Friday, August 2, 2013

samsung galaxy s advance i9070 ကိုလွယ်လွယ်ကူကူroot ကြမယ်

မင်္ဂလာပါခင်ဗျာ အီးမေးထဲကနေ blackcoat .coat ကမေးထားလို့  samsung galaxy  S advance  i9070 ကို root လုပ်နည်းလေးကိုတင်ပြပေးသွားမှဖြစ်ပါတယ်ခင်ဗျာ။ကဲ အောက်မှာလိုက်ကြည့် ပေးကြပါဗျာ။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
ပြီးတော့ ဖုန်းက dataတွေကိုလည်းback-up လိုလိုမယ်မယ်ဆွဲထားပါ။

(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။

(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။

(အဆင့် -၃) မိမိတို့  pc အတွက်  ကိုဒေါင်းလုပ်ဒီနေရာမှာယူပါခင်ဗျာ။ပြီးရင်  pc  destop ပေါ်မှာသိမ်းထားပေးပါ။

(အဆင့် -၄) ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင်တော့ တွဲနိပ်ထားတာကိုလွတ်ပြီး volume up (အသံချဲ့ ) ခလုတ်နှင့်  download mode ထဲကိုဝင်ပါ။(ဒီအချိန်မှာသတိပေးတဲ့ စာပေါ်လာမှာဖြစ်ပါတယ်)

(အဆင့် -၆)  odin 3.07 ကို ကွန်ပျူတာမှာ run လိုက်ပါ။ဒီအချိန်မှာ usb ကိုကွန်ပျူတာနှင့် တစ်ခါပြန်ချိတ်ဆက်ပေးရပါမယ်။ I D; COM ဘောက်လေးဟာ အစိမ်းရောင် (သို့ ) အဝါရောင်ပြပေးလာပါလိမ့် မယ် ဒါဆို အိုကေပြီပေါ့ ။

(အဆင့် -၇)  click > PIT Button ကိုကလစ်ပြီးနောက် gt-19070-eur-xx-8g-20111220-kl6.pit ကိုရွေးပေးလိုက်ပါ။

(အဆင့် -၈) PDA button လေးကို odin ထဲမှာနှိပ်ပြီး  "rootkerenel.tar.md5" ဖိုင်ကိုရွေးပေးလိုက်ပါ။

(အဆင့် -၉) ဒီအဆင့် ကတော်တော်လေးအရေးကြီးပါတယ်နော်။  F reset box ကို ကလစ်ပေးလိုက်ပြီးတစ်ခြား boxs တွေပေါ်လာတာကို ဘာမှမလုပ်ပဲကြည့် နေလိုက်ပါ။Odinက ‘Re-Partition’ ကို အမှန်ခြစ်ထားရင် ဖြုတ်ဖြစ်အောင်ဖြုတ်ပါ။

(အဆင့် -၁၀)  START button ကိုနှိပ်ပြိး ၁၀ မိနစ်လောက်စောင့် ပေးပါ။ဘာမှမလုပ်ပါနဲ့ ထိုင်စောင့် ပေးပါ။

(အဆင့် -၁၁)ဒီအဆင့် မှာတော့ ဖုန်းက auto reboot လုပ်ပါမယ်။ဒါဆို root လို့ အောင်မြင်သွားပါပြီခင်ဗျာ။

တကယ်လို့  မိမိတို့ ရဲ့  phone root အောင်မြင်တာကိုစစ်ဆေးကြည့် ချင်တယ်ဆိုရင်တော့  ဒီမှာ ဝင်ပြီးစစ်ဆေးလိုက်ပါ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu102@gmail.com /saithu777@fcebook.com/saithu102.blogspot.comသို့ ပေးပို့ မေးမြန်းနိုင်ပါတယ်။

Samsung Galaxy phone/tablet တွေကို လွယ်လွယ်ကူကူRoot လုပ်နည်း

Samsung Galaxy phone/tablet တွေကို လွယ်လွယ်ကူကူRoot လုပ်နိုင်တဲ့ Root Apk  လေးတစ်ခုနဲမိတ်ဆက်ပေးပါမယ်
samsung galaxy phone/tablet တွေ စသုံးတဲ့ ဘော်ဒါတွေ Root ဖောက်ဖို့ တိုင်ပတ်နေတဲ့ဘော်ဒါတွေအတွက် computer မလိုဘဲ အလွယ်တစ်ကူ root ဖောက်လို့ ရပါတယ်။အရင်ဆုံး root မလုပ်ခင်မိမိဖုန်းကို အင်တာနတ်ချိတ်ပေးထားရပါမယ်။

Root Apk ဖိုင်းကိုဒေါင်းရန်

ပြီရင် zip ဖြည့်ပြီ အထဲက apk ဖိုင်းကို ဖုန်းထဲကိုသွင်းပေးလိုက်ပါ/

ပြီရင် ဖွင့်ပေးလိုက်ပါ
ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Root device နေရာမှာနှိပ်ပေးလိုက်ပါ
ဒါပုံတက်လာပြီဆိုရင် Grant  နေရာမှာနှိပ်ပါ
SuperSU app လေးတက်လာပါမယ် ဒါဆို SuperSU app ကိုဖွင့်ပေးလိုက်ပါ
ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Continue မှာရွေးပေးလိုက်ပါ
ဒါဆို root ဖောက်လို့ အောင်မြင်ပါပြီ

credit to - ထိုင်းရောက်လူငယ်it လူငယ်များအဖွဲ့ 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။မိတ်ဆွေတို့ ရဲ့ ဖုန်းများနှင့် ပက်သက်ပြီးမေးစရာများရှိရင် saithu102@gmail.com/saithu777@fcebook.com /saithu102.blogspot.com သို့ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း

မိတ်ဆွေများဆိုတဲ့ Blog List လေးတွေကို စကိုးဘားလေးနဲ့ ဖန်တီးမယ်

သည်နေ့ရေးဖြစ်တဲ့နည်းပညာလေးကတော့ ဘလော့ကာ အတော်များ သိနေပြီးးဖြစ်မှာပါ
မသိသေးတဲ့ မိတ်ဆွေများးအတွက်  ရည်ရွယ်ပြီးးတင်လိုက်ပါတယ်...
ဒါကတော့ မိမိတို့ blog list ကနေ တင်ထားးတဲ့ မိတ်ဆွေ ဘေလာ့များ  ဆိုတာတွေကို
စကိုးဘားလေးနဲ့  ထားတဲ့နည်းလေးပါ  ဒါလေး လုပ်ထားခြင်းအားဖြင့်  မိမိတို့ ဘေလာ့မှာ
ထားတဲ့ တင်တဲ့ မိတ်ဆွေ ဘလော့တွေ များလာတဲ့အခါ နေရာ အရမ်းယူတတ်ပါတယ်... သည်တော့
ဘလော့ ဘယ်လောက်များများ ထည့်ထည့် သည်နည်းလေးသုံးဖြင်းဖြင့် နေရာလည်း မကုန်ဘဲ
စိတ်ကြိုက်  ထည့်နိုင်တဲ့ အကျိုးးရရှိစေပါမယ်... ကျွန်တော်  လုပ်ထားတဲ့  နည်းလမ်းလေးကို ကြည့်လိုက်ပါ... လုပ်နည်းးနဲ့ ပုံတွေ အောက်မှာ ရှင်းပြထားပါတယ်...
ပထမဆုံး  သည်နေရာကနေ မိမိတို့ လိုခြင်တဲ့ ဘလော့တွေကို ထည့်လိုက်ပါ....

အပေါ်ပုံတိုင်းးဘဲ ကလစ်ပြီး လိုခြင်တဲ့ ဘလော့လိပ်စာတွေ ထည့်လိုက်ပါ...ကြိုက်သလောက်ပေါ့နော်...
အဲခါ မိမိတို့ ဘေလာ့ပေါ်မှာ နေရာအတော်ယူနေပါလိမ့်မယ်..အဲတာကို စကိုးဘားလေးနဲ့ ပြန်ချုံ့ယူ
တဲ့နည်းလမ်းလေးဆို မမှားပါဘူးး ကြည့်လိုက်နော်..

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။ Html ၀င်ပါ
►-4  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

]]></b:skin> ကုဒ်ကို ရှာလိုက်ပါ တွေ့တာနဲ့ သူ့အပေါ်မှာဘဲ  အောက်ကပေးထားတဲ့ကုဒ်တွေကို ထည့်ပေးလိုက်ပါနော်..
သည်ကုဒ်ကို ရှာဖို့ ခက်ခဲ တတ်ပါတယ်.. ပုံစံပြောင်းနေတဲ့ html စတိုင်ကြောင့်ပါ ဒါကြောင့် b:skin
ဆိုပြီး ရှာလိုက်ပါ တွေ့တာနဲ့ ဘယ်ဘက်ဘေးက စာတိုင် ၂၂ မှာ လား  ► သည်လိုလေးရှိမယ်  အဲတာလေးကို ကလစ်ပေးတာနဲ့  အောက်နားဆွဲကြည့်  လိုခြင်တဲ့ ကုဒ်ရှိပါတယ်... ကုဒ်တွေကို ၀ှက်ထား ခေါက်ထားတဲ့သဘောပေါ့.... ကဲ အောက်ကကုဒ်ကို ထညိ့လိုက်ပါနော်..
/* AungAungms Style */
#BlogList1 .widget-content { height: 200px; overflow: auto; }
သည်မှာ 200px နေရာမှာ  300-400-500-  ကြိုက်သလို ပြောင်းးနိုင်ပါတယ်.. ကျွန်တော်ကတော့
400px ထားပါတယ်... အဲတာလေးပြီးးတာနဲ့ preview နဲ့ ကြည့်လိုက်ပါ သည်လိုလေးးးးနော်

အဆင်မပြေတာရှိရင်  အော်ခဲ့နော်...ဆဲတော့မဆဲကြေးးးေိေိ ကြောက်တတ်ရယ်...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimye.blogspot.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

imobile iqx ကို root လုပ်ကြမယ်

မင်္ဂလာပါခင်ဗျာ။ C box မှာလာအော်သွားတဲ့ ကိုရင်ငြိမ်းအတွက်ပါ။တစ်ခြားသူတွေလည်းနမူနာယူပြီးကလိလို့ ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်ေိေိ။
imobile iqx ကို root လုပ်မယ်ဆိုရင်တော့ အရင်ဆုံးအနေနဲ့ မိမိတို့  ဖုန်းမှာ usb debugging လုပ်ပေးရပါမယ်။ application > setting > development >ကိုသွားပြီး usb debbuging ကိုအမှတ်ခြစ်ပေးပါ။အသေးစိတ်ကိုဒီမှာ ဝင်ကြည့် လည်းရပါတယ်။

အဆင့်  (၁) ကွန်ပျူတာအတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပေးပါ။ပြီးရင်ကွန်ပျူတာနှင့် ချိတ်ဆက်ထားပေးပါ။ရလာတဲ့ ဖိုင်ကို run as administrator နဲ့  run လိုက်ပါ။ ခဏစောင့် ပြီးရင် ကွန်ပျူတာကသိပြီလားဆိုတာစစ်ပေးပါ ။အဆင်မပြေရင် computer >  manage > device manger >ကနေ အဝါရောင်ဖြစ်နေတဲ့  usb driver ကိုကလစ်ပြီး uninstall လုပ်ပါပြီရင်။ action ကနေ update driver software ကိုကလစ်ပြီး browse my computer ကနေ  usb driver ရှိတဲ့  နေရာကိုသွားပြီးပြပေးလိုက်ပါ။အဆင်ပြေရင်ဒီလိုပုံလေးနဲ့ နော်။
Status messages
အဆင့် (၂) လိုအပ်တဲ့  root ဖိုင်းကိုဒီမှာ ယူလှိုက်ပါ။ကဲလုပ်ငန်းစကြမယ်နော်။ေိေိ
အဆင့် (၃)  ဒေါင်းလုပ်ရယူခဲ့ တဲ့  ဖိုင်ကို zip ဖြေပြီးရင် run ဖိုင်ကို run as administrator နဲ့  run လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ usb တွေကိုစစ်ဆေးပြီးရင်လို့ အိုကေရင် အောက်ကဒီလိုပုံလေးပေါ်လာလိမ့် ပါမယ်။အဲဒီမှာ enter ဖြစ်ဖြစ် ကြိုက်တဲ့ ကီးကိုနိပ်လို့ ရပါတယ်။
Image
အဆင့် (၄) အမည်းရောင် cmd အကွက်ဟာ သူ့ ဘာသာအလိုအလျောက် အလုပ်လုပ်သွားပါမယ်ေိေိ။နောက်ထပ်တစ်ခါ enter ဖြစ်ဖြစ် ကြိုက်တဲ့ ကီးကို နိုပ်ဖို့ တောင်းလာရင်နိုပ်ပေးပါ။
Image

အဆင့် (၅) ခဏစောင့် ပေးပါ။ auto reebot ပြန်လုပ်ပေးပြီးသွားရင် superuser app ရောက်နေတာကိုတွေ့ ရပြီး root လုပ်တာပြီးမြောက်သွားပါပြီ။ေိေိလန်းတယ်နော်။
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ့ ဖုန်းအခက်အခဲများကို saithu102@gmail.com / saithu777fcebook.com/saithu102.blogspot.comသို့ ဆက်သွယ်အကူအညီရယူနိုင်ပါတယ်ခင်ဗျာ။

Thursday, August 1, 2013

ဘလော့မှာ CCTV လေးတပ်ဆင်ကြမယ်နော်...

ကဲမိတ်ဆွေတို့ရေ... တင်တာတော့ နောက်ကျနေပြီ..ဒါပေမယ့်  အချိန်မှီပါသေးးတယ်...ေိေိေိ
မိမိတို့ဘလော့ပေါ်မှာ သူခိုးတွေ မကပ်ရလေအောင် CCTV့ ကင်မရာလေး တပ်ထားကြဖို့ သတိပေး
လိုက်ပါရစေ.... ဒါမှ လုံခြုံစိတ်ချရမယ်နော်...ဟဲဟဲ... တခိုးနောက်ပါတွားးရင် CCTV လေးနဲ့ ခြေရာခံနိုင်
အောင်ပေါ့နော်..၀ယ်စရာလဲ မလိုပါဘူးးးဗျာ... ကျွန်တော် အောင်အောင်(မကစ) ဘလော့ခရီးသည်ကနေ
အမှတ်တရလက်ဆောင်အဖြစ်ပေးလိုက်ပါ့မယ်...
ယူလိုက်ကြနော် လိုအပ်သူများအတွက်ပေါ့...
ထည့်နည်းလေးကတော့....
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

ကဲပေးလိုက်ပြီနော်....ကင်မရာကိုပါ ခိုးးခံရရင်တော့ အကြောနဲ့....ေိေိ
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimye.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

့huwaei jelly bean ဖုန်းတွေကိုမြန်မာစာလွယ်လွယ်ကူကူထည့် ရအောင်

ကျွန်တော့် သူငယ်ချင်းတစ်ယောက်အတွက်ပါလိုအပ်တဲ့ သူတွေလည်းအသုံးပြုလို့ ရအောင်ဒီပို စ်လေးကိုရေးလိုက်တာပါ။ Huawei Jelly Beam တွေမှာ မြန်မာစာဖောင့်အတွက်က root မလုပ်ဘဲ theme ဖိုင်ကနေ မြန်မာလိုပေါ်အောင် လုပ်မယ်ဗျာ.တကယ်တော့  ကျွန်တော် တို့  root လုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့  မြန်မာစာထည့် သွင်းအသုံးပြုချင်တာက ၇၅ % နှုန်းလောက်သေချာပါတယ်။အခုလို root မလုပ်ဘဲအဆင်ပြေမယ်ဆိုတော့ေိေိ။အရင်ဆုံးအနေနဲ့  zip ဖိုင်ကို   ဒီမှာ   ယူလိုက်ပါ။

zip ကိုဖြည်ပြီး usb debugging လုပ်ပေးပါ။မလုပ်တတ်ရင် အသေးစိတ်ကို ဒီမှာ   ဝင်ကြည့် ပေးပါခင်ဗျာ။ ပြီးရင် Mtool.bat ကို run လိုက်ပါ ။ theme & keyboard ကို သွင်းပေးပါလိမ့်မယ်ခင်ဗျာ။ ပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်းလိုက်လုပ်ပေးပါ font change ပေးလိုက်ပါ ခင်ဗျာ။

restart ကျပြီးပြန်တက်လာရင် frozen keyboard pro ချိန်းကာ ရိုက်လို့ရပါပြီခင်ဗျာ

credit  to  -Rainbow

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်လျက်။

လှပတဲ့ Sliding JavaScript Side Bar Menu လေးထည့်နည်းပါ။

သည်နေ့တင်လိုက်တဲ့နည်းပညာလေးကတော့  ဘလော့ရဲ့ ဆိုဒ်ဘားဘေးကနေ  slider ပုံစံ
လေးနဲ့ ထွက်လာမဲ့ နည်းလေးပါ...သူကတော့ မိမိတို့ ညွှန်းလိုတဲ့ ဘလော့တွေကို ထည့်ထားနိုင်ပါတယ်... နောက် တခြားမည်သည့်လင့်တွေ နေရာတွေမဆို အဲထဲမှာ ထည့်ပြီး လမ်းပြပေးနိုင်ပါတယ်...နော်  စမ်းကြည့်လိုက်ပါ...

Step 1.   အနေနဲ့  အောက်ကပုံလေးတွေအတိုင်းပေါ့ သွားလိုက်ပါ...

►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
( မရှင်းပါက ပုံလေးတွေ ကြည့်လုပ်ပါ  )

Blogger Tips And Tricks|Latest Tips For Bloggers

Step 2.  အပေါ်ပုံမှာမြင်နေတဲ့ နေရာရောက်တာနဲ့  Add a Gadget ဆိုတာကိုကလစ်ပေးလိုက်ပါ။

Blogger Tips And Tricks|Latest Tips For Bloggers

Step 3. နောက်တဆင့်အေနနဲ့  အပေါ်ကလို ဇယားလေးကျလာတာနဲ့ အပေါ်ပုံပြထားတဲ့ အတိုင်း
HTML/JavaScript  ဆိုတာကိုရှာပြီးကလစ်ပေးလိုက်ပါ။

Step 4. အဲချိန်မှာ ဘောက်လေးတစ်ခု ကျလာမယ်.. အဲထဲမှာဘဲ အောက်က ကုဒ်တွေကို ကော်ပီယူ ထည့်
ပေးလိုက်ပါတော့.........

ထည့်ပြီးတာနဲ့ Save
မှတ်ချက်     ။            ။

Link One

Link Two

Link Three

Link Four

သည်လင့်တွေမှာ မိမိတို့လိုခြင်တာ ညွှန်းခြင်တာကို ထည့်ပေးရပါမယ်....ဥပမာ

ဘလော့ခရီးသည်

သည်လိုလေးပေါ့... #  နေရာမှာ မိမိရဲ့ ညွှန်းလိုတဲ့ လင့်ပေါ့ဗျာ.. နောက်ကတော့  ညွှန်းတဲ့ ဆိုဒ် အမည်..
ဆိုဒ်ကိုမှ မဟုတ်ဘူးနော် ဘယ်နေရာကိုမဆို ညွှန်ပြနိုင်ပါတယ်... လိုအပ်ပါက လင့်တွေကို ထပ်ပြီး ပွါးနိုင်ပါသေးတယ်နော်.... အဲတိုင်းကော်ပီယူ အောက်ကနေ လိုသလိုပွါးစေဗျာ......
အဆင်ပြေပါစေလို့ ဆုောတင်းလျှက်..........

ထည့်ပြီးတာနဲ့ Save

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

samsung galaxy tab 2 gt-p5100 root လုပ်ကြမယ်

မင်္ဂလာပါခင်ဗျာ အီးမေးထဲကနေ superman ကမေးထားလို့  samsung tab2 10.1 GT-P5100 ကို root လုပ်နည်းလေးကိုတင်ပြပေးသွားမှဖြစ်ပါတယ်ခင်ဗျာ။ကဲ အောက်မှာလိုက်ကြည့် ပေးကြပါဗျာ။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
ပြီးတော့ ဖုန်းက dataတွေကိုလည်းback-up လိုလိုမယ်မယ်ဆွဲထားပါ။

(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။

(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။

(အဆင့် -၃) မိမိတို့  pc အတွက် c -auto root -file & Odin 3.07  ကိုဒေါင်းလုပ်ဒီနေရာမှာယူပါခင်ဗျာ။ပြီးရင်  pc  destop ပေါ်မှာသိမ်းထားပေးပါ။

(အဆင့် -၄) ရလာတဲ့ ဖိုင်နှစ်ခုလုံးကို ကွန်ပျူတာ မှာ extract   လုပ်ပါ။

(အဆင့် -၅) ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင်တော့ တွဲနိပ်ထားတာကိုလွတ်ပြီး volume up (အသံချဲ့ ) ခလုတ်နှင့်  download mode ထဲကိုဝင်ပါ။(ဒီအချိန်မှာသတိပေးတဲ့ စာပေါ်လာမှာဖြစ်ပါတယ်)

(အဆင့် -၆)  odin exe ကို ကွန်ပျူတာမှာ run လိုက်ပါ။ဒီအချိန်မှာ usb ကိုကွန်ပျူတာနှင့် တစ်ခါပြန်ချိတ်ဆက်ပေးရပါမယ်။ I D; COM ဘောက်လေးဟာ အစိမ်းရောင် (သို့ ) အဝါရောင်ပြပေးလာပါလိမ့် မယ် ဒါဆို အိုကေပြီပေါ့ ။

(အဆင့် -၇) PDA button လေးထဲမှာ Cf-auto -root -espresso10rf-espresso rfxx-gtp 5100 zip ဖိုင်ကိုရွေးပေးလိုက်ပါ။

(အဆင့် -၈) ဒီအဆင့် ကတော်တော်လေးအရေးကြီးပါတယ်နော်။  F reset box ကို ကလစ်ပေးလိုက်ပြီးတစ်ခြား boxs တွေပေါ်လာတာကို ဘာမှမလုပ်ပဲကြည့် နေလိုက်ပါ။တကယ်လို့  re pattion မှာအမှန်ခြစ်ဖြစ်နေရင် ဖြုတ်ပေးလိုက်ပါ။

(အဆင့် -၉)  START button ကိုနှိပ်ပြိး ၁၀ မိနစ်လောက်စောင့် ပေးပါ။ဘာမှမလုပ်ပါနဲ့ ထိုင်စောင့် ပေးပါ။

(အဆင့် -၁၀)ဒီအဆင့် မှာတော့ ဖုန်းက auto reboot လုပ်ပါမယ်။ဒါဆို root လို့ အောင်မြင်သွားပါပြီခင်ဗျာ။

တကယ်လို့  မိမိတို့ ရဲ့  tablet root အောင်မြင်တာကိုစစ်ဆေးကြည့် ချင်တယ်ဆိုရင်တော့  ဒီမှာ ဝင်ပြီးစစ်ဆေးလိုက်ပါ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu102@gmail.com သို့ ပေးပို့ မေးမြန်းနိုင်ပါတယ်။

ဘလော့မှာ လင့်တွေ ကာလာရောင်စုံပေါ်စေခြင်

အားလုံး  မင်္ဂလာပါ  ဒါလေးကတော့ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်... နောက်ထပ် လိုအပ်ရင် သုံးနိုင်ဖို့  တင်လိုက်ပါတယ်.. ကုဒ်ချင်းတော့ တူခြင်မှ  တူမှာပါ.. သူကတော့
မိမိတို့ဘလော့ပေါ်က လင့်တွေကို မောက်တင်လိုက်တာနဲ့  ကာလာမျိုးစုံ ပေါ်လာတဲ့  သက်တန့်ရောင် လင့်လေးလုပ်နည်းပါ...အောက်မှာ ယူလိုက်ပါနော်။။။။

Step1.
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ

Step 2. .အောက်ကပေးထားသောကုဒ်များ ထည့်ပေးလိုက်ပါ။

Now Click Save    ပြီးတာနဲ့ ရပါပြီ။

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. ဘလော့ခရီးသည်
www.aungsanmks.com
www.ledimye.blogspot.com
www.ninilayy.com

Opera version 10.10 လေးနဲ့  symbian ဖုန်းတွေမှာဖောင့် တွေပြောင်းသုံးကြမယ်

မင်္ဂလာပါ nokia symbian  phone တွေအတွက်ဖောင့် လေးတွေပြောင်းတဲ့ အခါကျရင်opera version 10.1 လေးကိုလည်းစမ်းသုံးကြည့် ကြမယ်ဗျ.။

fonts တွေပြောင်းသုံးကြည့် ချင်တဲ့ သူတွေအတွက်တော့ ဒီကောင်လေးကအရမ်းကိုအသုံးဝင်လှပါတယ်။ဒီကောင်လေးထဲမှာ
fonts 31 မျိုးပါဝင်ပါတယ်ဖိုင်ဆိုဒ်ကတော့  (7-mb) ထဲပါ။အားလုံးပဲဗျာအောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu 102@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။