Tuesday, September 17, 2013

ကွန်ပြူတာရဲ့ Control Panel ထဲကိုလွယ်လွယ်ကူကူ ဝင်ရအောင်


ဒီတခါပေးခြင်တာလေးကတော့ လွယ်လွယ်ကူကူကြိုက်တဲ့ ဘော်ဒါတွေအတွက်ပါ

ဘာလဲ ဆိုတော့ ပြင်စရာဆင်စရာရှိလို့ control panel တို့ My Computer တို့သွားတဲ့ အခါ 

ဟိုဝင်ဒီထွက်လုပ်နေရပါတယ် အဲလို အများကြီးမသွားချင်ဘူး ဆိုရင် နည်းလေးတခု့ရှိပါတယ်

သိပ်အများကြီးမဟုတ်ပါဘူး ပုံလေးတွေနဲ့ ပြပေးထားပါတယ် လုပ်လိုက်ပါ

အရင်ဆုံး Control Panel ကိုဝင်လိုက်ပါ အထဲမှာ Taskbar and Start Menu ဆိုတာရှိတယ်

အဲလိုမဝင်ချင်ဘူး ဆိုရင်လည်း အောက်နားလေးက Task bar ကို Right Click နှိပ်ပြီး Properties ကနေ

သွားရင်လည်းရပါတယ် ပုံကိုတော့ Control Panel ကနေပြမယ်နော်


Taskbar and Start Menu ကိုကလစ်ပြီးတော့ ဖွင့်လိုက်ပါ

ပထမ Start Menu ကိုနှိပ်လိုက်ပါ နောက်တခါ အောက်က Customize ကို ထပ်နှိပ်လိုက်ပါ

အောက်မှာပြထားတဲ့ အတိုင်း box တခု့ပေါ်လာလိမ့်မယ်။ မိမိ အသုံးအများဆုံး

Program ကို Display as a menu ကိုရွေးပေးလိုက်ပါ

ဥပမာ။  ။Computer, Control Panel စသဖြင့်ပေါ့

ရွေးလိုက်ပြီးရင် OK ပေးပြီး Start ကိုသွား နှိပ်ပြီးတော့ Control Panel ကိုထောက်ကြည့် လိုက်ပါ


Control Panel ကိုထောက်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်းအကုန်ဒီထဲမှာ

ပေါ်လာမယ် ဘယ်မှထပ်ဝင်စရာ မလိုတော့ ပဲနဲ့ မိမိ သွားချင်တဲ့ နေရာကို

အလွယ်တကူသွားရောက်နိုင်ပါပြီ ခင်ဗျာ



အားလုံးပဲ အဆင်ပြေလွယ်ကူနိုင်ကြပါစေခင်ဗျာ

ကိုလတ်(ကျွဲဆင်း)


0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ