Android Phone မှာ သင့်ရဲ့  Personal ဖိုင်တွေ၊ Apps တွေကို သူများတွေ မမြင်အောင် ဖွက်ထားပေးနိုင်တဲ့ Applications တွေများစွာရှိပါတယ်။အခုတစ်ခါတော့ Internet ကို Password ခတ်ပြီးပိတ်ထားပေးနိုင်တဲ့ App တစ်ခုကိုပြောပြချင်ပါတယ်။တစ်ခြားသူတွေ သင့်ဖုန်းရဲ့  Internet ကို အခွင့်မရှိဘဲသုံးနေတာကို မနှစ်သက်ရင် Internet Lock ကိုသုံးပါ။ Internet Lock ကို Android 1.6 နဲ့ သူ့ အထက်မှာသုံးနိုင်ပါတယ်။
Internet Lock ကိုသုံးရတာရိုးရှင်းလွယ်ကူပါတယ်။ App ကို ဖွင့်ပြီးရင် Setup Screen ကို တွေ့ မြင်နိုင်ပါတယ်။ “Wifi+Data”,”Wifi Only”,”Data Only” စသဖြင့် ရွေးချယ်ပေးရုံပါပဲ။ PIN Code ကိုသတ်မှတ်ပေးပြီး Confirm လုပ်ပေးပါ။ PIN Code ကိုသေချာမှတ်ထားဖို့ တော့လိုပါတယ်။Ok ကှိုနှိပ်ရင် Internet Lock ကို Enable/Disable လုပ်ဖို့  Screen ကိုရောက်သွားမှာဖြစ်ပြီး PIN Code ကို ပြောင်းလဲနိုင်သလို Lock လုပ်မယ့် Connection Type ကိုပြောင်းလဲနိုင်ပါတယ်။
ဒါဆိုရင် တစ်စုံတစ်ယောက်က အင်တာနက်ဖွင့်ရင် PIN Code ထည့်ပေးရမှာဖြစ်ပါတယ်။
Internet Lock က Free , Pro နှစ်မျိုးရှိပြီး Free Version မှာကြော်ညာတွေထည့်ထားတာပဲကွာခြားတာဖြစ်ပါတယ်။ဒီ App က သေးငယ်ပြီး Memory အသုံးပြုမှုကလည်း အနည်းငယ်ပဲရှိပါတယ်။ သင့် ဖုန်း ရဲ့  Internet ကို ကာကွယ်ဖို့ ဆောင်ထားသင့်တဲ့ App တစ်ခုပါ။
Download Internet Lock (Free) from Play Store or Dropbox
Facebook Page ကို Like
ပြီးအားပေးပါအုံး။
0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ