Friday, May 9, 2014

မြန်မာပြည်မှာ အအောင်မြင်ဆုံးကား အမှတ်တံဆိပ်က တိုယိုတာ ဖြစ်


Aung Ko Htet (Myanmar IT Knowledge)

လက်ရှိ စစ်တမ်းများ အရ တိုယိုတာ ကားများ ဟာ မြန်မာပြည်မှာ အရေအတွက် အများဆုံး ဖြစ်ပြီး အအောင်မြင်ဆုံး ကား အမှတ်တံဆိပ် တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရ ပါတယ်။

အရေအတွက် အများဆုံး ကား အမျိုးအစား အနေနဲ့ တိုယိုတာ ကိုရိုလာ ဗန်၊ ရွေငါး နဲ့ ခရောင်းတို့ ဖြစ်ပါတယ်။ လူကြိုက် အများဆုံး အနေနဲ့ ယခု နောက်ပိုင်းမှ ဝင်တဲ့ (ပုံမှာ ပြသ ထားတဲ့) Toyota Crown တို့လို ကားများက လူကြိုက် အများဆုံး ဖြစ်နေ ပါတယ်။ နောက်ဆုံး ပေါ် မော်ဒယ်များ ဝင်ရောက်ပီး အသစ်တွေ ဖြစ်တာကြောင့် ဈေးကလည်း သိန်း ထောင်ဂဏန်း ရှိပါတယ်။ သို့ပေမယ့် အမေရိကန် နဲ့ ဂျာမနီက လာတဲ့ ကားများနဲ့ စာရင်တော့ ဈေးက အများကြီး သက်သာ နေပါ သေးတယ်။ တိုယိုတာ ခရောင်းမှာတော့ မာဂျက်စတာ၊ အသလစ်၊ ရွိုင်ရယ် အစရှိသဖြင့် အမျိုးမျိုး ကွဲပါ သေးတယ်။ နောက်ပိုင်းမှ အသစ် ဝင်လာတဲ့ Mark X တို့လို ကား မျိုးများလည်း ခေတ်စား ပါတယ်။

တိုယိုတာ ဝယ်ခြင်းဖြင့် ရရတဲ့ အားသာချက် တစ်ခုက အပိုပစ္စည်းတွေ မြန်မာပြည်မှာ အလွယ်တကူ ရရှိခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝပ့်ရှော့ သမား တို့ နဲ့လည်း အရင်းနှီးဆုံး ကား ဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုယိုတာ ဟာ မြန်မာပြည်ကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ တိုယိုတာဟာ ၎င်းတို့ရဲ့ ကား ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက် သွားမှာ ဖြစ်ကြောင်း ကြာသိ ရပါတယ်။ www.7daynewsjournal.com/ မှာ ရေးသား ဖော်ပြ ထားတဲ့ သတင်း ဖြစ်ပါတယ်။ ဒီတော့ တိုယိုတာ နောက်ဆုံးပေါ် ကားများကို နိုင်ငံတကာ ရောင်းဈေးနဲ့ သိပ်မကွာပဲ ဝယ်ယူ ရရှိ နိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည် ဈေးကွက် မှာလည်း Toyota တွေ များပြားနေတာကို www.motors.com.mm ကား ဝဘ်ဆိုဒ်ရဲ့ တိုယိုတာ ကဏ္ဍ မှာ ကြည့်ရှုခြင်းဖြင့် လည်း သိရှိ နိုင်ပါတယ်။

တိုယိုတာ ကို အဟောင်းကော၊ အသစ် ကော ဈေးကွက် မှာ အဝယ်လိုက်လျက် ရှိနေကြောင်း သိရ ပါတယ်။



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ