Thursday, August 1, 2013

samsung galaxy tab 2 gt-p5100 root လုပ်ကြမယ်

မင်္ဂလာပါခင်ဗျာ အီးမေးထဲကနေ superman ကမေးထားလို့  samsung tab2 10.1 GT-P5100 ကို root လုပ်နည်းလေးကိုတင်ပြပေးသွားမှဖြစ်ပါတယ်ခင်ဗျာ။ကဲ အောက်မှာလိုက်ကြည့် ပေးကြပါဗျာ။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
ပြီးတော့ ဖုန်းက dataတွေကိုလည်းback-up လိုလိုမယ်မယ်ဆွဲထားပါ။


(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။



(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။


(အဆင့် -၃) မိမိတို့  pc အတွက် c -auto root -file & Odin 3.07  ကိုဒေါင်းလုပ်ဒီနေရာမှာယူပါခင်ဗျာ။ပြီးရင်  pc  destop ပေါ်မှာသိမ်းထားပေးပါ။


(အဆင့် -၄) ရလာတဲ့ ဖိုင်နှစ်ခုလုံးကို ကွန်ပျူတာ မှာ extract   လုပ်ပါ။


(အဆင့် -၅) ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင်တော့ တွဲနိပ်ထားတာကိုလွတ်ပြီး volume up (အသံချဲ့ ) ခလုတ်နှင့်  download mode ထဲကိုဝင်ပါ။(ဒီအချိန်မှာသတိပေးတဲ့ စာပေါ်လာမှာဖြစ်ပါတယ်)


(အဆင့် -၆)  odin exe ကို ကွန်ပျူတာမှာ run လိုက်ပါ။ဒီအချိန်မှာ usb ကိုကွန်ပျူတာနှင့် တစ်ခါပြန်ချိတ်ဆက်ပေးရပါမယ်။ I D; COM ဘောက်လေးဟာ အစိမ်းရောင် (သို့ ) အဝါရောင်ပြပေးလာပါလိမ့် မယ် ဒါဆို အိုကေပြီပေါ့ ။



(အဆင့် -၇) PDA button လေးထဲမှာ Cf-auto -root -espresso10rf-espresso rfxx-gtp 5100 zip ဖိုင်ကိုရွေးပေးလိုက်ပါ။


(အဆင့် -၈) ဒီအဆင့် ကတော်တော်လေးအရေးကြီးပါတယ်နော်။  F reset box ကို ကလစ်ပေးလိုက်ပြီးတစ်ခြား boxs တွေပေါ်လာတာကို ဘာမှမလုပ်ပဲကြည့် နေလိုက်ပါ။တကယ်လို့  re pattion မှာအမှန်ခြစ်ဖြစ်နေရင် ဖြုတ်ပေးလိုက်ပါ။


 (အဆင့် -၉)  START button ကိုနှိပ်ပြိး ၁၀ မိနစ်လောက်စောင့် ပေးပါ။ဘာမှမလုပ်ပါနဲ့ ထိုင်စောင့် ပေးပါ။

(အဆင့် -၁၀)ဒီအဆင့် မှာတော့ ဖုန်းက auto reboot လုပ်ပါမယ်။ဒါဆို root လို့ အောင်မြင်သွားပါပြီခင်ဗျာ။


တကယ်လို့  မိမိတို့ ရဲ့  tablet root အောင်မြင်တာကိုစစ်ဆေးကြည့် ချင်တယ်ဆိုရင်တော့  ဒီမှာ ဝင်ပြီးစစ်ဆေးလိုက်ပါ။





ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu102@gmail.com သို့ ပေးပို့ မေးမြန်းနိုင်ပါတယ်။




0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ