Thursday, October 17, 2013
YouTube App မှာ Video Quality ပြောင်းပြီးကြည့်မယ်။(iOS)
clip_image001
Google က iOS အတွက် YouTube App ကို တစ်နေ့ က Update ပြုလုပ်ပေးခဲ့ပါတယ်။ပြောင်းလဲမှုတွေ တော့ သိပ်မရှိပေမယ့် အသုံးဝင်တဲ့ Feature အသစ်တစ်ခုပါရှိလာပါတယ်။ Video Quality ကို ပြောင်းလဲကြည့်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။အဲဒီအတွက် YouTube Video တွေကို Quality ကောင်းကောင်းနဲ့ ကြည့်ချင်သူတွေ အတွက်ရော၊ ကွန်နက်ရှင်မကောင်းလို့  Quality နှိမ့်ပြီးကြည့်ချင်တဲ့သူတွေ အတွက်ပါအဆင်ပြေသွားပါပြီ။
clip_image002
Video တစ်ခုကြည့်ပြီးနောက်တစ်ခုကိုပြောင်းကြည့်ရင် Quality က Auto ဖြစ်သွားမှာဖြစ်ပြီး ပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။ နှစ်သက်ရာ Video Quality ကို Default အနေနဲ့ သတ်မှတ်လို့ တော့ မရသေးပါဘူး။တစ်ခုမှတ်ထားရမှာက ၀ိုင်ဖိုင် ကိုအသုံးပြုနေမှသာ Video Quality ကို ပြောင်းလို့ ရမယ်လို့ ဖတ်ရပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ