Monday, December 9, 2013

Google က Android OS သုံး Nexus TV ကိုထုတ်မည်



Google က Android OS သုံး Nexus TV ကိုထုတ်မည်
==========================================
Google က Android OS သုံး Nexus TV ကို တီထွင်နေကြောင်း Google ရဲ့ ၀န်ထမ်းတစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Netflix, Hulu , YouTube စတဲ့ အွန်လိုင်း မီဒီယာ တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Video Game ကစားလို့ရပါမယ်။ Google က Nexus TV ကို ၂၀၁၄ ခုနှစ် မတ်လမတိုင်မီမှာ ရောင်းချမယ်လို့သိရပါတယ်။ Nexus TV ဟာ Apple TV , Roku တို့ကိုယှဉ်ပြိုင်မှာဖြစ်သလို၊ Ouya, Microsoft, Sony , Nintendo တို့ရဲ့ ဂိမ်းစက်တွေကိုလည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒါဟာ Nexus TV နဲ့ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ သတင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီ က Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ Google က Apple TV , Roku တို့ကို ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ Google မှ Andy Rubin က Android OS, Hangouts တို့ပါရှိမယ့် နမူနာ TV ပုံစံ ကို International Consumer Electronics Show 2013 မှာ သရုပ်ပြမိတ်ဆက်ခဲ့ဖူးပါတယ်။ TV မှာ Motion Sensor ပါရှိပါမယ်။ YouTube , Google Play Store, Netflix , Pandora တို့မှ မီဒီယာ တွေကို ကြည့်ရှုနိုင်ပါမယ်။
အခြား သတင်းတွေအရ Google က TV အစီအစဉ် တွေကို အင်တာနက် က ထုတ်လွှင့်ပေးနိုင်မယ့် Internet TV ၀န်ဆောင်မှု ကို ပြုလုပ်ဖို့အတွက် Media Company တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

REF TO DIGITAL lIFE JOURNAL


ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ