Monday, September 16, 2013
Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......?
 Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......? facebook  မှာ lock ဖြစ်သွားတဲ့ အကောင့် တွေလည်းအများကြီးပါ။တကယ်တော့ တင်းကျပ်လာတဲ့  facebook ရဲ့ pivicay တွေကိုမသိလို့ ခဏတာလော့ ကျသွားတဲ့ အကောင့် တွေကိုဒီနည်းနဲ့ ပြန်ပြီးယူလို့ ရပါတယ်။password ပြန်ပြီအသစ်
စ်ပြောင်းချင်သူများလည်းဒီမှာလိုက်လုပ်ကြည့် ပါ။တစ်ချို့ လော့ကျတဲ့  facebook အကောင့် တွေကိုမဖွင့် ပဲ တစ်ပါတ်လောက်ပစ်ထားပြီးဒီနည်းအတိုင်းလိုက်လုပ်ကြည့် လိုက်ပါ။အဆင်ပြေပါတယ်။ဒါဆိုရင်လတ်တလောအပူတွေဖြစ်နေတဲ
(အဆင့်-၁)
 Facebook webpage ကိုဖွင့်လိုက်ပါ။  အောက်ကပုံလေးမှာ ပြထားတဲ့ အတိုင်း မိမိရဲ့Facebook email ကိုရိုက်ထည့်လိုက်ပါ။ပြီးလျှင် Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။
(အဆင့်-၂ ) Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိရဲ့  facebook email ကို ရိုက်ထည့်ပေးပါ။ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
(အဆင့်-၃)   This Is My Account  ဆိုတာကိုနှိပ်ပေးလိုက်ပါ။
(အဆင့်-၄) Continue ဆိုတာကိုနှိပ်လိုက်ပါ။
( အဆင့်-၅)  ဒီအဆင့်မှာတော့  အခုစာမျက်နှာကို ဒီတိုင်းထားပြီး email အကောင့် ကိုဖွင့် လိုက်ပါ။
( အဆင့်-၆ ) facebook  ကနေမိမိတို့  email ကိုစာတစ်စောင်ရောက်နေပါလိမ့် မယ်။အဲဒီကကုဒ်နံပါတ်ကိုယူလိုက်ပါ။
 ( အဆင့်-၇ ) အောက်ကပုံအတိုင်း အဲဒီမှာပါတဲ့ လျှို့ဝှက်ကုဒ်ကိုကော်ပီကူပြီးဖြည့်လိုက်ပါပြီး။ထို့နောက် Continue ဆိုတာကိုနှိပ်လိုက်ပါ။
( အဆင့်-၈ ) Choose a new password ဆိုတဲ့ Box မှာ password  အသစ်ရိုက်ထည့်ဖို့ အကွက်ကလေးနှစ်ကွက်ပေါ်လာပါလိ့မ်မယ်။
အဲဒီမှာ မိမိအသစ်ပြန်ပြောင်းလိုတဲ့ password ကိုအကွက်2ခုမှာ မှန်အောင်ဖြည့်လိုက်ပါ။ ပြီးရင်Continue ဆိုတာကိုနှိပ်လိုက်ပါ
အထက်ပါ အဆင့်တွေ အားလုံးလုပ်ဆောင်ပြီးသွားပါက password အသစ်ပြန်ရလို့  ဖေ့စ်ဘုတ် အကောင့်ကိုလည်ပြန်အသုံးပြုလို့ ရပါပြီ။
credit to -ကိုလင်းသလ္လာဝတီ
ယခုလိုfacebookပြသနာလေးတွေကိုအသစ်တင်တိုင်းဖတ်ချင်တယ်ဆိုရင်
ဒီမှာ like လုပ်ခဲ့ ပါ။
စိုင်းသူ
10 comments:
  1. ကိုစိုင်းကျေးဇူးဗျာ
    နော်>>>>
    ReplyDelete
  2. ကျေးဇူးပါ။ကူညီပေးပါဦး
    ReplyDelete
  3. ဒီလိုနည်းပညာလေးတွေတင်ပြပေးတာကျေးဇူးတင်ပါတယ် နောက်လဲဒီထက်မကတိုးတက်အောင်မြင်ပါစေ
    ReplyDelete
  4. အမြဲ သုံးနေတဲ့ အကောင့်တစ်ခုပါပဲ အခုဟာက Lock ကျတာကို အကိုပြောတဲ့ နည်းအတိုင်း ပြန်ဖြေတာ ရတာ အဲဒါ out ပြီးပြန်ထွက် ပြန်ဝင်ကြည့်တာ your email account is disabled လို့ပေါ်လာတာကို ဘယ်လိုဖြေရှင်းလို့ရမလဲ သိချင်ပါတယ်အစ်ကို ပြန်ဝင်တိုင်းအဲလိုပဲဖြစ်နေပြီး ၀င်လို့မရဘူး အစ်ကိုကူညီပါဦးနော် ။
    ReplyDelete
  5. ကျနော့်အကိုအကောင့်လည်းဒီလိုပဲခင်ဗျ . သူငယ်ချင်းတွေ add လုပ်မလားဆိုပြီးမေးတော့ အကိုက လုပ်လိုက်တော့ Lock ကျသွားတယ် . ပြီးတော့ ကိုစိုင်းသူ ပြောသလိုလုပ်တော့လဲ Your account has been disabled. If you have any questions or concerns, you can visit our FAQ page here. ဆိုပြီး ပြနေတယ်. ဘာမှထပ်မလုပ်တတ်တော့ . ကူညီပါဦးခင်ဗျား.
    ReplyDelete
  6. တစ်ခုလောက်ပေးချင်ပါတယ်အကို တကယ်လို့ facebook နဲ့ gmail ကိုpasswordတစ်ခုတည်းသုံးတဲ့ဟာကိုဘယ်လိုပြန်ယူနှိုင်မလဲဆိုတာပြောပြပေးစေချင်ပါတယ်
    ReplyDelete
    Replies
    1. ဒီထဲ ကအတိုင်း လုပ်ပေးပါ..........အတူတူပါပဲ
      Delete
  7. ကျွန်တော့် FB အကောင့်လည်း ID Lock ကျနေလို့ဗျာ ဘယ်လိုလုပ်ရမလဲ ?
    ReplyDelete
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ