Saturday, October 26, 2013

facebook မှာ လော့ ကျတဲ့ အကောင့် မှန်သမျှအကုန်ပြန်ယူမယ်


Facebook မှာ လော့ ကျတာမှန်သမျှအကုန်ရတဲ့  နည်းလမ်းလာပြီ။ FACEBOOK မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း။
လော့ ကျတဲ့ အကောင့် မှန်သမျှကို ပြန်ယူလို့ ရပါတယ် ( သို့ ပေမယ့်  ) မိတ်ဆွေတို့ ပေးထားတဲ့  Security  မေးခွန်းကိုဖြေနိုင်ရပါမယ်။ Security  မေးခွန်းမေ့ သွားခဲ့ ရင် သူငယ်ချင်းတွေပုံကိုရွေးပြီးမိမိအကောင့် ကို ပြန်ယူလို့ ရပါတယ်။မိတ်ဆွေတို့ ရဲ့ အကောင့် ပြန်ရဖို့ အတွက်
မိတ်ဆွေတို့ ရဲ့ ကိုယ်စွမ်းညဏ်စွမ်းတွေနဲ့ လည်းဆိုင်ပါတယ်။(ဥပမာ-သူငယ်ချင်းပုံတွေရွေးခိုင်းတယ်ပဲထားပါအုံး Facebook ကလူ(6 ) ယောက်အတွက် (၃) ယောက်၇ဲ့ ပုံတွေကိုပြပေးထားပါတယ်။မိမိက တစ်ခြားသူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အဲဒီလူ(၆ ) ယောက်စလုံးနာမည်ကို Facebook မှာဝင်ရှာရင် မရစရာအကြောင်းမရှိတော့ ပါဘူး ညဏ်ကိုလွှာသုံးလိုက်ပါ။ကျွန်တော်တို့ ဆိုMalaysia ကသူငယ်ချင်းက ကျွန်တော့်  ကွန်ပျူတာထဲကို teamviewer နဲ့ ဝင်ကြည့် ပြီးသူကိုယ်တိုင်တောင် ဝင်ရွေးပေးသွားသေးတယ်။ကျွန်တော့် မိတ်ဆွေတွေလည်းအခုလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။
ကဲစလိုက်ကြမယ်ဗျာ။


အရင်ဆုံး firefox သုံးတယ်ဆိုရင်  tool > option > privacy မှာ cookies တွေကိုအ၇င်ရှင်းလိုက်ပါ။



(အဆင့် -၁)   http://www.facebook.com/hacked  ကိုသွားပါ

(အဆင့် -၂)  အဲဒီ page ကိုရောက်တာနဲ့ အနီနဲ့ ဝိုင်းထားတဲ့ နေရာကိုနိပ်ပါ။


(အဆင့် -၃ ) facebook အကောင့် ဆောက်ထားတဲ့ email ဖြစ်ဖြစ် phone နံပါတ်ဖြစ်ဖြစ်ပေးပါ။ပြီးရင် Search ကိုနိပ်ပါ။
(အဆင့် -၄) အီးမေးနှင့် Password အဟောင်းကိုပေးပြီး Continue ကိုနိပ်ပါ။
(အဆင့် -၅) password ပြောင်းရပါမယ် ။ password အသစ်ကိုနှစ်ခါရိုက်ပေးပါ။ပြီးရင် continue ကိုနိပ်ပါ။

(အဆင့် -၆ ) Continue ကိုနှိပ်ပါ။

(အဆင့် -၇ )  continue ကိုနိုပ်ပါ။ဒီမှာ မိမိရဲ့ အီးမေးကို passwod ပြောင်းချင်ရင်ဒီမှာပြောင်းလို့ လည်းရပါတယ်။ကျွန်တော်ကတော့ အလုပ်ရှူပ်မှာစိုးလို့ မပြောင်း
တော့ ပါဘူး။
(အဆင့် - ၈ ) ဒီပုံလေးကဆိုရင် မိမိကို log in ဝင်ခိုင်းပါပြီ။ log in ကိုနိုပ်ပါ။


(အဆင့် -၉ )  ဒီပုံလေးကဆိုရင် facebook ကနေ မိမိအကောင့် ကို suspend လုပ်ခဲ့ တာကို ပြပေးထားတာပါ။ continue ကိုပဲ နိုပ်လိုက်ပါ။


(အဆင့် -၁၀ ) အောက်ကပုံလေးထဲကအတိုင်း သူပေးထားတဲ့  ဂဏန်းလေးတွေကိုရိုက်ထည့် ပေးပါ။


(အဆင့် -၁၁ ) ဒီမှာ security question ကိုနှစ်ခုအနက်တစ်ခုကိုရွေးလို့ ရပါတယ်။ ပုံနဲ့ ရွေးရတာပိုလွယ်ပါတယ်။ကျွန်တော်ကတော့  seurity မေးခွန်းမေ့ သွားလို့  ပုံနဲ့ ရွေးတဲ့ အောက်ဆုံးကအကွက်ကလေးကို Click ပြီး continue ကိုနိုပ်ပါတယ်။


(အဆင့် -၁၂ ) မိမိသူငယ်ချင်းတွေကိုရွေးပေးလိုက်ပါ။လိုအပ်ရင် သူငယ်ချင်းတစ်ယောက်အကူအညီခေါ်ထားပါ။ သူပေးတဲ့ မိတ်ဆွေတွေကို မြန်မြန်ရွေပေးပါ။




(အဆင့် -၁၃ ) ဒီပုံလေးကတော့  မိမိအကောင့် ကို ပြန်ရသွားတဲ့ ပုံလေးပါ။နာမည်ကိုကြည့် လိုက်နော်ဘူလဲလို့ 





ဒီအဆင့် မှာတော့ အားလုံးပြီးဆုံးသွားပါပြီ။ကျွန်တော်လည်းဒီပိုစ်ကလေးနဲ့ ကျွန်တော့် မိတ်ဆွေတွေကိုကူညီ
နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။အဆင်ပြေကြပါစေဗျာ။




စိုင်းသူ




 
 
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

1 comments:

  1. သူငယ်ချင်းဆီမှာဘယ်အကူအညီယူရမှာလဲ
    နားမလည်လို့

    ReplyDelete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ