Sunday, January 5, 2014

Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်


Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်
=========

Intel သည် လူသုံးကုန် အီလက်ထရောနစ် ထုတ်ကုန်ပြပွဲ (CES) တွင် Windows နှင့် Android အသုံးပြု ထားသော ကွန်ပျူတာသစ် တစ်မျိုးကို ပြသဖွယ်ရှိကြောင်း သိရသည်။

Intel သည် ၎င်းကွန်ပျူတာကို နည်းပညာပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် PC ထုတ်လုပ်သူများနှင့် စမ်းသပ် လုပ်ကိုင်နေသော အခြားထုတ်ကုန် အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက The Verge ထံပြောကြားခဲ့သည်။

Dual OS ဟုခေါ်သည့် Intel ၏ စိတ်ကူးအကြံအစည်သည် virtualization နည်းပညာကို အသုံးပြုပြီး Windows အတွင်း Android အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ၎င်းသည် စက်ကို reboot ပြုလုပ်စရာမလိုဘဲ Android app နှင့် Windows app များကို ယှဉ်လျက် အသုံးပြုနိုင်မည်ဖြစ်သည်။

Intel သည် ၎င်းတို့၏ x86 ပရိုဆက်ဆာ တပ်ဆင်ထားသော Android စမတ်ဖုန်းတစ်လုံး ပြုလုပ်နေသလို Bay Trail tablet chip ကိုလည်း OS တစ်ခုခုနှင့် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်နေကြောင်း သိရသည်။ Intel အနေဖြင့် Windows အတွင်း Android app များအဆင်ပြေစွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးနိုင်ခဲ့ပါက PC ထုတ်လုပ်သူများ အနေဖြင့် သုံးစွဲသူများကို Platform နှစ်ခုပါဝင်သော tablet တစ်လုံး တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ Intel အနေဖြင့်လည်း ထိုနည်းပညာ ထောက်ပံ့နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း Microsoft နှင့် Google သည် ၎င်းကိစ္စကို လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါ ကိစ္စနှင့် ပက်သက်လျှင် ၎င်းတို့တွင် ဆတ်ဆတ်ထိမခံမှုများ ရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားသွားခဲ့သည်။

Ref: TheVerge ( INTERNET JOURNAL)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ