မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး
ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ်
သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး ဘလော့တွေမှာ မိမိတို့ စိတ်ကြိုက်
template တွေ ဒီဇိုင်းလှလှလေးတွေ နဲ့ပြုပြင်ဖန်တီးဖို့ဆိုတာ သည်နည်းလမ်းလေးကို သိကိုထားမှ
ဖြစ်မှာမို့ပါ...ဒါကြောင့် တောင်းဆိုမှု အရရော..သိသင့်တယ်ထင်တာမို့ စေတနာနဲ့ရော သည်နည်းလေးကို ထရေးဖြစ်တာပါ.... Template တွေကို ဒေါင်းယူပြီး မိမိဘလော့ထဲမှာ စိတ်တိုင်း
ကျ သွင်းယူတဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.... အသေးစိတ် ပုံလေးတွေနဲ့ တစ်ကွ ဒေါင်းယူနည်း
ဒေါင်းထားသော တက်ပလက်ဖိုင်ကနေ xml ဖိုင်လေးယူနည်း ရှင်းပြထားပါတယ်... ဒေါင်းယုံနဲ့ မရပါ
xml ဖိုင်လေးကိုသာ မိမိတို့ ဘလော့ထဲကို Upload ထည့်မှသာလျှင် လိုခြင်သော တက်ပလက် ဒီဇိုင်းတွေကို ရရှိမြှ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး ကဲစမယ် လေကရှည်နေပြီ...ေိေိ....
တောင်းဆိုသူမိတ်ဆွေပါ......
လင်္ကာ: တက်ပလက် အသစ်တွေကို ဒေါင်းယူနည်းနဲ့ xml ယူနည်းလေးရေးပေးပါလားဗျာ။ပထမဆုံးအနေနဲ့ တက်ပလက် ဒေါင်းလို့ ရတဲ့ ဆိုဒ်လိပ်စာလေးပေးပါ့မယ်.....
+ တက်ပလက်များကို သည်မှာ ရှာဖွေဒေါင်းယူပါ ။
+ နောက်ထပ်လိုအပ်က သည်မှာ ဆက်လက်ရှာဖွေနိုင်ပါတယ် ။
နောက်ထပ် လိုအပ်သေးပါက.... တက်ပလက်ဆိုဒ်ပေါင်းများစွာရှိပါတယ်...
သည်ဆိုဒ်တွေဆိုရင်ဘဲ လုံလောက်ပါပြီနော် အများကြီးးးးကိုရနိုင်လို့ပါ....http://www.dailybloggertemplates.com/
http://www.deluxetemplates.net/page/2
http://www.dhetemplate.com
http://www.soratemplates.com/
ကဲ တက်ပလက်တစ်ခုကို ဒေါင်းရင်းနဲ့ ဥပမာ ပြုတင်ပြလိုက်ပါ့မယ်...
အဆင့် (၁) အနေနဲ့.......တက်ပလက်ဆိုဒ်ထဲဝင်လိုက်ပါပြီ
မိမိတို့ စိတ်ကြိုက် စာမျက်နှာအလိုက် ရွေးချယ်နိုင်ပါတယ်... ရွေးချယ်စရာတွေအများကြီးးပါနော်
စာတွေ ကြည့်ပြီး လိုအပ်သလို ရွေးနိုင်ပါတယ်... တက်ပလက်တိုင်းမှာ နာမည်လေးတွေရှိပါတယ်...
သေခြာ ကြည့်လိုက အမည်ကိုကလစ်နိုင်ပါတယ်... ပုံကြီးမူရင်းကို မြင်လိုက Demo ဆိုတာကို ကလစ်ကြည့်လိုက်ပါ....ဒေါင်းလိုက Download ပေါ့...ခုတော့တစ်ခု ရွေးလိုက်ပြီပေါ့..အောက်မှာ
အဆင့် (၂) အနေနဲ့ ဆက်ကြည့်လိုက်ပါ...........
မိမိရွေးထားသော တက်ပလက်လေးပေါ့... Preview ကိုကလစ်ပါက ဆိုဒ်ကြီးမြင်ရမယ်...
ကဲ Download ကြစို့ ကြာနေမယ်..နော်..ဒေါင်းလိုက်ပါပြီဗျာ.. ခဏလေးဘဲ စောင့်ပါ....စက္ကန့်ပိုင်းမျှသာ ကြာမှာပါ....
အဆင့် (၃) အနေနဲ့ ဒေါင်းထားတဲ့ ဟာလေးပြီးသွားတဲ့အခါမှာပေါ့..
Open floder ကိုကလစ်ဖွင့်လိုက်ပါ... မဟုတ်လည်း မိမိစက်ထဲ ဒေါင်းလော့ဝင်တဲ့ ဖိုင်ထဲသွားလိုက်ပေါ့.....သည်လိုလေးတွေ့မယ်...အောက်မှာ....
အဆင့် (၄) ကတော့ ဒေါင်းထားတဲ့ တက်ပလက် ဖွင့်လိုက်ပါ.....
တွေ့ပြီနော် ကျွန်တော် ဥပမာပြထားတဲ့ တက်ပလက်လေးက အမည်က music plus ဆိုတဲ့ဟာပါ။
အဲတာလေး မိမိတို့ ထဲတွေ့တာနဲ့ ညာကလစ်ပေးပါ Extract to musicplus/ ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...( မှတ်ချက် ။ ။ musicplus နေရာမှာ မိမိတို့ဒေါင်းသော template အမည်ပါ)
ကလစ်ပြီးတာနဲ့ Floder အ၀ါလေးကျလာမှာဖြစ်ပါတယ်.....အောက်မှာကြည့်ပါ
Music Plus ဆိုတဲ့အမည်နဲ့ Floder အ၀ါလေးပါ...အဲတာလေးကို ဖွင့်လိုက်ပါ... တစ်ခါဖွင့်ယုံနဲ့ xml ဖိုင်လေး မတွေ့သေးပါက တွေ့သည့်တိုင် ဖိုင်လေးတွေကို ဆက်ဖွင့်ပေးလိုက်ပါ...တွေ့ပြီဆိုတာနဲ့..
အဆင့် (၅) xml ဖိုင်လေးကို တွေ့ပြီဆိုတာနဲ့.....အောက်မှာ...xml ဖိုင်
ကဲဂျာ....ရပါပြီ xml ဆိုတဲ့ ဖိုင်လေး...သူဘဲ အဓိကကျတာလေ...သူကဘဲ မိမိတို့ဘလော့ကို
ပြောင်းလဲစေနိုင်တာပါဗျာ...ဒါလေးရဖို့အရေးးးးးးးဟူးးးးးးးးးးးးးးးမောလိုက်ထာ..ေိေိ
အဲတာလေးတော့ သေသေခြာခြာ မီးလုံသေတ္တာလေးနဲ့ သိမ်းကျနော်....ဟိဟိ
တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ