Thursday, September 26, 2013

WCDMA နှင့် CDMA 800 MHz ဖုန်းများ အင်တာနက် အသုံးပြုရာတွင် 1.5 Mbps မြန်နှုန်း အထိ ရရှိနိုင်



မိုဘိုင်းဖုန်း အင်တာနက်စနစ် အသုံးပြုရာတွင် WCDMA (3G) နှင့် CDMA 800 MHz (EVDO) ဖုန်းများအား 1.5 Mbps အမြန်နှုန်းအထိ ရရှိသုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင် သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

GSM (EDGE) စနစ်တွင် 256 Kbps မြန်နှုန်းဖြင့် သုံးစွဲနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် E1, Fiber, ADSN, Wireless Broad-band Satellite နှင့် Mobile အင်တာနက်စနစ်များကို ဝန်ဆောင်မှု ပေးလျက် ရှိ ကြောင်း ဦးအောင်မော်ကပြောသည်။ ထိုကဲ့သို့ အသုံးပြုရာတွင် မြန်နှုန်း အနေဖြင့် အသုံးပြုသည့် စနစ် အပေါ် မူတည်ပြီး 128 Kbps မှ 100 Mbps အထိ ရရှိမည် ဖြစ်ကြောင်း သိရသည်။ ADSN စနစ် အနေဖြင့် 512 Kbps မှ 2.5 Mbps အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

E1 အင်တာနက် ချိတ်ဆက်မှု အနေဖြင့် မြန်နှုန်း 2 Mbps အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Fiber ချိတ် ဆက်မှု အနေဖြင့် 1 Mbps မှ 100 Mbps အထိ ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း Satellite ဝန်ဆောင်မှု အသုံးပြုမည် ဆိုပါက အမြန်နှုန်း 128 Kbps မှ 1 Mbps အထိရရှိမည်ဖြစ်ကြောင်း ဦးအောင်မော်က ပြောကြား ခဲ့သည်။ လက်ရှိပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်စနစ် အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုရန်အတွက် သက်ဆိုင်ရာ အင်ဂျင်နီယာချုပ် မိုဘိုင်းဆက်သွယ်ရေး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးရုံးများတွင် လျှောက်ထားနိုင်ကြောင်း လက်ရှိတွင် GSM နှင့် WCDMA မိုဘိုင်း အင်တာနက် စနစ် အတွက် စာတိုပို့စနစ်မှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများ အတွက် အင်တာနက် စနစ် လျှောက်ထားရာတွင် ဝန်ဆောင်ခ တစ်သောင်းကျပ် ကျသင့်မည် ဖြစ်ပြီး အင်တာနက် အသုံးပြုခ အတွက် EDGE စနစ်ဆိုပါက တစ်မိနစ်လျှင် ၂ ကျပ်၊ EVDO စနစ်ဆိုပါက တစ်မိနစ်လျှင် ၄ ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

2 comments:

  1. အစ်ကိုယ် ရယ် သူပြောတဲ့အတိုင်းလည်းမရပါလား .. ကျွန်တော်တို့ ဆီမှာ adls လိုင်းက 100kbs အောက်မှာပဲရှိတယ် တာတောင် 80kbs ကအများဆုံး အမြန်ဆုံးဖြစ်နေတဲ့ ချိန်နော်..mobile ဖုန်း evd0 လိုင်းက အခုတစ်လော 80 kbs အမြင့်ဆုံးပဲ အမြန်ဆုံး ဖြစ်နေတဲ့ ချိန် လိုင်းကောင်းတဲ့ချိန်မှာ 125kbs ရတယ်.. သူပြောတဲ့ မြန်နုန်းအတိုင်းသုံးချင်ရင် နောက်ထပ်ဘာတွေလုပ်ရအုံးမှာ လဲ ပုံမှန်ထက်အခွန်ပိုဆောင်မှ အဲဒီ မြန်နုန်းအတိုင်းသုံးလို့ရမှာလား အစ်ကို။။။ကျွန်တော်က မြစ်ကြီးနားကပါဗျ

    ReplyDelete
  2. How can I do it, now can't see a short video from face book. And how can I do increase Bite if we want to down load .? I used GSM but not easy to down load.

    ReplyDelete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ