Tuesday, December 10, 2013

#Web #hosting #server တစ်ခုကို မရွေးချယ်ခင်…သိထားသင့်သော အရေးကြီးအကြောင်းအရာလေးများ




#Web #hosting #server တစ်ခုကို မရွေးချယ်ခင်…

ကျွန်တော်တို့ web site ကို internet ပေါ် ရောက်ဖို့ဆိုရင် web hosting service တစ်ခု လိုပါလိမ့်မယ်။ Web hosting တွေဟာ သူတို့မှာ ပါဝင်တဲ့ feature တွေပေါ်မူတည်ပြီး free hosting တွေကနေပြီးတော့ ဈေးအရမ်းကြီးတဲ့ business hosting တွေထိရှိကြပါတယ်။ ဘယ် option တွေကို ရွေးရမယ် ဆိုတာကတော့ သင့်ရဲ့ web site ကို ဘယ်လို အသုံးပြုဖို့ ရည်ရွယ်ထားတယ်၊ ဘယ်လောက် ငွေသုံးမလဲ ဆိုတာတွေပေါ် အများကြီး မူတည်ပါတယ်။ ကျွန်တော်တို့ hosting တစ်ခု ရွေးတော့မယ်ဆိုရင် အဓိက ဘယ်အချက်တွေကို ကြည့်သလဲဆိုတာကို share ချင်လို့ပါ။

၁။ လိုအပ်ချက်ကို စစ်ဆေးပါ
အရေးကြီးဆုံးအချက်ပါ။ လူတိုင်းက feature အများဆုံး၊ storage အများဆုံး၊ bandwidth အကောင်းဆုံး hosting ကို ပိုင်ဆိုင်ချင်ကြပေမယ့် အကောင်းဆုံးသောအရာတွေဟာ ဈေးအကြီးဆုံးတွေဖြစ်ပါလိမ့်မယ်။ ဥပမာ သင်ဟာ 100 MB disk space လောက်နဲ့ ရိုးရိုး static page လောက်ဘဲ တင်ချင်တယ်ဆိုရင်တော့ ဈေးသက်သာပြီး basic feature တွေဘဲပါတဲ့ linux web hosting server တွေကိုရှာသင့်ပါတယ်။ တစ်ကယ်လို့သာ သင်ဟာ နောက်ဆုံး ASP.Net 4.0 အသုံးပြုမယ်၊ MS SQL Server 2012 သုံးမယ် ဆိုရင် တော့ ASP.Net 4.0 နဲ့ MS SQL Server 2012 ရမယ့် Windows hosting server တွေကိုရွေးသင့်ပါတယ်။

၂။ Disk space/Storage
Storage ကတော့ hosting service တစ်ခုကို ရွေးချယ်ရာမှာ အခြေခံအကျဆုံး အချက်ပါ။ သင့်ရဲ့ web site ဟာ company ဒါမှာမဟုတ် ကိုယ်ရဲ့ အကြောင်း လောက်ပဲ ဖော်ပြရုံ ပုံ+စာ စာမျက်နာ ၁၀ မျက်နာ လောက်ဘဲ ရှိတယ်ဆိုရင် MB အနည်းငယ်လောက်က လုံလောက်ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ unlimited disk space package ကိုရွေးသင့်ပါတယ်။ ဒါပေမယ့် အဲဒီ package က သင့်ကို ဈေးအနည်းငယ် များသွားစေပါလိမ့်မယ်။

၃။ Bandwidth
Bandwidth ဆိုတာကတော့ သင့်ရဲ့ hosting provider ကနေ တစ်လအတွင်း သင်နဲ့ သင့် user တွေကို ခွင့်ပြုတဲ့ download နဲ့ upload ပမာဏ ကိုပြောတာပါ။ ဥပမာ သင့် web site ဟာ user တွေကို audio, video နဲ့ photo တွေ ကို download/upload လုပ်ခွင့် ပေးတဲ့ blog web site တစ်ခု ဖြစ်မယ်ဆိုပါစို့။ သင့်ရဲ့ hosting provider က 50GB bandwidth ပေးထားပါက တစ်လအတွင်း စုစုပေါင်း 50GB ထက်ကျော်ပြီး download/upload လုပ် လို့မရပါဘူး။ ပုံမှန်အားဖြင့် ဈေးချိုတဲ့ hosting service တွေမှာ အဲဒီ ပြသနာရှိပါဘယ်။

၎။ Domains နဲ့ subdomains အရေအတွက်
Domain name ဆိုတာကတော့ mistinemyanmar.com, facebook.com, google.com တို့ကိုဆိုလိုတာပါ။ Subdomain ဆိုတာကတော့ jobs.mistinemyanmar.com, play.google.com လိုမျိုးကိုပြောတာပါ။ တစ်ချို့နေရာတွေမှာ သင့် web site ဟာ subdomain တွေကို ညွှန်းတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် သင့် web site က domain နဲ့ subdomain တွေဘယ်လောက်လိုအပ်လဲ hosting provider ကဘယ်လောက် support ပေးလဲဆိုတိာကို စစ်ဆေးဖို့ လိုပါမယ်။ ဈေးချိုတဲ့ hosting provider တွေမှာတော့ domain နဲ့ subdomain အရေအတွက်ကို ကန့်သက်ထားတာလေးတွေရှိပါတယ်။

၅။ Email Accounts
Email account ကတော့ အဲဒီ hosting မှာ ရှိတဲ့ သင့်ရဲ့ domain name ကို အသုံးပြုပြီး create လုပ်ထားတဲ့ email account တွေကိုပြောတာပါ။ ဥပမာ it@mistinemyanmar.com, hr@mistinemyanmar.com စသည်ဖြင့်ပေါ့။ တစ်ချို့ hosting provider တွေကတော့ email account ဘယ်နှစ်ခုဘဲ create လုပ်ခွင့်ရှိတယ်ဆိုတာကို ကန့်ထားတက်ပါတယ်။ သင့်ရဲ့ domain ကိုသုံးပြီး email account တွေကို unlimited create လုပ်ချင်ရင် unlimited email account package မျိုးကို ရွေးသင့်ပါတယ်။

၆။ Control Panel

သင့် web hosting မှာ control panel ပါလားဆိုတာ သတိထားစေချင်ပါတယ်။ Control panel ဟာ web master site တစ်ခုပါဘဲ။ အဲဒီမှာ available disk space တွေ၊ bandwidth တွေ စစ်ဆေးလို့ ရသလို FTP account တွေ၊ Email account တွေ၊ subdomain တွေ၊ database တွေ create လုပ်လို့ရပါတယ်။

ရ။ Development Features
သင့်ရဲ့ web site ဟာ PHP 5 နဲ့ My SQL 5 database ကို သုံးထားမယ်ဆိုရင် web hosting က PHP 5 နဲ့ My SQL 5 ကို support လုပ်တဲ့ hosting ကို ရွေးချယ်ရပါမယ်။ Flash သုံးမယ်ဆိုရင် Flash support လုပ်မလုပ်ပါ စစ်ဆေးရပါမယ်။ သင်ဟာ ASP.Net 4 နဲ့ MS SQL Server 2012 ကို သုံးမယ်ဆိုရင်တော့ ASP.Net 4 နဲ့ MS SQL Server 2012 ကို support လုပ်တဲ့ hosting မျိုးကို ရှာရပါမယ်။ PHP နဲ့ My SQL ကိုဘဲ သုံးမယ်ဆိုရင်တော့ PHP Linux hosting တွေရှိပါတယ်။ ဈေးလည်းသက်သာပါတယ်။ ASP.Net နဲ့ MS SQL Server database တွေ သုံးရင်တော့ ASP.Net Windows hosting တွေရှိပါတယ်။ ဈေးနည်းနည်း ကြီးပါတယ်။ များသောအားဖြင့် ASP.Net Windows hosting တွေမှာ PHP တို့ My SQL တို့ Ruby တို့ အစုံရတာများပါတယ်။ MS SQL Server ကို တော့ hosting provider တော်တော်များများမှာ number of database ဒါမှမဟုတ် size of database နဲ့ ကန့်သက်ထားတာလေးတွေရှိပါတယ်။ သင့်ရဲ့ data တွေပေါ်မူတည်ပြီး သတိထားရမယ့် အချက်ပါ။

ကျွန်တော် အကြိုက်ဆုံး ASP.Net windows hosting တွေကတော့
1.WWM (http://www.worldwidemyanmar.com/) (မြန်မာလိုစုံစမ်းမေးမြန်းလို့ရပါတယ်)
2. Arvixe (http://www.arvixe.com/)
ဈေးအသင့်အတင့်ရှိပြီး Feature တော်တော်စုံပါတယ်။
3. discountASP (http://www.discountasp.net/)
ဈေးနည်းနည်းများပါတယ်။ Latest Microsoft development tools တွေသုံမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။

credit to =>gmmm333 & ko San Lin Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ