Saturday, December 14, 2013

Ubuntu OS တွင် Touchpad ကို Disable ပြုလုပ်ခြင်း

 
Ubuntu OS ကို Laptop ဖြင့် အသုံးပြုသူတွေအနေနဲ့ စာရိုက်တဲ့အခါမှာ Touchpad ကို ထိမိတဲ့အတွက် မလိုအပ်တဲ့ အနှောင့်အယှက်တွေ အများကြီးကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးပြဿနာတွေ မကြုံစေဖို့အတွက် Laptop ရဲ့Touchpad ကို Ubuntu OS ပေါ်မှာ Disable ပြုလုပ်နိုင်အောင် စီစဉ်ဖန်တီးထားနိုင်မှာဖြစ်ပါတယ်။ Laptop Touchpad ကို Disable ပြုလုပ်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ကို Laptop ဖြင့်အသုံးပြုသူတွေအတွက် Touch pad ကိုအသုံးမပြုလိုတဲ့အခါမှာ Disable ပြုလုပ်ပြီး အသုံးပြုလိုတဲ့အခါမှာ Enable ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ဖန်တီးပြုလုပ်မယ်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubutnu ရဲ့ Terminal ကို Ctrl+ Alt+T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။


ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ အောက်ဖော်ပြပါ Command တွေကို Terminal ထဲမှာ တစ်ကြောင်းချင်းစီ ထည့်သွင်းသွားရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့

sudo add-apt-repository ppa:atareao/atareao

sudo apt-get update

sudo apt-get install touchpad-indicator ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။

ထည့်သွင်းပြီးသွားပြီဆိုရင် Ubuntu OS ရဲ့ System Tray မှာ Touchpad ပုံ Icon လေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ Icon လေးပေါ်မှာ Right Click နှိပ်ပြီး Disable Touchpad ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အကယ်၍ Mouse နဲ့ မပြုလုပ်ချင်ဘူးဆိုရင်လည်း Shortcut သတ်မှတ်ပြီး ပေးထားနိုင်မှာဖြစ်ပါတယ်။ Shortcut သတ်မှတ်ဖို့အတွက် TouchpadIcon လေးမှာ Right Click နှိပ်ပြီး Preferences ထဲကို သွားရမှာဖြစ်ပါတယ်။ Preferences ထဲကို ရောက်သွားပြီဆိုရင် Shortcutဆိုတဲ့ နေရာမှာ Shortcut Enableကိုဖွင့်ပေးထားရပါမယ်။ ပြီးသွားမှနှစ်သက်ရာ Key ကိုသတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကတော့Ubuntu OS ကို Laptop ဖြင့်အသုံးပြုတဲ့သူတွေအတွက် Laptopရဲ့ Touchpad ကိုအသုံးမပြုလိုတဲ့အခါမှာ Disable ပြုလုပ်နိုင်ဖို့နည်းလမ်းကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။

Credit>>> သီဟ

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ