Monday, September 9, 2013

Light Sensitivity ဆိုင်ရာ နိုင်ငံ တကာ စံ နှုန်းများ




Light Sensitivity ဆိုင်ရာ နိုင်ငံ တကာ စံ နှုန်းများ

စင်စစ် အားဖြင့် ISO သည် ကင်မရာ Sensor ဆိုင်ရာ အလင်းစုတ်ယူ နိုင်မှု “ စံ နှုန်း “ တစ်ခု ထည်းသာမက ကမ္ဘာပေါ်ရှိ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများ၏ စံ နှုန်းများကို လည်း သတ်မှတ်ပေးသည့် International Organization for Standardization ၏ အတိုကောက် ( Acronym ) ဖြစ်သည်။ အတိုကောက် Acronym မှာ ( IOS ) ဖြစ်သော် လည်း International Standards Organization ဟု ခေါ်ရာမှ အင်္ဂလိပ် ဘာသာ ဖြင့် ISO အဖြစ်အမည် တွင် နေသည်။

အဆိုပါ ကာလ မတိုင်မှီ အချိန် များတွင်လည်း သူ့ နည်း သူ့ ဟန် ဖြင့် စံ သတ်မှတ် မှု များ မှာ နိုင်ငံ အလိုက် ရှိခဲ့ ကြသည်။ ဥပမာအားဖြင့် Light Sensitivity စံ နှုန်းကို ဗြိတိန်က BSI ( British Standards Institution ) ဖြင့် သတ်မှတ်ပြီး ဂျာမဏီ ကမူ ၁၉၃၄ ခုနှစ် ထည်းက ( DIN ) Deutsches Institut für Normung ဖြင့်သတ်မှတ် ခဲ့သည်။ ဂျာမဏီသည် အဖြူ အမဲ Negative Film ၏ Light Sensitivity စံ နှုန်း ကို ၁၉၇၁ ခုနှစ်တွင် DIN 4512-1:1971-04 ဖြင့် သတ်မှတ်ခဲ့ပြီး Colour Negative Film အတွက် ကိုမူ ၁၉၇၇ ခုနှစ်တွင် DIN 4512-4:1977-06 ဖြင့် သတ်မှတ်သည်။
မေရိကန်က မူ ၁၉၄၃ ခုနှစ်တွင်ပင် (ASA ) Amrican Standards Association ဖြင့် အဖြူ အမဲ Negative Film ၏ Light Sensitivity ကို ASA Z38.2.1-1943 ဖြင့် သတ်မှတ်ခဲ့ပြီး Colour Negative Film အတွက် စံ ကိုမူ ၁၉၆၅ ခုနှစ်တွင် ASA PH2.27- 1965 ဖြင့် သတ်မှတ် ခဲ့သည်။
အခြားသော စံ နှုန်းများစွာလည်း ရှိသေးသည်။ ကမ္ဘာ ပေါ် ရှိ စံ နှုန်း များ အကွဲကွဲ အပြားပြား ဖြစ်နေမှု ကို မြင်သာစေရန် အချို့ကို ထုတ်နှုတ် ဖေါ် ပြထားခြင်းသာ ဖြစ်ပါသည်။
ဤ ကဲ့သို့ အကွဲကွဲ အပြားပြား ဖြစ်နေသည့် စံ နှုန်း အမျိုးမျိုး ကို International Coordination and Unification of Industrial Standards အဖြစ် စုစည်းနိုင်ရန် ၁၉၄၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံ လန်ဒန် ၌ စုဝေးတိုင်ပင် ဆွေးနွေး ကြရာမှ ၁၉၄၇ ခု၊နှစ်တွင် ယခုတွင်ကျယ် စွာ သုံးနှုံးနေသည့် International Organization for Standardization ( IOS) ပေါ်လာသည်။ တစ်နည်း အားဖြင့် International Standards Organization ဟုလည်း ခေါ်သဖြင့် ( ISO ) အတိုကောက် ဖြစ်လာသည်။
အင်္ဂလိပ် ဘာသာ အားဖြင့် ISO အဖြစ်သာ သိနေကြစေကာမူ နိုင်ငံတကာအဖွဲ့ အစည်း များ၏ အစဉ်အလာအတိုင်း ပြင်သစ်ဘာသာဖြင့် Organisation internationale de normalisation ( OIN ) ဟုလည်း ခေါ်၍ ရုရှား ဘာသာ ဖြင့် Международная организация по стандартизации ဖြင့် ခေါ်သည်။ ယခု အချိန်တွင် ဌာန ချုပ်ကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ တွင် ဖွင့် လှစ်ထားသည်။ သို့ သော် ISO အဖြစ် သာ ကျယ်ကျယ် ပြန့် ပြန့် သိ ရှိ ကြသည်။
ISO ဆိုသည်မှာ Greek Word ဖြစ်သည့် Isos မှ ဆင်းသက် လာသော စကားရပ်ဖြစ်သည်။ အဓိပ္မါယ်မှာ Equal ဖြစ်သည် ဟု ISO အဖွဲ့ ၏ ရှင်းလင်းချက် တွင် တွေ့ ရသည်။
ဂျာမန် Film Speed စံနှုန်း DIN နှင့် အမေရိကန် Film Speed စံနှုန်း ASA တို့သည် ၁၉၇၄ ခုနှစ်တွင် ISO နှင့် ပေါင်းလိုက်တာ တစ်ပေါင်း တစ်ထည်းသော စံ နှုန်း သတ်မှတ်ခဲ့ကြ သည်။ Colour Negative Film Speed ကို ၁၉၉၇ ခုနှစ်မှ စ၍ အကြိမ်ကြိမ် ပြန်လည် သုံးသပ် ကာ ၂၀၀၁ ခုနှစ်တွင် ISO 5800:2001 ဖြင့် သတ်မှတ်ခဲ့သည်။ လက်ရှိ Digital Still Camera များအတွက် ISO Speed ၏ စံ ကိုမူ ၂၀၀၆ ခု နှစ်တွင် ISO 12232:2006 ဖြင့် သတ်မှတ်ခဲ့သည်။

ဗဟုသုတလေးပါ


လန်းစမား ခ်ခ်
 

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ