Monday, December 9, 2013

Bill Gates , Zuckerberg တို့ရဲ့ Coding Tutorials တွေကို သင်ယူနိုင်မယ့် Hour of Code



Bill Gates , Zuckerberg တို့ရဲ့ Coding Tutorials တွေကို သင်ယူနိုင်မယ့် Hour of Code
==========================================
လာမယ့် တနင်္လာနေ့မှာ ကျရောက်တဲ့ Computer Science Education Week အထိမ်းအမှတ် အနေနဲ့ Code.org က နာမည်ကြီး တွေရဲ့ Coding Tutorials တွေကို သင်ကြားနိုင်မယ့် Hour of Code ဆိုတဲ့ အစီအစဉ် ကိုပြုလုပ်ပေးလိုက်ပါတယ်။ Code တွေ စတင် သင်ကြားဖို့ အချိန်တစ်နာရီ လောက်သာ ပေးရမှာပါ။
နာမည်ကြီး Language တွေကို သင်ကြားပေးမှာဖြစ်ပြီး Mark Zuckerberg နဲ့ Angry Birds သင်ခန်းစာ၊ Khan Academy ရဲ့ JavaScript ၊ Grok Learning ရဲ့ Python Basic ၊ တစ်နာရီအတွင်းမှာ Mobile App ပြုလုပ်နည်း အပြင် အခြား Coding Tutorial များစွာပါရှိပါတယ်။ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ် တိတိ သင်ကြားပေးမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Programming လေ့လာချင်သူ တွေကို တစ်ပတ်အတွင်းမှာ လေ့လာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Bill Gates , Zuckerberg နဲ့ Amazon, Microsoft, LinkedIn, Dropbox, Apple ,Yahoo စတဲ့ နည်းပညာ Company တွေက ဒီ အစီအစဉ်မှာ ပံ့ပိုးပေးကြမှာဖြစ်ပါတယ်။ အမေရိကန် ကျောင်းအများစုမှာ သင်ကြားမှု မရှိတဲ့ Coding Tutorial အသစ်အဆန်းတွေကို သင်ကြားပေးမယ်လို့သိရပါတယ်။
အောက်က လင့် ကနေ Code.org ရဲ့ Hour of Code အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။


MYANMAR DIGITAL LIFE JOURNAL
 


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ