
သင့် ကွန်ပြူတာ က Antivirus က Virus တွေ့ တယ်လို့ သတိပေးရင်ပဲဖြစ်ဖြစ်၊ သင့်ကွန်ပြူတာ က လေးလံလာပြီး အလုပ်ကောင်းကောင်းမလုပ်တော့ရင်ဖြစ်ဖြစ် ဒီနည်းလမ်းကိုသုံးပြီး Virus တွေကိုရှင်းနိုင်ပါတယ်။
သာမာန် Virus တွေနဲ့ Malware တွေကတော့ သင့် ကွန်ပြူတာ ကို လေးလံစေပြီး အသုံးပြုလို့ မရအောင်ပဲပြုလုပ်ကြပါတယ်။ တစ်ချို့  Virus , Malware တွေကတော့ သင့် ရဲ့ Credit Card တွေ ၊ Personal Data တွေကို ခိုးယူနိုင်လောက်အောင် အစွမ်းထက်ကြပါတယ်။ အဲလို အစွမ်းထက်တဲ့ Virus တွေကို သတ်ဖို့  အောက်မှာဆက်လေ့လာပါ။
Antivirus က Virus ကို တွေ့ ရင် ဘာလုပ်ရမလဲ?
သင့် Antivirus က Virus တွေ့ ပါတယ်လို့ သတိပေးတာ ဟာ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပြီး Antivirus က Virus ကို နိုင်နင်းစွာကိုင်တွယ်ထားနိုင်တဲ့သဘောပါ။
ဒါဆိုရင် Antivirus ရဲ့ Quarantine ကိုသွား၍ သော်လည်းကောင်း ၊ ပေါ်လာတဲ့ သတိပေးစာကို နှိပ်၍ သော်လည်းကောင်း Virus ရဲ သတင်း အချက်ကိုသိနိုင်ပါတယ်။ နောက်ပြီး Virus ကို သတ်ဖို့  ၊ Quarantine ထဲမှာ ဆက်ထားပြီး စောင့်ကြည့်စစ်ဆေးဖို့  စသဖြင့် ပြုလုပ်နိုင်ပါတယ်။

Antivirus အသုံးမပြုဘူးဆိုရင်
သင့် ကွန်ပြူတာ မှာ Antivirus အသုံးပြုခြင်းမရှိဘူး ၊ ကွန်ပြူတာကလည်း တစ်ဖြည်းဖြည်းလေးလံလာပြီး အလုပ်ကောင်းကောင်းမလုပ်တော့ဘူးဆိုရင် တော့ Virus ၀င်ရောက်ဖျက်ဆီးနေတာဖြစ်နိုင်ပါတယ်။ Antivirus အသုံးပြုရဲ့ သားနဲ့  Virus Definition တွေကို မှန်မှန် Update မလုပ်ပေးရင်လည်း Virus ကူးစက်နိုင်ပါတယ်။
Antivirus အသုံးမပြုတဲ့ သူတွေ ကိုတော့ အခုပဲ အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ Avast , AVG , Microsoft Security Essential တို့ က Free အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ကလည်းကောင်းမွန်ပါတယ်။ Windows 8 /8.1 အသုံးပြုသူတွေကတော့ Antivirus တစ်ခု သီးသန့် သုံးစရာမလိုဘဲ သူ့ မှာ Built-in ပါတဲ့ Microsoft Security Essential ကိုနာမည်ပြောင်းထားတဲ့ Windows Defender ကိုသုံးနိုင်ပါတယ်။

Internet Security Suite တွေမှာ ပါတဲ့ ပိုမိုကောင်းမွန်တဲ့ Features တွေဖြစ်တဲ့ two-way firewalls, phishing filters, anti-theft , spam filter,web safety စတာတွေကိုပါသုံးချင်ရင်တော့ Internet Security Suite ကို ကိုယ်တိုင်ပြုလုပ်ပါ။ Cracked Version တွေကို အသုံးပြုတာကိုတော့ အားမပေးပါဘူး။ အဲဒီ Cracked Version တွေ ကိုယ်တိုင် ဟာ Virus ,Malware တွေဖြစ်နေတတ်ပါတယ်။
သင့် Antivirus က Virus ကို မသတ် နိုင်ရင်
သင့် ကွန်ပြူတာ မှာ Virus ၀င်ရောက်နေတယ်လို့ သံသယ ရှိပြီး Antivirus ကလည်း မဖမ်းမိ ၊ မသတ်နိုင်ဘူး ထင်ရင် တစ်ခြား Antivirus နဲ့ သတ်နိုင်ပါတယ်။
Antivirus တော်တော်များများက One-Time Scanning Tool တွေပြုလုပ်ပေးထားပါတယ်။ ESET Online Scanner ကို အင်စတောလုပ်စရာမလိုဘဲ ဒေါင်းလုပ် လုပ်ပြီး တာနဲ့  Quick Scan လုပ်နိုင်ပါတယ်။ သင့် စက်မှာရှိပြီးသား Antivirus ကိုလည်း ဖြုတ်စရာမလိုတဲ့အတွက်အဆင်ပြေပါတယ်။ Bitdefender 60-Second Virus Scanner ကလည်း အဲဒီလို မျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။
Scanner က Virus တွေ့ ပြီလို့ အချက်ပေးရင် အဲဒီ Scanner နဲ့ ပဲ သတ်လို့ ရပါတယ်။ သင့်ရဲ့  Antivirus အဟောင်း ကိုတော့ ဖြုတ်ပြီး အခြားတစ်ခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်။

သတ်ဖို့ ခက်ခဲ တဲ့ Virus မျိုးကို သတ်ဖို့ 
တစ်ချို့  Virus , Malwares တွေဟာ အလွန်အစွမ်းထက်ပြီး သင့် System မှာ နက်နက်ရှိုင်းရှိုင်း ပူးကပ်နေတတ်ပါတယ်။ အဲဒီလို Virus တွေဆိုရင် သတ်ဖို့ အလွန်ခက်ခဲပါတယ်။
ဒီလိုအခြေအနေမှာဆို Safe Mode ကအသုံးဝင်ပါတယ်။ Safe Mode မှာဆိုရင် Virus အပါအ၀င် Third-Party Software တွေဟာ အလုပ်မလုပ်နိုင်ပါဘူး။ Safe Mode ကိုဝင်ပြီး Antivirus ကို Scan လုပ်ခိုင်းရင် Virus ကိုသတ်ကောင်းသတ်နိုင်ပါတယ်။ Safe Mode ကို ၀င်ဖို့ အတွက် ကွန်ပြူတာကို Restart လုပ်ပြီး F8 ကီး ကို နှိပ်ပါ။ Boot Options Menu ရောက်ရင် Safe Mode ကိုရွေးပါ။ Safe Mode ရောက်ရင် Antivirus ကို Run ပြီး Virus ကိုသတ်ပါ။ Safe Mode မှာ အင်တာနက်အကူအညီလိုချင်ရင်တော့ Boot Options Menu မှာ Safe Mode with Networking ကိုရွေးပါ။
Safe Mode မှာလည်း Virus ကိုမသတ်နိုင်ဘူးဆိုရင် Antivirus Rescue CD တွေကို Boot တက်ပြီး သတ်ပါ။ Rescue CD တွေကို အသုံးပြုရင် Virus ရဲ့ အနှောင့်အယှက် မရှိတဲ့ အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ Kaspersky Rescue CD အသုံးပြုနည်းကိုရေးပေးထားပါတယ်။ Bitdefender , Avira တို့ ရဲ့  Rescue CD တွေကို လည်း အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကတော့ Kaspersky နဲ့ သိပ်ပြီး ကွာခြားမှာမဟုတ်ပါ။

နောက်ဆုံး Virus ကိုဘယ်လို နည်းနဲ့ မှသတ်လို့ မရတော့ဘူးဆိုရင် ဒါမှမဟုတ် Virus ကိုသတ်ပြီးတဲ့ အခါမှာ သင့် System ဟာ တော်တော်ပျက်ဆီး သွားပြီဆိုရင် Factory Reset ချလိုက်ပါ။ ကွန်ပြူတာ တော်တော်များများမှာ Recovery Partition or Restore Partition ပါရှိပြီး Boot တက်တဲ့ အချိန် မှာ သတ်မှတ်ထားတဲ့ ကီး တစ်ခု ကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ကီး ကတော့ စက်တစ်လုံး နဲ့ တစ်လုံး မတူတဲ့အတွက် အင်တာနက် ကနေရှာပါ။ Windows Installer Disc ရှိရင် Clean Install လုပ်ပါ။ Clean Install လုပ်ရင် ဖိုင်တွေ ၊ Programs တွေအားလုံးကိုဖျက်ပစ်မှာဖြစ်တဲ့အတွက် အရေးကြီးဖိုင်တွေကို Backup လုပ်ပါ။ Windows 8/8.1 မှာဆိုရင် Factory Reset လုပ်ဖို့ အတွက် အသစ်ပါရှိလာတဲ့ Reset Feature ကိုသုံးနိုင်ပါတယ်။
Facebook Page ကို Like
ပြီးအားပေးပါအုံး။
ကျေဇူးပြု၍ဖြေပေးပါအုံးဗျာ ကျွန်တော့စက်မှာ kaspersky internet securety အမှန်အကန်ဝယ်သုံးထားတာပါ သုံးလာတာ လေးနှစ်လောက်ရှိပြီ တစ်နှစ်ကုန်ရင်တစ်ခါ အသစ်ပဲဝယ်သုံးတယ် ထိုင်းနိုင်ငံမှာပါ ဒီတစ်ခါဖြစ်တာက အခု drive c ထဲမှာ ဖိုင်အပိုလေးတွေမှာ သော့ခလောက်ပုံလေးတွေဝင်ဝင်ပြီး virus တစ်မျိုးက scan လုပ်ပြီး သတ်လို့မရဖြစ်နေတယ် ဒါကြောင့် အားကိုးပါရစေဗျာ ကျေးဇူးတင်ပါတယ်
ReplyDelete