Thursday, October 24, 2013

Facebook က message တွေကို Script သွင်းပြီး ဖျက်နည်း





အခုချိန်မှာ facebook ကိုအသုံးပြုနေကြတဲ့ သူတွေတော်တော်များပါတယ်။ Facebook ကို အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ တချို့ကတော့ ပုံတွေကြည့်၊ ပုံတွေတင်၊ status တွေတင်ဖို့အတွက်၊ တစ်ချို့ကကျတော့ multimedia လုပ်ငန်းတွေအတွက် အသုံးပြုကြပါတယ်။ 

ဒီအထဲကမှာ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှသူငယ်ချင်းတွေနဲ့ အွန်းလိုင်းကနေ ဆက်သွယ်ပြောဆိုနေရတဲ့ အချိန်မှာ တစ်ခြား social website တွေ၊ application တွေကို အသုံးမပြုတော့ပဲ facebook က chat box နဲ့တင် chatting ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကိုတွေ့ရပါတယ်။

အဲ့ဒီလို facebook က chat box ကို အသုံးပြုပြီး စာတွေပို့၊ အခုနောက်ပိုင်းပုံတွေကိုပါပို့လာပေမဲ့လည်း facebook ကိုပိတ်လိုက်တဲ့အခါမှာ တစ်ခါတည်းပျက်မသွားပဲ message အနေနဲ့ facebook ရဲ့ inbox ထဲမှာကျန်ရှိနေတာတွေရှိပါတယ်။ အဲ့ဒါလေးတွေကို အခုတော့ Script ကို bookmark toolbar မှာ bookmark အနေနဲ့ ထားရှိပြီး ဖျက်မှာဖြစ်ပါတယ်။

အဲဒီအခက်ခဲကို ဖြေရှင်းဖို့အတွက် ကျွန်တော်နည်းလမ်းလေးတစ်ခု တင်ဆက်လိုက်ပါတယ်။ အရင်ဦးဆုံး ဒီနေရာလေးကို နှိပ်လိုက်ပါ။

ပြီးရင် site တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီထဲကမှာ ကျွန်တော် အနီရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ နေရာက Delete message ဆိုတဲ့ စာသား button လေးကို မိမိအသုံးပြုနေတဲ့ browser ရဲ့ Toolbar မှာ bookmark အနေနဲ့ ထားလိုက်ပါ။ ထားရှိရမဲ့ ပုံစံလေးက အဲဒီစာသားလေးကို နှိပ်ထားပြီး Bookmark toolbar ထဲကို စွဲပြီးထည့်ပေးလိုက်ပါ။ အဲ့လိုလေးလုပ်ပေးလိုက်ပါ။


နောက်တစ်ဆင့်အနေနဲ့ ကိုယ့် facebook account  ရဲ့ message inbox ထဲကိုသွားလိုက်ပါ။ 


ပြီးရင် စောစောက bookmark လုပ်ထားတဲ့ Delete message ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။



အဲ့ဒါဆိုရင် ကိုယ့် facebook account ရဲ့ message inbox ထဲမှာ ရှိနေတဲ့ message တွေပျက်သွားမှာကိုတွေ့ရပါလိမ့်မယ်။



 သတိပြုစေချင်တာကတော့ တစ်ခါတည်းနဲ့ အကုန်လုံးကိုဖျက်လို့မရသလို၊ ကိုယ်ပျက်စေချင်တာတွေကိုပဲ selete မှတ်ပြီးဖျက်လို့မရတာတော့ သတိထားစေချင်ပါတယ်။ သူ့ဘာသာသူ ဖျက်ပေးသွားမှာ ဖြစ်တဲ့ အတွက် message တွေကို အဆုံးရှုံးခံနိုင်မှသာ လုပ်စေချင်ပါတယ်။ အဆုံးမရှုံးမခံနိုင်တဲ့သူတွေအတွက်တော့ မဖျက်ပဲ ဒီအတိုင်းပဲထားပါ။

မှတ်ချက်။    ။ ကျွန်တော်ပေးထားတဲ့ site က Delete message ဆိုတဲ့ စာသားလေးကိုတော့ ကိုယ်သုံးမဲ့ browser ရဲ့ Bookmark Toolbar မှာ ထားပေးရပါမယ်။  

အားလုံးအဆင်ပြေကြပါစေ.....

Aung Ko Htet


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ