Showing posts with label Knowledge (Android). Show all posts
Showing posts with label Knowledge (Android). Show all posts
Tuesday, August 19, 2014
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
http://freeandeasy100.blogspot.com/2014/08/youtube.html
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Wednesday, August 13, 2014
Hacker's Kitty
ချစ်စရာ အလွန်ကောင်းတဲ့ ကြောင်လေးတစ်ကောင် သင့်ရဲ့ အိမ်ဝင်းနားလေးမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာများတွေ့ရင် ကြောင်လေးက ကြွက်လိုက်ချောင်းနေတာပဲလို့ လွယ်လွယ်ကူကူ မဆုံးဖြတ်လိုက်ပါနဲ့၊ ဒါဟာ အကောင်းတော့ မဟုတ်ပါဘူး..
ဒီကြောင်လေးဟာ Hacker တွေရဲ့ အဖွဲဝင် တစ်ကောင်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အိမ် အပါအဝင် အခြားအနီးနား ပါတ်ဝန်းကျင်မှာရှိတဲ့ အိမ်များက password မခံထားတဲ့ (သို့) အားနည်းချက်ရှိတဲ့ Wi-Fi signal ကို လိုက်လံ ရှာဖွေနေတာပါ။
လုံခြုံရေးဆိုင်ရာ လေ့လာသုတေသန ပြုလုပ်သူ "Gene Bransfield" က အိမ်နီးနားချင်းတွေရဲ့ အားနည်းချက်ရှိတဲ့ Wi-Fi signal ကို ထောက်လှမ်းနိုင်တဲ့ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်...
ချစ်စရာကောင်းတဲ့ သူ့ကြောင်လေး (Coco) ရဲ့ လည်ပင်းမှာ Wi-Fi card, GPS module, Battery, Spark Core chip တို့နဲ့ ပြုလုပ်ထားတဲ့ "WarKitten Collar" လို့ အမည်ပေးထားတဲ့ လည်ပါတ် ဒီဇိုင်းလှလှလေးကို ဝတ်ဆင်ပြီး ထောက်လှမ်းစေခဲ့ပါတယ်။
အဆိုပါ Device လေးက Wi-Fi signal ကို ရှာဖွေခြင်း၊ မှတ်သားခြင်းတို့အပြင် လုံခြုံရေးအားနည်းသော နည်းလမ်းအဟောင်း တစ်ခုဖြစ်တဲ့ WEP စနစ်ကို အသုံးပြုထားပါက အကာအကွယ်များကို အလွယ်တစ်ကူ ကျော်လွှားပြီး ဖွင့်နိုင်ပါတယ်။
"WarKitten Collar" ဟာ Hackers များ လုပ်လေ့လုပ်ထရှိတဲ့ အနီးနား ပါတ်ဝန်းကျင်တစ်လျှောက် ကားလျှောက်မောင်းပီး Wi-Fi signal ရှာတတ်တဲ့ "WarDriving" ရဲ့ အယူအဆအပေါ် အခြေခံထားတာဖြစ်ပါတယ်။
'Branfield' အနေနဲ့ အခုလို သုတေသန ပြုမှုကို သေသေချာချာကြီး မဟုတ်ပဲ အပြောင်အပျက် သဘောလောက်သာ စမ်းသပ်ခဲ့ပေမယ့် သူတွေ့ရှိခဲ့ရတာတွေကတော့ အံသြလောက်ပါတယ်လို့ အောက်ပါအတိုင်း ပြောဆိုပါတယ်..
"ကျွန်တော့်ကြောင်လေးကို အဲဒီ လည်ပါတ်လေးတပ်ပြီး အနီးပါတ်ဝန်းကျင်ကို လွှတ်ပေးလိုက်တယ်။ ကြောင်လေး ပြန်ရောက်လာတော့ ကျော်လွှားဖို့ လွယ်ကူတဲ့ WEP စနစ် သုံးနေတဲ့ hot spot တွေ 2014 ခုနှစ်ထဲမှာ အများကြီးရှိနေတာကို တွေ့လိုက်ရပါတယ်" တဲ့..
ကြောင်လေးတွေ ချစ်စရာကောင်းရင် မိုးမမြင်လေမမြင် ချစ်တတ်တဲ့ ကြောင်ချစ်သူများ လည်ပါတ်လှလှလေး ပတ်ထားတဲ့ ကြောင်လေးတွေ တွေ့ရင် သတိနဲ့ ချစ်ပါ...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
Credit >>> မိုးသိကြား 
Post By Zuu                                 Read More
http://freeandeasy100.blogspot.com/
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Viber ကို တခြားနိုင်ငံ ဖုန်းနံပါတ်နှင့် ဝင်ရောက်အသုံးပြုနည်း....
.
ဖုန်းခေါ်ပြောတဲ့အခါ မိမိကတခြားနိုင်ငံရောက်နေသလို အသုံးပြုနိုင်သလို...
တစ်ချို့အတွက်လဲ မိမိဖုန်းနံပါတ်နဲ့ မသုံးချင်တဲ့သူများအတွက် အရမ်းကိုအဆင်ပြေစေမှာဖြစ်ပါတယ်
.
မိမိအတွက် မိမိကြိုက်ရာနိုင်ငံရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်တစ်လုံးရဖို့ရန် TextFree With Voice ဆော့ဝဲထဲမှာ အကောင့်တစ်ခုသွားဖွင့်လိုက်ယုံပါပဲ ။ မိမိအတွက် ကြိုက်ရာနံပါတ်တစ်ခုကို ရွေးချယ်ခွင့်ချပေးမှာဖြစ်ပါတယ် ။
ရွေးချယ်ပြီးပြီဆိုရင်တော့ တခြားသူက ထိုနံပါတ်ကို ရိုးရိုး Call နဲ့ ခေါ်ရင်တောင် မိမိဆီဖုန်းဝင်လာမှာဖြစ်ပါတယ် ။
.
ဖုန်းတစ်လုံးထဲမှာ ကိုယ်ပိုင်ဖုန်းနံပါတ်နှစ်ခုနဲ့ အသုံးပြုနိုင်သလို 1500 တန်ကဒ်ကို 2 သိန်းပေးပြီးလဲ ဝယ်စရာမလိုတော့ဘူးပေါ့ :P
.
ကျနော် US နံပါတ်တစ်ခု ရယူပြီးဖွင့်ပြထားပါတယ် US အတွက် ဖြည့်ရမည့် Zip Code ကတော့ 20505 ပါပဲ ။
လုပ်နည်းကလဲ အရမ်းကိုလွယ်ကူပါတယ် အောက်မှာပုံနှင့်ကွလဲ ပြသထားပါတယ် ။
.
မှတ်ချက် ။ ။  မြန်မာပြည်က ကိုကိုမမများနှင့် ဖုန်းနံပါတ်ရွေးချယ်ခွင့် ပေးသောအခါ ထိပ်မှာ+95 ဆိုပြီးဖြစ်နေပါက
ဖုန်း Settings >>> Applications Manager >>> Textfree With Voice >>> Clear data ဆိုတာနှိပ်ပြီး ဆေးလိုက်ပါ ။
ဆေးပြီးတဲ့အခါ ဆော့ဝဲကိုပြန်ဝင်ပြီး မိမိလုပ်ထားတဲ့ နာမည်နှင့် ပတ်စဝတ်ကိုဖြည့်ကာ ဝင်လိုက်ပါ US နံပါတ် +1 နဲ့ ပေါ်နေတာကိုတွေ့ရပါမယ် :)
.
>> အသုံးပြုတဲ့အခါ မိမိ Viber မှာ မပေါ်တဲ့သူငယ်ချင်းများရှိပါက ထိုသူထို့ရဲ့ဖုန်းနံပါတ်ရှေ့မှာ + ကုဒ် ထည့်ပေးလိုက်ပါ Viber မှာ ပေါ်လာပါမယ် :)
သဘောက 095555555 ဆိုတဲ့ နံပါတ်ကိုမှတ်မယ်ထား ။ +9595555555 ဆိုပြီး ရေးသားမှတ်ရပါမယ် ။  ရှေ့က 0 ကိုဖြုတ်ပြီး +95 ကိုထည့်လိုက်ခြင်းပါ 
                                                Read More
http://freeandeasy100.blogspot.com/2014/08/viber.html
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Tuesday, May 13, 2014
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer  တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System)  တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux  ဟာလဲ Free and Open Source ဖြစ်ပါတယ်။  ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile  ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း  Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code  တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။
နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ 
Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့   ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Android မှာ Linux ကဲ့သို့ ပင် Mobile devices (ရွေ့လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်
မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။
ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ  GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။  Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features  များကိုရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။
Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း  apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။
ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။  အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ  စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries  တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ 
၎င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။
အပြည့်အစုံသို့ 
Post By Rookie