Showing posts with label အွန်လိုင်းမှာငွေရှာနည်း. Show all posts
Showing posts with label အွန်လိုင်းမှာငွေရှာနည်း. Show all posts
Wednesday, October 16, 2013
အွန်လိုင်းပေါ်မှာငွေရှာချင်တဲ့ သူများ သတိထားဖွယ်
အွန်လိုင်းပေါ်မှာငွေရှာချင်တဲ့ သူများ သတိထားဖွယ် ။မင်္ဂလာပါခင်ဗျာ လောလောဆယ်ပြောင်းလဲ သွားတဲ့ 
လတ်တလောအခြေအနေတွေအရ အွန်လိုင်းပေါ်မှာ ptc တွေကိုကလစ်ပြီးငွေ ရှာ တဲ့ အလုပ်ဟာ
သိပ်ကို အရမ်း ခေတ် စားလာတာကိုတွေ့ ရပါတယ်။ ဒီကိစ္စ နဲ့ ပက်သက်ပြီး ကျွန်တော့် မိတ်ဆွေတွေပင်ပန်းဆင်းရဲ နေတာ တွေ ကို မကြည့် ရက်လို့ ဒီစာကို ရေးလိုက်တာပါ  ကျွန်တော်ကိုယ်
တိုင်တောင်စမ်းသပ်ဖူးသလိုထိုက်သင့် တဲ့ ဝင်ငွေတွေလည်းရခဲ့ ဘူးပါတယ်။ရိုးသားစွာဝန်ခံတာပါ။ ဒါပေမယ့်  ဒီ ptc တွေ မှာ ငွေရှာ တဲ့ အလုပ်ဟာ သာမန်လူတစ်ယောက်အနေနဲ့ လုံးဝ(လုံးဝ) ဖြစ်နိုင်ဖို့ ခဲယဉ်းတဲ့ ကိစ္စ ပါ။ PTC တွေမှာ ငွေရှာတယ်ဆိုတဲ့ အလုပ်ဟာ Refer တွေများများ ရမှ အဆင်ပြေတာပါ။သာမန်လူတစ်ယောက်အနေနဲ့  ကလစ်လို့ ဘာမှမရပါဘူး။ မြန်မာပြည်က လူတွေ ဆိုရင်  ကွန်နက်ရှင်မကောင်းရတဲ့ ကြား ထဲ ကြောငြာတွေကို ကလစ်ရတဲ့ ဒုက္ခ နော် မိတ်ဆွေတို့ စဉ်းစားကြည့် ပါဗျာ။အင်တာနက်သုံးတာကို တစ်မိနစ် ( ၃ ကျပ် ၄ ကျပ် ) လောက်ပေးနေရတဲ့ အနေအထားတစ်ခု မှာ အချိန်တွေ ပိုက်ဆံတွေအလကားအကုန်မခံစေချင်ပါဘူး။အကျိုးရှိမဲ့ ကိစ္စတစ်ခုခုကိုဆောင်ရွက်လိုက်တာမှ အကျိုးရှိပါတယ်။ ရလာတဲ့ ငွေစအချို့ ကို ဆက် လက်ပြီးမက်မောပြီး ထုတ်ချင်တဲ့ အခါ မှာလည်း အရမ်းကိုပင်ပန်းအုံးမှာပါ။ ဒီလိုမျိုးရေးတာလည်း မနာလို ပြီးရေးတာတော့ မဟုတ်ပါဘူးခင်ဗျာ။ အများအတွက် အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး ရေးလိုက်တာပါ။ ဒီနေရာမှာ ဂုဏ်သိက္ခာရှိရှိ နဲ့ အစကတည်းက မရှူပ်ခဲ့ တဲ့ နည်းပညာသမားတွေအားလုံးကို လေးစာသလို မှားမှန်းသိလို့ နောက်ဆုတ် လိုက်တဲ့ မိတ်ဆွေတွေလည်းတစ်ပုံကြီးပါ။ ကျွန်တော် လည်း မှားမှန်းသိလို့ နောက်ဆုတ်ပြီးနေလိုက်ခဲ့ တာကြာပါပြီ အခုချိန်အထိ ptc တွေကို အသက်သွင်းနေတဲ့ လူတစ်စုကြောင့် အခုလိုရေးလိုက်တာပါ။အသေးစိတ်ရေးချင်ပေမယ့် ဘယ်သူ့ ကိုမှမထိ ခိုက်စေချင်ပါဘူး ။ဒါကြောင့် အကျဉ်းချုံးရေးလိုက်တာပါ။ ဒါကိုမှဆက်လုပ်နေအုံးမယ်ဆိုရင် တော့  ဖြစ်ကြောင်းရယ်ကုန်စင် ကို by name နှင့် တပ်ပြီးရေးတော့ မှာ ဖြစ် တယ်ဆိုတဲ့ အကြောင်းသတိပေးပြောကြားလိုပါတယ်ခင်ဗျာ။
အထက်ပါကိစ္စနှင့် ပက်သက်ပြီး ဝေဖန်မယ် မေးမြန်းမယ် ဆဲမယ်ဆိုရင် 
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, September 18, 2013
အင်တာနက်မှာ အရိုးအရှင်းဆုံးငွေရှာနည်း( ၃)
အွန်လိုင်းမှာငွေရှာနည်းလေးပါ။သိတဲ့ သူတွေမိတ်ဆွေတွေကတော့ ကျော်သွားလိုက်ပါခင်ဗျာ။ကဲစိတ်ဝင်စားတယ်ဆိုရင် 
အောက်မှာလုပ်ပုံလုပ်နည်းကိုအသေးစိတ်ပြထားပေးပါတယ်ခင်ဗျာ။တကယ့် ကိုအရိုးအရှင်းဆုံးနဲ့ အထိအရောက်ဆုံးရှာဖွေနိုင်မဲ့ နည်းလမ်းလေးမို့ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်.
အရင်ဆုံးအနေနဲ့  မိမိတို့ အချိန်ကုန်ပြီးထိုင်ကလစ်စရာမလိုအောင် auto ကလစ်လုပ်နိုင်မဲ့ နည်းလမ်းလေးကိုအရင်ဆုံးမိမိတို့  browser မှာထည့် သွင်းထားလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း ADD ON ဆိုတာလေးကိုနိပ်ပေးလိုက်ရုံပါပဲ။
ဒါကတော့ AUTO CLICK လုပ်ပေးမဲ့ ကောင်လေးပါပဲ သူကို့ လည်းဒီမှာ INSTALL လုပ်ရမှာပါ
Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။
အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။
View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ် .
အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…
ကြော်ငြာတွေကို ကလစ်လုပ်တဲ့နေရာမှာ 24 နာရီပြည့်မှ ကြော်ငြာတွေကို ကလစ်ဖို့ အရေအတွက်အသစ်ထပ်
ထုတ်ပေးသွားပါတယ်.
ကျနော်တို့ ကလစ်လို့ရလာတဲ့ငွေတွေက Main Balance ထဲကိုဘဲ ၀င်မှာပါ Mail Balance ထဲမှာ အနည်းဆုံး
$ 0.8000 လောက်ရလာပြီဆိုတာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်စပါတော့မယ်..မ၀ယ်ခင်အရင်ဆုံး Main Balance ထဲက
ရတဲ့ငွေတွေကို Rental Balance ထဲသို့ ပြောင်းပါမယ်..ဘယ်လိုပြောင်းမလဲဆိုရင် Rental Balance
ရဲ့ညာဘက်ပေါ်နားက [ Add Funds ] ဆိုတာကို နှိပ်လိုက်ပါ … အောက်ကပုံကိုကြည့်ပါ။
အဲဒီမှာ ရွေးစရာသုံးခုထဲက Probux MAIN BALANCE ဆိုတာကိုနှိပ်လိုက်ပါ..ပီးရင်အောက်က ပုံကိုဆက်ကြည့်ပါ။
ပုံမှာ $ 0.10 ပြထားတာတွေ့ပါလိမ့်မယ်…အခု အပေါ်က ကျွန်တော် နမူနာ ပြတဲ့ ပုံမှာ ငွေက $ 0.1730 ဆိုတော့ $ 0.10 ထက်တော့ ကျော်နေ
ပါတယ်..ဒီတော့ အဲဒီ $ 0.10 ပမာဏလောက်ကိုဘဲ Rental Balance သို့ရွေ့လိုက်ပါမယ်။ ADD FUNDS ကိုသာနှိပ်
လိုက်ပါ.. ဒါဆိုရင်အောက်က ပုံအတိုင်း Main Balance ထဲက ငွေတွေက Rental Balance ထဲသို့ရောက်သွားတာ တွေ့
ပါလိမ့်မယ် ။
အစက $ 0.1730 ရှိတာ Main Balance ကနေ 0.10 $ ကို Rental Balance ထဲကိုရွေ့လိုက်တော့ ပုံမယ်မြင်တဲ့အတိုင်းပါ
ဘဲ..Main Balance မှာ $0.0730 ဘဲကျန်ပါတော့တယ်.. ကျန်တာက Rental Balance ထဲကိုရောက်သွားပါပြီ.. ဒီလိုနည်း
နဲ့ ကြော်ငြာတွေကို ကလစ်ရင်း Main Balance ထဲမှာငွေတွေများလာတဲ့အခါ Rental Balance ထဲသို့ ရွေ့ပါ..အဲလိုလုပ်
လုပ်ရင်းနဲ့ Rental Balance ထဲမှာ အနည်းဆုံး $0.8000 လောက်ရဘီဆိုရင် ရှယ်ယာ ၀ယ်တဲ့အဆင့် စပါတော့မယ် .
အိုကေ..အောက်မယ်ပြထားတဲ့ ပုံထဲက Rent Referrals ဆိုတဲ့ အရုပ်လေးကို ကလစ်လိုက်ပါ။ 
ကလစ်လိုက်တာနဲ့ ရှယ်ယာ ၀ယ်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်..အောက်ကပုံကိုကြည့်ပါ..
ပုံမှာမြင်ရတဲ့အတိုင်း ရှယ်ယာ 3 ခု 10 ခု 20 ခု 50 ခု 70 ခု 100 ခု ဆိုပြီးရှိပါတယ်.. ရှယ်ယာ 3ခုကို 0.6 ဒေါ်လာနဲ့
ဝယ်ရပါမယ် အဲဒါတွေကိုဘယ်ကရတဲ့ ငွေနဲ့ဝယ်မလဲဆိုရင် Main Balance ထဲကရတဲ့ငွေကို Rental Balance ထဲသို့
ရွေ့ထားတဲ့ ငွေတွေနဲ့ ၀ယ်ရမှာပါ..မိမိ စုလာတဲ့ငွေတွေက 0.8000 ရနေပြီဆိုတော့ ရှယ်ယာသုံးခုကို စ၀ယ်ပါမယ် ပုံ
မယ်ပြထားတာက ကျနော်စုနေတာ 0.8000 မပြည့်သေးတဲ့အတွက် ၀ယ်လို့မရသေးဘူး don’t have enough ဆိုပြီး
Error ပြနေတာပါ.. ဒါကို ခဏမေ့ထားပြီး 0.8000 ပြည့်တာနဲ့ ရှယ်ယာသုံးခုကို ၀ယ်လို့ရပြီဆိုပြီး ပြပါလိမ့်မယ်..၀ယ်
လိုက်ပါ…၀ယ်လိုက်ပြီဆိုတာနဲ့MyAccountရဲ့အောက်ဆုံးမှာအောက်ပါပုံအတိုင်းရှယ်ယာသုံးခုဝယ်ပီးကြောင်း ပြပါလိမ့်မယ် 
အိုကေ ရှယ်ယာသုံးခုဝယ်ပြီးသွားပြီဆိုတာနဲ့ သုံးရက်လောက် ပုံမှန်အတိုင်း ကြော်ငြာတွေကို ကလစ်သွားပါ..ရတဲ့ပိုက်ဆံ
တွေကို Rental Balance ထဲသို့ဖြည့်ဖြည့်ထားပါ..သုံးရက်မြောက်ပီဆိုတာနဲ့ ပုံမှာပြထားတဲ့ Referral Clicks တွေ
တက်လာတာတွေ့ရပါလိမ့်မယ်…
Rented Referrals လေးကို ကလစ်လုပ်လိုက်ပါ..အောက်ပုံကိုကြည့်ပါ။ 
အဲဒီမှာ ကျနော်ဝယ်ထားတဲ့ ရှယ်ယာသုံးခုကိုတွေ့ပါလိမ့်မယ်.. ထိပ်ဆုံးက AutoPlay ကို Enabled ထားပေးပါ.
Avg ကိုတစ်ချက်ကြည့်လိုက်ပါ.. အဲဒီမှာ 2 နဲ့ 3 က Avg 3.000 နဲ့ 2.500 အသီးသီးတက်နေကြသော်လည်း.. နံပတ် 1
မှာတော့ ဘားမှမတက်ပါ..အဲဒီအတွက် မြှားအစိမ်းအ၀ိုက်လေး ကိုနှိပ်ပြီး Recycle လုပ်ပေးလိုက်ပါ..ဒါဆိုရင်
နောက်တစ်ရက်နှစ်ရက်လောက်ကျရင် Avg တက်လာတာကိုတွေ့ရပါလိမ့်မယ်.. 
( မှတ်ချက်- ရှယ်ယာဝယ်ပြီးတာနဲ့ Avg တက်မတက်ကို လေးရက်လောက်စောင့်ကြည့်ရပါမယ်..ချက်ချင်းမတက်ပါ..
လေးရက်လောက်စောင့်ကြည့်ပီးလို့ အခြားဟာတွေက Avg တက်သော်လည်း Avg မတက်တဲ့ ရှယ်ယာကိုသော်လည်း
ကောင်း.. Avg 2.000 ထက်မကျော်တဲ့ ကောင်တွေကို Recycle သာလုပ်ပစ်မှာ Avg 0 ကနေပြန်စပါလိမ့်စေ..) 
..
မရှင်းလင်းတဲ့အချက်များ..အမှားများပါရင်လည်း ဆက်သွယ်အကြံပေးဝေဖန်နိုင်ပါတယ…် ကျနော်ကိုယ်တိုင်လဲ
ဒီလုပ်ငန်းစဉ်လေးကို စမ်းသပ်လုပ်ဆောင်နေပါတယ်…အဲဒီအတွက် ကျနော်နဲ့အတူတူ ညီအစ်ကိုမောင်နှမများအနေဖြင့်
လုပ်ဆောင်နိုင်ကြပါတယ်..တစ်ခုခု Error တွေ့ရင်အချိန်နဲ့တစ်ပြေးညီ ဖြေရှင်ချက်များ..နည်းလမ်းများကိုပြောပြပေးသွား
မှာဖြစ်ပါတယ်။
မှတ်ချက် MM It Helper မှ ပြုလုပ်ထားသော pdf စာအုပ်ကို ကိုးကား၍ ပြန်ရေးသည် ။
အွန်လိုင်းငွေရှာနည်းကိုစိတ်ဝင်စားရင်facsbook ကနေဖတ်ချင်ရင်
ဒီမှာ like လုပ်ခဲ့ ပါ။
Friday, August 30, 2013
အွန်လိုင်းပေါ်မှာငွေရှာနည်း အပိုင်း(၂) google adsense အကြောင်း
Google Adsense
Google..AdsenseဆိုတာGoogleကုမဏ္ဍီကနေသတ်မှတ်ချက်အရည်အသွေးနဲ့ပြည့်မှီတဲ့ဝက်ဆိုဒ်ဘလော့များအတွက် ပေးထားတဲ့
ကြော်ငြာများပဲဖြစ်ပါတယ်။ကမ္ဘာမှာအရမ်းခေတ်စားပါတယ်၊၀က်ဆိုဒ်ဘလော့တွေမှာAdsense ကြော်ငြာတွေကိုခနခဏတွေ့နေပေမဲ့လို့..
အဲဒါတွေကို ကြော်ငြာတွေလို့ သိပ်မသိကြဘူး..တကယ်တော့ Google ကုမဏ္ဍီက ကြားခံဝန်ဆောင်မှု့ပေးတာပါ။ Google Adwords ဆိုတာနဲ့ လုပ်ငန်းရှင်တွေ ၊ ကြော်ငြာရှင်တွေကို လက်ခံပါတယ်။ ကြော်ငြာရှင်များက Google ကုမဏ္ဍီကိုကျသင့်တဲ့ငွေကြေးပေးရပါတယ်။ တခါ Google ကုမဏ္ဍီက ပြန်ပြီး ၀က်ဆိုဒ် ဘလော့ပိုင်ရှင်များဆီကိုကြော်ငြာများထဲ့သွင်းစေပြီး ပိုက်ဆံပြန်ပေးတဲ့စနစ်ပါ။သို့သော် ၀က်ဆိုဒ်များပေါ်မှာကြော်ငြာရှိနေယုံသက်သက်နဲ့ ၀က်ဆိုဒ်ပိုင်ရှင်များအဖို့ဝင်ငွေမရပါဘူး..အဲဒီကြော်ငြာကိုစိတ်ဝင်စားလို့ ပရိတ်သတ်များက ၀င်ရောက် ကလစ်ကြည့်ရှုမှာသာလျှင် ၀င်ငွေရပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းထင်စရာအကြောင်းရှိပါတယ်..ဒါဆို တနေကုန်ထိုင်ပြီး ကြော်ငြာတွေကို ကလစ်နေရင် ပိုက်ဆံရမှာပေါ့လို့ ထင်စရာအကြောင်းရှိပါတယ်။ မရပါဘူး။ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် Google Adsense အကောင့်ကို ရာသက်ပန်အပိတ်ခံရမှာဖြစ်ပါတယ်။ သူတို့မှာ အဆင့်မြင့် software တွေတတ်ဆင်ထားပါတယ်။ ဒါ့ကြောင့် ၀က်ဆိုဒ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိကို မလိုသူများက လုပ်ကြံမခံရလေအောင် ကာကွယ်တဲ့ software များတတ်ဆင်ထားသင့်ပါတယ်။ အဲဒီ ဆော့ဝဲများတတ်ဆင်ထားခြင်းဖြင့် မလိုသူများက ဘယ်လိုပဲ လုပ်ကြံ လုပ်ကြံ Google ပင်မ ဆော့ဖ်ဝဲများဆီသို့ မရောက်တော့ပဲ ကြားခံ ဆော့ဖ်ဝဲများက ဖျက်ချပေးသွားမှာဖြစ်ပါတယ်။
                                    Google Adsense Text Link ကြော်ငြာပုံစံလေးတွေပါခင်ဗျာ။
        အခုဖော်ပြပါပုံကတော့ Google Adsense ရဲ့ Text Link ကြော်ငြာပဲဖြစ်ပါ
တယ် အဲဒီပေါ်မှာ မောက်စ်ကို တင်ပြီး ကလစ်ဝင်ရောက်ခြင်းဖြင့် ကြော်ငြာပိုင်ရှင်ရဲ့ဆိုဒ်ဆီကိုရောက်သွားမှာဖြစ်ပါတယ်။ များသောအားဖြင့် စီးပွားရေးလုပ်ငန်းအရမဟုတ်ပဲ ၀ါသနာယုံကြည်ချက်အရ အလုပ်လုပ်ပေးနေတဲ့ ၀က်ဆိုဒ် ဘလော့တွေတော်တော်များများဟာ မိမိစရိတ်နဲ့ မိမိလည်ပတ်နေရတာပါ။အပင်ပမ်းခံလုပ်ရတာပါ။ အဖွဲ့စည်း တွေက ထောက်ပံ့ကြေးငွေပေးထားတဲ့ ဆိုဒ်တွေကိုတော့ မဆိုလိုဘူးပေါ့။ အဲဒီအခါကုန်ကျစရိတ်တွေကိုကာမိအောင်မိမိရဲ့ဆိုဒ်ဟာအရည်သွေးပြည့်မှီမယ်ဆို ကြော်ငြာဝင်ငွေများနဲ့ကာထားမှသာလျှင် ရေရှည်တည်
တံ့နိုင်မှာဖြစ်ပါတယ်။ ကျနော့်ရဲ့အခု ၀က်ဆိုဒ် The Best English 4 You ဆိုရင်လည်း Google Adsense ကြော်ငြာနဲ့ ကျားကန်ထားရပါတယ်။ Adsense ကြော်ငြာများကို သိချင်ရင် ကျနော့်ဆိုဒ်ပေါ်ဝင်ကြည့်လို့ရပါတယ်။ ကျနော်ဆိုရင် အကျင့်တခုလုပ်ထားပါတယ်..မိမိသိလိုသော ဖတ်လိုသော ၀က်ဆိုဒ်များကိုဝင်ရောက်သောအခါတိုင်း Adsense ကြော်ငြာတွေ့မယ်ဆိုရင် အဲဒီကြော်ငြာများအနက်မှ သုံးခုကို အမြဲဝင်ရောက် ကလစ်ကြည့်ရှုပေးပါတယ်…။ ဥပမာ Burmese Classic ၀က်ဆိုဒ်ကို တခါတရံ ရုပ်ရှင်ကြည့်ချင်လို့ဝင်ကြည့်ပါတယ်ကျနော်တို့အနေနဲ့ဒီလိုလွယ်လင့်တကူကြည့်နိုင်ဘို့ဝက်ဆိုဒ်ဖန်တီးသူများက တော်တော်ကြိုးစားထားရ
တာပါ။ အဲဒီအခါမှာ သူရဲ့ကျေးဇူးကို သိတတ်သောအားဖြင့် တုန့်ပြန်တဲ့သဘောပါ။
        ကြော်ငြာ ကလစ်ချက်တခုကို ဘယ်လောက်ရသလည်းဆိုတာကတော့ ပြောဘို့ခက်ပါတယ်။ တဒေါ်လာရဲ့ အပုံတရာပုံတပုံ ( တစ်ဆင့်)ကနေ၁၀ဒေါ်လာလောက်ထိရှိပါတယ်။Google..Adsenseကြော်ငြာတွေကတခုထဲအမြဲတန်းပုံမှန်ရှိနေတာမဟုတ်ပါဘူး…အမြဲ
တန်းပြောင်းနေတာပါ။ဒါ့ကြောင့်ဘယ်ကြော်ငြာဟာဘယ်လောက်ရတယ်ဆိုတာပြောဘို့ခက်ပါတယ်။Google.Adsense ကြော်ငြာလက်
ခံနိုင်ဘို့ အရည်အသွေးများကတော့ အရင်ကျနော်ရေးခဲ့တဲ့ ဆောင်းပါးထဲက အတိုင်းပါပဲ…။
  • Free ၀က်ဆိုဒ် လက်မခံပါဘူး
  • သက်တန်း ( ၆ ) လရှိရပါမယ်။
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေက ကိုယ်ပိုင်ဖြစ်ရပါမယ်။
  • Page views ငါးသောင်းအထက် - ( Hit သို့မဟုတ် impression ) နှစ်သိန်းလောက်ရှိရပါမယ်။           ကျနော်ခန့်မှန်းတွက်ချက်ကြည့်တာ..လူတစ်ထောင်လောက်နေ့စဉ်ဝင်ကြည့်နိုင်ဘို့လိုပါတယ်။
  • Google Adsense ပေါ်လစီများကို လိုက်နာရပါမယ်။ ( ဒီအကြောင်းနောက်ဆက်ရေးပေးပါမယ်)
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့အကြောင်းအရာများဟာ Google ပေါ်လစီနဲ့ မညိတဲ့အရာများဖြစ်ရပါမယ်။ ( ဥပမာ -ညစ်ညမ်းဆိုဒ် ၊ လက်နှက်ရောင်းဝယ်မှု့ ဒါမျိုးတွေ လက်မခံပါဘူး
  • မိမိ အသုံးပြုနေတဲ့ IP ရဲ့ ကွန်ပြူတာမှ မိမိဝက်ဆိုဒ်ပေါ်က ကြော်ငြာကိုမကလစ်ရပါဘူး ( ဒါက အရမ်းအရေးကြီးတဲ့ အချက်ပါ )တကယ်လို့ ကလစ်မိတယ်ဆို...ချက်ခြင်း အကောင့်ကို ပယ်လိုက်ပါတယ်။                                         
           လောလောဆယ်တော့ Google ကုမဏ္ဍီက မြန်မာဖောင့် လက်မခံသေးပါဘူး..ဆိုလိုတာက သူ့ ဆော့ဖ်ဝဲတွေက မြန်မာဖောင့်ကိုလက်မခံသေးဘူး…ကိုယ်က ၀က်ဆိုဒ်ပေါ်မှာ အကြောင်းအရာများကို မြန်မာလိုရေးတင်ထားတယ်ဆို သူ့ဆော့ဖ်ဝဲတွေက မဖတ်နိုင်ဘူး..ဒီတော့ ကြော်ငြာကုတ်တွေကိုတင်လည်း ကြော်ငြာက မပေါ်ပါဘူး။ သို့သော် မြန်မာလိုရေးချင်ရင် ဓါတ်ပုံလိုဟာမျိုးနဲ့လုပ်ပြီးတင်ရင်ရပါတယ်။ ဥပမာ ကျနော့် ၀က်ဆိုဒ် home page ကိုကြည့်လိုက်ပါ။ မြန်မာလိုတွေ တွေ့ရပါလိမ့်မယ်.. အဲဒါတွေက ဆိုဒ်စာမျက်နှာပေါ်တိုက်ရိုက်မြန်မာလိုရေးတင်ထားတာမဟုတ်ပါဘူး..photo shop ကနေတဆင့် စာလုံးရေး ဓါတ်ပုံလုပ်တင်ထားတာပါ။တချို့ဆိုဒ်တွေမှာအင်္ဂလိပ်လိုရေးတာရော..တချို့နေရာတွေမှာမြန်မာလိုကြားညှပ်ပါနေတာတွေရှိပါတယ်…
ဒီလောက်က ရတယ်။ စာမျက်နှာတခုလုံး ဗမာလိုချည်းရေးတင်မယ်ဆိုရင်တော့ ကြော်ငြာတင်လို့မရပါဘူး။
ကျနော်တို့ နိုင်င်ငံသားတွေညီညွတ်တယ်…ကိုယ့်အမျိုးကိုစောင့်ရှောက်ချင်စိတ်ရှိကြတယ်ဆို စည်းစည်းလုံးလုံးနဲ့ လုပ်လို့ရတာတွေရှိပါတယ်။
နောက်တခါ ဗွီဒီယိုလိုဟာမျိုးတွေချည်းတင်မယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်...Google Adsense က လက်ခံပါတယ်။ ကြော်ငြာ တင်လို့ ရပါတယ်။
                                     ( ဆက်လက်ဖော်ပြပေးပါမယ် )
credit to - the best english 4 you   မှတစ်ဆင့် ကူးယူဖော်ပြပါတယ်ခင်ဗျာ
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက်
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက် ပါခင်ဗျာ။ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို ထပ်ဆင့်မျှဝေပေးပါမယ်။တချို့သောအကြောင်းအရာများကိုဘာသာပြန်ပေးပါ့မယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။ အင်တာနက်ကိုအခြေခံပြီး ၀င်ငွေဖန်တီးလို့ရတယ်ဆိုတာ သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။ အင်တာနက်မှတဆင့် ၀င်ငွေရှာခြင်းနဲ့ တလ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့ မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့ အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ
တာတွေကို ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ ၀ိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး ၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။
          ကျနော်ယုံကြည်ထားတာ ပညာရပ်တခုကို လက်ဆင့်ကမ်းတယ်ဆိုတာ သောက်ရေအိုးထဲက ရေကိုခပ်ပေးလို့ ကုန်သွားတာမျိုးမဟုတ်ပါဘူး ၊ ဖယောင်းတိုင် တစ်တိုင်က တတိုင်ကိုမီးကူးပေးလိုက်ခြင်းမျိုးပါပဲ မီးတောက်တွေများလာလေ အလင်းတွေထိန်လာလေပါပဲ။ ဒီနေရာမှာ တခုကြိုပြောထားခြင်းတာက ကျနော် ဒီအကြောင်းရာများကိုရေးသားတင်ပြခြင်းသည် လူတတ်လုပ်လိုသောစိတ် ၊ ဆရာကြီးလုပ်လိုသောစိတ် အလျှဉ်းမရှိဘူးဆိုတာ ယုံပါ။ မိမိမရောက်ဘူးသေးသောအရပ်ဒေသမှာ လမ်းမသိလို့ ရောင်ချာချာဖြစ်နေသူကို လမ်းညွှန်လိုက်ပို့တဲ့ အဆင့်ပဲဖြစ်ပါတယ်။ အချိန်ရရင်ရသလောက် ဆက်တိုက်ရေးပေးသွားပါ့မယ်။
          အွန်လိုင်းပေါ်မှာငွေရှာနည်းနဲ့ပတ်သက်လို့ အခက်အခဲရှိနိုင်တာတွေရှိပါတယ် ၊ ဒါတွေကိုတော့ အချိန်ယူ သီးခံရင်းနဲ့ပဲ ..ကျော်လွှားရမှာဖြစ်ပါတယ်။ကျနော်ဆက်တိုက်ရေးပေးမဲ့ဆောင်းပါးများနှင့်ပတ်သက်လို့မယုံကြည်တာပဲဖြစ်ဖြစ်…အပျက်မြင်ပဲဖြစ်ဖြစ်ရှိခဲ့မယ်
ဆိုရင်..ဒီနေရာမှာပဲ..ရပ်လိုက်ပါ ဆက်ဖတ်နေရင် မျက်စိညောင်းပါတယ်…။
                  အောင်မြင်မှု့ဆိုတာ..ယုံကြည်စွာ စိတ်အားထက်သန်တဲ့သူတွေအတွက်သာဖြစ်တယ်။
ဝက်ဆိုဒ် ၊ ဘလော့ များကိုအသုံးပြ ငွေရှာခြင်း
  ကျနော့်ဆီကိုအီးမေးလ်၊မက်ဆေ့တွေကတဆင့်သူတို့သိချင်တဲ့ အကြောင်းအရာတွေကို ရေးပေးဘို့ တောင်းဆိုထားတာတွေရှိပါတယ်..ဥပမာ အွန်လိုင်းပေါ်မှာ ဘယ်လိုဈေးရောင်းမလည်း ၊ ၀က်ဆိုဒ် ဘလော့များနှင့် ဘယ်လိုငွေရှာမလည်း စတာတွေပေါ့..ဒီနေရာမှာ အရင်ဆုံးအနေနဲ့ ၀က်ဆိုဒ် ဘလော့များနှင့် ငွေရှာနည်းကို အရင်တင်ပြပေးပါ့မယ်။
    အင်တာနက်(သို့)အွန်လိုင်းနဲ့ငွေရှာဘို့မရှိမဖြစ်ရှိရမဲ့ အရာတွေရှိပါတယ်..ဒါတွေမရှိသေးဘူးဆိုရင်တော့ ဗဟုသုတအဖြစ်မှတ်သားထားပြီး အဆင်ပြေလာတဲ့ အချိန်မှာ အဆင်သင့်ကောက်လုပ်လို့ရပါပြီ..။
မရှိမဖြစ်ရှိနေရမည့်အရာများ
( ၁ ) အင်တာနက်ဆက်သွယ်ရေးရှိရပါမယ် ( speed အမြန် အနှေး ကိစ္စမရှိပါ )။
( ၂ ) ဘဏ် အကောင့် ရှိရပါမယ်။
( ၃ ) အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ရှိရပါမယ်။အီးမေးလ် အကောင့်ရှိရပါမယ်။
( ၄ ) သေချာတဲ့ နေရပ်လိပ်စာ ရှိရပါမယ်။
( ၅ ) ငွေကြေး တစုံတရာစိုက်ထုတ်နိုင်မှု့ရှိရပါမယ် ( အရင်းအနှီး မများပါ )
( ၆ ) အင်္ဂလိပ်လို အထိုက်အားလျှော်စွာ ရေးတတ်၊ ဖတ်တတ်ရှိရပါမယ်။
( ၇) အမေရိကန်မှာနေထိုင်သူဆိုရင်တော့ တရားဝင်နေထိုင်ခွင့်ရှိသူဖြစ်ရပါမယ်။ Tax ID ရှိရပါမယ်။ Good     Credit ရှိသူများအတွက် အခွင့်အလမ်းကောင်းတွေများပါတယ်။
        အထက်ဖော်ပြပါ အချက်များမှ ( အမေရိကားမှာနေထိုင်သူများ အတွက် မှတပါး ) ကျန်နိုင်ငံများမှာနေထိုင်သူများအတွက် ဖော်ပြပါ အချက် ခြောက်ချက်ပြည့်စုံရန်လိုပါတယ်။
ကကြော်ငြာဆိုတာနဲ့မြန်မာပြည်ကကြော်ငြာတွေကိုပဲပြေးပြေးမြင်တတ်ပါတယ်…။အဲဒီကြော်ငြာတွေတင်မကပါဘူး နိုင်ငံတကာမှာရှိတဲ့ ကြော်
ငြာများကိုလည်းထဲ့သွင်းနိုင်ခြင်းဖြင့်ဝင်ငွေရှာလို့ရပါတယ်။နောက်တခါဝက်ဆိုဒ်ဘလော့များကိုဖန်တီးရာမှာလည်း…သတင်းကဏ္ဍလောက်ကိုပဲ အာရုံစိုက်တတ်ကြတယ်..လုပ်လို့ရတာတွေအများကြီးရှိပါသေးတယ်…။ဥပမာ...အတတ်ပညာနဲ့ပတ်သက်တဲ့ဆိုဒ်တွေတည်ဆောက်လို့ရပါ
တယ်…ဓါတ်ပုံ ၊ ဗွီဒီယို ၊ ဂိမ်း ၊ ကားပြင်နည်း ၊ကွန်ပြူတာနည်းပညာ၊ စသဖြင့်ပေါ့ အများကြီးပါ….။ ကိုယ်အားသန်ရာ စိတ်ဝင်စားရာ ကျွှမ်းကျင်ရာ တခုကနေစလုပ်လို့ရပါပြီ။
                         ကြော်ငြာဖြင့်ဝင်ငွေရှာဘို့ ၀က်ဆိုဒ် ဘလော့များအနေဖြင့် မရှိမဖြစ် မလုပ်မဖြစ်အရာတွေရှိပါတယ်။
ဒါတွေကတော့……..။
( ၁  ) ၀က်ဆိုဒ် ဘလော့များဟာ အင်တာနက်ပေါ်မှ အခမဲ့ယူထားတဲ့ အရာတွေမရပါ။
( ၂ ) အထဲတွင်ပါဝင်သော အကြောင်းရာအများစုဟာ တခြားသူများဆီမှ မိတ္တူကူးဖော်ပြထားခြင်းမျိုးကို လက်မခံပါ ( နည်းနည်းပါးပါး ရပါတယ် )။ မူအရပြောတာ..နိုင်ငံသားတွေညီရင် ရတာတွေရှိတယ်။
( ၃   ) သက်တမ်းအားဖြင့် ခြောက်လ အနိမ့်ဆုံးရှိရပါမယ်။
( ၄  ) တလကို အနိမ့်ဆုံး page view ငါးသောင်း ၊ Hit ( သို့မဟုတ် ) Impression နှစ်သိန်းကျော်ရှိရပါမယ်။ လူဦးရေ ၀င်အားနဲ့ ခန့်မှန်း အတိအကျမဟုတ်
( လူတစ်ထောင်လောက်နေ့စဉ် ) ၀င်ရင် ကြော်ငြာလက်ခံပေးနိုင်ပါတယ်။
ဝန်ခံချက်။       ။ ကျနော် ကွန်ပြူတာ အင်တာနက်နည်းပညာမကျွှမ်းကျင်ပါ…ဒါ့အတွက် တချို့အခေါ်အဝေါ်များ မှားရင်ပြင်ပေးပါ။
တော့ကျနော်တို့ အများစုက ၀က်ဆိုဒ် ဘလော့ တည်ဆောက်ခြင်းနည်းပညာတွေမတတ်ကျွှမ်းတာများပါတယ်။ဒီအတွက် အခက်အခဲတွေ
တလှေကြိးနဲ့ကြုံရပါတယ်...သို့သော် ဒါ့အတွက် ပူစရာမလိုတော့ပါဘူး ၀က်ဆိုဒ်များကို လွယ်လွင့်တကူ ( ကွန်ပြူတာ အင်တာနက်နည်း
ပညာ အရမ်းကျွှမ်းကျင်စရာမလိုပဲ တည်ဆောက်နိုင်တဲ့ ကုမဏ္ဍီတွေရှိပါတယ်။ ) ကျနော် စပြီးဝက်ဆိုဒ်ကို တည်ဆောက်တော့ အဆင်မပြေ
ပါဘူး ၀က်ဆိုဒ် ကုမဏ္ဍီ ( ၃ ) ခုပြောင်းလိုက်ရပါတယ် ၊ နောက်ဆုံး ကုမဏ္ဍီကြမှ ကောင်းကောင်းအစဉ်ပြေသွားပါတယ်။ ၀က်ဆိုဒ်ကို စတင်
တည်ဆောက်တော့မယ်ဆိုရင် ပျှမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၁၀၀ ကျော်တော့ရှိပါတယ်။ လစဉ်ကတော့ ပျှမ်းမျှ ငါးဒေါ်လာကနေ ၁၀ဒေါ်လာကြားထဲလောက်ရှိပါမယ်(ကိုယ်ကလုပ်ဆောင်ချက်တွေအများကြီးမထဲ့ဘူးဆိုရင်အဲဒီလောက်ငွေနဲ့ရပါတယ်။) ခြောက်လလောက် အတွင်း ဒီငွေကို ရင်းနှီးမြှုတ်နှံနိုင်ဘို့တော့လိုပါတယ်။
        အခု ကျနော် အသုံးပြုနေတဲ့ ၀က်ဆိုဒ် ကုမဏ္ဍီက တော်တော်ကောင်းပါတယ် ဈေးကတော့ တခြားကုမဏ္ဍီထက်စာရင် နည်းနည်းများ
သလိုရှိပေမဲ့ လုပ်ဆောင်ချက်တွေက အရမ်းလွယ်ပါတယ် အကောင်းဆုံးကတော့ ၀က်ဆိုဒ် တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို customer service ကအရမ်းကောင်းတယ် ချက်ချင်းတုန့်ပြန်တယ် ဖြေရှင်းပေးတယ် ဒီ ကုမဏ္ဍီပါ အောက်မှာဖော်ပြပေးထားပါတယ် ကလစ်ဝင်
ရောက်ပြီးလေ့လာကြည့်လိုက်ပါ အရင် အသုံးပြုခဲ့တဲ့ ၀က်ဆိုဒ် ကုမဏ္ဍီ နှစ်ခုမှာ အဆိုးဆုံးက customer service ပါပဲ တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို တခါတလေ ၂၄နာရီနဲ့တောင် အကြောင်းမပြန်ပါဘူး။
ဝက်ဆိုဒ် နည်းပညာအရမ်းသိဘို့မလိုပါဘူး သူ့ထဲမှာ အလွယ်တကူတည်ဆောက်လို့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်
ပါတယ်။ ၀က်ဆိုဒ်တည်ဆောက်ဖို့ အလွယ်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ၀က်ဆိုဒ်ကို ဘယ်အကြောင်းအရာတွေနဲ့ ဘယ်လိုတည်ဆောက်မယ်
ဆိုတဲ့ အယူအဆကောင်းကောင်းရပြိဆို စတင်လည်ပတ်ပါ။
               အထက်ဖော်ပြပါအတိုင်းလုပ်ဆောင်ပြီးရင်..မိမိရဲ့ဆိုဒ်ကိုလူတွေစိတ်ဝင်စားအောင်Social Media Network တွေမှာတင်ပါ ( facebook , Twitter ) တို့မှာတင်ပါ။ ၀က်ဆိုဒ် သက်တမ်း ခြောက်လ အကျော်မှာ ကျနော် အထက်မှာဖော်
ပြခဲ့သလို...အရည်အသွေးများပြည့်စုံပြီဆိုရင်တော့ ကြော်ငြာတင်ဘို့ ကမ်းလှမ်းလို့ရပါပြီ။ ကြော်ငြာ နဲ့ပတ်သက်လို့ အမျိုးမျိုးရှိပါတယ်။ခေတ်
အစားဆုံး အရာတွေကိုပြောပြပါမယ်။
                - Google Adsense
                - ကြော်ငြာ ကုမဏ္ဍီများကို မှတ်ပုံတင်ဝင်ရောက်ပြီး မိမိဝက်ဆိုဒ်ကို ရောင်းရပါတယ်။ ရောင်းတယ်ဆိုတာ ကြော်ငြာတင်ဘို့
                  ဈေးကွက်မှာရောင်းရတာကိုပြောတာပါ။မိမိဆိုဒ်ဟာ လူဝင်များရင်များသလို ငွေပိုရပါတယ်။မိမိဝက်ဆိုဒ်မှာ ကြော်ငြာထဲ့ချင်
                   တဲ့ အပိုင်း၊ အကန့် ၊ အကွက်မှာ ( Advertise Here ) ဆိုပြထားရပါတယ်...ကြော်ငြာ ပုံသဏ္ဍန်အမျိုးမျိုး ဆိုဒ် အမျိုးမျိုး
                   ရှိပါတယ်...သူ့ဟာနဲ့သူဈေးကွာခြားပါတယ်။ ဖော်ပြပါလင့်ကိုကြည့်လိုက်ပါ ကြော်ငြာထဲ့သွင်းဘို့ပေးထားတာကိုတွေ့ရပါ
                   လိမ့်မယ်။( ကလစ်လိုက်ပါ )
                                            ( ဆက်လက်ဖော်ပြပေးပါမယ် )
credit to- the best english4 You