HTML ပုံများ - <img> Tag နဲ့ Src Attribute
HTML မှာ ပုံတွေကို <img> tag နဲ့ သတ်မှတ်ကြပါတယ်။<img> tag သီးသန့်ဆိုရင် ဗလာ ကြီးဖြစ်ပြီး Attribute တွေ သက်သက်ပဲပါမှာပါ။ Tag အပိတ်လည်းမရှိပါဘူး။
စာမျက်နှာပေါ်မှာ ပုံပေါ်ဖို့အတွက် src attribute ကိုသုံးဖို့လိုပါတယ်။ Src ဆိုတာက "source" ရဲ့အတိုကောက်စာလုံးဖြစ်ပြီး src attribute ရဲ့တန်ဖိုးက သင်ပေါ်ချင်တဲ့ ပုံရဲ့ URL လည်းဖြစ်ပါတယ်။
ပုံအတွက် Syntax
<img src="url" alt="some_text"/>
Browser (ဘရောက်ဆာ) က Image Tag ပြတဲ့ပုံကို ခေါ်သုံးပါတယ်။ တကယ်လို့ စာပိုဒ်နှစ်ခုကြား ပုံထားခဲ့ရင် Browser (ဘရောက်ဆာ) က ပထမစာပိုဒ်ကို အရှေ့က ပေါ်စေပါမယ်။ သူ့အောက်မှာမှ သင်ညွှန်းထားတဲ့ပုံ သူပြီးမှ နောက်ဆုံးစာပိုဒ်ကို ပေါ်စေမှာပါ။
HTML ပုံများ - Alt Attribute
လိုအပ်တဲ့ alt attribute ဟာ ပုံအတွက် အခြားနည်းလမ်းနဲ့ပေါ်မယ့်စာဖြစ်ပါတယ်။ ပုံပေါ်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။Alt attribute ရဲ့တန်ဖိုးကတော့ ဝဘ်ဆိုဒ် ရေးသူ ထည့်တဲ့အတိုင်းပါပဲ...။
<img src="trip.jpg" alt="Blogger Aung Aung" />
HTML ပုံများ - ပုံအမြင့်နဲ့ အလျားကို သတ်မှတ်ခြင်း
အမြင့်နဲ့ အလျား attribute တွေမှာ ပုံ၏ အမြင့်နဲ့ အလျားအတွက်ဖြစ်ပါတယ်။Attribute တန်ဖိုးတွေကိုတော့ အမြဲ Pixel နဲ့ သတ်မှတ်ပါတယ်။
<img src="trip.jpg" alt="Blogger Aung Aung" width="334" height="227" />

မှတ်စုများ


HTML ပုံ Tag များ
Tag | အကြောင်းအရာ |
---|---|
<img /> | ပုံထည့်ရန် |
<map> | image-map ထည့်ရန် |
<area /> | image-map တစ်ခုထဲက နှိပ်လို့ရတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ပါတယ်။ |
http://www.soemoeaung.com
အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ