Wednesday, October 22, 2014

မိမိကွန်ပျူတာမှာ Autoplay Program ကို ပိတ်နည်း


Aung Ko Htet (www.mmitknowledge.com)

ခေါင်းစဉ်ကို ကြည့်ပြီး ရှုပ်သွားမှာဆိုလို့ နည်းနည်း ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ ကွန်ပျူတာတွေမှာ USB Stick ပဲဖြစ်ဖြစ်၊ CD,DVD ပဲဖြစ်ဖြစ် ထည့်လိုက်တဲ့အခါ သီချင်း၊ ဗီဒီယိုနဲ့ အချို့ Program တွေဟာ Auto Play အနေနဲ့ အလိုလို Run နေကြတာကို ကြုံကြရပါလိမ့်မယ်။ အဲ့ဒီ အဖြစ်တွေကို
တားဆီးနိုင်ဖို့အတွက် နည်းလမ်းလေးကျွန်တော် ရေးပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ Window နဲ့ R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ gpedit.msc ဆိုတဲ့ commend ကို ရိုက်လိုက်ပါ။ပြီးရင် Enter နှိပ်လိုက်ပါ။


ဒါဆိုရင် Local Group Policy Editor ဆိုတဲ့ Window တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ
Step 1 : Computer Configuration ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။



Step 2 : Administrative Templates ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။



Step 3 : Window Components ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။

Step 4 : AutoPlay Policies ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ညာဘက်အခြမ်းက setting ကို မြင်တွေ့ရပါလိမ့်မယ်။


Setp 5 : အဲ့ဒီ setting ထဲတွင် Turn off Autoplay ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ထို့နောက်မှာတော့ Turn Off Autoplay ဆိုတဲ့ Popup Window လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ Enabled option ကို select မှတ်ပြီး Turn Off Auto Play on: ဆိုတဲ့
Drop Down option မှာတော့ ကိုယ့်စိတ်ကြိုက် Drives တွေကို ရွေးချယ် နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ All Drives ကိုပဲ ရွေးထားလိုက်ပါ။ ပြီးရင်တော့Apply ကိုနှိပ်ပြီး OK ဆိုတဲ့ Button ကိုပါ နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ USB Stick ပဲဖြစ်ဖြစ်၊ CD/ DVD ပဲဖြစ်ဖြစ် ကွန်ပျူတာထဲ ထည့်လိုက်တဲ့အခါ Auto Play ဖြစ်တော့မှာ မဟုတ်ပါဘူး။

အားလုံးပဲ အဆင်ပြေကြပါစေ..

Aung Ko Htet (www.mmitknowledge.com)

Email : aungkohtet.htet82@gmail.com

Facebook : www.facebook.com/bloggeraungkohtet

Website : www.mmitknowledge.com

Facebook Fan Page : www.facebook.com/mmitknowledge



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ