Saturday, June 14, 2014

Windows Phone ပေါ်တွင် မက်ဆေ့ခ်ျမှဓာတ်ပုံများကို သိမ်းဆည်းခြင်း







Windows Phone အသုံးပြုတဲ့သူတွေအနေနဲ့ Windows Phone ပေါ်ကနေ သူငယ်ချင်း အပေါင်းအသင်းများနဲ့ မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ကြတယ်။ ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေထဲမှာ အမှတ်တရ ဓာတ်ပုံလေးပါဝင်လို့  သိမ်းဆည်းထားချင်တယ်ဆိုရင် မက်ဆေ့ခ်ျထဲက ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အပြင်ရောက်နေတဲ့အချိန်မှာ အကြောင်းအရာတစ်ခုခုကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့အချိန်မှာ အဲဒီဓာတ်ပုံကို သင့်ရဲ့ မိုဘိုင်းဖုန်းထဲထည့်သွင်း သိမ်းဆည်းထားနိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
   

                                                    
http://www.freeandeasy100.blogspot.com/2014/06/windows-phone.html


Post By Zuu


The Best Movie Maker APP (VIVA APK)




မိမိဓာတ်ပုံများ ဒါမှမပာုတ် ကိုယ့်ချစ်သူ ၊ ကိုယ်နဲ့ပတ်သတ်တဲ့သူတွေရဲ့
Photo လေးတွေကို MTV လေးတစ်ခု Android ပေါ်မှာ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့
VIVA Viedo Apk ကို MMAS က Android Mobile User တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေကို ရွေးချယ်ပြီး ကိုယ်လုပ်ချင်တဲ့ သီချင်း (MP 3) သီချင်း တစ်ပုဒ်ကို ရွေးပေးပြီးအလွယ်တကူ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။
Theme Effect တွေလဲ ပါသေးပါတယ်။ ရှိပြီးသား Theme တွေကိုမကြိုက်ရင် Download လုပ်လို့ရပါသေးတယ်။
http://freeandeasy100.blogspot.com/2014/06/the-best-movie-maker-app-viva-apk.html
တော်တော်မိုက်ပါတယ် … လိုအပ်ရင်တော့ Down လိုက်ပါအုံး ခင်ဗျာ။ 
viva-logo-3D

Network အကြောင်း သိကောင်းစရာ




တစ်ကိုယ်ရည်သုံးကွန်ပျူတာများတွင်Word Processing, Spreadsheets, Graphics နှင့် အခြားသော သတင်းအချက်အလက်များကို လိုသလိုဆောင် ရွက်နိုင်သော်လည်း Data များ လျှင်မြန်စွာ မျှဝေသုံးစွဲနိုင်မှု မရှိပေ။ ကွန်ယက် (Network) ချိတ်ဆက်ထားခြင်း မရှိပါက  Hard Copy အဖြစ် Print Out ထုတ်ပြီး သုံးစွဲခြင်း၊ တည်းဖြတ်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်။ အကောင်းဆုံးမှာ Floppy Disks များတွင် မိတ္တူကူး ယူပြီး ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက်နေခြင်းအား Stand-alone envioronment   (သို့မဟုတ်) Sneaker Network ဟုခေါ်သည်။
Download Here
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


Post By Zuu

ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy Note 4 ကို IFA ပြပွဲတွင် Samsung မိတ်ဆက်ဖွယ်ရှိ


 
Samsung သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက ဖော်ပြခဲ့သည်။
Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED display ကို အသုံးပြုထားကြောင်း သိရသည်။
Galaxy Note 4 တွင် QHD (2560x1440) display, Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ ထို့အပြင် တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
Credit Internetjournal

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Today Special

Samsung_S7350_Ultra_S_Mobile_Phone_8



Samsung Keypad Phone များတွင် Pass code ပေးထားပြီး မေ့သွားတဲ့အခါ
ဒါမှမပာုတ် တခြား Error တစ်ခုခုဖြစ်နေလို့ Reset ချချင်တဲ့ အခါ
Reset ချရန် ခက်ခဲနေသူများအတွက် Reset ချတဲ့ Code လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လိုအပ်နေတယ်ဆိုရင်တော့ အောက်ကပာာလေးကို ဒေါင်းပြီးကြည့်လိုက်ပါ။

                               Samsung Keypad Phone များအတွက် Reset ချတဲ့ Code
                                                             
http://freeandeasy100.blogspot.com/2014/06/samsung-keypad-phone-reset-code.html



Samsung Galaxy Mega-6.3-(i9200) ကိုင်ထားတဲ့ သူငယ်ချင်းတွေအတွက် Official Firmware Kitkat 4.4.2-(Russia region)ထွက်ရှိလို့လာပါပြီ။Kitkat versionကိုတင်ပြီးအသုံးပြုမယ့်သူများအတွက်တင်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျား။

ကဲဗျာOfficial Kitkat 4.4.2 Firmwareတင်ရန်အတွက် ပထမဆုံးလိုအပ်တဲ့ဖိုင်တွေဒေါင်းထားရအောင်။
=================================

http://freeandeasy100.blogspot.com/2014/06/samsung-galaxy-mega-63-i9200official.html






မြန်မာလူငယ်ပေါင်း အယောက်တစ်သိန်း Microsoft အသိအမှတ်ပြုလက်မှတ်ဖြင့် လုပ်ငန်းခွင်အသင့် ဝင်နိုင်မည့် အစီအစဉ်တစ်ရပ်ကို Microsoft ကုမ္ပဏီနှင့် MCC Group တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့်သုံးနှစ်အတွင်း မြန်မာလူငယ်တစ်သိန်းခန့်ကို Microsoft ၏ Cloud Computing နှင့်ခေတ်မီ နောက်ဆုံးပေါ် နည်းပညာများကို သင်ကြားပေးသွားမည်ဟု Microsoft အာရှပစိဖိတ်ဒေသမှ ဥက္ကဌ Mr.Cesar Cernuda က ယနေ့ပြောကြားသည်။ “ကျွန်တော်တို့က MCC အနေနဲ့ Microsoft ရဲ့ Gold Learning Partner အနေနဲ့ ဆောင်ရွက်လုပ်ကိုင်လို့ MCC မှာ တက်တဲ့ကျောင်းသားတွေပဲ ဒီအခွင့်အရေးကိုရမယ်လို့ ခွဲခြားထားတာမရှိပါဘူး၊ တက္ကသိုလ်တွေမှာတက်နေတဲ့ ကျောင်းသားတွေလည်း ဒီအသိအမှတ်ပြု လက်မှတ်ရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု MCC Group ၏ ဥက္ကဌ ဦးတင်ဝင်းအောင်က ပြောသည်။
အဆိုပါဆောင်ရွက်ချက်ကို လအနည်းငယ်အတွင်း စတင်အကောင်အထည်ဖော်မည်ဟု သိရပြီး Cloud Computing, Cloud Services နှင့် App Development စသည့် နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်သည်။
Credit Internetjournal


Post By Zuu

Friday, June 13, 2014

ဒိုမိန်းနိမ်းတစ်ခုဝယ်ခြင်း နာမည်ခွဲ ခြင်း



ဒိုမိန်းနိမ်းတစ်ခုဝယ်တာနဲ့ နာမည်တွေခွဲတာနဲ့ပတ်သတ်လို့ သူငယ်ချင်းတစ်ယောက် မေးလာတာနဲ့ပတ်သတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ တခြားဝယ်နည်းတွေ ကျွန်တော်မသိပါ။ blogger ကနေ ၀ယ်ယူပုံကိုသာ ဖေါ်ပြမှာဖြစ်ပါတယ်။

၁။ အောက်ကပုံလေးအတိုင်း ၀ယ်ယူလိုတဲ့ ဘလော့အတွက် Setting>Publishing>Custom Domain ကိုသွားလိုက်ပါမယ်။

၂။ လိုချင်တဲ့ နာမည်တစ်ခုကို (.com .info စသည်ဖြင့်ရွေး) ဖြည့်ပြီး နာမည်သုံးရမရ Check Availability လုပ်ကြည့်ပါမယ်။

၃။ သုံးလို့ရတဲ့ နာမည်တစ်ခုဖြစ်မယ်ဆိုရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။ တစ်နှစ်အတွက် ၁၀ ဒေါ်လာပါခင်ဗျ။
၎။ ဖြည့်ရမယ့် နမူနာပုံစံဖြစ်ပါတယ်ခင်ဗျ။
၅။ အားလုံးဖြည့်ပြီးရင်တော့ အောက်ပါအတိုင်း ပေါ်လာပါမယ်။ မှာလို့ရပါပြီခင်ဗျ။
၆။ အောက်ကပုံကတော့ ၀ယ်ယူပြီးလို့ ၀င်လာမယ့် mail ပုံစံပါခင်ဗျ။ ဒီအဆင့်မှာပဲ domain name ၀ယ်ယူခြင်းပြီးပါတယ်။ မကြာမီ မိနစ်ပိုင်းမှာပဲ နာမည်သစ်နဲ့ စလို့ရပါပြီ။ ဆက်လက်ဖေါ်ပြမှာကတော့ domain name လေးတွေ ခွဲဖို့ပါခင်ဗျ။
၇။ အပေါ်ပုံက လင့်အတိုင်း သွားမယ်ဆိုရင် အောက်ကပုံကို ရလာပါမယ်
၈။ အကောင့်နဲ့ password ကို အောက်ပါအတိုင်းပြုပြင်ဖန်တီးပါ့မယ်။ (ကျွန်တော်ဝယ်တုံးက ID PW တန်းပါသလား မပါသလား မမှတ်မိပါ။ မပါရင်လို့ သဘောထားပြီး ပြန်ယူလိုက်တာကောင်းမယ်ထင်ပါတယ်။ ID PW ပါ မေးမှာပေးရင်တော့ ဒီအဆင့် ၈ ကို ကျော်ဖတ်လိုက်ပါခင်ဗျ။)

မှ တဆင့်
မှ တဆင့်

၉။ မေးကို ID pw ရောက်ပြီရောက်ပြီဆိုရင်တော့ အောက်ပါလိပ်စာအတိုင်းဝင်လိုက်ပါတယ်။
၁၀။ မိမိဆိုဒ် လိပ်စာအတိုင်းဝင်လိုက်ပါမယ်။
၁၁။ ဖန်တီးထားတဲ့ ID PW နဲ့ဝင်လိုက်ပါမယ်။
၁၂။ ပုံမှန်အားဖြင့် မေးဆီပေးထားလို့ မေးကိုဝင်ပါတယ်။ အောက်ပါအတိုင်းပြန်ပြောင်းလိုက်ပါမယ်။
၁၃။ ဒီပုံအရ email အသစ်လုပ်တာတွေ ဒိုမိန်းနိမ်းလေးတွေ ခွဲတာကို လုပ်လို့ရပါပြီခင်ဗျ။ အောက်ပါပုံအတိုင်း သွားလိုက်ပါမယ်။
၁၄။ အောက်ပါပုံအတိုင်းဆက်ဝင်လိုက်ပါမယ်။
၁၅။ ဒီ Page တစ်ခုပေါ်လာပြီး ID PW တောင်းပါတယ်။
၁၆။ ပေါ်လာတဲ့ Page က အောက်ပါ နေရာလေးရွေးကလစ်ပါမယ်။
၁၇။ Add new နှိပ်ပြီး အောက်ကအတိုင်း astro နေရာမှာ နှစ်သက်ရာ နာမည်ပြောင်းပြီး တစ်ကြောင်းရိုက် save လိုက်ပါခင်ဗျ။

၁၈။ နာမည်ပြောင်းလိုတဲ့ ဘလော့ရဲ့ ဒီနေရာကို သွားပါမယ်။ Custom domain မှ Advanced Setting ဖြစ်ပါတယ်။
၁၉။ အခုဆိုရင်တော့ http://technohalo.com မှ http://astro.technohalo.com ကို အောင်မြင်စွာ ခွဲပေးလိုက်ပြီဖြစ်ပါကြောင်းခင်ဗျား။
အဆင်ပြေပါစေခင်ဗျာ
အမောင်
PS: ကူညီဖြေရှင်းပေးသော ကိုတေ အားကျေးဇူးတင်ပါသည်။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, June 12, 2014

ပိုပြီး မြန်ဆန် သွက်လက်လာတဲ့ iPhone တွေအတွက် Skype app



Android နဲ့ Window ဖုန်း အသုံးပြုသူတွေကိုသာ နောက်ပိုင်း အာရုံစိုက်မူတွေ ရက်ရောနေတဲ့ Skype ဟာ ဒီတစ်ကြိမ်တော့ iPhone ပရိသတ်တွေဆီကို
အသစ်သော ပြုလုပ်မူတွေ ဆောင်ရွက်လာပါပြီ။ 
 

Friday, June 6, 2014

SMS ကို မြန်မာစာနဲ့ စာလုံးအရေအတွက် များများ ပို့လိုသူများ အတွက်


 
Full Text SMS(Free Download)
--
SMS ကို မြန်မာစာနဲ့ စာလုံးအရေအတွက် များများ ပို့လိုသူများ အတွက် Cloud Myanmar ရဲ့ App တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
.
SMS မှာ English စာနဲ့ဆိုရင် စာလုံး ၁၆၀ ပို့လို့ရပါတယ် ဒါပေမဲ့ မြန်မာလို ဆိုရင်တော့ စာလုံး ၇၀ သာပို့လို့ရပါတယ်
.
ဒီ App လေးက မြန်မာကိုလဲ English စာလို စာလုံး ၁၆၀ ထိ ပို့လို့ရအောင် လုပ်ပေးထားပါတယ်။
.
မြန်မာစာတွေကို English စာတွေ အဖြစ်ပြောင်းလဲ ပေးပို့တာ ဖြစ်တဲ့အတွက်
**ပို့တဲ့ဘက်ရော လက်ခံတဲ့ ဘက်မှာပါ ဒီ App လေးရှိဖို့တော့ လိုပါတယ်**
.
GSM,WCDMA တွေမှာ အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပါပြီ
CDMA တွေကတော့ ရှေ့ကနှစ်ခုနဲ့ အနည်းငယ် ကွဲပြားတာကြောင့် bug နည်းနည်းရှိနေပါသေးတယ်။ လိုအပ်တွေ သူတွေ အသုံးပြုနိုင်အောင်လို့ အခု version မှာ bug ကိုမရှင်းသေးဘဲ ထုတ်ပေးလိုက်တာပါ။
.
နောက် version မှာ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ပေးပါဦးမယ်
အကြံဥာဏ်ပေးကြပါဦး
ကျေးဇူးပါ
.
https://play.google.com/store/apps/details?id=soehtet.cloud.mmsms

https://app.box.com/s/gtcupxuhjq1v3rqcmng
credit-Cloud Myanmar

Post By >> Zuu

Ezy Free Apk



ဒီ Application လေးကတော့ www.freeandeasy100.blogspot.com ကို Online ကော Offline ကော ဖတ်လို့ ရနိုင်အောင် Apk ပြု လုပ်ထားတာပါ ။ နည်းပညာ သတင်းများ ၊ IOS , Android , Computer , အစရှိသော Software and Game များကို အလွယ်တကူ ကြည့်ရှု ၊ Download ပြုလုပ်နိုင်အောင်လုပ်ထားပါတယ် ။အဆင်မပြေတာရှိရင်လည်း Comment ချန်ထားခဲ့ နိုင်ပါတယ် ။

Admin >> Zuu


https://www.dropbox.com/s/vv8ak8jevzeaktv/Ezy%20Free_1.1.apk?m=


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, June 5, 2014

How to Downgrade from iOS 8 Beta To iOS 7














      Apple က iOS 8 Beta 1 ကို Developer တွေ အတွက် ထုတ်ပေးလိုက်ပြီးသည်.နောက်ပိုင်းတွင် ကျွန်တော်တို. iOS User တွေကလည်း iOS 8 ၏ ထူးခြား ချက်တွေကို ကြိုက်နှစ်သက်ပြီး Jailbreak အပျက်ခံကာ iOS 8 ကို install လုပ်ကြပါတယ်.....ထိုသို. Upgread လုပ်ပြီး နောက် အကြာင်းအမျိုးမျိုးကြောင့် Downgread လုပ်ချင်သူတွေအတွက် Downgread လုပ်နည်းကို ပြန်၇ှယ်ပေးလိုက်ပါတယ်....

     Downgread လုပ်ရာတွင် Apple ၏ နောက်ဆုံး Version ဖြစ်သော iOS 7.1.1 ကိုသာ install လုပ်ခွင်ပြုပါလိမ်မည်။အောက်ကလင်.တွင် IPSW 7.1.1 ကို ဒေါင်းပါ။


                     iOS 7.1.1 Download Here



( 1 ) iTunes ကို Run လိုက်ပါ။ပြီးလျှင် iDevice ကို USB ကြိုးဖြင် PC တွင် ချိတ်ပေးပါ။

( ၂ ) မိမိ တို. ၏ အရေးကြီးသော Data တွေ ရှိပါက Backup လုပ်ပေးပါ။






 


( 3 ) မိမိ တို. ၏  iDevice ကို DFU mode ဝင်ပေးပါ။DFU mode ရန်   Home button နှင့် Sleep/Wake (Power)button နှစ်ခုကို ပြိုင်တူ ဖိထားပေးပါ။အောက်ကပုံလေးအတိုင်ပါ။









10 seconds လောက်ကြာအောင် ဖိထားပြီး (ပန်းသီး logo လေးပေါ်လာပြီးပြန်ပျောက်သွားလျှင်) Sleep/Wake (Power) button ကို လွတ်ပေးပြီး Home button ကိုမလွတ်ဘဲးဆက်ဖိထားပေးပါ။ iTunes တွင်  iPhone in recovery mode လိုပေါ်လာသည့်အထိ Home button ကိုဖိထားပေးပါ။ပေါ်လာလျှင် DFU Mode ဝင်လို.ပြီးပါပြီ။


( 4 ) ကွန်ပျူတာက Shift Key ကို ဖိထားပြီး iTunes က Restore ကို ကလစ် ပေးပါ။










( 5 ) မိမိ တို. ဒေါင်းထားသော ipsw ဖိုင်သိမ်းထားသောနေရာကိုသွားပြီး iOS 7.1.1 ဖိုင်ကိုရွေးပေးပါ။





Restore လုပ်နေပါလိမ်မည်.....ပြီးအောင်စောင်.ပေးပြီး.....ခဏကြာလျှင် မိမိ တို. ၏ iDevice ကို iOS 7.1.1 ကို Downgread လုပ်လို. ပြီးပါပြီ ခင်ဗျ။








Credit >> Ko Min 

Post By >> Zuu