာလေးကတော့  အကောင့်ဖွင့်လိုသူတွေအတွက် အခက်ခဲ များစွာကို ကျော်ဖြတ် စေပြီး အလွယ်တကူဖွင့်နိုင်မဲ့ နည်းလမ်းလေးတစ်ခုလို့ ယုံကြည်လို့ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. ဒါလေးကတော့  ကျနော် စမ်းသတ် ဖွင့်နေတာ အကောင့်  ၃  ခု တိတိ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ.... ဟိုနေ့ကဘဲ  fb  ပေါ်တင်ပေးပါသေးတယ်..နောက် သူငယ်ချင်းတွေက  ဘလော့ကနေ ပုံလေးတေနဲ့ ခါတိုင်းလို ရှင်းပြပါဆိုလို့  တခုထပ်ဖွင့်ရင်း ရှင်းပြလိုက်တာပါ.... ကဲ  စကြမယ်နော် လေကြောရှည်နေမယ်..ေိေိ

ပထမဆုံး အနေနဲ့ မေးအကောင့်တခုလိုအပ်ပါတယ် အဲအတွက် အလွယ်ဆုံးမေးကို ဖွင့်ကြမယ်.....

သည်နေရာကို    ကလစ်ပြီးသွားလိုက်ပါနော်...  ( http://www.mail.com/int/  )

ဒါဆို အောက်ကပုံလေးတွေတိုင်း ရှင်းသွားမယ်နော်...

အဲလိုတွေ့တာနဲ့ အနီ ကွက်ပြတဲ့ Get Free Email Account  ဆိုတာကိုကလစ်ပြီး စလိုက်ကြရအောင်

အဲမှာ လိုအပ်တဲ့ အမည်တွေ မွေးနေ့တွေ စသဖြင့် လိုက်ဖြည့်ပေးလိုက်ပါ... အဲမှာ သတိထားရမှာကတော့ အနီးဝိုင်းထားတဲ့ နေရာလေးပါဘဲ... အဲမှာ down arrow လေးကလစ် ပြီး မိမိဖွင့်လိုတဲ့ အမည်ကိုလိုက်ရွေးပါ  အများကြီး လ်ုပနိုင်ပါတယ်.. သူကတော့  @ လေးရဲ့နောက်က ပါလာမဲ့ အမည်ပေါ့နော်... ဥပမာ  ခုကျနော်ဖွင့်လိုက်တာက...
abcxyz  ဆိုတဲံအမည်နဲ့ပါ အဲတာကို ရေးပါ ရှေ့အကွက်မှာ နောက်က  မျှားကနေ  တခုခုရွေးလိုက်ပါ ကျနော် ရွေးလိုက်တာက @ dr.com ကိုပါ ဒါပေမယ့်  သူကလည်း မရဘူးဆို ရနိုင်တဲ့ အမည်တွေကို ဖေါ်ပြပေးတာကြောင့်  ရတာကို ထပ်မံရွေးချယ်နိုင်ပါတယ်.. dr.com နဲ့မရလို့ သူပေးထားတဲ့  ရနိုင်တာတွေ ထဲက  @ ingineer.com  ဆိုတာနဲ့ ကစ်လိုက်တယ်.ေိေိ အိုကေ
အားလုံးအိုကေတာနဲ့ အောက်ဆုံးမှာ  I Accept ဆိုတာကလစ်ပေးလိုက်ပါ...ခဏစောင့်ပါ

အဲတာဆို  အောင်မြင်ပါပြီ.. သင့်အတွက် မေးတခုရရှိပြီဖြစ်ပါတယ်နော်... အိုကေနော်  ဒါဆို
မေးရပြီ ဆိုမှတော့  facebook  အတွက် ဖွင့်နည်းကတော့ လူတိုင်းလိုလိုသိနေတော့ မဖေါ်ပြလိုတော့ပါဘူး  ပုံမှန်တိုင်းဆက်လက် ဖွင့်နိုင်ပါတယ်... အဆင်ပြေပါတယ်..
facebook  အကောင့်ပြီးတာနဲ့  အတည်ပြုဖို့ မေးထဲဝင်ရပါတယ်.. ခုဏ လုပ်နေတဲ့ မေးရဲ့ email ထဲဝင်ထားလိုက်ပါ.... ဒါဆို  facebook   ကလာတဲ့ စာတွေ့မယ် ဖွင့်လိုက်ပါ အောက်ကလိုတွေ့မှာပါ

ဒါဆို  Compirm Your  Account  ဘဲကလစ်အတည်ပြု ပြု
အောက်က  ကုဒ်နံပါတ်ကိုဘဲ  ယူထည့်ပေးပေး  facebook  အကောင့်အတည်ဖြစ်ဖို့ လုပ်ပေးလိုက်ပါ..တခု လုပ်ပေးတာနဲ့ ရပါပြီ...အောင်မြင်ပါပြီနော်..
အားလုံးးအဆင်ပြေကြပါစေ
တာ့တာ....ဘိုင်ဘိုင်
ဘေလာ့ခရီးသည်




Tuesday, February 11, 2014

Android ဖုန်းအလွှာခွဲကြည့်ခြင်း




အထက်က ပုံကတော့ Android phone တစ်လုံး ကို အလွှာခွဲပီး နားလည်လွယ်အောင်ဆွဲပြထားတာပါ၊

Hardware အလွှာ

အထက်က ပုံရဲ့ မြားပြထားတဲ့ အစိတ်အပိုင်းကတော့ ဖုန်း Hardwares တွေကိုဖော်ညွန်းထားပါတယ်၊ အတိအကျတူညီမှာမဟုတ်ပေးမယ့် နားလည်လွယ်အောင် ဆွဲထားပေးတာပါ၊ Hardware အပိုင်းထဲမှာ ဖုန်း မျက်နှာပြင်၊ အသံအနိမ့်အမြင့် Button, Camera, CPU စသဖြင့် ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေအားလုံးပါပါမယ်၊ ဒီလို Hardware ပိုင်းဆိုင်ရာ ရွေးချယ် တည်ဆောက်မှူ က ကုမ္မဏီတစ်ခုနဲ့ တစ်ခု မတူပါဘူး၊ ဒီလိုဘဲ ဖုန်းတစ်လုံးထဲမှာတောင် အသုံးပြုတဲ့ Hardware တွေတစ်ခုနဲ့ တစ်ခု ထုတ်လုပ်တဲ့ ကုမ္မဏီ မတူပါဘူး၊ ဥပမာ CPU မှာ Exynos သုံးတဲ့ ဖုန်းရှိသလို Snapdragon သုံးတဲ့ဖုန်းလဲရှိပါတယ်၊ Radios အတွက် CDMA သုံးတဲ့ဖုန်း GSM သုံးတဲ့ ဖုန်း LTE သုံးတဲ့ဖုန်း နှစ်ခုတွဲသုံးတဲ့ဖုန်း ဆိုပီးရှိပါတယ်၊
 
Libraries
အကယ်၍ မိတ်ဆွေ Application တစ်ခုရေးချင်တယ်၊ ရေးတဲ့ Application က camera အသုံးပြုပြီး ဓါတ်ပုံရိုက်နိုင်တဲ့ Application ဖြစ်မယ်၊ ဓါတ်ပုံ ရိုက်မယ့် Application ဖြစ်တဲ့ အတွက် LED Flash ကို ဖွင့်နိုင်တဲ့ Function တစ်ခုပါအောင်ရေးရမယ်၊ ရေးတဲ့ အခါလဲ Hardware ဖြစ်တဲ့ Camera component နားလည်အောင် machine code နဲ့ ရေးရမယ်၊ ရေးပီးပီပဲထားပါတော့၊ အားလုံးလဲ အဆင်ပြေပြေအလုပ်လုပ်နေပီပဲထားပါတော့၊ ပြသနာ တစ်ခုက မိတ်ဆွေရေးတဲ့ Application မှာ camera သုံးပီး ဓါတ်ပုံရိုက်နိုင်တဲ့ Function ပါသလို သူများတွေရေးထားတဲ့ Application တွေမှာလဲ Camera သုံးတဲ့ Function တွေပါလာနိုင်ပါတယ်၊ ဒီလို Camera သုံးတဲ့ Application 5 ခုရှိတယ်ဆိုရင် machine code လဲ ငါးခုစာရှိနေမယ်၊ ဒီတော့ camera ဖွင့်တယ် ဆိုတဲ့ အလုပ်တစ်ခုထဲ အတွက် ကုတ်က ငါးခုစာရှိနေမယ်ဆိုတဲ့ သဘောပေါ့၊ ဒီကုတ်တွေများတာက applications တွေ အလုပ်လုပ်တဲ့ အခါ မှာ အရမ်းကိုနှေး သွားစေပါတယ်၊

အထက်ကလို ရည်ရွယ်ချက်တူညီ လုပ်ရပ်တူညီတဲ့ အလုပ်တစ်ခုကို လုပ်တဲ့ Application တစ်ခုစီက machine code တစ်မျိုးစီရေးတဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် Android မှာ Libraries တွေပါလာပါတယ်၊ Libraries တွေထဲမှာ Android Action တစ်ခုစီတိုင်း Intent တစ်ခုစီတိုင်း အတွက် machine code တွေ ကြိုရေးထားပါတယ်၊ သဘောက Application Developer တွေက Camera Application တစ်ခုကိုရေးချင်တယ်ဆိုရင် Camera Hardware ကို အလုပ်ခိုင်းဖို့ machine code တွေကို သီးသန့်ရေးနေစရာ မလိုတော့ပဲနဲ့ Library ထဲမှာရှိတဲ့ သက်ဆိုင်တဲ့ Camera အတွက် Machine code ကို ခေါ်လိုက်ရုံပဲလိုတော့တယ်၊ ဒီလို Library ထဲမှာရှိပီးသား Machine Code ကိုခေါ်သုံးနိုင်ပီဖြစ်တဲ့ အတွက် အတွက် Camera သုံးတဲ့ Applications တွေအားလုံးက Library ထဲက ရှိပီးသား Machine Code ကိုပဲ ခေါ်သုံးရုံ မျှသုံးရုံပဲ၊ တစ်ခု အတွက် သီးသန့် တစ်ခါပြန်ရေးစရာမလိုတော့ဘူး၊ သုံးချင်ရင် ခေါ်သုံးတတ်ဖို့ပဲလိုတယ်၊ ခေါ်သုံးဖို့က Java မှာ Class တွေအများ အများ ကြီးရှိတယ်၊

Windows OS မှာသုံးတဲ့ libraries ဖိုင်တွေကို .dll ( Dynamic Linked Libraries ) တွေ အနေနဲ့ တွေ့ရမှာဖြစ်ပီး Linux OS နဲ့ Android မှာတော့ os ( Shared Object ) ဖိုင်တွေ အနေနဲ့ တွေ့ ရမှာပါ၊ Java မှာ ကုတ်ရေးရင် .jar libraries တွေကို Class အနေနဲ့ import လုပ်ရပါတယ်၊ Adnroid phone မှာလဲ မဖြစ်မနေ အမြဲသုံးရတဲ့ libraries တွေရှိပါတယ်၊ မဖြစ်မနေဆိုမှာ တကယ့် မဖြစ်မနေပါ၊ သူတို့ကို မသုံးရင် ROM က Boot တက်မှာ မဟုတ်တော့ ပါဘူး၊


Kernel အလွှာ

Kernel အကြောင်းကို အခြား ပိုစ့်တွေမှာရှင်းထားတာ ရှိပါတယ်၊ သွားဖတ်ပေးပါ၊

Dalvik Virtual Machine


Dalvik Virtual Machine က Java ဘာသာရပ်နဲ့ ရေးထားတဲ့ code တွေ application တွေကို Run ပေးပါတယ်၊ Java compiler က text ဖိုင်မှာရေးထားတဲ့ ဖိုင်တွေကို Bytecode အဖြစ်ပြောင်းပေးတယ်၊ ရလာတဲ့ Bytecode တွေကို .dex ဖိုင်တွေဖြစ်အောင် compile လုပ်တယ်၊ Dalvik VM က .dex ဖိုင်တွေကို ဖတ်နိုင်တယ်၊

Eclipe သို့ Java IDE နဲ့ ရေးထားတဲ့ class ဖိုင်တွေကို .dex ဖိုင်တွေဖြစ်အောင် javac (java compiler) နဲ့ compile လုပ်တယ် (.dex ဖိုင်တွေက .jar ဖိုင်တွေနဲ့တူတယ်)၊ .dex ဖိုင်တွေကို Dalvik VM က Run ပီး .obj ဖိုင် အဖြစ်ပြောင်းပေးတယ်၊ ဒီ Object ဖိုင်တွေကိုတော့ Kernel က နားလည်ပီး နောက်ပိုင်း အလုပ်ဆက်လုပ်တယ်၊ (တကယ်တော့ Dalvik VM အကြောင်းကို အသေးစိတ်ပြောရင် စိတ်ဝင်စားစရာ အလွန့်အလွန်ကောင်း သလို Java ကို Sun ကုမ္မဏီ က ၀ယ်လိုက်တဲ့ Oracle နဲ့ Google ကြား Dalvik VM အကြောင်း အငြင်းပွားမူကလဲ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်၊ Java Virtual Machine ကို Mobile နဲ့ သင့်တော်အောင် Develop လုပ်လိုက်ရာမှ ပိုမြန်ပီးပိုကောင်းလားတဲ့ ရလဒ်ဖြစ်တဲ့ Dalvik Virtual Machine ရဲ့ Apache Harmony project က စပီး ကုတ်တွေနဲ့ တည်ဆောက်ပုံကိုပါနောက်ပိုင်း အသေးစိတ်ရေးမယ်၊)

Application Framework


Application Framework ရဲ့ အပေါ်မှာတော့ Applications Layer ပါရှိပါတယ်၊ အချို့ Application တွေကတော့ System Applicatoins တွေဖြစ်ပီး မူတူညီတဲ့ ၀င်ဆောင်မှူ တွေကိုပေးနိုင်ပါတယ်၊ ဥပမာ အားဖြင့် Applications တိုင်းရဲ့ Manifast ထဲမှာ မပါမဖြစ်ပါရတဲ့ Launcher ပါ၊ framework နဲ့ System ui apks တွေလဲရှိပါသေးတယ်၊ System ui apks ကတော့ Icon နဲ့ dialog box style တွေကို ဖန်တီးပေးပါတယ်၊

Applications


အပေါ်ဆုံးက ကျွန်တော်တို့ရဲ့ applications တွေပဲ၊

1. မဖြစ်မနေသုံးရတဲ့ Libraries တွေက ဘာတွေလဲ၊

2. Bootloader ကို ဘယ်လို Develop လုပ်မလဲ၊

3. ဖုန်း ကုမ္မဏီတွေက Android OS ကို ဘယ်လို အဆင့်ဆင့် စိတ်ကြိုက်
Develop လုပ်ကြလဲ၊

4. Java ဖိုင် Run တဲ့ နောက်ကွယ်က အဆင့်ဆင့် ဖြစ်စဉ်၊

5. imei ကို ဘယ်မှာ သိမ်းလဲ၊ imei နံပါတ်ကို ရှာတဲ့ Application ကို ဘယ်လို ရေးလဲ၊

6. System Font တွေအကြောင်း လေ့လာခြင်း ( မြန်မာစာ အတွက် )

7. ဖုန်းတစ်ခုလုံး Hardware အဆင့်ပဲထားပီး sofrware program တွေအားလုံး ဘယ်လို ထည့်သွင်းတည်ဆောက်မလဲ၊

8. low-level ( assambler )၊ mid-level ( Java, C#)၊ Height Level (C,C++) တို့နှင့် Android ဆက်စပ် ပုံ၊

9. embedded Program အကြောင်း၊

10. Microcontroller တွေကို ဘယ်လို ထိန်းချုပ်လဲ၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/KKvV3c


ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Monday, January 13, 2014

သင့် Google Account အကြောင်း သိကောင်းစရာများ






သင့် Google Account အကြောင်း သိကောင်းစရာများ
==============================

အင်တာနက် အသုံးပြုသူတိုင်းနီးပါးမှာ Google Account တစ်ခုစီ ရှိကြပါတယ်။ Google က နာမည်ကြီး အင်တာနက် Company ဖြစ်တဲ့အလျှောက် သူ့ရဲ့ Gmail, Search နဲ့ အခြားဝန်ဆောင်မှုများစွာ ကို အသုံးပြုသူ အရေအတွက်ဟာ များပြားလှပါတယ်။ Google က သူ့ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုနေတဲ့သူတွေအတွက် ပြုပြင်ပြောင်းလဲနိုင်တဲ့ Features တွေကို ပြုလုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာ အရေးကြီးပြီး သိသင့်တဲ့ အကြောင်းအရာ တွေကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

1.    2-Step Verification

2-Step Verification ဟာ သင့် အကောင့်ကို Password နှစ်ထပ်နဲ့ကာကွယ်ပေးထားတာဖြစ်လို့ အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ Username, Password ကို သိရုံနဲ့ သင့်အကောင့်ကို ၀င်လို့မရပါဘူး။ ဒုတိယ Password ကို သိမှသာ သင့် အကောင့်ကို ၀င်နိုင်မှာပါ။ ဒုတိယ Password ကို Google က သင့်ဖုန်းကို ပို့ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Google Authenticator App ကို သင့်ဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် သင့်ဖုန်း က သင့် အကောင့်အတွက် သော့တစ်ခုလို ဖြစ်နေပြီး လုံခြုံစေပါတယ်။ 2-Step Verification ကို အသုံးပြုသင့်ပြီး အောက်က လင့်မှာ ဆက်လက်လေ့လာနိုင်ပြီး Enable လုပ်နိုင်ပါတယ်။

https://support.google.com/accounts/answer/180744?hl=en&rd=1

2.    Shared Endorsements

Shared Endorsements က သင့်ပုံ ကို Google က ကြော်ညာတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ သင်က Product or Company တစ်ခုကို +1 လုပ်တာ၊ Follow လုပ်တာ၊ Review လုပ်တာ ၊ Share လုပ်တာ တွေကိုပြုလုပ်ရင် အဲဒီ Product or Company ရဲ့ ကြော်ညာတွေမှာ သင့်ပုံကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ကြော်ညာတွေမှာ သင့်ပုံကို မပြစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။

https://plus.google.com/settings/endorsements

3.    Email via Google +

သင်က Google Plus က သူငယ်ချင်းတွေ ကို ဖြစ်စေ၊ Google Plus က သူငယ်ချင်းတွေက သင့်ဆီကိုဖြစ်စေ အီးမေးလိပ်စာ သိစရာမလိုဘဲ အီးမေးပေးပို့နိုင်တဲ့ Feature ကို Google က ထည့်သွင်းပေးလိုက်ပါတယ်။ Google Plus မှာ သင်မသိတဲ့သူတွေလည်း ရှိနေတဲ့အတွက် အဲဒီသူတွေ သင့်ဆီကို အီးမေး မပို့စေချင်ရင် အောက်ကလင့် က Gmail Settings ရဲ့ Email via Google + ကဏ္ဍမှာ No One ကိုရွေးပေးပါ။

https://mail.google.com/mail/u/0/?shva=1#settings/general


4.    Web History

Google Search မှာ သင်ရှာ သမျှကို Google က မှတ်သိမ်းပေးထားပါတယ်။ Privacy အရ မသိမ်းပေးထားစေချင်ရင် အောက်က လင့် မှာ Disable လုပ်နိုင်ပါတယ်။ အရင်ရှာထားတဲ့ မှတ်တမ်းတွေကို လည်း အဲဒီ လင့် မှာ ဖျက်ပစ်နိုင်ပါတယ်။

https://history.google.com/history/settings?hl=en

5.    Account Permissions

Google Account ကို Access လုပ်ခွင့်ပေးထားတဲ့ Devices, Apps, Services , Products တွေကို အသုံးမပြုတော့ရင် Revoke လုပ်သင့်ပါတယ်။ သင့် အကောင့် လုံခြုံရေးအတွက် ဖြစ်ပါတယ်။ အောက်က လင့် ကိုသွားပြီး အသုံးမပြုတော့တဲ့ အရာတွေကို အမြဲစစ်ဆေးပြီး Revoke လုပ် သင့်ပါတယ်။

https://security.google.com/settings/security/permissions?pli=1

6.    Recent Activity
Recent Activity Page မှာ Sign ins သတင်းအချက်အလက်တွေ၊ Passwords ပြောင်းလဲတာတွေ စတဲ့ အရေးကြီးတဲ့ Activities တွေကို ပြသပေးထားပါတယ်။ Activity တစ်ခုချင်းစီအတွက် ရက်စွဲ နဲ့ တည်နေရာ ကို ပြသပေးထားပြီး သင့်အကောင့် လုံခြုံရေးအတွက် အမြဲ စစ်ဆေးသင့်ပါတယ်။

https://security.google.com/settings/security/activity

7.    App Passwords

2-Step Verification ကို အသုံးပြုသူတွေအတွက် အချို့ Programs , Services တွေဟာ 2-Step Verification ကို Support မပေးတဲ့အတွက် Application Passwords ကို အသုံးပြုရပါတယ်။ App Passwords တွေဟာ ကိုယ်တိုင် ပြုလုပ်ရတဲ့ Passwords တွေဖြစ်ပြီး တစ်ခုပဲပြုလုပ်စရာလိုပါတယ်။ ဒါပေမယ့် App Password တွေကို တစ်ခုထက်ပြုလုပ်နိုင်ပါတယ်။အောက်က လင့် မှာ App Password တွေကို ပြသပေးထားပြီး မလိုအပ်တာတွေကို Revoke လုပ်နိုင်ပါတယ်။

https://accounts.google.com/b/0/IssuedAuthSubTokens?hl=en&hide_authsub=1

8.    Change Your Password

သင့် Password ကို တစ်ခြားသူက သိသွားရင်ဖြစ်ဖြစ် Hack ခံရတယ်လို့ ထင်ရင် ဖြစ်ဖြစ် အောက်က လင့် မှာ ပြောင်းလဲသင့်ပါတယ်။
https://www.google.com/settings/security?hl=en



MYANMAR DIGITAL LIFE JOURNAL


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, January 2, 2014

iPhone, iPad Reset Settings များအကြောင်း



ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

         
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

                           ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင်


                                            အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

                                            မိုးသိကြား





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, December 10, 2013

#Web #hosting #server တစ်ခုကို မရွေးချယ်ခင်…သိထားသင့်သော အရေးကြီးအကြောင်းအရာလေးများ




#Web #hosting #server တစ်ခုကို မရွေးချယ်ခင်…

ကျွန်တော်တို့ web site ကို internet ပေါ် ရောက်ဖို့ဆိုရင် web hosting service တစ်ခု လိုပါလိမ့်မယ်။ Web hosting တွေဟာ သူတို့မှာ ပါဝင်တဲ့ feature တွေပေါ်မူတည်ပြီး free hosting တွေကနေပြီးတော့ ဈေးအရမ်းကြီးတဲ့ business hosting တွေထိရှိကြပါတယ်။ ဘယ် option တွေကို ရွေးရမယ် ဆိုတာကတော့ သင့်ရဲ့ web site ကို ဘယ်လို အသုံးပြုဖို့ ရည်ရွယ်ထားတယ်၊ ဘယ်လောက် ငွေသုံးမလဲ ဆိုတာတွေပေါ် အများကြီး မူတည်ပါတယ်။ ကျွန်တော်တို့ hosting တစ်ခု ရွေးတော့မယ်ဆိုရင် အဓိက ဘယ်အချက်တွေကို ကြည့်သလဲဆိုတာကို share ချင်လို့ပါ။

၁။ လိုအပ်ချက်ကို စစ်ဆေးပါ
အရေးကြီးဆုံးအချက်ပါ။ လူတိုင်းက feature အများဆုံး၊ storage အများဆုံး၊ bandwidth အကောင်းဆုံး hosting ကို ပိုင်ဆိုင်ချင်ကြပေမယ့် အကောင်းဆုံးသောအရာတွေဟာ ဈေးအကြီးဆုံးတွေဖြစ်ပါလိမ့်မယ်။ ဥပမာ သင်ဟာ 100 MB disk space လောက်နဲ့ ရိုးရိုး static page လောက်ဘဲ တင်ချင်တယ်ဆိုရင်တော့ ဈေးသက်သာပြီး basic feature တွေဘဲပါတဲ့ linux web hosting server တွေကိုရှာသင့်ပါတယ်။ တစ်ကယ်လို့သာ သင်ဟာ နောက်ဆုံး ASP.Net 4.0 အသုံးပြုမယ်၊ MS SQL Server 2012 သုံးမယ် ဆိုရင် တော့ ASP.Net 4.0 နဲ့ MS SQL Server 2012 ရမယ့် Windows hosting server တွေကိုရွေးသင့်ပါတယ်။

၂။ Disk space/Storage
Storage ကတော့ hosting service တစ်ခုကို ရွေးချယ်ရာမှာ အခြေခံအကျဆုံး အချက်ပါ။ သင့်ရဲ့ web site ဟာ company ဒါမှာမဟုတ် ကိုယ်ရဲ့ အကြောင်း လောက်ပဲ ဖော်ပြရုံ ပုံ+စာ စာမျက်နာ ၁၀ မျက်နာ လောက်ဘဲ ရှိတယ်ဆိုရင် MB အနည်းငယ်လောက်က လုံလောက်ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ unlimited disk space package ကိုရွေးသင့်ပါတယ်။ ဒါပေမယ့် အဲဒီ package က သင့်ကို ဈေးအနည်းငယ် များသွားစေပါလိမ့်မယ်။

၃။ Bandwidth
Bandwidth ဆိုတာကတော့ သင့်ရဲ့ hosting provider ကနေ တစ်လအတွင်း သင်နဲ့ သင့် user တွေကို ခွင့်ပြုတဲ့ download နဲ့ upload ပမာဏ ကိုပြောတာပါ။ ဥပမာ သင့် web site ဟာ user တွေကို audio, video နဲ့ photo တွေ ကို download/upload လုပ်ခွင့် ပေးတဲ့ blog web site တစ်ခု ဖြစ်မယ်ဆိုပါစို့။ သင့်ရဲ့ hosting provider က 50GB bandwidth ပေးထားပါက တစ်လအတွင်း စုစုပေါင်း 50GB ထက်ကျော်ပြီး download/upload လုပ် လို့မရပါဘူး။ ပုံမှန်အားဖြင့် ဈေးချိုတဲ့ hosting service တွေမှာ အဲဒီ ပြသနာရှိပါဘယ်။

၎။ Domains နဲ့ subdomains အရေအတွက်
Domain name ဆိုတာကတော့ mistinemyanmar.com, facebook.com, google.com တို့ကိုဆိုလိုတာပါ။ Subdomain ဆိုတာကတော့ jobs.mistinemyanmar.com, play.google.com လိုမျိုးကိုပြောတာပါ။ တစ်ချို့နေရာတွေမှာ သင့် web site ဟာ subdomain တွေကို ညွှန်းတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် သင့် web site က domain နဲ့ subdomain တွေဘယ်လောက်လိုအပ်လဲ hosting provider ကဘယ်လောက် support ပေးလဲဆိုတိာကို စစ်ဆေးဖို့ လိုပါမယ်။ ဈေးချိုတဲ့ hosting provider တွေမှာတော့ domain နဲ့ subdomain အရေအတွက်ကို ကန့်သက်ထားတာလေးတွေရှိပါတယ်။

၅။ Email Accounts
Email account ကတော့ အဲဒီ hosting မှာ ရှိတဲ့ သင့်ရဲ့ domain name ကို အသုံးပြုပြီး create လုပ်ထားတဲ့ email account တွေကိုပြောတာပါ။ ဥပမာ it@mistinemyanmar.com, hr@mistinemyanmar.com စသည်ဖြင့်ပေါ့။ တစ်ချို့ hosting provider တွေကတော့ email account ဘယ်နှစ်ခုဘဲ create လုပ်ခွင့်ရှိတယ်ဆိုတာကို ကန့်ထားတက်ပါတယ်။ သင့်ရဲ့ domain ကိုသုံးပြီး email account တွေကို unlimited create လုပ်ချင်ရင် unlimited email account package မျိုးကို ရွေးသင့်ပါတယ်။

၆။ Control Panel

သင့် web hosting မှာ control panel ပါလားဆိုတာ သတိထားစေချင်ပါတယ်။ Control panel ဟာ web master site တစ်ခုပါဘဲ။ အဲဒီမှာ available disk space တွေ၊ bandwidth တွေ စစ်ဆေးလို့ ရသလို FTP account တွေ၊ Email account တွေ၊ subdomain တွေ၊ database တွေ create လုပ်လို့ရပါတယ်။

ရ။ Development Features
သင့်ရဲ့ web site ဟာ PHP 5 နဲ့ My SQL 5 database ကို သုံးထားမယ်ဆိုရင် web hosting က PHP 5 နဲ့ My SQL 5 ကို support လုပ်တဲ့ hosting ကို ရွေးချယ်ရပါမယ်။ Flash သုံးမယ်ဆိုရင် Flash support လုပ်မလုပ်ပါ စစ်ဆေးရပါမယ်။ သင်ဟာ ASP.Net 4 နဲ့ MS SQL Server 2012 ကို သုံးမယ်ဆိုရင်တော့ ASP.Net 4 နဲ့ MS SQL Server 2012 ကို support လုပ်တဲ့ hosting မျိုးကို ရှာရပါမယ်။ PHP နဲ့ My SQL ကိုဘဲ သုံးမယ်ဆိုရင်တော့ PHP Linux hosting တွေရှိပါတယ်။ ဈေးလည်းသက်သာပါတယ်။ ASP.Net နဲ့ MS SQL Server database တွေ သုံးရင်တော့ ASP.Net Windows hosting တွေရှိပါတယ်။ ဈေးနည်းနည်း ကြီးပါတယ်။ များသောအားဖြင့် ASP.Net Windows hosting တွေမှာ PHP တို့ My SQL တို့ Ruby တို့ အစုံရတာများပါတယ်။ MS SQL Server ကို တော့ hosting provider တော်တော်များများမှာ number of database ဒါမှမဟုတ် size of database နဲ့ ကန့်သက်ထားတာလေးတွေရှိပါတယ်။ သင့်ရဲ့ data တွေပေါ်မူတည်ပြီး သတိထားရမယ့် အချက်ပါ။

ကျွန်တော် အကြိုက်ဆုံး ASP.Net windows hosting တွေကတော့
1.WWM (http://www.worldwidemyanmar.com/) (မြန်မာလိုစုံစမ်းမေးမြန်းလို့ရပါတယ်)
2. Arvixe (http://www.arvixe.com/)
ဈေးအသင့်အတင့်ရှိပြီး Feature တော်တော်စုံပါတယ်။
3. discountASP (http://www.discountasp.net/)
ဈေးနည်းနည်းများပါတယ်။ Latest Microsoft development tools တွေသုံမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။

credit to =>gmmm333 & ko San Lin Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, November 15, 2013

Apple iPad Air , Samsung Galaxy Note 10.1 (2014 Edition ) နဲ့ ASUS Transformer Pad TF701T တို့နှိုင်းယှဉ်ချက် (Review)


 
Apple ဟာ ပြီးခဲ့ရက်သတ္တပတ်က ပါးလွှာပြီး ပေါ့ပါးတဲ့ iPad Air ကိုထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီ iPad Air ဟာ အရင် ထုတ်လုပ်ခဲ့ Apple products တွေထက် ပိုပြီးသာ လွန်ကောင်းမွန်ပေ မဲ့လည်း လူအများ ရဲ့စိတ်ဝင် စား မှုကို အရမ်းကြီးထိရောက်မှုမရှိစေခဲ့ပါဘူး။

နောက်ထပ် iPad Air နဲ့အပြိုင်ထွက်ရှိလာတဲ့ Product တွေဖြစ်တဲ့ Samsung Galaxy Note 10.1 (2014 Edition ) နဲ့ ASUS Transformer Pad TF701 တို့အကြောင်းကိုပြောကြည့်ကြ မယ်ဗျာ။ Product နှစ် မျိုးစလုံးရဲ့ screen size ကတော့ 10.1" display နဲ့ screen resolution ကလည်း 2560 x 1600 pixel ရှိပါတယ်။

iPad Air ရဲ့ 469 g သာအလေးချိန်ရှိတဲ့ aluminum ကိုယ်ထည်ကတော့ အားလုံးထက်သာလွန်ကောင်း မွန်တဲ့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်။ ပါးလွှာလွန်းလှတဲ့ဘေးဘောင်လေးတွေကလည်း သူ့ကို ယှဉ်ပြိုင်နေ တဲ့ android devices တွေကိုအံ့သြမှင်သက်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ASUS Tramsformer Pad ရဲ့ aluminum ကိုယ်ထည်ကလည်း apple ရဲ့ ဒီဇိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းမရှိတာကိုတွေ့ ရပါတယ်။

ကျွန်တော်ဒီလိုတစ်ခုချင်းစီကို လိုက်ပြီးရေးပြနေလို့ရှိရင် ရေးလို့ကုန်မှာမဟုတ်တော့ပါဘူး။ အဲ့ဒါကြောင့် သူတို့ရဲ့ အချက်အလက် specification တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။



Apple iPad Air
==========

OS                             = iOS 7
Display                       = 9.7" IPS LCD
Resolution                   =2048 x  1536 (299 ppi)
Height                        = 240mm
Width                         = 168.5 mm
Thickness                   = 7.5 mm
Weight                       = 469grams
Processor                   = Apple A7 Chipset (64 bits) Dual - Core 1.3 GHz Krait 400
GPU                          =Power VRG 6430 .
RAM                          = 1GB
Storage                     = 16 GB / 32 GB / 64 GB / 12S8 GB
Micro SD card slot      = No
Primary Camera         = 5MP, 2592 x 1944 pixels, autofocus, LED flash,1080 p@30fps , HDR , video stabilization touch focus, face detection
Front Camera             = 1.2 MP 720p@ 30fps
Battery                      = Up to 10 hours of battery life
Wi Fi                         = Wifi 802.11 a/b/g/n, dual-band,Wi-Fi hostpot , AirPlay
Bluetooth                   = Yes, v4.0 with A2DP
Network                     = Quad-bnad GSM/ GPRS / EDGE Quad- band UMTS/ HSPA Penta- bnad LTE support
NFC                           = No
Speakers                    = Mono
Distinctive features      = iOS has the best tablet apps around
Availability                  = November, 2013



Samsung Galaxy Note 10.1 (2014 edition )
===========================

OS                           = Android 4.3 Jelly Bean
Display                     = 10.1 " Super Clear LCD
Resolution                 = 2560 x 1600 (299 ppi)
Height                      = 243.1mm
Width                       = 171.4 mm
Thichness                 = 7.9 mm
Weight                     = 535 grams
Processor                 = Snapdragon 800 chipset Quad -cord 2.3 GHz Krait 400
GPU                         = Adreno 330
RAM                         = 3 GB
Storage                     = 16 GB/ 32 GB / 64 GB
MicroSD card slot       = Yes. up to 64 GB
Primary Camera         = 8 MP. 3264 x 2448 pixels auto- focus camera, face detection , HDR mode, panorama , geo tagging ; Full HD (1080p) video recording at 60 fps
Battery                      = Li-Ion  8 , 220 mAh
Wi Fi                         = Wi-Fi 802.11 b/g/n/ac, dual- band, WiFi Direct , DLNA , Wi-Fi  hostpot
Bluetooth                   = Yes, v4.0 with A2DP
Network                     = Quad -band GSM / GPRS/ EDGE Quad- band UMTS/              HSPA Hexa-band LTE support
NFC                           = Yes
Speakers                    = Stereo
Distinctive features      = iOS has the best tablet apps around
Availability                   = October , 2013



ASUS Tramsformer Pad TF701T
=====================

OS                             = Android 4.2.2 Jelly Bean
Display                       = 10.1" IGZO IPS LCD
Resolution                   = 2560 x 1600 (299 ppi)
Height                        = 263 mm
Width                         = 180.8 mm
Thickness                    = 8.9 mm
Weight                        = 585 grams
Processor                    = Tegra 4 T40 X chipset Quad - core 1.9 GHz Cortex-A15
GPU                           = GeForce GPU
RAM                           = 2 GB
Storage                       = 32 GB / 64 GB
micro SD card slot        = Yes, up to 64 GB Primary camera = 5 MP, 2592 x 1944 pixels, autofocus camera, face detection, HDR mode, panorama, geo - tagging; 1080p video recording @ 30 fps
Front                          = 1.2 MP
Camera                       = 720p@30fps
Battery                        = Li - Ion 7820 mAh
Battery                        = Li- Ion 7,820 mAh
Wi-Fi                           = Wi-Fi 802.11 b/g/n, dual-band, Wifi Direct, DLNA, Wi-Fi hotspot
Bluetooth                     = Yes, v3.0 with EDR
Network                       = N/A
NFC                             = No
Speakers                      = Mono
Distinctive features        = Mobile Dock with a full- size QWERTY keyboard and 4,170 mAh battery
Availability                    = October 2013

ဒီလောက်ဆိုရင် အကြီးမားဆုံး tablet တွေရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်နိုင်ပါပြီ။ iPad Air အတွက်ကတော့ သိပ်ပြေစရာ မလိုလောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ Android ဘက်မှာတော့ အကောင်း ဆုံး multitasking အနေနဲ့အသုံးပြုနိုင်တဲ့ tablet တွေက samsung ရဲ့ product တစ်ခုဖြစ်တဲ့ Galaxy Note  10.1 (2014 Edition)မှာကတော့ အားလုံးမတူတဲ့ S Pen ပါရှိတာကတော့ samsung ရဲ့ user တွေကတော့ မပြောပဲ သိနေလောက်ပြီလို့ထင်ပါတယ်။

နာက်ထပ် ASUS ရဲ့ Transformer Pad TF701Tက mobile dock system လို့ပြောနိုင်တဲ့ battery အပိုပါရှိတာရယ်၊ QWERTY keyboard က external အနေနဲ့  ပါရှိတာရယ်တွေက ASUS products ရဲ့ အားသာချက်လို့ပြောလို့ပါတယ်။ ဘာ ပဲပြောပြောပါ Apple ရဲ့ products ဖြစ်တဲ့ iPad Air ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ယှဉ်ပြိုင်မှု တိုင်းမှာတော့ အောင်မြင်ဆုံး သရဖူကိုဆောင်းထားနိုင်နေမြဲပါပဲ... အသုံးပြုတဲ့ user တွေအနေနဲ့ ကိုယ်ဘာ နဲ့သင့်တော် တယ်ဆိုတာကိုတော့ရွေးချယ်ပြီးအသုံးပြုစေ ချင်ပါတယ်။ အားလုံးရဲ့ အားသာ ချက်နဲ့အားနည်းချက်တွေကိုတော့ ကျွန်တော် ရေးပေးထားပါတယ်။ အပေါ်က အချက်တွေကိုကြည့်ပြီးလေ့ လာပြီးမှဝယ်ယူဖို့အတွက် ဆုံးဖြတ်တာအကောင်းဆုံးလို့ကျွန်တော် ထင်ပါတယ်။

Ref: Arena

Aung Ko Htet

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, November 6, 2013

101 XS 2 Android tablet ကိုကြေငြာလိုက်တဲ့ Archos



Archos brand တစ်မျိုးဖြစ်တဲ့ Android Tablet အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Screen size က 10.1 လက်မ ရှိပြီး၊ screen resolution ကတော့ 1280 x 800 IPS display ဖြစ်ပါ တယ်။ ထူးခြားချက်ကတော့ keyboard ကို tablet  ကိုယ်ထည်ရဲ့ သတ္တုဘားတွေကို သံလိုက် ဓါတ် အသုံးပြုပြီး coverboard အနေနဲ့ထားရှိတာကတော့ Archos Tablet ရဲ့အားသာချက်ဖြစ်ပါတယ်။

Processor ကိုတော့ Quad- Core Cortex A9 CPU clocked မှာ 1.6 GHz speed အသုံးပြုထားပြီး Mali 400 GPU ရှိပါတယ်။ Memory အနေနဲ့ကတော့ RAM 2 GB နဲ့ 16 GB internal storage ပါရှိပြီး micro SD card လည်းထပ်စိုက်နိုင်ပါတယ်။ Tablet ရဲ့ အတွင်းဘက် camera ကတော့ 2 megapixel ပါရှိပါတယ်။ Tablet တစ်ခု လုံးကို အသုံးပြုထားတဲ့ OS ကတော့ Jelly Bean version 4.2 ပဲဖြစ်ပါတယ်။

ဒီ Archos 101 XS 2 ကို December လကုန်လောက်ကျရင် UK မှာ ပေါင် 249.99£ နဲ့ရောင်းချပေးသွာ မှာဖြစ်ပါတယ်။

Ref : Arena

Aung Ko Htet  



အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, November 5, 2013

ZTE ရဲ့ Grand S Flex ဖုန်းကို ဥရောပဈေးကွက်အတွက် မိတ်ဆက်ပြသခဲ့


တရုတ်နိုင်ငံ အခြေစိုက် ZTE ကုမ္ပဏီက သူတို့ရဲ့ smart phone ဖြစ်တဲ့ Grand S Flex ကိုဥရောပဈေး ကွက်မှာ စတင်ဖြန့်ချိဖို့အတွက် မိတ်ဆက်ပြသပေးလိုက်ပါတယ်။ ZTE Grand S Flex ဖုန်း ဟာ ပါးလွှာပြီး စတိုင် ကျလှပတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ အတိုင်းအတာအရ 145 x  70  x  8.9 mm နဲ့ အလေး ချိန်အရဆိုရင်တော့ 130 g ရှိတာပါတယ်။ Screen display က 5 inches ရှိပြီး resolution ပိုင်းကတော့ 720 x 1280 pixel ရှိပြီး Dual-core processor 1.2 GHz ရှိပါတယ်။ RAM 1 GB ပါရှိပြီး memory ကတော့ built in 16 GB ပါရှိပါတယ်။

Camera အနေနဲ့ကတော့ အရှေ့ကင်မရာပဲပါရှိပြီး 8 megapixel နဲ့ LED flash မီးပါရှိပါတယ်။ Connection အနေ ထား အရဆိုရင် 4G LTE ကို support လုပ်ပေးထားတာဖြစ်တာကြောင့်ဖုန်းလိုင်းကို ကြည် လင်စွာအသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ Android Version ကိုတော့ 4.1 Jelly Bean အသုံးပြုထားပါတယ်။ ဒါ့အပြင် battery ကိုလည်း 2300 mAh အသုံးပြုထားတာကြောင့်
battery အားကို ကြာကြာ အသုံးပြုနိုင်ပါတယ်။

ZTE Grand S Flex ကို Spain, Czech Republic နဲ့ Slovakia တွေမှာ ရောင်းချပေးသွားမှာဖြစ်ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာ Germany , Finland နဲ့ Poland နိုင်ငံတွေ ကိုရောင်းချပေးသွားမယ် လို့သိရပါတယ်။

Ref : Arena


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Google Search ကို ကောင်းကောင်း အသုံးပြုမယ်

အခြေခံ Google Search အသုံးပြုခြင်း

အင်တာနက် ကော်နက်ရှင် ရမရ စမ်းသပ်ဖို့အတွက် ကျနော်တို့လည်း Google ကို အသုံးပြုသလို၊ စာဖတ်သူတို့လည်း အသုံးပြုတာကို မငြင်းဆန် နိုင်ပါဘူး။ ပြီးတော့ စာလုံးပေါင်း သတ်ပုံ စစ်ဆေးမှုပေါ့။


အလယ်အလတ် Google Search အသုံးပြုခြင်း

အထက်က အချက်တွေတင် မကတော့ဘူး။ ကိုယ်ရှာချင်တဲ့ လူတစ်ဦးတစ်ယောက်ရဲ့  အမည်တွေကို ရိုက်တတ်လာတယ်။ ပုံလည်း ရှာတတ်လာတယ်။ သီချင်းလေးတွေ ရှာတတ်လာတယ်။ ဗီဒီယိုတွေ ရှာတတ် လာတယ်။ သီချင်းစာသားတွေ ရှာတတ်လာတယ်။ ဒေါင်းချင် တဲ့ ဆော့ဖ်ဝဲကို တွေ့အောင် ရှာတတ် လာတယ်။


အဆင့်မြင့် Google Search အသုံးပြုခြင်း

Google Search ကနေ အွန်လိုင်းကနေ အခမဲ့ သင်ကြားလို့ရမယ့် ဝဘ်ဆိုဒ်တွေကို ရှာဖွေမယ်၊ လေ့လာမယ်။ ဥပမာ coding ဆိုလည်း coding, အနီးစပ်ဆုံးအားဖြင့် အင်္ဂလိပ်စာ လေ့လာဖို့အတွက်လည်း ရှာဖွေပြီး သုံးလို့ ရတယ်။ ဗီဒီယို lecturer တွေ ရှာဖွေမယ်။ Google Search Engine ကနေပဲ Top ranking site တွေကို ကိုယ်တိုင် research လုပ်မယ်။ စာရင်းပြုစုမယ်။ ဒါတွေကို လက်တွေ့ ပြန်ပြီးတော့ အသုံးချမယ်။ အစရှိသဖြင့် ပေါ့။ Search Engine မှာ Optimize ဖြစ်တဲ့ ဆိုဒ်တွေကို သတိထားမိလာမယ်။ ကိုယ်ရှာချင်တဲ့ keyword, meta data တွေကို သေချာ ပေးပြီး ရှာတတ်လာမယ် အစရှိသဖြင့်ပေါ့။

Google က ကိုယ့်အတွက် အကောင်းဆုံး ခရီးသွားလမ်းညွန်တစ်ခုလိုပါပဲ။ သို့ပေမယ့် ကိုယ်သွားချင်တဲ့ ခရီးကို သေချာ သိဖို့လိုအပ် ပါတယ်။ ဘက်ပေါင်းစုံကနေ ကောင်းကောင်း အသုံးချနိုင်ရင် Google Search နဲ့တင် ပညာတတ်တစ်ဦး ဖြစ်စေဖို့တောင် ပညာရှင်အချို့ က အာမခံ ထားပါတယ်။ wikipedia ကို specialize လုပ်ရင် ဗဟုသုတ ကြွယ်သလို Google ကနေ လိုရာ ပညာရပ်များကို အလွယ်တကူ ရှာဖွေလေ့လာလို့ ရပါတယ်။ ဒါကြောင့်မို့ Google Search ကို ကောင်းကောင်း အသုံးချနိုင်ဖို့ အတွက် ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။

Google Searh ကို ကောင်းကောင်း အသုံးချနိုင်ဖို့အတွက် အောက်ပါလခ့်မှာ ကိုယ်တိုင် ဝင်ရောက် လေ့လာ နိုင်ပါတယ်။

http://www.howtogeek.com/106718/how-to-search-google-like-a-pro-11-tricks-you-have-to-know/

Advanced Google Search - http://www.google.com/advanced_search


အောင်ခမ်း ( smart.com.mm )

Aung Ko Htet




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Google မှာ I'm Feeling Lucky ဆိုတာဘာလဲ




မြန်မာ ဘာသာ Google ထဲမှာတော့ I'm Feeling Lucky ကို ဥုံဖွလို့ ရေးသား ဖော်ပြ ထားပါတယ်။

ဥုံဖွလို့ဆိုတဲ့ အတိုင်း Google က နေရာတစ်ခုကို ချက်ချင်း ပို့လိုက်ခြင်း ဖြစ် ပါတယ်။ ဥပမာ book လို့ ရိုက်ပြီး I'm Feeling Lucky ( ဥုံဖွ ) ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ ဆိုဒ်က Wikipedia ဖြစ်ပါ တယ်။ အကြောင်း ကတော့ Wikipedia က Search Engine Optimization Ranking မှာ နံပါတ် ၁ ဖြစ်နေ လို့ ဖြစ်ပါ တယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က bookကို ရှာတဲ့ အကြိမ်က ပိုများမယ်။ Link building , back linking ကောင်းမယ် အစရှိသဖြင့်ပေါ့။

SEO ဖြစ်စေမယ့် အချက် ၅ ချက်ကြောင့် Google ရဲ့  အယ်လ်ဂိုရစ်သန်အရ စာလုံး တစ်ခုကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဥုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါ တယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊ အမြန်ရှာ ရှာချင်သူများအတွက် ရည်ရွယ်ပြီးတော့ ထည့် ထားပေး မယ့် Feature ဖြစ်ပါ တယ်။ သိုပေမယ့် တော်ရုံ အသုံးပြုသူ နည်းပါတယ်။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆ ရပါတယ်။

ဒီလောက်ဆိုရင် I'm Feeling Lucky ရဲ့  Definition ကို အကြမ်းဖျင်း သိပြီလို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း ( smart.com.mm ) 


Aung Ko Htet



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, October 13, 2013

Winrar ရဲ့ Themes ကိုပြောင်းသုံးမယ်




ပြီးခဲ့တဲ့အပါတ်ကတော့ winrar နဲ့ password ဖြည်တာလေးကို ပြန်လည်မျှဝေပြီးပါပြီ

အခု့ဒီတခါပေးချင်တာလေးကတော့ winrar လေး ပါပဲ

ဘာလည်းဆိုတော့ ကျနော် တို့ window OS သုံးနေတဲ့ ကွန်ပြူတာတွေမှာ

winrar ကို 90 % လောက်သုံးစွဲကြပါတယ် ဘာဖြစ်လို့လည်း ဆိုတော့ သူကရိုးရှင်းလို့ပါ

ဖိုင်ခွဲ ဖိုင်ပေါင်း ဖိုင်ချုံ လုပ်တာတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်

လုပ်နိုင်လို့ပါ သူ့လို မျိုး app တွေရှိပါတယ် ဒါပေမယ် သူ့ကိုပဲသုံးစွဲကြပါတယ်

အခု့ဘာပေးမှာလည်းဆိုတော့ ကျနော်တို့နေတိုင်း သုံးနေတဲ့ winrar လေးကို ပုံစံ ဒီဇိုင်း

ပြောင်းသုံးမယ် ပြောရရင်တော့ winrar ရဲ့ Theme ကိုပြောင်းသုံးမှာပါ ဒီပုံပဲနေ့တိုင်းမြင်နေရတော့

ရိုးနေလောက်ပါပြီ ကျနော်ကတော့ပြောင်းလိုက်ပါပြီ

အောက်မှာပုံလေးတွေနဲ့ ပြပေးထားတယ်နော် ဆော့ဝဲ တခု့တော့ဒေါင်းရမယ်



ဒီမှာ အရင်ဒေါင်းယူလိုက်ပါ



အောက်က ပုံအတိုင်း မိမိစိတ်ကြိုက် ရွေးချယ်နိုင်ဖို့ themes တွေအများကြီးရှိပါတယ်

မိမိစိတ်ကြိုက်ဒေါင်းပြီး install လုပ်လိုက်ပါ



အောက်ကပုံကတော့ themes မပြောင်းခင် ပုံလေးဖြစ်ပါတယ်



ဒေါင်းထားတာလေး ကို install လုပ်ပေးပြီး ပြီ ဆိုရင်

အောက်ကပုံကို ဆက်ကြည့်ပါ winrar ရဲ့ အပေါ်နားလေးကoptions ကိုဝင်လိုက်ပါ

အောက်မှာပြထားတဲ့အတိုင် Themes ကိုရွေးပေးလိုက်ပါ 

Themes ကိုရောက်ပီဆိုရင် sub explorer လေး ပေါ်မှာ မိမိ install လုပ်ထးတဲ့

themes လေး ကို ကလစ်ပေးလိုက်ပါ အဲလိုကလစ်ပေးလိုက်ရင် ကွန်ပြူတမှာ flash ဖြစ်သွားမယ်





Flash ဖြစ်ပြီးသွားရင် winrar explorer လေး ကိုပြန်ကြည့်လိုက်ပါ

themes ပြောင်းသွားတာကိုတွေ့လိမ့်မယ် task bar မှာရှိတဲ့ shotcut icon လေး

ရဲ့ပုံစံလည်းတခါတည်းပြောင်းသွားတာကိုအောက်ကပုံအတိုင်းတွေ့ရပါလိမ့်မယ် ခင်ဗျာ




ဒါလေးပါပဲ ခင်ဗျာ ဒီထိရောက်အောင် ဖတ်လာပေးတဲ့ အတွက်

ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ



ကိုလတ်(ကျွဲဆင်း)





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, October 10, 2013

မိုးသိကြား ရဲ့ မူလတန်း Apple ဖတ်စာ




"Easy iDevice Guide" လို့ အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ စာအုပ်လေးကို ဒီနေ့မနက်ပဲ အချောသတ်နိုင်ခဲ့ပါတယ်...
မိုးသိကြား
ဒီစာအုပ်လေးက အခုမှ iDevice ကို စသုံးမယ့် သူတွေအတွက် အထူးရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း စာအုပ်ရဲ့ အမည်ကို "မူလတန်း Apple ဖတ်စာ" လို့ အမည်ပေးထားတာပါ။ စာမျက်နှာ (၁၂၉) မျက်နှာပါရှိပြီး အခြေခံအသုံးပြုနည်းများ၊ Jailbreak, Unlock နှင့် သက်ဆိုင်သော သိရှိထားသင့်သည့် အကြောင်းအရာများကို အရှင်းလင်းဆုံးဖြစ်အောင် ရေးသားထားပါသည်..


ဒီစာအုပ်ကို ရေးလက်စနဲ့ ရပ်ထားခဲ့တာ ကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြန်ပြီး ဆက်ရေးဖြစ်တာပါ။ တစ်ကယ်ဆက်ရေးတော့ ရေးစရာတွေက အများကြီးရှိနေပါတယ်၊ ဒါပေမယ့် အကုန်လုံးကို တစ်ပြိုင်တည်း ရေးဖို့ဆိုတာ အချိန်ယူရပါလိမ့်ဦးမည်။
ယနေ့ခေတ်မှာ နည်းပညာဟာ ပုတ်သိုးလွယ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် မြန်မြန်ရေးပြီး မြန်မြန် လိုအပ်နေတဲ့သူတွေ လက်ထဲ ထည့်ပေးလိုက်ချင်တာပါ။ အမှန်က iOS 7 မထွက်ခင် ပြီးအောင် ရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အပြီးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် iOS 7 အတွက် Jailbreak မထွက်ခင် အချိန်မီ အချောသတ်လိုက်ရပါတယ်... နည်းပညာက တစ်ဖြည်းဖြည်းခြင်း ပြောင်းလဲနေပါပြီ၊ ကိုယ်ရေးထားတဲ့ information တွေ မပုတ်ခင် ခပ်မြန်မြန်ပဲ စာသုံးကြစေလိုပါတယ်။

 









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

 
REF TO မိုးသိကြား


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, October 8, 2013

Galaxy Note 3 ရဲ့ အားသာချက် အားနည်:ချက်များ


Galaxy Note 3 ရဲ့ အားသာချက် အားနည်:ချက်များ ( User Review)
----------------------------------------------------------------------------
Galaxy Note 3 သုံးနေတာ တစ်ပတ် လောက်တော့ ရှိသွားပြီပေါ့ဗျာ ။ တစ်ပတ်အတွင်းမှာ Note 3 ကိုစမ်းသပ်ပြီ: အကျိုးအပြစ် အဆိုးအကောင်းလေးတွေကို review လုပ်ပြီ: ဒီ group က user တွေကို မျှဝေပေးလိုက်ပါတယ်ဗျာ ။ ကျွန်နော် လက်ရှိ ရောက်နေတဲ့ နေရာမှာက Note 3 ကို LTE version တွေပဲ ရောင်းတဲ့ နေရာ ဆိုတော့ LTE version အလုံးလေးပဲ ဝယ်လိုက်တာပါ ။ ပထမဆုံ: စပြီ: ကြုံရတဲ့ အခတ်အခဲကတော့ မြန်မာစာသွင်းလို့ မရတဲ့ အခက်အခဲပါပဲ ။ အရင်တုံးကလိုပဲ ifont လေးသွင်းပြီး Zawgyi Filpfont နဲ့ ချိန်းကြည့်တာ မ အိုကေဘူးဗျား ။ အဲ့ဒါနဲ့ root လုပ်ပြီ: ထည့်မှရမယ်ထင်တယ် ဆိုပြီ: root လုပ်လိုက်တယ် ။ root လုပ်တာက တော့လွယ်လွယ်ကူကူပါပဲ ။ အဲ့... root လုပ်ပြီ:တော့ MMAS Zawgyi Changer 2 တို့ Smart Zawgyi Changer တို့နဲ့ change တာလဲ မရဘူး ။ font ကတော့ ဝင်သွားတယ် လေးထောင့်ကွက်တွေနဲ့ ပဲပြနေတယ် ။ အဲ့ဒီ့ ကိတ်စနဲ့ပဲ ၁ ရက်ကျော်ကျော်လောတ် တိုင်ပတ်သွားတယ် ။ နောက်တော့ ဒီ Group က ကို@Ko Ko Kyawthettun ပေးတဲ့ နည်းလေးနဲ့ OK သွားတယ်ဗျာ ။ Note 3 မှာက KNOX ဆိုတဲ့ security features လေးပါလာတယ် ။ အဲ့ဒီ့ ကောင်က font ကို rendering လုပ်လို့မရအောင် တားထားတာလို့ ထင်တယ်ဗျာ ။ font ကတော့ ဝင်သွားပြီ:တော့ rendering မလုပ်နိုင်တဲ့ သဘောပေါ့ဗျာ ။ အဲ့ဒါနဲ့ ကို Kyaw Thet Htun ပေးတဲ့ KNOX security features မပါတဲ့ per-rooted rom လေးကို တင်လိုက်တော့ မှ OK သွားတယ်ဗျာ ။ Samsung phone တွေနောက်ပိုင်း အဲဒီ့ လိုမျိုး KNOX security features နဲ့ပဲလာတော့ မယ်ဆိုရင် တော့ myanmar font ကတော့ မလွယ်ဘူးဗျာ ။ ကျွန်နော်တို့က မြန်မာ နိုင်ငံမှာ မဟုတ်တော့ တော်တော် တိုင်ပတ်တယ် ဗျ ။ ဒါကတော့ စစသုံးချင်း အခက်အခဲပေါ့ဗျာ ။ သူ့ရဲ့ ကောင်းကွက်လေးတွေ ကို ဆက်ကြည့်ရအောင်ဗျာ....

Display
-----------
Note 3 မှာပထမ ဆုံ:သတိထားမိပြီ: ကြိုက်မိတဲ့ အချက်ကတော့ screen resolution ပါပဲဗျာ ။ Screen ကြီးကြီးနဲ့ Full HD resolution ဆိုတာကို တော်တော်လေး နှစ်သက်မိတယ်ဗျို့ ။ ကျွန်နော်က ရုံးသွားရုံးပြန် Youtube ကြည့်တဲ့ကောင်ဆိုတော့ ဒီအချက်ကတော်တော် အရေးပါတယ်ဗျ ။ Youtube vedio တွေကလဲ နောက်ပိုင်: 1080p resolution အပြင် 1440p resolution တွေပါ ရလာကြပြီဗျ ။ အဲ့ဒီ့တော့ Note 3 မှာ ကြည့်ရတဲ့ feel ကတော့ ရှယ်ပဲဗျာ ။ အရင် Note 2 မှာတုန်းက ရိုးရိုး HD resolution ပဲရခဲ့တာလေ.. Full HD ဆိုတာ ဘယ်လို ဆိုတာ မသိဘူးဗျ.... Note 2 မှာပါတဲ့ Normal HD နဲ့ သိပ်မကွာဘူး လို့ပဲထင်ခဲ့တာပဲ ။ အဲ့ Galaxy S4 မှာကလဲ Full HD resolution ရတယ်ဆိုပေမဲ့ screen သေးလို့လားမသိဘူး သိပ်သတိမထာ:မိဘူး... Note 3 နဲ့ ကြည့်တော့မှ တော်တော်ကွာမှန်း သိသာသွားတယ်ဗျ ။ အမှန်က ဒီကောင်က Galaxy S4 လောက် pixel density မမြင့်ဘူးဗျ... ဒါပေမဲ့ screen
ကြီးတော့ Galaxy S4 ထက် vedio တို့ photo တို့ ကြည့်ရင် ပိုကြည့်ကောင်းတယ် လို့ ထင်ရတယ်ဗျ ။ အင်း ရုပ်ထွက်က လန်းမှာပေါ့ဗျာ ။ GPU ကို Adreno 330 သုံးထားတာလဲပါမှာပေါ့ ။ ကျွန်နော်က ဖုန်းမှာ Game ကစားရတာနှစ်သက်တဲ့ သူတော့မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ screen သေးလို့ Game Play ကိုကောင်းကောင်းမခံစားရတာရယ် Sony PlayStation လိုမျိုး controller နဲ့ ကစားတာကို ပိုကြိုက်တာကြောင့်ပါ ။ အဲ့ Note 3 မှာပါတဲ့ Adreno 330 GPU ရဲ့ အစွမ်းကို သိချင်တာကြောင့် Asphalt 8 လေးကို Galaxy S4 နဲ့ ယှဉ်ပြီ: ကစားကြည့်ပါတယ် ။ Note 3 မှာ ဆော့ရတဲ့ ရုပ်ထွက် တော်တော်လေးကို ကောင်းမွန်တာတွေ့ရတယ်ဗျ ။ ဘာကြောင့်လဲ ဆိုတော့ Asphalt 8 က OpenGL 3.0 standard ကို ကိုအခြေခံပြီ: develop လုပ်ထားတယ်လို့ ဖတ်ဘူးတယ်ဗျ ။ အဲ့ဒီ့တော့ Open GL 3.0 support ကို မလုပ်တဲ့ Galaxy S4's game play မှာ noise က နဲနဲထနေတာ မြင်ရတယ်ဗျ ။ အဲ့ Open GL 3.0 ကို support လုပ်တဲ့ Note 3 ရဲ့ game play screen မှာတော့ ကလန်ထွက်နေတာပဲလို့ ပြောရမှာပဲဗျာ ။ လက်ရှိ ကျွန်နော်သိသလောက် Open GL 3.0 ကို support လုပ်တဲ့ mobile device က Nexus 7(2013 Edition) , Galaxy Note 3, iPhone 5S ရယ်ပဲရှိတယ် လို့ သိရတယ်ဗျ ။ အဲ့ဒီ့တော့ note 3 ထက် Game play ရုပ်ထွက် ကောင်းတာဆိုလို့ Nexus 7(2013 edition) ပဲရှိမယ်ထင်တယ်ဗျာ ။ ဘာလို့ လဲ ဆိုတော့ သူက screen ပိုကြီးတော့ ဆော့ရတာ ပိုပြီ: မိုက်တာပေါ့ဗျာ ။ မြန်မာမှာ တရားဝင်ရောင်းတဲ့ Galaxy Note 3 မှာတော့ GPU အဖြစ် Adreno 330 ကို မသုံးပဲနဲ့ Mali-T628 MP6 ကိုသုံးတယ် လို့ ကြားတယ်ဗျ... အဲ့ဒီ့ GPU ရဲ့ အစွမ်းကိုတော့ မသိဘူးဗျ ။

Better Connectivity
----------------------
Note 3 မှာ ပိုပြီ:ကောင်းတဲ့ Antenna ထည့်ပေးထားတယ်လို့ ထင်တယ်ဗျ ။ Connection ကသိသိသာသာကို ပိုကောင်းသွားတာ ။ Samsung phone ချင်းတူတူတောင် Note 3 က download speed 10 Mbs လောက်ပိုပြီ: ကောင်းနေတယ်ဗျ ။ ကျွန်နော် ယှဉ်ပြီ: စမ်းသပ်လိုက်တာ ကျွန်နော့သူငယ်ချင်းရဲ့ Galaxy S4 နဲ့ ပါ ။ သူလဲကျွန်နော် နဲ့ Singtel ကနေလိုင်းယူထားတာခြင်း အတူတူပါပဲ ။ SpeedTest နဲ့ စမ်းကြည့်တာ သူက 42.1 Mbs လောက်ပဲ ရတဲ့ အချိန်မှာ Note 3 ရဲ့ download speed က 50 Mbs ကျော်ကျော်လောက်ရတယ်ဗျ ။ အဲ့ဒီလိုမျိုး သုံးခါလောက် နေရာသုံးခုလောက်မှာ စမ်းလိုက်တာ... ကွာခြားချက်ကတော့ အမြဲတမ်း 10 Mbs လောက်ရှိတယ်ဗျ ။ လိုင်းစွဲအားပိုကောင်းတဲ့ Antenna ကိုသုံးထားတာဖြစ်နိုင်သလို Note 3 မှာပါတဲ့ Snapdragon 800 CPU ရဲ့ အစွမ်းကြောင့်လဲ ဖြစ်နိုင်တယ်ဗျ.. SnapDragron 800 ရဲ့ လုပ်နိုင်စွမ်းက Galaxy S4 မှာပါတဲ့ SnapDragon 600 ထက်ပိုပြီ Encoding ကောင်း တယ် ဆိုတော့ download speed ပိုပြီ:မြန်နေတာလဲ ဖြစ်နိုင်ပါတယ် ။

More Camera features

----------------------------
ဒီ Note 3 မှာပါတဲ့ 13 megapixel က Galaxy S4 မှာပါတဲ့ camera ကိုပဲ ဆက်သုံးထားတယ် လို့ ဆိုပါတယ် ။ ပုံထွက်အရည်အသွေးကတော့ Galaxy Note 3 မှာက screen ကြီးလို့လားမသိဘူး ပိုပြီ: ကြည့်ကောင်းသလိုပဲ ။ တကယ် ပိုကောင်းလာတာက camera features တွေပါ ။ သူ့မှာ ပတ်ဝဉ်းကျင် တစ်ခုလုံးကို 360 ဒီဂရီ လှည့်ပတ်ပြီ: ရိုက်ထားလို့ ရတဲ့ surround shot ဆိုတဲ့ features ပါပါတယ် ။ Panorama mode ထက် အများကြီးပိုပြီ: ကောင်းတဲ့ features ပါပဲ ။ ဒီလို features မျိုးကို nexus phone တွေမှာပဲ မြင်ဘူးပေမဲ့ ဒီ Note 3 မှာပါတဲ့ surround shot က nexus မှာပါတဲ့ 360 degree ရိုက်လို့ ရတဲ့ Photoshpere features ထက်သုံးရတာ ပိုပြီ:ချောမွေ့ပြီ:တော့ ပိုလွယ်ကူသလိုပါပဲ ။ ကျွန်နော် ပြောတဲ့ ၃၆၀ ဒီဂရီ ပုံ မျိုးကို ကြည့်ချင်ရင် ဒီ အောက်ကလင့် မှာသွားကြည့်လို့ရပါတယ် ။ https://plus.google.com/+HugoBarra/posts/bCtd4urVNX2 အဲ့ဒီ့ မှာ တင်ထာ:တဲ့ ပုံတစ်ပုံကို နှိပ်ပြီ: ဝင်ကြည့်လို့ရပါတယ် ။ ဒီ နည်းပညာဟာ နောက်ပိုင်း website တော်တော်များများမှာ photo တွေကို ပြပေးမဲ့ နည်းပညာဖြစ်နိုင်ပါတယ် ။ ခုတော့ Google + မှာ ရနေပြီ:တော့ နောက်ကြရင် facebook တို့ Twitter တို့မှာလဲ သုံးလာမယ်ထင်တယ်ဗျ ။ ကျန်တဲ့ features တွေကတော့ Galaxy S4 မှာလဲပါတဲ့ solo motion mood တို့ Drama mode တို့ Brust Mode တို့ ပါပဲ ။ အဲ့.... အသစ်အနေနဲ့ ပါတဲ့ features တစ်ခုကတော့ ကိုယ့်ကိုကိုယ် ဖုန်းနဲ့ ဓာတ်ပုံရိုက်တတ်တဲ့ ကောင်မလေးတွေ ကြိုက်မဲ့ features ပါပါ ။ ဘာလဲ ဆိုတော့ front camera နဲ့ ကိုယ့်ဘာသာကိုယ်ရိုက်ရင် beauty face mode နဲ့ ရိုက်မလားဆိုပြီ: features တစ်ခုအသစ်အနေနဲ့ ပါလာပါတယ် ။ အဲ့ဒီ့ Beauty face mode နဲ့ သုံးပြီ:ရိုက်ရင် မျက်နာက အစက်အပြောက်တွေ မရှိတော့ပဲ ချောချောမွေ့မွေ့လေးနဲ့ ဖြစ်သွားသဗျာ့ ။ အရင်တုံးက back camera အတွက်ပဲ အဲ့ဒီ့ features ကပါပေမဲ့ ခု front အတွက်ပါအဲ့ဒီ့ features ကပါလာပါပြီ ။ Note 3 LTE version က 4K vedio recording ကို ရတယ် ဆိုတာ စမ်းကြည့်တာ မဆိုးဘူးဗျ ။ vedio resolution ကတော်တော်လေးကို ကြည်ထွက်သွားတာ တွေ့ရတယ်ဗျာ့။ တစ်ခုတော့ ရှိတယ် vedio file size ကတော်တော်လေးတော့ကြီးသွားတယ်ဗျ ။

More Power Savar
--------------------------
Battery size ကတော့ Note 2ထက် နဲနဲလေးပဲ ပိုကြီးတယ်ဗျ ။ ကျန်တဲ့ ဖုန်းတွေထက် Note version phone တွေကိုကြိုက်ရတဲ့ အကြောင်းရင်းမှာလဲ ဒီ battery ကောင်းတဲ့ အချက်ကအဓီကပါပဲ ။ ကျွန်နော့် လို yotube ကြည့်လိုက် web browsing လုပ်လိုက်သုံးနေတဲ့ သူအတွက် battery ကအရေးကြီးတယ်ဗျ ။ Note 3 ကတော့ ကျွန်နော်သုံးဘူးသမျှထဲမှာ Nokia ခေါက်ဖုန်း လေးကလွဲရင် တော်တော်လေး battery ခံနိုင်ရည်ကောင်းတဲ့ ဖုန်းပဲဗျ ။ ပုံမှန်သုံးရင် ၁ ရက်ခွဲလောက်တော့ ခံတယ်ဗျ ။ အဲ .. Game သိပ်မကစားတာလဲ ပါတာပေါ့ ။ Youtube နဲ့ Web Browsing အတွက်ပဲ အဓိကသုံးတာ..... Game ကတော့ Fun Run လောက်ပဲ ပုံမှန် ဆော့ဖြစ်တာ ဆိုတော့ တစ်ရက်လောက်က ကောင်းကောင်းကြီးကို ခံသဗျာ့ ။ ကျွန်နော် သတိထားမိသလောတ် youtube HD video ၁၀မိနစ် စာလောက်ကြည့်တာ 1 % ပဲကုန်တယ်ဗျ ။ ဒါဆိုရင် မဆိုးဘူးလို့ ပြောလို့ ရတဲ့ အနေအထားပါပဲ ။

Software features
-----------------------
Note 3 မှာပါတဲ့ SNote App ကတော်တော် powerful ဖြစ်လာတယ် လို့ ဆိုရမှာပဲဗျို့ ။ သူ့ပေါ်မှာ ရေးမှတ်တာ တယ်ကယ့် စာရွက်ပေါ်မှာ ရေးသလိုပါခံစားရလောက်အောင် ကောင်းလာတယ်ဗျာ့ ။ note 2 လောက်ထိ ကနဲနဲ ထစ်နေသေးတယ် ။ ခုတော့ လုံးဝ Smooth ပဲဗျာ ။ ခုမှပဲ ကိုယ့်တစ်ကယ့် လက်ရေးထွက်လာတယ်ဗျို့ ။ အသစ်ပါလာတဲ့ Air Command features တွေကလဲ တော်တော် အသုံး ဝင်တယ်ဗျာ ။ နောက်တစ်ခု ကြိုက်မိတဲ့ features အသစ်ကလဲ My Magazine ပဲဗျို့ ။ ကျွန်နော်က သတင်းတွေ ဖတ်တာကြိုက်တဲ့ သူဆိုတော့ အရင်တုံးက Flipboard နဲ့ ဖက်တယ်ဗျ ။ ခု Note 3 မှာပါတဲ့ My Magazine ကလဲ Flipboard Team နဲ့ Samsung တွဲပြီ: develop လုပ်ထားတဲ့ application ပဲဆိုတော့ ကျွန်နော့် အတွက်ကတော့ စိတ်ကြိုက်ပဲဗျ ။ HTC ရဲ့ Blink Feed နဲ့ သဘောသွားတူပေမဲ့ Blink Feed လိုမျိုး Home screen မှာ page တစ်ခုသက်သက်ပေးထားစရာမလိုတဲ့ အချက်ကို ကြိုက်တယ်ဗျို့ ။ ဖတ်ချင်ရင် အောက်ကနေ ဆွဲတင်လိုက်တာနဲ့ My Magazine ကတတ်လာတာ ဆိုတော့ ကြိုက်တဲ့ Home Screen ကနေ လှန်းခေါလို့ရတဲ့ အချက်ကို ကြိုက်တယ်ဗျာ။

System Performance and Stability
----------------------------------------
Note 3 မှာ ဖုန်းတွေထဲမှာပထမဆုံးအနေနဲ့ Ram 3GB ပါဝင်လာပါတယ် ။ တော်တော်လေး ကောင်းတဲ့ အချက်ပါပဲ ။ Ram 3GB ဆိုပေမဲ့ taskmanager မှာ တကယ်တမ်း ပြတော့ 2.38 GB ပဲပြပါတယ် ။ System က default အနေနဲ့ 900 MB လောက်က run နေပါတယ် ။ ဒါပေမဲ့ ကျွန်နော် Multi Window ပဲသုံးသုံး HD Game တွေပဲ ဆော့ဆော့ 2GB မထက်မပိုပါဘူး ။ အဲ့ဒီ့ တော့ memory မလောက်တော့ လို့ ထစ်သွားတာတို့ ဟန်းသွားတာတို့ ဖြစ်တာတို့ လုံးဝ မကြုံရသေးပါဘူး ။ ။ အရင်တုံးက Software တွေက လန်းနေပြီ: Hardware မလိုက်နိုင်တဲ့ အတွက် hang တာတွေ lag ဖြစ်တာတွေ ဖြစ်တယ်လို့ထင်ရပါတယ် ။ Android ကိုယ်တိုင်ကလဲ Multi Task ကို full support ပေးထားတော့ android ဖုန်းတွေက Multi task ကိုလုပ်ရင်:နဲ့ memory ကနိုင်တော့ပဲနဲ ဟန်းတာတို့ lag ဖြစ်တာတို့ ဖြစ်သွားတယ်လို့ ထင်တယ်ဗျာ ။ ခု Note 3 ကတော့ Android ရဲ့ software features ကိုအပြည့်အဝလိုက်လုပ်နိုင်တဲ့ Hardware support ပါတဲ့ ပထမဆုံး ဖုန်းလို့ ထင်တာပဲဗျ ။ HD video Encode လုပ်တယ်.. ။္မMulti window သုံးတယ် လုံးဝ မထစ်ဘူး..... တော်တော်လေးကို လန်းတယ်ဗျာ ။

မကြိုက်တဲ့ အချက်များ

-----------------------
ကောင်းတာတွေကတော့ တော်တော်များပေမဲ့ အားလုံးကောင်းပါတယ်ဆိုတဲ့ ပြီ:ပြည့်စုံတဲ့ device လဲ မရှိသေးပါဘူး.... အားသာချက် အားနည်:ချက်တွေကတော့ device တိုင်းမှာရှိပါတယ် ။ Note 3 မှာ ကျွန်နော် မကြိုက်တဲ့ အားနည်းချက်တွေ ရှိပါတယ် ။ အဲ့ဒါတွေကတော့.....
1) Samsung ရဲ့ Touchwiz UI ပါပဲ ။ ဒါကတော့ နိုင်ငံတကာမှာ Samsung User တော်တော်များများက complaint တတ်နေတဲ့ အချက်ပါပဲ ။ သူ့ရဲ့ UI က သုံးရလွယ်တယ် ဆိုပေမဲ့ ရိုးရှင်းလွန်:ပြီ: ဆွဲဆောင်မှူ အားနည်:ပါတယ် ။ Note 3 မှာပါတဲ့ Home Screen Wallpaper ဆိုရင် လဲ အရင် Window XP ကိုတောင် သွားပြီ:သတိရမိပါတယ် ။ အဲ့ဒီ့ ထက်လှတဲ့ wallpaper တွေအများကြီးရှိတာကို ဘာလို့ ဒီ wallpaper အပြာရောင် ကြီးကိုသုံးလဲ နားကို မလည်ပါဘူး ။ Icon design တွေကလဲ တော်တော်လေးကို ရုပ်ဆိုးနေပါပြီ ။ ဒီထက် ကောင်းတဲ့ icon design တွေကို ထွင်သင့်နေပါပြီ ။ သူ့ထက်စာရင် Huawei phone တို့ Xinomi phone တို့မှာပါတဲ့ icon design ကတောင် ပိုလှနေသလိုပါပဲ ။ ကျွန်နော်ကတော့ ရှင်:ရှင်းပဲ.... Go Launcher ဖြစ်ဖြစ်Nova Launcher ဖြစ်ဖြစ် သုံးပြီ:တော့ ကိုယ့်ဖုန်းကို ကိုယ် စိတ်ကြိုက်ပြန်ပြီ: customize ပြန်လုပ်လိုက်တာပဲဗျ ။ အရင်တုန်းကတော့ အဲ့ဒီ့ Launcher တွေသုံးရင် memory စားတော့ သုံးရမှာ လက်တွန့်ခဲ့ပေမဲ့ ခုတော့ Note 3 မှာက Ram 3G ပါတယ်ဆိုတော့ ကြိုက်တဲ့ Launcher သုံးလို့ရသွားတယ်ဗျာ ။ ကျွန်နော် Note 3 မှာတော့ Go Launcher သုံးထာ:တယ် ။ Memory က defaut အနေနဲ့ 1.23 GB လောက်တော့ ပုံမှန် run နေတယ်ဗျ ။

2) နောက်တစ်ချက်ကတော့ Note 3 မှာပါတဲ့ Camera က Low Light Condition မှာ ရိုက်ရင် ပုံထွက်မကောင်းတာပဲဗျ ။ ကျွန်နော့် စိတ်ထင် Galaxy S4 ကတောင်သူ့ထက် Low Light mode မှာဆိုရင် ရုပ်ထွက်ပို ကောင်းနေသလိုပါပဲ ။ ကျွန်နော်ပဲ setting မှားနေသလားတော့ မသိဘူး ။ ညဘက် မှာ အလင်းရောင်သိပ်မရှိတဲ့ နေရာမှာ ရိုက်ရင် ပုံထွက်ကတော်တော်ဆိုးပါတယ် ။ အလင်းရောင် ရှိတဲ့ အချိန်မှာ ဆိုရင် တော့ Note 3 လောက် ဘယ်ဖုန်း camera ကိုမှ မကြိုက်ပေမဲ့ ညဘက် တို့ မလင်းတလင်းနေရာ မျိုးတွေမှာဆိုရင် တော့ Note 3 မှာပါတဲ့ Camera က တော်တော်အားနည်:ပါတယ် ။ နောက်လာမဲ့ Samsung Phone တွေမှာ ဒီ အချက်ကို ပြင်နေပြီလို့ တော့ Samsung ကကြေညာထားပါတယ် ။

3) နောက်တစ်ချက်ကS-Pen ရဲ့ design ပါပဲ ။ Note 3 မှာပါတဲ့ S-Pen က ပြားပြားရှည်ရှည် ပုံစံပေါက်ပါတယ် ။ ကျွန်နော်က Note 1 နဲ့ Note 2 မှာပါတဲ့ S-Pen ရဲ့ ဒီဇိုင်းကို ပိုကြိုက်ပါတယ် ။လက်ထဲမှာကိုင်ရတာ ပိုပြီ: အဆင်ပြေသလိုပါပဲ ။ တကယ့် ခဲတံကို ကိုင်ရသလို ခံစားရပါတယ် ။ ခု Note 3 မှာကြတော့ ဖုန်းရဲ့ body ကိုပြားလိုက်လို့လားမသိဘူး.. S-Pen လဲ နဲနဲလေးပြားသွားပါတယ် ... ။ ကိုင်ရတာ တစ်မျိုးကြီးဖြစ်နေပါတယ် ။

4) နောက်တစ်ချက်က Build quality မတူတဲ့ အချက်ပါ ။ အမည်:ရောင် Note 3 မှာပါတဲ့ Back cover က တကယ့် leather လိုမျိုးခံစားလို့ရပါတယ်... ကိုင်လိုက်ရင်လဲ လည်သာကို ကိုင်ရသလိုမျိုး အထိအတွေ့ကို ခံစားရပါတယ် ။ အဲ့ အဖြူရောင် Note 3 မှာပါတဲ့ back cover ကတော့ design ကပဲ လည်သာပုံစံမျိုး ဖြစ်ပါတယ် ။ ကိုင်ကြည့်လိုက်ရင် leather လိုမျိုးမခံစားရပါဘူး ။ ဘာကြောင့် အမည်းနဲ့ အဖြူရောင်က မတူတာလဲ မသိပါဘူး ။ ကျွန်နော်က တော့ အဖြူရောင် Note 3 ကိုဝယ်လိုက်မိပါတယ်..  ။

ကဲ ကျန်တဲ့ Note 3 user များရော ဘယ်လိုနေသလဲဗျို့... တစ်ခုတော့ ရှိတယ်... ကျွန်နော် ခုရေးလိုက်တဲ့ ဟာတွေက Note 3 LTE version ပေါ်ကို အခြေခံပြီ: ရေ:လိုက်တာပါ ။ 3G version ဝယ်ထားတဲ့ သူတွေကလဲ အတွေ့အကြုံလေးတွေကို ဝေမျှပါအုံးဗျ ...
(P.S ကျွန်နော်က ဒီ post မှာ Note 3 ကို Galaxy S4 နဲ့ပဲ တော်တော်များများ နှိုင်းပြထားပါတယ် ကျန်တဲ့ ဖုန်းတွေနဲ့ဆိုရင် ရန်များတဲ့ အတွက်ပါ Samsung User တွေအချင်းချင်:ကတော့ အေးဆေးပါပဲ လို့ ထင်ပါတယ်...  )




Sai Thet (MMUG)
 



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ