Monday, September 23, 2013

iPhone 4 တွင် iOS 7 အဆင်မပြေမှု များဖြစ်


iPhone 4 တွင် iOS 7 အဆင်မပြေမှု များဖြစ်
--------------------------------------------


အခုလက်ရှိ အချိန်မှာ iPhone 4 ထဲတွင် iOS 7 သွင်းထားသူ တော်တော် များများသည် virtual keyboard နှင့် ပတ်သက် ပြီး အဆင် မပြေမှု များတွေ့ ရှိရသည်ဟု သိရသည်။

Virtual keyboard နှင့် ပတ်သက်ပြီး ပြဿနာများမှာ iOS 7 beta စတင်ဖြန့်ချိ ကတည်းက ဖြစ်ပြီး iOS 7 တရားဝင် ထုတ်ဝေသော်လည်း ၄င်းပြဿာနာ များကို ဆက်လက် ကြုံတွေ နေရသေးသည်ဟု Softpedia ၏ iPhone 4 တွင် iOS 7 ထည့်သွင်းနိုင်သည် ကြောငြာ အပြီး iPhone 4 experience တွေ Comment များ ရေးသား ပြောဆိုထားကြသည်။

ထို Comment အထဲ တွင် Micwich ဆိုသူက " မိမိ ၏ iPhone 4 မှာ iOS 7 ကြောင့် ပျက်ဆီးလုပ်နီးပါးဖြစ်နေကြောင်း၊ Phone, Text, Email, Note စသည်တို့ကို Keyboard ဖွင့်ပြီး စာရိုက်ရန် ၅ စက္ကန့် မှ ၁၅ စက္ကန့် အထိကြာမြင့် ကြောင်း၊ စိတ်ညစ်စရာ ကောင်းကြောင်း၊ ဘယ်လိုပြန်ဆင်းရမလဲ ဆိုတာ အကြံပေးပါဦး ၊ နည်းလမ်း မရှိတော့ဘူးလား " ဟု ရေးသားပြောဆိုထားသည်။

အခြားတစ်ယောက်ကလည်း ထိုကဲ့ သို့ နှေးကွေးလေးလံ နေခြင်းကို မြန်မြန် ပြန်ပြင် စေချင်ကြောင်း၊ မိမိ ဒီလို နှေးကွေးနေသည်ကို ဆက်လက် မခံစားနိုင်ကြောင်း၊ ၀င်ရောက် Comment ကာ ဆွေးနွေးရေးသား သွားသည်။

တစ်ချို့ ကျတော့လည်း " မိမိ၏ iPhone 4 မှာ အဆင်ပြေသည်။ သို့သော် Battery တအားစားနေသည်။ ဟု Comment ပေးထားသည်ကို တွေ့ရသည်။"

MP ခေါ်သော User တစ်ယောက်ကလည်း " ကျွန်တော် မနေ့ညက ကျွန်တော့ iPhone မှာ iOS 7 တင်လိုက်ပါတယ်။ ကောင်းကောင်း အလုပ်တော့ လုပ်ပါတယ်။ ဒါပေမဲ့ Battery က ကောင်းကောင်း အလုပ် မလုပ်ဘူး။ ငါးမိနစ်လေး Battery အားသွင်းယုံးနဲ့ တင် အရမ်းပူလာတယ်။ ထိမရအောင် ပူလာတယ်။ ဟာသလုပ်နေတာ မဟုတ်ပါဘူး။ " ဟု သူ့ရဲ့ အတွေ့ အကြုံကို ဖော်ပြထားပါတယ်။

နောက် TinMan လို့ခေါ်တဲ့ လူငယ် တစ်ယောက်ကလည်း " ကျွန်တော် ခုနလေးတင်မှ iPhone 4 နဲ့ iOS 7 ကို ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ကောင်က Password 10 လုံး ရိုက်ဖို့ ကို တောင် ၁မိနစ် ခွဲ ကြာနေတယ်။ ကျွန်တော် ဘယ်လို အရင်iOS 6 ကို ပြန်သွားရမလဲ ဗျာ' ဟု သူ့ အတွေ့ အကြုံကို Comment ပေးထားသည်။

နောက်ဆုံး အနေနဲ့ Betty ဆိုသူက " ကျွန်တော့ iPhone 4 ကတော့ သုံး မရတဲ့ အထိ လေးနေပါပြီ။ စာလုံး တစ်ခါ ရိုက်ပြီးတိုင်း နောက်တစ်လုံး ပေါ်ဖို့ အရေးကို ၁၀ စက္ကန့်ကနေ စက္ကန့် ၂၀ ကြား ကြာနေပါတယ်။ သူတို့ Customer တွေကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ဖုန်းက ၀ယ်ထားတာမှ ၂ နှစ်ပဲ ရှိသေးတယ်" ဟု Comment ပေးသွားသည်။

ထိုကဲ သို့ သော် ပုံစံတူများ ကို iPhone 4 တွင် iOS7 ထည့်သွင်းသူ အတော် များများ ကြုံတွေ့ နေရကြောင်းသိရသည်။ သင်လည်း အကယ်လို့ iOS 7 သွင်းပြီ မကြိုက်လို့ ပြန်ဆင်းချင်ရင် iOS 6 ပြန်ဆင်းနည်းကို အောက်ပါ Tutorial တင်ပေးထားပါတယ်လို့ ပြောကြားလိုက်ရပါတယ်။

Tutorial Link - How to Go Back to iOS 6 [iOS 6 ကို ပြန်ဆင်းနည်း] >>

 http://www.techmilo.tk/2013/09/how-to-succefully-go-back-to-ios6.html



အားလုံးပဲ အဆင်ပြေချော မွေ့ ကြာပါစေ.. မကြာခင် စိတ်ဝင်စားဖွယ် Post လေးတွေ တင်သွား ဦးမှာ မို့ စောင့် မျှော် ရှု စား အားပေးကြပါဦးနော်..


HAN HTET

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ