Showing posts with label အင်တာနက်ဆိုင်ရာ. Show all posts
Showing posts with label အင်တာနက်ဆိုင်ရာ. Show all posts

Saturday, October 4, 2014

သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း

သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း
------------------------------------------------------------------

firefox အသုံးပြု သူများ အတွက် ပါ။ မိမိတို့  အင်တာနက် မှာ bookmarks လေးတွေလုပ်ပြီး

 သိမ်းထားတတ်သူတွေ အတွက်ပါ။ မိမိမှတ်သားထားတာလေးတွေ ကို မိမိ တို့ စက် မှာ windows အသစ်

 တင် တဲ့ အခါ ပျောက်သွားမှာ ကို စိုးရိမ် စရာ မလို တော့ ပါ ဘူး။အဲဒီအတွက် firefox  မှာ sync account

 ဖွင့် ပြီး တော့ ပုံမှန် အသုံးပြု လိုက်ရုံပါပဲ။firefox မှာ sync Account ဖွင့် ဖို့ အတွက် မိမိ တို့ ရဲ့  gmail

Account နဲ့  အရင်ဆုံး Sin up လုပ်ရ ပါမယ်။မိမိနှစ်သက်တဲ့  password ပေးပြီး Sing up လုပ်ခဲ့ တဲ့ 

Email မှာ Verify လုပ်ပေးပြီး ရုံပါပဲ.... Windows အသစ် တင် တိုင်း firefox မှာ sync Account ကို sin in

ဝင် တာ နဲ့ မိမိ မှတ်သားထား တဲ့  bookmarks , tab , password , Add on တွေ ကို ကဲ အလွယ်ကူ

ဆုံး ပြန်လည်ရယူ နိုင် ပါပြီ။အောက်မှာ အသေးစိတ် ကိုပုံနှင့် တစ်ကွ ရှင်းပြပေးထားပါ တယ်။

အဆင့် ( ၁)
-------------------------------
firefox setting  / option မှာ အောက်ကပုံလေးအတိုင်း Sync ကိုနိုပ်ပါ။ Create Account ကို နိုပ်ပေးပါ။

အဆင့် ( ၂ )
----------------------------------
 မိမိရဲ့  Register  လုပ်မဲ့ Email လိပ်စာနှင့်  Password ကိုထည့် ပါ။ year of Birth မှာ မိမိ မေးသက္က ရာဇ် ကို ထည့် ပေးပါ။ပြီးရင် Next ကိုနိုပ်ပါ။

အဆင့် ( ၃ )
------------------------------------

 မိမိ Register လုပ်ခဲ့ တဲ့ အီးမေး ကိုဖွင့် ပါ ။ firefox sync ကို verify ဖြစ် ဖို့ ပေးပို့ လာ တဲ့ link ကိုနိုပ်ပါ။

အဆင့် ( ၃ )
------------------------------------
Manage ကိုနိုပ်ပါ။

အဆင့် ( ၄ ) 
---------------------------

မိမိ sync လုပ်လိုတဲ့  tabs , bookmarks စသည်ဖြင့် မိမိ နှစ်သက်သလို စီစဉ်ပါ။ ပြီးရင် အားလုံးပြီး ဆုံးသွားပါ ပြီ။

အသစ်တင်တိုင်း facebook ကနေ ဖတ်မယ် ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။

စိုင်းသူ

www.saithu102.blogspot.com

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, August 10, 2014

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …

REF : http://www.hongkiat.com/
မောက်ခ ပညာရေးမှ ပြန်မျှဝေတာပါ။

ပို့အသစ်တင်တိုင်း facebook ကနေဖက်ချင်သူများအတွက်
ဒီမှာ Likes လုပ်လိုက်ပါ

ချစ်သူမောင်(နည်းပညာမျှဝေခြင်း)

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, March 20, 2014

Windows တွင် MAC Address အားပြောင်းလဲပြီး Wifi အသုံးပြုခွင့်ရယူနည်း(Hacking Trick)

Windows တွင် MAC Address အားပြောင်းလဲပြီး Wifi အသုံးပြုခွင့်ရယူနည်း(Hacking Trick)

    Media Access Control address ( MAC address )
 ဆိုတာကတော့ Network တစ်ခုရဲ့ အဓိကသတ်မှတ်
ထားတဲ့ အစိတ်အပိုင်းသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ MAC Address ကို IEEE 802 Network တွေမှာလည်း အသုံးပြုသလို..Ethernet လို Network တွေမှာပါ အသုံးပြုကြပါတယ်။ Printer , Camera , စတဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေမှာလဲ MAC Address ဆိုတာ သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်း အလိုက်သူ့နေရာနဲ့သူပါဝင်ပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောပြပေးတာပါ။

အခု အကို တစ်ယောက်က မေးလာပါတယ်။ သူ့ အိမ်နားက WiFi ကို Passwords သိတယ်..ဒါပေမယ့် အဲ
သည်အိမ်က သူ့ကွန်ပျူတာရဲ့ MAC Address ကို ဘမ်းထားတဲ့အတွက် သူ အင်တာနက်သုံးမရပါဘူးတဲ့။
ဒီတော့ သူ MAC Address ကို ဘမ်းထားတယ်ဆိုရင် ကျနော်တို့က ဘမ်းထားတာကိုကျော်ခွဖို့အတွက်
MAC Address ကိုချိန်းမှဖြစ်တော့ပါ့မယ်။ ကဲ.. ဘယ်လိုချိန်းမလဲစလိုက်ရအောင်။
ဒီတော့ ကျွန်တော်အတတ်နိုင်ဆုံးရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ ကျွန်တော်လဲ ဆရာတစ်ယောက်မဟုတ်
ပါဘူး။ လေ့လာနေဆဲအဆင့်ဘဲရှိပါတယ်။

အရင်ဆုံး Windows Key + R ကိုတွဲနှိပ်ပြီး command box ကိုခေါ်ပါ့မယ်။ ncpa.cpl လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း မိမိ Wifi ချိတ်ဆက်ထားတဲ့ Local Area Network မှာရှိတဲ့ ပုံကို Right Click ထောက်ပြီး Properties ကိုရွေးချယ်ပေးလိုက်ပါ။        

IEEE 802 network
Advanced ကိုရွေးပါ။ Network Address ကို နှိပ်ပါ။ ညဘက်အခြမ်းက Value အကွက်ထဲမှာ000000000001 ဆိုတာလေးဖြည့်ပေးလိုက်ပါ။ ပြီးတာနဲ့ OK နှိပ်ပြီး ပြန်ထွက်ပါ။ မိမိရဲ့ MAC Address ကို ဘမ်းထားတဲ့ WIFI ဖြင့်ပြန်ချိတ်ကြည့်ပါ။ အဆင်ပြေပြေနဲ့ချိတ်လို့ရတာ တွေ့ပါလိမ့်မယ်

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Sunday, August 25, 2013

Youtube Downloader Pro YTD 4.5.2 Fullversion

ဒါလေးကတော့ Youtube ကနေ HD Movies တွေကိုဒေါင်းဖို့

Pro ဗားရှင်းလေးပါ ဒီထဲမှာ မိမိကြိုက်ရာ မိမိ အသုံးတဲ့ နိုင်တဲ့ Format ကို

တခါတည်း convert လုပ်ပေးနိုင်ပါတယ် သုံးမယ်ဆိုအောက်မှာ ဒေါင်းသွားလိုက်ပါ ခင်ဗျာ

ဒါလေးက set up file လေးပါအောက်မှာဒေါင်းပါ

PATCH ဖိုင်လေး ကိုအောက်မှာဒေါင်းလိုက်ပါ

အိုင်တီခေတ်

Friday, August 23, 2013

IP address အကြောင်းသိကောင်းစရာ

IP address အကြောင်းသိကောင်းစရာ

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု 
မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့ လူတွေမှာလည်းဘာသာ
စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address
တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits
နဲ့အလုပ်လုပ်ပြီးV6ကတော့
128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ
Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။
( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်
Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊
HostAddressဆိုတာတော့
Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်း
လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့
အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း
( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့
computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို
ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့
 computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊
NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။
ကျွန်တော် network အကြောင်းကိုလေ့လာနေဆဲ လူတစ်ယောက်အနေနဲ့ ကျွန်တော် IP address အကြောင်းကိုလေ့လာရင်း တွေ့လို့ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။

အိုင်တီခေတ်