Monday, February 3, 2014

AVS Video Converter ဖြင့် မြန်မာ subtitle ထည့်နည်း



ကျနော် သိသလောက် ကျနော် လုပ်ဖူးသလောက်ကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ခင်ဗျာ

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်းထိုးနည်းလေးကို မျှဝေခြင်ပါတယ်

ကျနော်ကိုလည်း ကြယ်ရောင် ကို ဆိုတဲ့ Facebook ထဲက သူငယ်ချင်းက ပြန်ရှင်းပြပေးထားတာပါ

ကျနော် ကိုယ်တိုင်စမ်းတာတော့ Converter တွေ ကိုအများကြီးနဲ့ ၃ ရက်လောက်စမ်းလိုက်ရတယ်

ဟိုရှာ ဒီရှာနဲ့ မြန်မာစာတန်းထိုးတွေကို ပြပေးနေတဲ့ myanmar subtitles Group မှာ သွားတွေ့လို့

သူငယ်ချင်းလုပ်ပြီးတော့ အကူအညီတောင်းထားရတာပါ။သူကလည်း လိုလိုချင်ချင်နဲ့ ကူညီခဲ့ပါတယ်

ပထမဦးစွာ ဒီပိုစ့်အတွက် လူနှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

မြန်မာစာထည့်နည်းကို ပြပေးတဲ့ ကြယ်ရောင် ကို နဲ့ မြန်မာတွေအတွက် အဆင်ပြေပြေဇာတ်လမ်း

တွေကိုကြည့်နိုင်အောင် မြန်မာစာတန်းတွေရေးပေးနေတဲ့ ကို မိုးကျော် ကို အရမ်းကျေးဇူးတင်ပါတယ်

ဒီပိုစ့်လေးကြာင့် လူတော်တော် များများလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်တက်သွားလိမ့်မယ်လို့ယုံကြည်

ပါတယ်ခင်ဗျာ။ Facebook chat box မှာ လာလာမေးနေတဲ့ သူငယ်ချင်းတွေကိုလည်း

အားလည်းနာပါတယ် တောင်းလည်းတောင်းပန်ပါတယ်။လုပ်နည်းလေးကိုအောက်မှာကြည့်လိုက်ပါ

ပထမဦးဆုံ မိမိဆီမှာ Win innwa font ကိုထည့်ထားပါ။

 မရှိရင် ဒီနေရာမှာ ဒေါင်းယူပြီး install လုပ်လိုက်ပါ။

AVS Video Converter ကို ဒီနေရာ | ဒီနေရာဒီနေရာ တွေမှာ ရယူလိုက်ပါ။ 

မြန်မာ Subtitles တွေကိုတော့ ဒီလင့်မှာ ဒါမှမဟုတ် ဒီနေရာမှာ သွားရောက် ယူနိုင်ပါတယ် 

မိမိကြည့်မယ့် MOVIES ကတော့ ကောင်းမည်ထင်သည့်နေရာကနေ ဒေါင်းယူပါ

ကျနော်ဆိုဒ်ရဲ့ ဆိုဒ်ဘားမှာလည်း ချိပ်ပေးထားပါတယ်.သွားရောက်ဒေါင်းယူနိုင်ပါတယ်။


AVS Converter ကိုတော့ install လုပ်နည်း မပြတော့ပါဘူး ခင်ဗျာ။ကျနော်ပေးထားတာကတော့ 

keygen လေးနဲ့ပါ။ လူတိုင်းသိလောက်ပါတယ်နော်....:p

အိုကေ..AVS ကို install လုပ်ပြီးသွားပြီဆိုရင် desktop ပေါ်က shotcut လေးကို

ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။ Browse ကို နှိပ်ပြီးတော့ မိမိ အသုံးပြု့မယ့် movies ကို 

ထည့်ပါ။ ဒီမှာတခု့ပြောစရာရှိပါတယ်။ဒေါင်းယူထားတဲ့ subtitles နဲ့  movies ကို ဖိုင်တခု့ထဲမှာ

အတူတူရှိရမယ်။ဖိုင်နာမည်ကလည်း အတူတူ ဖြစ်ရပါမယ်။ subtitle ကတော့ ဖိုင်နာမည်

srt,sat.txt စသည်ဖြင့်ဆုံးမှာဆိုတော့ နောက်ဆုံး အလုံးတွေကတော့ မတူဘူးပေါ့။ဒါပေမယ့်

movies ကို subtitle နဲ့တူအောင်နာမည် ပြောင်းပေးလိုက်ပါ။ကျနော်အပေါ်မှာပြထားသလို

movies ကို Add လိုက်ပါ။


ဒီပုံ မှာကတော့ 
(1 )setting ကိုသွားပါ။ 
( 2 ) subtitles ကိုနှိပ်လိုက်ပါ။
 ( 3 )Font ဆိုတဲ့နေရာမှာwinInnwa  လို့ပြောင်းပေးပါ။
 
( 4 ) " C " ဆိုတာလေးကို နှိပ်ဖြစ်အောင်နှိပ်ပါ။မနှိပ်ရင်စာလုံးပေါ်တဲ့နေရာမှာ မထင်မရှားပဲပေါ်ပါတယ်

ကာလာ ကတော့ အဖြူရောင် သို့မဟုတ် အနီရောင် ပဲကောင်းပါတယ်




ဒါကတော့ convert လုပ်မယ့် video format ပါ။ ကျနော်ကတော့ mov နဲ့ ပဲ

အသုံးပြု့ရပါသေးတယ် ။ကျန်တာနဲ့တော့ မစမ်းရသေးပါဘူး။ သူငယ်ချင်းတို့ အားရင်လည်းစမ်းကြည့်ပါ

အဆင်ပြေတဲ့ နည်းလေးတွေတွေ့ရင်လည်း ကျနော့်ကို ပြန်ပြောပြပါအုံး။ mov ကို မတွေ့ဘူး ဆိုရင်

အလယ်မှာရှိတဲ့ မြှားလေးကို နှိပ်ပြီးတော့ ရှာလိုက်ပါ။


ဒီပုံကတော့ Convert လုပ်ပြီးတဲ့အခါ  video ဖိုင် သိမ်းမယ့် နေရာကို ပြပေးရမှာပါ။

ပြပေးလိုက် ဒါမှ မိမိပြန်ရှာတဲ့အခါ လွယ်မှာပါ ။ Browse ကိုနှိပ်ပြီးတော့

မိမိထားမယ့် Folder ကိုရွေးပေးလိုက်ပါ။

 ပြီးရင် ဘေးနားက Advanced ကိုနှိပ်လိုက်ပါ




အပေါ်က ပုံထဲမှာပါတဲ့ subpicture ဆိုတဲ့နေရာမှာ 1.Track ကိုရွေးပေးပါ

ဒီ track က မြန်မာဖောင့်ရှိတာကို ညွှန်ပါတယ်။

အားလုံးပြီးသွားရင် Convert Here ကို နှိပ်ပေးလိုက်ပါ။

အောက်ကပုံအတိုင်း ဖြေးဖြေးချင်း အလုပ်လုပ်နေပါလိမ့်မယ်။ စာတွေကိုလည်း

ဒီနေရာမှာ တခါတည်း ကြည့်လို့မြင်ရပါတယ်




ဒါကတော့ ကျနော် အဆင်ပြေတဲ့နညည်းကို ပြန်လည်ပြောပြချင်းဖြစ်ပါတယ်

သူငယ်ချင်းတို့မှာလည်း ဒီထက်ကောင်းတာလေးတွေရှိပါက ကျနော်ကို

 ပြန်လည်ညွှန်ကြားပါအုံးလို့ တောင်းဆို့ပါတယ်ခင်ဗျာ

ကိုလတ်(ကျွဲဆင်း)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

13 comments:

  1. videoဖိုင့်လေလိုချင်တယ်ကို

    ReplyDelete
    Replies
    1. Avs Video Converter ဖြင့် မြန်မာ Subtitle ထည့်နည်း ~ စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း) >>>>> Download Now

      >>>>> Download Full

      Avs Video Converter ဖြင့် မြန်မာ Subtitle ထည့်နည်း ~ စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း) >>>>> Download LINK

      >>>>> Download Now

      Avs Video Converter ဖြင့် မြန်မာ Subtitle ထည့်နည်း ~ စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း) >>>>> Download Full

      >>>>> Download LINK Mf

      Delete
  2. အပေါ်က ပုံထဲမှာပါတဲ့ subpicture ဆိုတဲ့နေရာမှာ 1.Track ကိုရွေးပေးပါ

    အဲဒီsubpicture မပေါ်ဘူအစ်ကိုရေး လုပ်နေတာ သုံးရက်ရှိပြီးမရသေးဘူ

    ReplyDelete
  3. Wondershare Video Converter Ultimateနဲ့လည်းရတယ်အကိုရေအဲဒါကပိုလန်းတယ်ထင်တာပဲဗျ

    ReplyDelete
  4. အကိုပြောတဲလုပ်တာမြန်မာစားမမှန်ဘဲဖြစ်နေတယ်

    ReplyDelete
  5. အကို မေးတာလေးကို ကုညီပြီးဖေပေးပါနော် နိုင်ငံခြား ဇတ်ကား အကုန်လုံးကို မြန်မာစာသားတွေးကို ဒီနည်းနဲ လုပ်လိုရလာ အကို subtitles ကို တစ်ခြားကားတွေးအတွက် မရှိလဲရလား ပေါ်အောင်လုပ်လိုရလားအကို မရှိတဲ့ကားတွေးဆို ဘယ်မှာယူလဲအကို subtitles ...

    ReplyDelete
    Replies
    1. eng movies subtitle site ပါ https://yts-subs.com/ မြန်မာစာ translate လုပ်ပြီးသုံးလို့ရပါတယ်

      Delete
  6. ကျွန်တော်သိချင်တာက မြန်မာစာတန်းထိုးကားတွေ ကွန်ပျူတာမှာ ကြည့်ရင် စာတန်းက ဘေးဖက်ကပဲပေါ်ပေါ်နေတယ်။ သေချာမပြည့်စုံဘူး။ ကျွန်တော်ကြည့်တာက vob format file ပါ။ အဲဖိုင်ထဲမှာ စာတန်းတစ်ခါတည်းပါတယ်။ စားတန်းထိုးရင် ဘေးဖက်ပဲပေါ်ပေါ်နေတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းရပါမလဲ ခင်ဗျာ။ သိရင်ပြောပြပေးကြပါ။ ကိုးရီးယား ဇာတ်လမ်းတွဲ ကားမို့ပါ။ အဖြေသိရင် moehome.home@gmail.com ကို ပို့ပေးပါလား ဗျာ။
    vlc player နဲ့ကြည့်တာပါ။

    ReplyDelete
  7. ဖုန်းနဲ့ရော လုပ်လို့ရလား သိချင်တယ် ခင်ဗျ

    ReplyDelete
  8. ဖုန်းနဲ့ရော လုပ်လို့ရလား သိချင်တယ် ခင်ဗျ

    ReplyDelete
  9. တကယ့်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စာဖိုင်နဲ့ movie ပေါင်းပြီး Convert လုပ်တာကို သိချင်လို့ လိုက်ရှာနေတာ.. စမ်းနေတာ နည်းပေါင်းစုံရှိနေပြီ၊ ကိုယ့်ဘက်ကပဲ လိုအပ်ချက်ရှိနေလို့လားမသိဘူး တစ်ခုနဲ့မှ အဆင်မပြေခဲ့ဘူး။
    အခုမှပဲ အဆင်ပြေသွားတော့တယ်။ ကျေးဇူးကမ္ဘာပါနော်။

    ReplyDelete
    Replies
    1. လုပ်နည်းလေးပြန်မျှဝေပေးပါလား trackနေရာပျောက်နေတယ်ရှာမတွေ့လို့

      Delete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ