Tuesday, August 13, 2013

ဖိုင်တွေကိုအလွယ်တစ်ကူတင်နည်း

ဖိုင်တွေကို UPLOAD တင်ချင်လို့ ဆိုပြိးမေးထားတဲ့ သူငယ်ချင်းတွေတော်တော်လေးများလာလို့ ဒီပိုစ့် လေးကိုမအားတဲ့ ကြားကရေးလိုက်တာပါ။
ဟုတ်တော့ ဟုတ်သလိုလိုရှိပါတယ်။တကယ်တော့ သိပြီးသားလူတွေကတော့ ရယ်စရာလေးပါပဲ(ဒါပေမယ့် )တစ်ချိန်ကအခက်အခဲလေးတွေက
အောင်မြင်သွားတဲ့ အချိန်ကျမှရီစရာလေးတွေဖြစ်သွားတာပါ။နူစဉ်အခါကတော့ လူတိုင်းဒီလမ်းကနေစခဲ့ ရတာပါပဲ။
နောက်တစ်ချက်အနေနဲ့ က ဖိုင်တွေကိုလွယ်လွယ်ကူကူအပြန်အလှန်ပေးပို့ ပြီးနည်းပညာတွေပြန့် ပွားအောင်လို့ ရည်ရွယ်ပြီးရေးဖြစ်လိုက်တာပါခင်
ဗျာ။ပထမဆုံးအနေနဲ့  ZIPSHARE ကနေ UPLOAD တင်နည်းလေးကိုပြောပြပေးပါမယ်။လွယ်လည်းလွယ်ပါတယ်။အားလုံးပဲအောက်မှာလိုက်ကြည့် ပေးပါခင်ဗျာ။

ပထမဆုံးအနေနဲ့ WWW.SIPSHARE.COM ကိုဒီနေရာကနေသွားလိုက်ပါ။

အဲဒီမှာ ပုံမှာပြထားတဲ့  browse ဆိုတဲ့  အဝါရောင်ပြထားတဲ့ နေရာလေးကိုကလစ်ပြီးမိမိတင်ချင်တဲ့ ဖိုင်ကိုရွေးပေးပါ။

ဒီအဆင့် မှာတော့ မိမိupload တင်ချင်တဲ့ ဖိုင်ကိုရွေးပေးပါပုံလေးထဲကအတိုင်းပေါ့ နော်

ဒီအဆင့် မှာတော့ အဝါရောင်လေးနဲ့  start upload ဆိုတဲ့ လေးကိုနိပ်ပြီးခဏစောင့် ပါ။

ဒီအဆင့် မှာတော့ ပုံမှာပြထားတဲ့ အတိုင်း အဝါရောင်ပြထားတဲ့  html လင့် ကို copy ယူပါ။
ဒီအဆင့် မှာတော့ ဖိုင်ကို upload တင်တာအောင်မြင်သွားပါပြီ ။မိမိပေးချင်တဲ့ သူကို ကြိုက်တဲ့ နေရာ(ဥပမာ-facebook/ gmail/blog) ထဲမှာဖြစ်ဖြစ် paste ချပေးလိုက်ရင် အဆင်ပြေသွားပါပြီခင်ဗျာ။




တစ်လက်စတည်းအကူအညီတောင်းပါရစေဗျာ။ကျွန်တော့် အတွက်မဟုတ်ပါဘူး(အများအတွက်ပါ)
စာဖတ်သူဟာကျွန်တော်တို့ ထက်သိနေတာတွေတတ်နေတာတွေရှိပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  အများသူငှာကိုပြန်လည်ဝေမျှချင်ရင်(ဥပမာ-e-book ပဲဖြစ်ဖြစ် နည်းပညာပဲဖြစ်ဖြစ်) ပြန်လည်ဝေမျှချင်ရင်ကျွန်တော့် ဘလော့ မှာမိတ်ဆွေတို့ ရဲ့ နာမည်နဲ့ အတိအကျပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာကတော့ saithu102@gmail.com /www.saithu777@facebook.com သို့ ဆက်သွယ်ပေးပို့ ကြပါခင်ဗျာ။






2 comments:

  1. ကျေးဇူးပါပဲဗျာ ဒီထက်အောင်မြင်နိုင်ပါစေဗျာ တလက်စတည်း software တွေ apk တွေကို ကိုယ့်နာမည်ပေးလို့ရတဲ့ နည်းလမ်း နဲ့sorftware ရှိရင် တင်ပေးပါလား အကို

    ReplyDelete
  2. ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။ဒီထက် အဆပေါင်းများစွာအောင်မြင်ပြီးစိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံပါစေ။

    ReplyDelete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ