Wednesday, October 30, 2013

Quad Core Processor အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ Nokia Lumia 1520 window phone


Operation System ကတော့ windows phone 8 နောက်ဆုံးversion ကို အသုံးပြုထားပါတယ်။

Network ပိုင်းကတော့ GSM (EDGE)  850, 900, 1800, 1900 MHz နဲ့ WCDMA   850, 900, 1900, 2100 MHz တွေကို အသုံးပြုထားပါတယ်။

Phone ရဲ့ connection Speed ကတော့ LTE 150 / 50 mbps ထိ supprot လုပ်ပေးထားတာ ကိုတွေ့ရ ပါတယ်။

Memory ပိုင်းမှာတော့ 2 GB RAM နဲ့ 32 GB internal memory ကိုအသုံပြုထားပြီး skydrive cloud storage 7 GB နဲ့micro SD card ကို 64 GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။

Display မှာဆိုရင် 6 လက်မ အရွယ် Full HD 1080 pixel ရှိတဲ့ LCD ကိုအသုံးပြုထားပြီး Gorilla Glass 2 မှန်သားကို အသုံးပြုထားတဲ့ အတွက် touch ပိုင်းကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။

Porcessor မှာလည်း 2.2 GHz Quad Core Qualcomm snapdragon 800 ကိုအသုံးပြုထားပါတယ်။

Camera ကတော့ မူရင်း အရှေ့ camera က 20 Megapixel ကို အသုံးပြုထားပြီး ကိုယ်ရိုက်ချင်တဲ့ စုံမှတ် ( focus ) ကို autoချိန်ညှိပေးထားတဲ့ အပြင်  LED flash ကို dual သုံးထားတဲ့အတွက် ကြည်လင်ပြတ် သားတဲ့ရုပ် ထွက်အတွက် ရုပ်ထွက်ကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရရှိမှာဖြစ်ပါတယ်။

Secondary Camera အနေနဲ့ကလည်း  HD 1.2 megapixel ကို အသုံးပြုပြီး phone ရဲ့ ဘယ် ဘက်ထောင့် မှာ ထားရှိပေးထားပါ။

Phone ရဲ့ အရွယ်အစား ကတော့ 162.8 × 85.4 × 8.7 mm ရှိပြီးတော့၊ အလေးချိန်အရဆိုရင်တော့ 209 g အလေးချိန်ရှိပါတယ်။

အခြားဆက်သွယ် မှုအပိုင်းတွေအနေနဲ့ကတော့ wireless connection ပိုင်းတွေဖြစ်တဲ့ NFC, A-GPS + GLONASS, WLAN (2.4/5Ghz) a/b/g/n/ac ဆက်သွယ်မှုတွေအပြင် micro USB ကိုလည်းအသုံးပြုထား တာကိုတွေ့ရပါတယ်။ Sensor ပိုင်းမှာလည်း megnetometer, Gyroscope, Ambient Light Sensor တွေ နဲ့ဖွဲ့စည်း ထာားတာကိုတွေ့ရပါတယ်။

Battery ကိုလည်း 3400 mAh (intergrated) ထည့်သွင်းပေးထားပြီး wireless charging နဲ့အားသွင်းနိုင်တာကိုတွေ့ရပါတယ်။

Audio အနေနဲ့ကတော့ Recording ပိုင်းမှာတော့ microphones လေးလုံးနဲ့ဖွဲ့စည်းထားတဲ့ အတွက်ကြောင့် အသံဖမ်းယူမှု အကောင်းဆုံးဖြစ်စေမှာပါ။ Microphone လေးလုံးကို အသုံးပြုထားပေမဲ့ လည်း တစ်ဖက်လူနဲ့ဖုန်းပြောရင် အပြင်သံတွေ ကိုနားထောင်မိပြီးတစ်ဖက်လူ စိတ်အနှောင့် အယှက်ဖြစ်စေမှုကိုလျှော့ချပေးထားပါတယ်။ Dolby (R) Headphone , Graphic Equlizer , Audio leveling နဲ့ FM radio တွေပါပါဝင်တဲ့အတွက် အသံပိုင်းကို ပြောစရာမရှိအောင်စီစဉ်ပေးထား တာဖြစ်ပါတယ်။

Nokia Lumia 1520 ဟာဆိုရင် system ပိုင်းနဲ့ touch screen ပိုင်းကို အကောင်းဆုံးပုံစံနဲ့ဖွဲ့စည်းထားတဲ့ အတွက် အသုံးပြုသူတွေအနေနဲ့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Youtube ကနေလေ့လာချင်သူတွေအတွက် အောက်က link ကနေ လေ့လာနိုင်ပါတယ်။

 http://youtu.be/nLhT56YjOto

Ref : Nokia N8

အားလုံးအဆင်ပြေကြပါစေ....

Aung Ko Htet

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ