Monday, August 12, 2013

“Android Applications Development” သင်တန်းဖွင့်လှစ်မည်


“Android Applications Development”

သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “Android Applications Development” သင်တန်းတစ်ခု ကို သြဂုတ်လ (၂၄) ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Android Phones များတွင်တွင်ကျယ်ကျယ် အသုံးပြုလာနေသည့် ယခုခေတ်မှာ အနာဂတ်အာမခံချက်တွေ အခိုင်အမာရှိနေသည့် Android Developers များဖြစ်လာစေဖို့အတွက် တက်ရောက်သင့်သည့် သင်တန်းတစ်ခုဖြစ်ပါသည်။

ဤသင်တန်း၌ Android Applications ရေးသားနည်းများကို အခြေခံမှစ၍ အသေးစိတ်သင်ကြားပေးမည်ဖြစ်ပါသည်။ လက်တွေ့အသုံးချ Applications များစွာကို တထိုင်တည်း လေ့လာရေးသားစေမှာဖြစ်၍ သင်တန်းပြီးဆုံးပါက Android Developer တစ်ဦးအဖြစ် ကောင်းစွာရပ်တည်နိုင်မှာဖြစ်ပါသည်။ ကွန်ပျူတာ Programming အခြေခံကို တတ်မြောက်ထားသူတိုင်း တက်ရောက်နိုင်ပါသည်။

သင်ကြားမည့် အကြောင်းအရာများ…..

Ø Installation and Setting up Android Development

Ø User Interfaces, Using Controls, Menus and Dialogs

Ø Using Resources, Content Providers and Intents

Ø Thread, Android Services, Data Storage and SQLite

Ø Home Screen Widgets, Web and Google Map

Ø Android Security, Writing Native Code

Ø Deploying and Publishing App to Android Market

Ø Introduction to Android Studio and Animation, etc.

သင်တန်းကာလ - သြဂုတ်လ (၂၄) ရက် မှ နိုဝင်ဘာလ(၁၀) ရက်အထိ

သင်တန်းအချိန် - နေ့လည် ၁၂း၀၀ နာရီ မှ ၃း၀၀ နာရီ (စနေ၊ တနင်္ဂနွေ)

သင်တန်းကြေး - ၈၀၀၀၀ (ရှစ်သောင်းကျပ်)

MCPA Member (50%) - ၄၀၀၀၀ (လေးသောင်းကျပ်)

သင်တန်းသားဦးရေ - (၁၅) ဦး

သင်တန်းနေရာ - အဆောင် (၁)၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် သြဂုတ်လ (၂၃) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း


အိုင်တီခေတ်

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ